“ယခင်နဲ့ယခု” (ကူညီစရာ ရွှေပြည်သာ မှ ဓမ္မရံသီ သီလရှင်ကျောင်း)

1 ယ ခင်

 

1ယခု
1ယခု
2 ယခင်
2 ယခင်

 

2ယခု
2ယခု

 

3ယခင်
3ယခင်

 

3ယခု
3ယခု

 

4 ယခင်
4 ယခင်

 

4 ယခု
4 ယခု

 

“ယခင်နဲ့ယခု”

(ကူညီစရာ ရွှေပြည်သာ မှ ဓမ္မရံသီ သီလရှင်ကျောင်း)

 

 

(6-6-2014)နေ့  က တော့ ကျွန်တော်တို့ အွန်လိုင်းကမိတ်ဆွေတစ်စု

(ဖေစ်ဘုတ် နှင့် မြန်မာဂေဇက်အဖွဲ့ဝင်များ)

စုပေါင်းပြီးတော့ ရွှေပြည်သာ က ဓမ္မရံသီ သီလရှင်ကျောင်း လေးကို

လှူဒါန်းပြီးခဲ့ တာ (၂)လ တင်း တင်းပြည့် တဲ့ နေ့ဘဲဖြစ်ပါတယ်။

(6-4-2014)နေ့ မှာ ကျပ်သိန်းငါးဆယ်တိတိကို

လှူဒါန်းသူမိတ်ဆွေများနဲ့ အတူ တကွ ရေစက်ချ ပြီး လှူဒါန်းနိုင်ခဲ့ပါတယ်။

လက်ခံ ရရှိ တဲ့ ငွေေ တွကိုအသုံးပြု ပြီး ကျောင်း ကို ပြီးစီးအောင်ဆက်လက်

ဆောက်လုပ်ဘို့ အတွက် Snow Smile က တာဝန်ယူေ ဆာင်ရွက်ခဲ့ပါတယ်။

ဒါကြောင့် လဲ ဓမ္မရံသီ ကျောင်းမှ ဆရာလေးများကလဲ လှူဒန်းရရှိငွေများကို

လက်ခံ ပြီး တာနဲ့ ဦးစီးပြီး ဆောက်လုပ်မည့်သူထံ သို့  ပြန်လည်ပေးအပ်ခဲ့ ကြ ပါတယ်။

အေပရယ်လ် နောက်ဆုံးပါတ်ကနေ မေ လ တတိယပါတ်အထိ

မပြီးဆုံးသေးတဲ့ကျောင်းဆောက်လုပ်ရေးကိုဆက်လက်

လုပ်ဆောင်ခဲ့ ပါတယ်။

(လုပ်ငန်းဆောင်ရွက် သည့် အတွက် ကုန်ကျစားရိတ်များ ကို

လယ်ဂျာ စာအုပ်တစ်အုပ်တွင်

အသေးစိတ်စာရင်းသွင်းသည့်အပြင်

ပစ္စည်းဝယ်ယူသောကုန်ဝယ်ဘောက်ချာများကိုလည်း

ရနိုင်သလောက်တောင်းယူ၍

သိမ်းဆည်းထားပြီးဖြစ်ပါသည်။

ကျောင်းလုပ်ငန်းများပြီးဆုံးသော နေ့ တွင် ကျောင်းမှဆရာလေးများအား

စာရင်း စာအုပ်များ ကို စံနစ်တကျ လွှဲပြောင်းပေးမည် ဖြစ်ပါသည်။)

 

ဒီလုပ်ငန်းလုပ်ဆောင်နေစဉ်မှာဘဲ အခက်အခဲများလဲကြုံ တွေ့ခဲ့ရပါတယ်။

ကျောင်းအုတ်တံတိုင်းခတ်တဲ့အခါမှာ ရပ်ကွက်တာဝန်ရှိသူများကတားမြစ်ခြင်း၊

ဆက်စပ်လျက်ရှိသောကျောင်းနှင့် မြေကိစ္စ စကားပြောရခြင်းများရှိခဲ့သော်လည်း

ပြေလည်အောင်ညှိနိုင်းဆောင်ရွက်ပြီး ကျောင်းအမြန်ပြီးစီးရေးကိုလုံးပန်းခဲ့ပါသည်။

6-4-2014 နေ့ မတိုင်မီကပင် လာရောက်လှူဒါန်းသူများကောင်းမွန်စွာ

နေထိုင်နိုင်ရန်အတွက်ရည်ရွယ်ပြီး ကျောင်းအောက်ထပ်ကို

ကြွေပြားခင်းနိုင်ခဲ့သည့်အပြင် မူ လ ဆောက်လုပ်ထား သည်အချိုးအစားမကျနသည့်

တည်ဆောက်ထားခြင်းများကို ဖျက်၍ ကျောင်းဖွဲ့တည်ပုံကိုသေသပ်အောင်ပြုပြင်နိုင်ခဲ့ပါသည်။

ယခု အချိန်တွင်ကျောင်းအပေါ်ထပ်တွင်လျှာ ထိုးကြမ်းခင်းများကို                              ခင်းကျင်းပြီးသည့် အပြင် လှေခါး ပါ တပ်ဆင်ပြီးပြီ ဖြစ်သောကြောင့်

13-5-2014 ( ကဆုန်လပြည့် နေ့ )တွင်၎င်းကျောင်းအပေါ်ထပ်တွင်အသံမစဲ                ပဋ္ဌာန်းပွဲကိုပင်ကျင်းပ နိုင်ခဲ့ ပါသည်။

ထို့ နောက်ကျောင်းခန်း ပို မို ကျယ်လွင့် သွားစေရန်အတွက် ကျောင်းနောက်ဖက်

တွင် ဆယ် ပေ တစ်ခန်း( အပေါ်ထပ် အောက်ထပ်) တိုးချဲ့ ဆောက်လုပ်ထားပါသည်။

၎င်းတိုးချဲ့ဆောင်အတွက် အောက်ထပ် ဘေးနံရံများအတွက် အုတ်စီပြီး ပြီဖြစ်ပါသည်။

အမိုးလည်းမိုးပြီးဖြစ်ပါသည်။

 

လုပ်ဆောင်ရန်ကျန်သေးသည်မှာ

 

တိုးချဲ့ ဆောင် အောက်ထပ်  ထဲ သို့ မီးဖိုချောင်ရေချိုးခန်း နှင့်အိမ်သာကိုေ ပြာင်းရွှေ့ ရန်ကျန်ပါသေးသည်။

တိုးချဲ့ဆောင်အပေါ်ထပ် တွင် ရေချုးိခန်းအိမ်သာ လုပ် ရန်ကျန်ပါသေးသည်။

မီးဖိုခန်းအချောသပ်ရန်ကျန်ပါသေးသည်။

အပေါ်ထပ်တွင် တံခါးပေါက်လေးပေါက်တပ်ရန်ကျန်ပါသေးသည်။

ကျောင်းလုံခြုံရေး အတွက် ကျောင်းပါတ်ပါတ်လည်တွင်ချိန်လိတ်ခြံစည်းရိုးကာရန်လိုပါသေးသည်။

အပေါ်ထပ်မျက်နှာစာ ပြန ်လည် ပြုပြင်ရန်ကျန်ပါသေးသည်။

အချုပ်ဆိုရသော် လက်ထဲတွင် ကျန် ရှိ နေသေး သောငွေသည်

ကျောင်းပြီးဆုံးရန်အတွက် မလုံ လောက်သေးပါ။

ထို့ကြောင့် ကျောင်းမှ ဆရာေ လးများ က လည်း ၎င်းတို့ ၏ ဒကာဒကာမများထံ

ဆက်လက်ပြီးအလှူခံ နေဆဲဖြစ်ပါသည်။

ပထမအကြိမ်လှူဒါန်းစဉ်က အကြောင်းအမျုးိမျုးိကြောင့် မထည့်ဝင်လိုက်ရသော

မိတ်ဆွေအချို့ ကလည်း အလှူငွေများထည့်ဝင်ထားကြပါသည်။

 

မန္တလေးမြို့မှ ကိုတင်မိုးက  USD 20$

ရန်ကုန်မြို့မှ   ဦးညွန့် မောင်နှမတစ်စုမှ  S$ 100

ရန်ကုန်မှ မိတ်ဆွေတစ်ဦးမှ ကျပ် ငါးသောင်း

ဆရာလေးများ မှ အလှူ ခံ ရ ငွေ ကျပ်သုံးသိန်း

USA  မှ  မနှင်းဆီ(Rose Tan) မိသားစု မှ ကျပ် တစ်သိန်းတိ တိ ကို ထပ် မံ လှူဒါန်းထားကြ

သည်ကိုလည်းကျေးဇူးတင်စွာဖြင့်လက်ခံရရှိပါသည်။

 

ထို့ကြောင့် ပ ထ မလှူဒါန်းစဉ်က မပါဝင်လိုက်နိုင်သော မိတ်ဆွေများအနေဖြင့်

လှူဒါန်းလိုပါ က အောက်ဖော်ပြပါသူများနှင့် ဆက်သွယ်၍လှူဒါန်းနိုင်ပါကြောင်း

အသိပေးအကြောင်းကြားအပ်ပါသည်ခင်ဗျား။

 

စင်္ကာပူ အတွက်

ဆု ပြည်​့

#05-65 , Peninsula Plaza

6337 5003

တွင်လှူ ဒါန်းနိုင်ပြီး

 

အခြားလှူဒါန်းလိုသူများ က

ဆရာလေး ဒေါ်ယုစာရီ (ဓမ္မရံသီကျောင်းတိုက်-ရွှေပြည်သာ ရန်ကုန်မြို့)

09-256037500

ကိုပေါက်(မန္တလေး)

09-6805396

တို့နှင့်ဆက်သွယ်လှူဒါန်း နိုင်ပါကြောင်းသတင်းပါးအပ်ပါသည်ခင်ဗျား.။

ဓမ္မရံသီကျောင်းလေးပြီးစီးရန်အတွက်လိုအပ်သောအလှူငွေများကို ထည့်ဝင်မည်ဆိုပါက

ဝမ်းမြောက်ဝမ်းသာလက်ခံပေးမည်ဖြစ်ကြောင်း နိုးဆော်အပ်ပါသည်ခင်ဗျား။

 

(ကျောင်းကို မပြင် ဆင် ရ သေးေ သာ ပုံနှင့် ယခုလက်ရှိပြင်ဆင်ပြီးသောပုံများကိုနှိုင်းယှဉ်ကြည့်နိုင်ရန်အတွက်

တင်ပေးလိုက်ပါသည်)

 

 

ကိုပေါက်(မန္တလေး)

6-6-2014

11 comments

  • kyeemite

    June 7, 2014 at 11:18 am

    ကိုပေါက်ရေ..တတ်နိုင်သလောက်ထပ်လှုပါအုံးမယ်ဗျာ…ပုံလေးတွေနဲ့သတင်းတင်ပေးတာကျေးဇူးပါ

  • Novy

    June 7, 2014 at 11:33 am

    လေးပေါက်ရေ.. ကျောင်းရှေ့မှာ အုတ်နဲ့ဆောက်တဲ့ သောက်ရေအိုးစင်လေးလှူ ခြင်ပါတယ်

  • သူကြီး ကတော့ ပြော သွား တာဘဲ ကော်မင်း ရ အောင် ရေ းကြ ပါ တဲ့။

    အလူခံ တဲ့ ပိုစ်လေး က မျက်နှာငယ် တာ

    ကော်မင်းလေးက 2ခ ု
    ဝင်ဖတ် သူက တော့ ဘယ်နှစ် ယောက်ရှိ မယ် မ သိ ပါ

  • အရီးခင်

    June 9, 2014 at 2:25 am

    ဝင်အဖတ်နောက်ကျနေတာ စောဒီး ပါ ကိုပေါက်ကြီးရေ။
    သာဓု၊ သာဓု၊ သာဓုပါ။
    သီလရှင်တွေ ချည်းဘဲလား။ ဘယ်နှစ်ပါးရှိလဲ ရှင့်။

  • snow smile

    June 9, 2014 at 8:05 am

    သီ လ ရှင် တွေ ချည်း ပါ ဘဲ အ ရီး ခင် ရေ
    ဓမ္မာ စ ရိ ယ ၂ ကျမ်း စွဲ ပြီး သား ၂ ပါး နဲ့
    တ ပါး က တော့ ဒီ နှစ် မှ ၃ ကျမ်း လုံး ဝင် ဖြေ ထား တာ ပါ
    ကျန် တဲ့ ဆရာ လေး အ ငယ် လေး တွေ က ၆ ပါး ပါ
    ကျောင်း တက် နေ တုန်း ပါ
    လှု ထား ပြီး သူ များ မု ဒိ တာ ပွား နိုင် အောင်
    ဒီ ပို စ် ကို တင် တာ ဖြစ် ပါ တယ် ရှင်
    အ စ က တော့ ဝါ မ ဝင် ခင် အ ပြီး လို ့ သတ် မှတ် ပြီး လုပ် ခဲ့ ပေ မဲ့
    ဆ ရာ လေး တွေ ထပ် တိုး လာ မှာ မို့ ့
    နောက် ခန်း တ ဆောင် ထပ် ချဲ့ လိုက် တော့
    အ ချိန် ကြာ ပြီး မ ပြီး နိုင် ဖြစ် သွား တာ ပါ
    စိတ် ဝင် စား စွာ နဲ့ ဝင် ဖတ် ပေး တာ ကျေး ဇူး ပါ အ ရီး ရေ

  • snow smile

    June 9, 2014 at 8:38 am

    ရေ အိုး စင် လှု မဲ့ မ နို ဗွီ ရေ
    စီ စဉ် ပေး ပါ မယ် ရှင်
    သီ လ ရှင် ကျောင်း လေး က တော့
    မိတ် ဆွေ အ ပေါင်း အ သင်း တွေ
    ပြိုင် တူ တွန်း လိုက် ကြ တာ တော် တော် လေး ရွေ့ သွား ပါ င်္ပြီ
    ဆ ရာ လေး များ လည်း
    ိလုံ လုံ ခြုံ ခြုံ ဖြစ် သွား တာ မို ့
    တော် တော့ ကို စိတ် ချမ်း သာ နေ ကြ ပါ တယ်
    တ ကယ် ့ ကို ဝမ်း မြောက် စ ရာ ပါ

  • ဒေါ ် မိုး သီ တာ ( s’pore)က မွေး နေ ့ အ လှု အ ဖြစ် s$ 450လှူဒါန်း ထား သည် ဟု

    snow smile မှ သတင်း ပေး ပါ သည်

  • Ma Ma

    June 11, 2014 at 9:15 am

    စုပေါင်းလှူ ဒါန်းလိုက်ကြတာကို ပီပီပြင်ပြင် ဖြစ်မြောက်အောင် စွမ်းဆောင်ပေးကြတဲ့ ကိုပေါက်နဲ့ မနှင်းပြုံးတို့ရဲ့ စွမ်းဆောင်မှုတွေကိုလည်း သာဓုခေါ်ပါတယ်။ 🙂

  • မမ ရေ မနှင်းပြုံးက ကိုယ်တိုင် ကိုယ်ကျ ဦးစီးပြီး ကျောင်း ဆောက်ပါတယ်။

    ထုံးစံအ တိုင်း ကျ နော်က နိဗ္ဗန်ဆော်လုပ် ပါ တယ်။

Leave a Reply