“သူ ပြော သ လို ဟုတ် လား ဟင်”

ခင္ခJune 7, 20141min10914

“သူ ပြော သ လို ဟုတ် လား ဟင်”

 

“လျှပ်စစ်မီးကလည်း လာမယ်တောင်မကြံသေးဘူး ပြန်ပျက်ပြန်ပြီကွာ”

“အဲဒီတော”့

“အဲဒီတော့မနေနဲ့ အဲဒါ မင်း လုပ်လို့”

“ဘုရားရေ ငါဖာသာဒီခုံမှာ စာထိုင်ဖတ်နေတာပါ ဘာမှမလုပ်ရပါဘူးကွာ။”

………………………………………………………….

“ဟိုနေ့က ဂျာနယ်ဆောင်းပါးတစ်ခုမှာ ဖတ်လိုက်ရတယ် ထိုင်းနိုင်ငံက ကားကြီးကားသေးအကုန်လုံး မှန်ပိတ်ပြီး အဲကွန်းနဲ့မောင်းတာတဲ့ အဲဒီကားတွေကို ထဲ့တဲ့ဂက်ကဘယ်ကရတယ်ထင်လည်း ဒို့မြန်မာပြည်ကဝယ်တာတဲ”့

“အဲဒီတော”့

“အဲဒီတော့မနေနဲ့ အဲဒါ မင်း လုပ်လို့”

“ဘုရားရေ ငါဖာသာဒီခုံမှာ စာထိုင်ဖတ်နေတာပါ ဘာမှမလုပ်ရပါဘူးကွာ။”

…………………………………………………………………

“အသိတစ်ယောက် မန္တလေးမရောက်တာဆယ်စုနှစ်နဲ့ချီကြာနေပြီး ပြီးခဲ့တဲ့တစ်ပတ်ကရောက်တော့ မန္တလေးမြို့ လည်ခေါင် ဘူတာကြီးနားမှာ မျက်စိလည်နေလို့လေ မူဆယ်တစ်ဖက်ကမ်း တရုတ်ပြည်မှားရောက်နေသလား လို့ထင်သွားတာမို့တဲ့လေ”

“အဲဒီတော”့

“အဲဒီတော့မနေနဲ့ အဲဒါ မင်း လုပ်လို့”

“ဘုရားရေ ငါဖာသာဒီခုံမှာ စာထိုင်ဖတ်နေတာပါ ဘာမှမလုပ်ရပါဘူးကွာ။”

………………………………………………………………………..

“ရန်ကုန်-မန္တလေးအမြန်လမ်းကြီးတည်ဆောက်ကုန်ကျစရိတ်က ၉ ဘီလီယံတောင် ကုန်တယ်ဆိုတာဘဲ၊ ဒါပေမယ့် အခုလမ်းကိုစမ်းသပ်စစ်ဆေးကြည့်တော့ အမြန်လမ်းအင်္ဂါရပ်နဲ့မညီဘူး ဘာလိုတယ် ညာလိုတယ်နဲ့ ကြားရတော့ ကုန်တဲ့ငွေတွေ နှမြောစရာတောင်ဖြစ်ရတယ် အဲဒီလောက်ကုန်ပြီး အရာမထင်လို့လေ”

“အဲဒီတော”့

“အဲဒီတော့မနေနဲ့ အဲဒါ မင်း လုပ်လို့”

“ဘုရားရေ ငါဖာသာဒီခုံမှာ စာထိုင်ဖတ်နေတာပါ ဘာမှမလုပ်ရပါဘူးကွာ။”

………………………………………………………………………………….

“ဟိုးရခိုင်ပြည်က ထွက်တဲ့ဂက်ကို ပြည်နယ်ပြည်မ အမျိုးမျိုးဖေါက်ထွက်ကာ တရုတ်ပြည်ကိုပို့ဖို့ ပိုက်လိုင်းသွယ် တယ်ဆိုဘဲကွာ အဲဒီဂက်က ဒို့ဆီမှာအသုံးမတည့်လို့လား အိမ်မှာထမင်းချက်တဲ့မီးဖိုမှာသုံးတဲ့ ဂက်က ပြည်ပ ကတင်သွင်းလာတာကို ဝယ်သုံးရတာဆိုဘဲ”

“အဲဒီတော”့

“အဲဒီတော့မနေနဲ့ အဲဒါ မင်း လုပ်လို့”

“ဘုရားရေ ငါဖာသာဒီခုံမှာ စာထိုင်ဖတ်နေတာပါ ဘာမှမလုပ်ရပါဘူးကွာ။”

………………………………………………………………………………………….

“အခုအင်တိုက်အားတိုက်လုပ်နေတဲ့ ပုဒ်မ ၄၃၆ ပြင်ဖို့က မယောင်ရာဆီလူးတာတဲ့ ဘယ်လာပြီးပြင်လို့ရမှာလဲ အဲဒီအခြေခံဥပဒေက တိုင်းနှင့်ပြည်နယ်ကိုယ်စားလှယ်တွေ အနှစ်နှစ်အလလ ဆွေးနွေးသဘောတူပြီးမှ ရေးဆွဲခဲ့ကာ ထောက်ခံဆန္ဒမဲရာနှုန်းပြည့်နီးပါးရပြီး အတည်ပြုခဲ့တာမို့တဲ့လေ ပြောကိုမပြောချင်ဘူး ပြောချလိုက်ရမကောင်းဖြစ်တော့မယ်”

“အဲဒီတော”့

“အဲဒီတော့မနေနဲ့ အဲဒါ မင်း လုပ်လို့”

“ဘုရားရေ ငါဖာသာဒီခုံမှာ စာထိုင်ဖတ်နေတာပါ ဘာမှမလုပ်ရပါဘူးကွာ။”

 

အေး မင်း ဖာသာ ခုံမှာထိုင်ပြီး စာဖတ်နေတာဘဲဆိုဆို ငါကတော့ မင်း ဘဲမြင်တော့ မင်း လုပ်တာဘဲ မှတ်တယ်ကွာ သေချာပြန်တွေးကြည့် မင်း လုပ်ခဲ့သလား မလုပ်ခဲ့ဘူးလား ဒါဘဲပြောမယ်။

 

 

ခင်ခ။

 

14 comments

  • alinsett (gazette)

    June 7, 2014 at 10:00 am

    သေချာပြန်တွေးကြည့်လိုက်ဦးမယ်

    😆

    —–

    လောလောဆယ်
    ကျနော့်ဘာသာ ဖုန်းလေးနဲ့ ဒီစာကို ဖတ်သွားတာနော်

    :mrgreen:

  • kyeemite

    June 7, 2014 at 11:13 am

    “အဲဒီတော့မနေနဲ့ အဲဒါ မင်း လုပ်လို့”
    ခုတလော တယ်လုပ်နေပါလားကိုခရဲ့…ကြိုက်တယ်ဗျာ

  • etone

    June 7, 2014 at 12:12 pm

    နှစ်ယောက်ရှိလျှင် သုံးမျိုးကွဲတယ် …

  • TNA

    June 7, 2014 at 1:19 pm

    သေချာတော့ သုံးသပ်ခိုင်းဖို့လိုတယ်သူ့ကို :byee:

    ခုလောလောဆယ်ဆယ်တော့ ကျွန်မလဲခုံပေါ်ထိုင်ပြီး ဒီစာဖတ်သွားပါတယ် :mrgreen:

  • moonpoem

    June 7, 2014 at 2:27 pm

    မင်း လုပ်တာနော်။ဟဲဟဲ လေးလေးခ မီးသိတယ်။ မိုက်တယ်ဂျာ။

  • Paing Lay

    June 7, 2014 at 3:35 pm

    “ဒါဆိုရင် ငါကဘာလုပ်ရမှာလဲ”(လွှမ်းပိုင်းသီချင်း စာထားထဲက လေသံအတိုင်းနားထောင်ရန်) 😀

  • naywoon ni

    June 7, 2014 at 4:14 pm

    ဆရာ​ဖေမြင်​့ ​ဟော​ပြောပွဲ သတိရသွားတယ်​ ။ ​ရှေ့က​ဟောသွားတာက ဆရာ​မောင်​သာချိုနဲ့ ကာတွန်​း​အော်​ပီကျယ်​နဲ့ တူရဲ့ ။ ဆရာ​ဖေမြင်​့စင်​​ပေါ်တက်​လာ​တော့ ​ရှေ့ကဆရာ​တွေ ​ဟောသွားတာကလည်​း စိတ်​ညစ်​စရာကြီးဗျာ ။ သူ​နေတဲ့ နိုင်​ငံကလူ​တွေမ​ကောင်​း​ကြောင်​း အုပ်​ချုပ်​သူ​တွေညံ့ဖျင်​း​ကြောင်​း ။ ပညာရည်​ နိမ်​့​ကြောင်​း ဒါ​တွေချည်​့ ​ဟောသွားလိုက်​ကြတာ ။ ဒီ​တော့ကျုပ်​က မ​ကောင်​းတာမ​ဟော​တော့ဘူး ။ ဘာ​ကြောင်​့ဆို ကျုပ်​စာ​ရေးကတည်​့က အစိုးရမ​ကောင်​း​ကြောင်​း ​ဝေဖန်​လာတာခုထိပဲ ။ ဆို​တော့ ကိုခက်​ခကလည်​း သူ​နေတဲ့ ​နိုင်​ငံက မီးပျက်​တဲ့အ​ကြောင်​း လမ်​း​တွေမ​ကောင်​းတဲ့အ​ကြောင်​း ဂတ်​​တွေ အပြင်​ထုတ်​​ရောင်​းတဲ့ အ​ကြောင်​း​ပြော​နေ​တော့ ကျုပ်​လည်​း သူများမ​ကောင်​း​ကြောင်​း ဆက်​မ​ပြောချင်​​တော့ဘူးဗျာ ။ ပျဉ်​းမနားက အခမဲ့ ပညာ​ရေး ဆိုပြီး ပုံနှပ်​စာအုပ်​​တွေ ​ကျောင်​းပိတ်​ရင်​ပြန်​အပ်​ရမယ်​ဆိုပြီး ပြဌာန်​းစာအုပ်​​တွေ ငှားတဲ့ အ​ကြောင်​းပဲ ​ပြော​တော့မယ်​ ။

  • ခင် ခ

    June 7, 2014 at 4:51 pm

    အဘနီကလည်း အခမဲ့ပညာရေးဆိုပြီး ဝေပေးတဲ့စာအုပ်ကို တန်းဖိုးမထားဘဲ နှစ်ကုန်ရင် လွှင့်ပစ်မှာစိုးလို့ အစိုးရက အခမဲ့ကို တန်းဖိုးထားရှာလို့ ပြန်သိမ်းတာနေမှာပေါ့။

    • naywoon ni

      June 7, 2014 at 6:55 pm

      က​လေး​တွေက ပြဌာန်​းစာအုပ်​ တစ်​နှစ်​ နှစ်​စုံသုံးစုံ ​လောက်​ကုန်​သတဲ့ဗျ ။ အဲ့​တော့ ပြန်​အပ်​ဖို့ တစ်​စုံ ကြ်​ိုဝယ်​ထားမလား ။ ဒါမှမဟုတ်​ ထုတ်​​ပေးထားတဲ့ စာအုပ်​​တွေ ပြန်​အပ်​ဖို့သိမ်​းထားပြီး အပြင်​က ဝယ်​ကိုင်​ခိုင်​းရမလား မိဘများ ဗျာများ​နေ​ကြောင်​းပါ ။ အင်​း ၂၀၀ဝ နှစ်​​ထောင်​ ဘယ်​လိုလုပ်​​လောက်​​အောင်​သုံးရပါ့

  • padonmar

    June 7, 2014 at 9:36 pm

    ဟုတ်တယ်လေ။
    ဘာမှ မလုပ်ပဲ စာပဲ ထိုင်ဖတ်နေကြရင် မကောင်းတာ စာထိုင်ဖတ်နေသူလုပ်လို့ပေါ့။

  • အရီးခင်

    June 8, 2014 at 5:39 am

    သူ စာထိုင်ဖတ်လို့ ရအောင် ခုံ ကို ဘူသူ က ခင်းပေးထားတာလဲ။
    စာဖတ်သူကြောင့်မဟုတ်။
    ခုံပေးသူကြောင့်။
    :-))))

  • ကေဇီ

    June 8, 2014 at 11:21 am

    အဲဒီ ကုလားထိုင်ပေါ်က လူမဟုတ်ဘူးးး။
    အဲဒီ လူပေါ်ဂုပ်ခွထိုင်ထားတဲ့ သူ့မိန်းမကြီးးး ကလုပ်နေတာ၊

    😀

  • black chaw

    June 8, 2014 at 11:58 am

    ကျွန်တော် မလုပ်ရပါဘူး ကိုခင်ခရယ်…။
    😀

Leave a Reply