ကြောင်ကြီးအိစော် လျှာရာပိုဗာ French Open 2014

ရွာသားများခမြား… ကြောင်ကြီးအိဆော် လျှာရာပိုဗာလေးမှ ယနေ့ပြုလုပ်သော ပြင်သစ်အိုးပင်း ဂရင်းစလင်မ် နောက်ဆုံး ဗိုလ်ပုလွဲတွင် အသက်၂၂နှစ်အရွယ် ရိုမေးနီးယားသူ ဆင်မိုနာကို ၆-၄ ၆-ရ (၅) ၆-၄ နှစ်ပွဲတပွဲဖြင့် အနိုင်ရရှိဂါ ချံပီယန်ဆုဖလားကို သုံးနှစ်အတွင်း ဒုတိယအကြိမ်မြောက် ရယူပိုင်ဆိုင်သွားပါပြီ။ ဒီဆုဟာ သူ့အတွက် ငါးကြိမ်မြောက် ဂရင်းစလင်မ် ချံပီယန်ဆုလည်းဖြစ်ပြီး ဒဗလျူတီအေ တင်းနစ်ပြိုင်ပွဲပေါင်း ၃၂ကြိမ် တိတိ အနိုင်ရဗိုလ်စွဲခြင်းဖြစ်သည်။

ရှေ့ကကြည့်ဂွိ
ရှေ့ကကြည့်ဂွိ

ပြီးခဲ့သောလတွင် ပြုလုပ်ခဲ့သော ပိုရှေးအိုးပင်းနှင် မက်ဒရစ်အိုးပင်း ဒဗလျူတီအေ တင်းနစ်ပြိုင်ပွဲတို့တွင်လည်း အနိုင်ရဗိုလ်စွဲခဲ့သော အသက်၂ရနှစ်အရွယ် ရုရှားသူအလှပဂေး လျှာရာပိုဗာလေးအိ အဓိကဝှက်ဖဲမှာ body massage အနှိပ်သည်ကောင်းကောင်းရှိခြင်းဖြစ်ပြီး ထိုသူမှာ တရုတ်သဗုံ ကြေးမုံဂျီး၏ရန်သူ မြန်တျန့်မျိုးခြစ်ဝါဒီ ဦးကြောင်ကြီးဖြစ်သည်။

နောက်ကကြည့်အိ
နောက်ကကြည့်အိ

တရုတ်သဗုံ ကြေးမုံဂျီး၏ ဆရာမ တရုတ်တင်းနစ်မယ် နလီနှင့် ကရင်သဗုံ အယ်မလေးဗျဂျိုးအီ၏ ဖေးဗရိတ် အမေရိကန်သူ ဆာရီးနားဝီလျံတို့မှာမူ ပြိုင်ပွဲအစောပိုင်းမှာဒွင် အောင်ဖျာလိပ်သွားခဲ့ကြသည်။ ပြင်သစ်အိုးပင်း ချံပီယန်ဆုကြေးမှာ ယူရို ၁.၆၅သန်း (ဒေါ်လာ၂သန်းခွဲ) ဖြစ်သည်။ (ရွာသူတယောက်ကဒေါ့ သူတလ ဒေါ်လှ၁၀၀ဝရဂျောင်း ကြွားသဗျ…။ (၂၀၈နှစ်လုပ်မှ၊ ဒါလည်း မစားမသောက် စုပါမှ လျှာရာပိုဗာလေး ဂရင်းစလင်မ် ဆုကြေးတပွဲစာ မှီမည်မီးပုံးဂျီးရေ…။ သွား.. နင့်ဂို နှိပ်အပေးဗူး။)

ကြောင်ကြီးကိုခြစ်သယ်
ကြောင်ကြီးကိုခြစ်သယ်

8 comments

  • မင်း ခန့် ကျော်

    June 8, 2014 at 12:45 pm

    ရှာရာဗိုဗာ
    လျှာသာအပိုမပါ
    လာကွာမဖွေရှာ
    အော်ကာသေရှာ :mrgreen:

  • Shwe Poe

    June 8, 2014 at 9:36 pm

    အော် အော်
    ဦးကြောင် အိ စော်က ဒင်းဂိုး
    တော်ဘာပေဒယ် bro !
    😀

  • အရီးခင်

    June 9, 2014 at 1:13 am

    NADAL WINS A NINTH FRENCH OPEN TITLE WITH A 3-6, 7-5, 6-2, 6-4 WIN OVER DJOKOVIC.

    Nadal ကိုလဲ အားပေးပါလေ။ မျှမျှတတပေါ့။ :-))))

  • lu lu

    June 9, 2014 at 7:49 am

    အူးကြောင် ဂျီး စော်အသစ် ရသွား တာ ခုမှသိရ တော့တယ်
    အားပေးသွားတယ် နော်
    :mrgreen:

  • kyeemite

    June 9, 2014 at 10:17 am

    ခိခိ..ဒီလိုနဲ့ပဲ..ငှက်ပျောတုံး ဖက်အိပ်ရမှာ 😀

  • black chaw

    June 9, 2014 at 12:37 pm

    အော်…ဦးကြောင်…ဦးကြောင်…။
    ဒါလေးတွေနဲ့ပဲ စိတ်ထွက်ပေါက်ပေးနေရတယ် ထင်ပါ့…။
    :mrgreen:

  • alinsett (gazette)

    June 9, 2014 at 1:18 pm

    ဖြစ်မှ ဖြစ်ရလေ

    ဒါနဲ့ အဲ့အမိုးတမီးကလည်း ပွဲတိုင်းကျော်နေတာပါပဲလား

  • Ma Ma

    June 9, 2014 at 5:28 pm

    (ကြောင်ကြီးကိုခြစ်သယ်)………..
    She shout loudly…………..
    In Big Cat’s dreammmmmmmmmmmmmmmmm 😀

Leave a Reply