ကိုယ်တကယ် ရတာဘာလဲ

Shwe PoeJune 6, 20141min1178

ကျနော် လေးစား ရတဲ့ဆရာတော်တစ်ပါး

ရဲ ့လူ ့ပတ်ဝန်းကျင် မှာလူတွေနဲ ့ဘယ်လို

စကားပြောပြီးဘယ်လိုစိတ်ထားတွေနဲ ့ဆက်

ဆံရမယ်ဆိုတာကိုရှင်းလင်းထားတဲ့

စာ  အုပ်ကို ကျနော်မျှဝေ ပေးချင် လို ့ပါ

 

 

” ကိုယ်တကယ် ရတာဘာလဲ ”

……………………………………………………

ကိုယ့်ဘဝမှာနေ ့စဉ်ကြုံတွေ ့နေရတဲ့

ရိုးရိုးကိစ္စလေးတွေကိုသ ဘောထားမှန်မှန်

နဲ ့လုပ်နိုင် မှစိတ်ချမ်းသာမယ်၊အဆင် ပြေ

မယ်။ ကိုယ်နဲ ့နေ ့စဉ်တွေ ့နေရတဲ့လူ

တွေကိုအ ကောင်းဆုံးစိတ်ထားနဲ ့ဆက်ဆံ

နိုင် မှကိုယ့်အတွက်ရော အများအတွက်ပါ

အဆင် ပြေမယ်။

နေ ့တိုင်းလူတွေနဲ ့တွေ ့နေကြတယ်။

စကားပြောနေကြတယ်။

နေ ့တိုင်းအလုပ်လုပ်နေကြတယ် ။

အဆင် မ ပြေမှုတွေ အလိုမကျတာ

တွေကိုနေ ့တိုင်းအနဲနဲ ့အများတွေ ့နေ ရလို ့စိတ်တိုမိတယ် ၊ဒေါသဖြစ်မိတယ် ။

ဒါတွေကိုသတိနဲ ့ဉာဏ်နဲ ့ကြည့်ပြီးတော့

သိပြီးတော့ယူတတ် ရင် ကိုယ့်ကိုယ်ကို

ကိုယ်ပိုပြီးသ ဘောထားကြီးတဲ့သူ၊ သဘော

ထားပြည့်တဲ့သူ ၊မျှတတဲ့သူ ၊နားလည်တဲ့သူ

၊သည်းခံတတ်တဲ့သူ ဖြစ်အောင် လုပ်နိုင် တယ်။ အဲဒါမှပိုပြီးအဆင့်မြင့်တဲ့လူတစ်

ယောက်ဖြစ်လာမယ် ။ဒါဟာ ကျေနပ်စရာ

အ ကောင်းဆုံးပဲ ။

 

” What you become is more important than what you get .”

ကိုယ်ဘာကိုရတယ်ဆိုတာထက်ကိုယ်ဘယ်

လိုလူဖြစ်လာတယ်ဆိုတာကပိုအ ရေးကြီး

ပါတယ် ။

လူတွေဟာ ကိုုယ်လိုချင် တာရဖို ့အာရုံ

စိုက်ပြီးလုပ် ရင်းနဲ ့ကိုယ်ဘယ်လိုလူဖြစ်လာ

တယ်ဆိုတာကိုသတိမထားမိတော့ဘူး။

ကိုယ်လိုချင် တာရဖို ့မတရားတဲ့နည်းနဲ ့

လုပ် ရင်းကိုယ်ဟာမတရားတဲ့သူ ၊မရိုးသား

တဲ့သူဖြစ်လာတယ်။

တရားတဲ့နည်းနဲ ့ရ အောင် လုပ် ရင် တရားတဲ့သူ ရိုးသားတဲ့သူဖြစ်လာတယ် ။

 

“You don’t get what you want in life, you get what you are .”

ကိုယ့်ဘဝမှာကိုယ်တကယ် ရတာဟာ

ကိုယ်ဘယ်လိုလူဖြစ်လာသလဲ ဆိုတာပဲ ။

 

ပစ္စည်းဥစ္စာတို ့ငွေတို ့ ရာထူးတို ့ဆိုတာ

တကယ် ရတာလို ့ပြောလို ့မရဘူး ။

အဲဒါတွေကပြင်ပြအရာတွေဖြစ်တယ် ။

ကိုယ်ဘယ်လိုလူဖြစ်လာတယ် ဆိုတာက

အတွင်းမှာဖြစ်တယ် ။ ကိုယ်နဲ ့အမြဲပါနေ

တယ် ။

ဒါကြောင့်ကိုယ့်ဘဝမှာကိုယ် တကယ် ရ တာဟာ ကိုယ်ဘယ်လိုလူဖြစ်လာတယ်

ဆိုတာပဲ ။ ဒါကို လေးလေးနက်နက်နားလည်

ရင် ကိုယ့်ဘဝဟာပိုပြီးလေးနက်လာမယ်၊

အမှားနဲမယ် ၊အကျိုးများမယ် ။ ဒါနားလည်ဖို ့မခက်ပါဘူး ။

ဘဝမှာနေ ့စဉ်ကြုံတွေ ့နေရတဲ့ကိစ္စ

တွေကို သတိနဲ ့လုပ် ရင်းကိုယ့်ကိုယ်ကို

ပို ကောင်းတဲ့သူဖြစ်အောင် လုပ်နိင်ကြပါစေ ။

 

ဆရာတော်ဦးဇောတိက

( မဟာမြိုင် တောရ )

 

ကျနော်မျှဝေလိုက်တဲ့ အသိကိုနဲနဲလေးပဲ

ဖြစ်ဖြစ်သိသွားတယ်ဆိုရင် တောင် ကျေနပ်

ပါတယ် ။

ရွှေပိုး

6,6,2014 / 8:17 PM

8 comments

  • အညာတမာ

    June 6, 2014 at 10:29 pm

    ကိုယ်တကယ်ရတာ နေရာတနေရာပါ ဦးစရာမလိုတဲ့နေရာတနေရာပါ….ကိုကျော်သူသိ၏။

    • Shwe Poe

      June 8, 2014 at 8:55 pm

      နောက်ဆုံးခန္ဓာ ကိုယ်ကိုထားခဲ့ရမယ့်နေရာတောင် အလ ကားမရ ပါဘူး
      ထိုက်သင့်တဲ့အဖိုးအခ တော့ပေးရပါတယ် ကြိုတင် စာ ရင်းပေးသွင်းထားမှ
      ကိုယ့်ရဲ ့ခန္ဓာ အ သေ ကောင် အတွက် နေရာ ကို စိတ်ချရတာပါ
      ဒါလည်းခနပါပဲ နှစ်တွေကြာလာတဲ့အခါ ကိုယ် လည်းဖယ်ပေးရမှာပါပဲ
      ကိုကျော်သူ သိတာ ဘယ်နေရာမှာ သွားမြုပ် ရမယ်ဆိုတာပဲသိတာပါ
      ကိုယ့်နေရာတော့ကိုယ်တိုင် သိအောင် ကြိုးစားမှ သိနိုင် မှာပါ
      🙂

  • alinsett (gazette)

    June 7, 2014 at 9:50 am

    အကျိးများတဲ့ ဝေမျှတင်ပြမှုပါဗျာ

    ဆရာတော်ဦးဇောတိကရဲ့ ဆုံးမစကားလေးတွေက
    ကျနော့်အတွက်တော့ တော်တော့်ကို အားဖြစ်နေတာပါ
    ခင်မင်သူတိုင်းကိုလည်း ဦးဇောတိကရဲ့စာအုပ်လေးတွေ လက်ဆောင် ပေးဖြစ်ပါရဲ့။

    • Shwe Poe

      June 8, 2014 at 9:00 pm

      ဟုတ်ကဲ့ပါ
      ကိုအ လင်းဆက် ရေ
      ကျ နော် လည်း ဆရာတော် ဦးဇောတိက ရဲ ့အဆုံးအမ လေးတွေ
      ကြောင့် လူမှုဆက်ဆံရေး မှာ အကျိုးကျေးဇူးတွေ ရခဲ့သူပါ
      အခုလို ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးပါ နော်
      🙂

  • black chaw

    June 8, 2014 at 12:07 pm

    ဝေမျှမှုအတွက် သာဓုပါ ကိုရွှေပိုးရေ…။
    ဖတ်သွားမှတ်သွားပါတယ်ဗျာ…။

    • Shwe Poe

      June 8, 2014 at 9:03 pm

      ဟုတ်ကဲ့ ဖတ်မှတ်သွားတယ်ဆိုလို ့ဝမ်းသာ ရင်း
      ကျေးဇူးတင် ပါတယ် ဗျ
      🙂

  • padonmar

    June 9, 2014 at 1:25 am

    တရားအသိပေးတဲ့အတွက် ကျေးဇူးပါ။

  • အရီးခင်

    June 9, 2014 at 1:38 am

    မျှဝေလိုက်တဲ့ အသိကို များများလေးရအောင်ကြိုးစားလိုက်ပါတယ် ရွှေပိုး ရေ။
    ကျေးဇူးပါ။
    :-)))

Leave a Reply