ပိုးကိုက်တဲ့ ပန်း

ကာရံJune 6, 20141min854

အဖိုးမထိုက်တန်လေရော့သလား

ပိုးကိုက်တဲ့ပန်းတဲ့လေ ပြောရက်တယ်နော် အခြေမလှပေမယ့်

မြေခတော့မယ်ပေါ့ကွယ် ရှိပါစေတော့လေ

အခြေကြီးသူအမိဘဝက ပန်းခရေမဖြစ်ဖို့ မောင်တွေးမိပါတယ်

ခရေဆိုတာလေ လေပွေပြင်းပြင်းလေမတိုက်တောင်မှ

ဆင်းသက်ခြွေလေသူမို့ပါကွယ်

ပက္ကာသဏတွေ စီးကာခြားသူမို့ သဘာဝအခြေမလှသူမောင့်အဖို့ကတော့

ပိုးကိုက်တဲ့ပန်းပမာ မလန်းတာတော့သေချာပြီပေါ့

ဆုတောင်းမှားလေရော့သလား ကံခေသူဘဝမို့

ပေးဆပ်နေရသူလား မေရယ်

ဘဝတွေဘယ်လိုပဲပြောင်းပြောင်း အမိကိုချစ်တဲ့စိတ်ကလေ

ဟောင်းမသွား ရိုးမသွားပါဘူးကွယ်

အမြင့်ကိုမှမှန်းတက်တဲ့ အမိကိုလေ ပြောလှည့်ချင်ပါတယ်

အချစ်ဆိုတာ ရင်ထဲကမပါပဲ ပြောတက်ရင်လေ

အစဉ်သာလမ်းမှားလိုက်တက်တယ်ဆိုတာ

နားလည်တဲ့တစ်နေ့ မောင့်မေတ္တာပန်းလေး

လှမ်းဖို့လာခဲ့ပါနော်

 ပိုးကိုက်တဲ့ပန်း

ပိုးကိုက်တဲ့ပန်း

ပိုးကိုက်တဲ့ပန်း ပါကွယ်

ကာရံ (၆.၆.၂၀၁၄)

4 comments

  • Shwe Poe

    June 6, 2014 at 9:35 pm

    ရင် နဲ ့အမျှခံစားသွားပါတယ် ဗျာ
    🙂

    • ကာရံ

      June 7, 2014 at 6:59 pm

      ကျေးဇူပါ ခင်ဗျ

  • naywoon ni

    June 7, 2014 at 7:11 pm

    ပန်​းခင်​းထဲ ပိုးကျရင်​​တော့ ပိုးသတ်​​ဆေး ဖျန်​းသင်​့တာ​ပေါ့ ။ တို့​မြေကြီးကိုက ပိုးက ကြိုက်​​နေပြီ​လေ ။

  • ကာရံ

    June 8, 2014 at 12:00 am

    ဟုတ်​တယ်​​နော်​

Leave a Reply