မေ့လိုက်ပါ အရင်က ဇာတ်လမ်းလေး

moonpoemJune 7, 20141min14411

ရှင့်ကို ကျွန်မ တကယ်ကို စိတ်တိုတယ် သိလား။ကျွန်မဓာတ်ပုံ Upload တင်တာကျ Like မလုပ်ဘဲမေမြတ်နိုးတို ့မိုးစက်ဝိုင်တို ့Status တင်ရင်ကျတော့ Comment ဝင်ဝင်ပေးနေတာလေ ကျွန်မ မသိဘူးများ ထင်နေလား။ပြီးတော့ အရေးကြီးတဲ့ သတင်းတွေ Post ကိုကျတော့ Share မယ် မရှိဘူး။

ရှင့်သူငယ်ချင်းတွေနဲ ့လျှောက်သွား၊ သွားသမျှနေရာ Check-in ဝင်ပြီး ဟိုလူဒီလူ Tagged လုပ်ဖို ့ပဲ စဉ်းစားနေတယ်။သတင်းကလည်း ရပြီးသားနော်။ဘာတဲ့ အရက်ကြိုက်တတ်သူများGroup တို ငမ်းချင်ရင် ဒီကိုလာ Group ဆိုတာတွေလျှောက်ဖွဲ ့ပြီး ပေါက်တတ်ကရတွေ လုပ်နေတာတဲ့။အမလေးလေး ရှင်က Group ဝင်တဲ့သူသာ Notification ဝင်မယ့် Setting ချိန်ထားတယ်ဆိုပြီး ကျွန်မကို လျှော့တွက်တာကိုး။ကျွန်မကလည်း ရှင့်အကြောင်း နောကျေနေလို ့Account Name အသစ်တစ်ခုကို Male
အနေနဲ ့ဖွင့်ပြီး ရှင့်Groupထဲမှာ ဝင်ထားတာလေ။

ရှင်ကအခုတော့ Facebook သူငယ်ချင်းတွေ အလယ်မှာ အရှက် ဗြန်းဗြန်းကွဲရတယ်ဆိုပြီး ကျွန်မကိုEnd of Relationship လုပ်ပစ်ရက်တယ်ပေါ့။ကျွန်မလည်း အခု ဖေ့ဘွတ်စ် ဝင်ဖြစ်ရင်တောင် ရှင့်ရဲ ့
News Feed တွေ မြင်တာနဲ ့ မကြည့်ဖြစ်အောင်လို ့ချက်ချင်း Log Out လုပ်ပစ်လိုက်တယ်။ကျွန်မ Account တစ်ခုလုံးကို Deactivateလုပ်ပစ်ရအောင်ထိတော့ ကျွန်မ FACEရူးရဲ အဲဆောရီး မိုက်ရူးရဲ မဆန်သေးဘူး။ရှင်ကလည်း Cover Photo ပြောင်းသလို ကျွန်မလည်းအခု
Profile Picture ကို ရှင်လုံးဝ ကြည့်မရတဲ့ နေတိုးနဲ ့ကျွန်မ တွဲရိုက်တဲ့ပုံ တင်ထားတယ်။

ရပါတယ်လေ ရှင်ကျွန်မကို ရက်စက်သွားပေမယ့်ကျွန်မကတော့ Feeling Happy ပဲရှင့် သိရဲ ့လား။ ရှင်သာ နောက်မှကိုယ်မှားသွားပါတယ် ချစ်ရယ်ဆိုပြီး တောင်းပန်ခြင်း Event တွေ လာမလုပ်နဲ ့။

ဒါပါပဲ
Unfriend လုပ်ရင်တောင် ပြန်Add ဖြစ်နေမှာစိုးလို ့ Block ထားတဲ့
နန်းခင်မိုးစက်မြတ်နိုးဂွက်

11 comments

  • alinsett (gazette)

    June 7, 2014 at 8:09 pm

    နန်းခင်မိုးစက်မြတ်နိုးဂွက်..ဆိုပါလား..
    အံ့ရော..အံ့ရော…
    :mrgreen:

  • ကေဇီ

    June 8, 2014 at 11:25 am

    ဖေ့ဘုတ် သရဲမှန်းသိသာအောင်ကို ဖန်းရှင်တွေ အကုန်စုံသွားဘီ။

    မဘလော့ချင်ရင် ရီစထရစ် လုပ်ထားလို့ရပြီးးးးး
    သူ့ နိုတီမှန်သမျှ သိချင်ရင် ကလို့(စ) ဖရန့်လေး လုပ်ထားလိုက်ပေါ့။

    😀

  • black chaw

    June 8, 2014 at 11:57 am

    နန်းခင်မိုးစက်မြတ်နိုးဂွက် ဆိုပဲ…။
    နာမည် ခေါ်တာနဲ့ တင် သေလောက်တယ်ကွယ်…။
    😀

  • Paing Lay

    June 8, 2014 at 3:47 pm

    ဟေ………….နာမည်လေးက တိုလိုက်တာ…………………. 😀 :mrgreen:

  • Mr. MarGa

    June 11, 2014 at 12:53 pm

    ဘလော့ လုပ်မယ့်အစားးးး
    ဟန်မပျက်လေးပဲ သူမမြင်ရအောင် custom လုပ်ထားလိုက်တာတို့
    chat မှာ တစ်ယောက်ထဲ ကွက်ပြီး ပိတ်ထားတာတို့ လုပ်ဖူးလား ဟင် :mrgreenn:

    • sorrow

      June 11, 2014 at 1:50 pm

      ဦးကိုမေးဟမ်းပါ.နောက်များ…. ဦးဦးက ချစ်ရေးချစ်ရာ သုခမိန်….ဖြစ်တဲ့ပြသနာသာပြော…ဖြေရှင်းပေးမယ်…အဟိဟိဟိ …
      တစ်ရွာလုံးအသိအမှတ်ပြု … အချစ်ကွန်ဆားတန့် … ကချင်နုထွားကြီး ….

      • Mr. MarGa

        June 11, 2014 at 2:27 pm

        ဟီးးး
        ကွန်ဆားတန့်က အကြွားတွေများနေလို့ ပတ်ပြေးနေခြင်း ဖြစ်ပါကြောင်း :mrgreenn:

        • sorrow

          June 11, 2014 at 3:00 pm

          …အဲ့တော့ …နင့်အပူပါလား တဂျားပုရဲ့ …
          ပုံ
          မိန်းခေးသီးသန့်အချစ်ရေးအကြံပေး ….
          ကချင်နုထွားကြီး ( မေတ္တာရှင် )
          ( သုံးသိန်းတန်ဖိနပ်ပေါက်နေရင်းက အံကြိတ်ပြီး မန့်တီ. ) အငိငိငိ

  • kyeemite

    June 11, 2014 at 3:22 pm

    😀 :mrgreen:
    😀 :mrgreen:
    😀 :mrgreen:
    င်္FB သာသုံးနေတာ FBက ဖန်ရှင်တွေ သိပ်မသိလှဘူး
    မွန်းပိုအမ်ကတော့စုံစိနေတာပဲ…ခိခိ

Leave a Reply