ရနံ​လေးသင်​းပါ​စေသား

ကာရံJune 8, 20141min1175

အ​ကြောင်​းအမျိုးမျိုး​ကြောင်​့ ​နှောင်​းခဲ့တဲ့အတိတ်​​လေးမှာ

ငါ​လေရပ်​တည်​ဖူးတယ်​ အ​တွေးက​တော့ ​မျှော်​​ငေးရင်​း​ပေါ့

​ခြွေကျ​နေတဲ့ အပင်​အိုအနားမှာ ခိုနားရင်​း နွမ်​လို့​ဝေ​နေတဲ့

ပန်​းက​လေး​တွေ​မြေခ​နေတယ်​ ငါ့ပါးပြင်​မှာ​တော့

မျက်​ရည်​စ​တွေနဲ့ပါ

 

အလွမ်​းဆိုတာ စမ်​း​ရေလို​အေးမြ​စေသလား

အချစ်​ဆိုတာ ပန်​းခ​ရေလို ​မွှေးပျံ့​စေသလား

 

ဖြူပါတယ်​ဆိုတဲ့စံပယ်​​တောင်​ မှိုင်​းလို့​နေခဲ့​သေးတယ်​

ယုယစွာ​ထွေးပိုက်​မိလို့​ပေါ့

 

ဆူးများမှန်​းသိ​ပေမယ်​့ နှင်​းဆီ​လေးတစ်​ပွင်​့

ရင်​ထဲပျိုးမိဖူးတယ်​ ရူးရမှန်​းသိ​ပေမယ်​့

တက်​မက်​စွာရှိုက်​နမ်​းဖူးတယ်​

ပန်​းက​လေးက​တော့ အလှမ်​းကွာ​ဝေးခဲ့ပါပြီ

 

​ကြွေမှာစိုးလို့ တိုးတိုး​လေးခိုးအနမ်​းမှာ

ရိုးရိုး​လေး​ပြောခဲ့ပြန်​တယ်​ ငါမင်​းကို သိပ်​ချစ်​တယ်​​ပေါ့

 

ကြာခဲ့ပါပြီ​လေ အတိတ်​ဆိုတာ တစ်​ခန်​းရပ်​မို့

အနမ်​း​လေးအိပ်​မက်​အ​ပေးမှာ

ရနံ့​လေး သင်​းပါ​စေသား

 

ကာရံ  ၈  ့၈  ့၂၀၁၄​

5 comments

  • အရီးခင်

    June 8, 2014 at 5:48 am

    အားပေးသွားပါတယ်။
    ကဗျာအဆုံးမှာ
    ကာရံ ၈ ့၈ ့၂၀၁၄​ ဆိုတော့ ၈ လေးလုံးနေ့ အတွက် ကြိုရေးတင်ထားတာလား။
    jk :-)))

  • ကာရံ

    June 8, 2014 at 9:36 am

    ဖုန်​းနဲ့ရိုက်​လိုက်​တာ ရက်​မှားသွားလို့​လေ

  • black chaw

    June 8, 2014 at 11:29 am

    ကဗျာလေး ဝင်ဖတ်သွားတယ်နော်…။
    ကဗျာဖတ်နေရင်းကနေ…

    အလွမ်းတွေကို
    စမ်းရေထဲမှာမျှောလိုက်ပေမယ့်
    စမ်းတွေကဆည်တွေဖြစ်တော့
    တကယ်ညစ်တယ်အစ်ကို

    \
    ဆိုတဲ့ ဆရာကိုရွေးရဲ့ ကဗျာလေး သတိရသွားပါတယ် ကာရံရေ…။

  • alinsett (gazette)

    June 8, 2014 at 12:39 pm

    စံပယ်ပန်းအကြောင်းပါတဲ့ ကဗျာတွေဆို
    အနံ့မခံနိုင်တော့လို့

    :mrgreen:

  • ကာရံ

    June 8, 2014 at 6:44 pm

    ဟုတ်​ကဲ့ ​​ကျေး​ကျေးပါ​နော်​

Leave a Reply