ချစ်သူအမျိုးအစားတဲ့ ကိုယ်ချစ်သူက ဘယ်ထဲမှာပါလဲဆိုတာ ကိုယ့်ဘာသာကိုယ်စဉ်းစားပေတော့နော်

nitrospeedAugust 11, 20101min691

အချစ်ဆိုတာ ရကြိမ်ဖူးပွင့်နိုင်တယ်လို့ အနောက် တိုင်းပညာရှင်တွေက
ဆိုဖူးတယ်။တချို့ကလည်း လူတစ်ယောက်ဟာ အချစ်နဲ့ပတ်သတ်ပြီး အသက်အရွယ်အလိုက်
သုံးကြိမ်သုံးမျိုး ဖူးပွင့်နိုင် တယ်လို့
ဆိုတယ်။ဘယ်လိုပဲဆိုပါစေလေ…။မိ
မိအချစ်နဲ့မိမိချစ်သူတို့ဟာ ဘယ်လိုချစ်သူအမျိုးအစားဖြစ်သလည်

းဆိုတာတော့ သိချင်ကြမှာ အမှန်ပါပဲ။မိမိချစ်သူဟာ အမှန်တကယ်မျက်စိမှိတ်ရွေးချယ်ယုံကြည်သင့်တဲ့ချစ်သူလား၊ရှောင်ရှားသင့်တဲ့ ချစ်သူလားဆိုတာ အောက်မှာဖော်ပြ ထားတဲ့ ချစ်သူအမျိုးအစားလေးတွေကိုကြည့်ပြီး မိမိတို့ရဲ့ချစ်သူပုံစံနဲ့ အီကွေးရှင်းချကြည့်ပါစို့ . . .။

ကဗျာဆန်သူ

သူကတော့ အချစ်နဲ့ပတ်သတ်ရင်
ကဗျာဆန်သူတစ်ယောက်ပါ။စိတ်ကူးယဉ်ဆန်သူပေ့ါ။ချစ်သူနဲ့ တူနှစ်ကိုယ် တဲအိုပျက်မှာဆိုလည်း နေမယ်ဆိုတဲ့ အမျိုးအစား၊ချစ်သူနဲ့ ခယောင်းလမ်းကို
ဖယောင်းလမ်းသဖွယ် နင်းလျှောက်ဖို့ စာစီနေတဲ့သူပေ့ါ။

အပေးသမား

သင့်ချစ်သူနဲ့ပတ်သတ်လာရင် သင်ဟာ
တစ်ကိုယ်ကောင်းစိတ်ကင်းမဲ့တဲ့သူတစ်ယောက်ဖြစ်ပြီး အမြဲလိုလို ချစ်သူအတွက် ပေးဆပ် ချင်တဲ့စိတ်ရှိသူဖြစ်ပါတယ်။ကိုယ်ဘက်က ရတာထက်ပိုပြီးပေးဆပ်ချင်တဲ့စိတ်ရှိနေတဲ့သူဖြစ်ပါတယ်။

ပိုင်ဆိုင်လိုသူ

ဒီချစ်သူမျိုးတွေဟာ အချစ်နဲ့ပတ်သတ်လာရင် အချစ်ဟာ ပိုင်ဆိုင်ခြင်းလို့
ယူဆထားတဲ့သူတွေပါ။အချစ်နဲ့ပတ်သတ်ပြီး ဆုံးရှုံးသွားမှာ ကို အရမ်းကြောက်ရွံတတ်ကြတယ်။မနာလိုစိတ် ကြီးမားကြတယ်။အချစ်ရှိရင် ကျန်တာမလိုတော့ဘူးဆိုတဲ့ ချစ်သူအမျိုးအစားတွေပဲ ဖြစ်ပါတယ်။

သူငယ်ချင်းချစ်သူ

အစတုန်းကတော့ သင်နဲ့သင်ချစ်သူတွေဟာ သူငယ်ချင်းတွေ၊နောက်တော့မှ
သူငယ်ချင်းဆိုတဲ့အဖြူရောင်စည်းဝိုင်းထဲကထွက်ပြီး ချစ်သူဆိုတဲ့ပန်းနရောင်စည်းဝိုင်းထဲ မသိမသာကျော်ဝင်လိုက်တယ်။အနေအထားက ငြိမ်ပေမယ့် သံယောဇဉ်ကတော့ ခိုင်တယ်၊မြဲတယ်။

မြာချစ်သူ

ဒီလိုလူမျိုးဟာ မိန်းမတစ်ယောက်ကို ကစားစရာပစ္စည်းတစ်ခုလိုပဲ
သတ်မှတ်ထားပါတယ်။အချစ်ရေးမှာ အရည်အသွေးထက် အရေအတွက်ကို ဦးစားပေးတဲ့သူတွေပဲ
ဖြစ်တယ်။မိန်းမတစ်ယောက်ကို ရေရှည်ချစ်ရတာဟာ သူတို့အဖို့
အရမ်းပျင်းစရာကောင်းတဲ့အလုပ်
တစ်ခုပါ။အပြောင်းအလဲမြန်တဲ့ချစ်သူတွေပါ။ဒီလိုစိတ်ဓာတ်ရှိသူချစ်သူများအနေနဲ့ အိမ်ထောင်ကျသွား လျှင် မိမိအိမ်ထောင်ရေးအတွင်းမှာ ပျော်စရာဖန်တီးဖို့
အကြံပြုချင်ပါတယ်။
ဒီအသည်းခွဲချစ်သူအမျိုးအစားထဲကမှ နောက်ထပ်တစ်မျိုးထပ်ခွဲသွားပြန်ပါသေးတယ်။တချို့အသည်းခွဲတမ်းကစားတဲ့ ကစားသမား များကျတော့ အသည်းတင်မက အသွေးအသားကိုပါမျိုချင်လို့
မာယာကျော့ကွင်းထောင်ပြီး ကစားတတ်ကြတာလည်း ရှိတယ်။မိန်းမတစ်ယောက်ရဲ့
ယုံကြည်မှုကို ရအောင်ယူမယ်။သူရဲ့အချစ်ကို ရအောင် ဖန်မယ်။ပြီးရင်
သူနဲ့တူနှစ်ကိုယ်နှီးနှောခွင့်ရပြီးသွားလို့ကတော့ ပစ်ခွာသွားတတ်တဲ့ ချစ်သူများပဲ ဖြစ်ပါတယ်။ဒီလိုချစ်သူတွေဟာ လိုတာမရခင်အချိန်မှာပဲ
မိမိစိတ်အလိုကျဖြစ်စေရမယ့်ဆိုတဲ့ပုံစံနဲ့နေထိုင်တတ်လေ့ရှိပြီး လိုတာ ရရှိသွားတဲ့အချိန်မှာတော့ မူလဇာတိရုပ်ဟာ
ဘွားကနဲပေါ်လာတတ်ပါတယ်။ချစ်ချင်ယောင်ဆောင်တတ်တဲ့ချစ်သူတွေပဲ ဖြစ်တယ်။
အဲဒီ့အသွေးအသားမျိုချင်တဲ့ချစ်သူတွေထဲမှာ တစ်ချို့က အဝတ်အစား၊ငွေကြေး၊လက်ဆောင်စသည်တို့နဲ့ မျှားပြီး မာယာခင်းတတ် ကြပါတယ်။မိမိကြိုက်နှစ်သတ်ရာလက်ဆောင်ပစ္စည်းအမြောက်အများပေးပြီး မိမိနဲ့အတူအိပ်စက်ခွင့်ရအောင် ဆောင်ကြဉ်းတတ်ကြတဲ့ချစ်သူ တွေပါ။

ခဲမှန်ဖူးသောချစ်သူဟောင်း

တချို့ချစ်သူတွေကတော့ အရင်ချစ်သူနဲ့ ကံမကောင်းခဲ့တာတွေရှိတယ်။ဥပမာ
အရင်ချစ်သူက သစ္စာဖောက်သွားတာတို့စသဖြင့်ပေ့ါ။ ဒီလို နောက်ကျောဓားနဲ့ထိုးခံလိုက်ရတဲ့ချစ်သူတွေဟာ နောက်ထပ်ချစ်သူတစ်ယောက်ရလာခဲ့ရင်လည်း မိမိချစ်သူကို သံသယမျက်စိ့နဲ့ကြည့်တတ်၊
မြင်တတ်၊စောင့်ကြည့်တတ်ပါတယ်။ပိုင်ဆိုင်လိုစိတ်ကြီးပြီးရန်မူလိုစိတ်လည်း ကြီးတတ်ပါတယ်။

သချာင်္ချစ်သူ

သချာင်္ချစ်သူတွေဟာ မိမိအတွက် အဆင်ပြေစေနိုင်မယ့် ချစ်သူမျိုးကို
တွက်ချက်ပြီး ရှာတတ်တဲ့သူတွေပါ။မိမိရဲ့လိုအပ်ချက်၊လိုအင် ဆန္ခအားလုံးတို့နဲ့လိုက်လျှောညီထွေဖြစ်မယ့်သူမျိုးကို လိုက်ရှာပြီး ချစ်တတ်တဲ့သူတွေလို့ ဆိုနိုင်ပါတယ်။သူတို့ဟာ ပုဂိုလ်ရေးဆိုင်ရာအရည်အသွေး
ထက် မိမိအလိုဆနဖြည့်ပေးနိုင်စွမ်းရှိမရှိကိုပဲ ကြည့်ပြီး ချစ်တတ်ကြတဲ့သူတွေပါ။သူတို့တွေအတွက် “ဒီလူ ဝင်ငွေကောင်းနိုင်ပါ့မလား”၊“ဒီမိန်းမ ထမင်းဟင်းရော ချက်တတ်ပါ့မလား”၊ဆိုတဲ့အမြင်တွေနဲ့ တိုင်းတာစစ်ဆေးပြီးမှ ချစ်တတ်ကြတဲ့ချစ်သူအမျိုးအစားတွေပါ။
စာဖတ်ပရိသတ်များအနေနဲ့ကော မိမိဟာ ဘယ်လိုချစ်သူအမျိုးအစားလည်းဆိုတာ ရှာဖွေသိရှိနိုင်ကြပါစေ