ပုပ္ပါးတောင်ကို စတက်ပြီးဆိုတာနဲ့ မျောက်စာရောင်းသူတွေနဲ့  မျောက်အပေါင်းရဲ့ ၀န်းရံခြင်းကို ခံရတော့တာပါဘဲ

ဒီမျောက်ကတော့ ကလေးအမေ / သူကတော့ ဗိုက်ကြီးနေလို့ / သူကတော့အိုနေလို့ / သူကတော့ အစာမစားရသေးလို့

အမျိုးကိုစုံနေတာပါဘဲ မျောက်တွေက လူကိုရန်မမူပေမဲ့ သူတို့ အစာတွေကိုတော့ လူတွေဆီကနေ ၀င်လုတက်ပါတယ်

သတိထားသင့်တဲ့ အချက်ပါ အထူးသဖြင့် သောက်ရေဘူး / အအေးဘူး / မုန့်ထုပ်တွေနဲ့ ကြွတ်ကြွတ် အိတ်လို အရာမျိုးတွေကို

သူတို့ မြင်အောင် မယူသွားသင့်ပါဘူး မျောက်တွေက အလစ်သင်လုပါတယ်

ကျမတို့ သွားတဲ့နေက အဖွားကြီးတစ်ရောက်ဆီက မျောက်က စားစရာဝင်လုတာကို အဖွားကြီးက လန့်ပြီးရှောင်လိုက်တာလှေကားကနေ နောက်ပြန်ပြုတ်ကျပြီး

နဖူးတော်တော်လေးကွဲသွားလို့ ဘုရားပေါ်ကနေ စောင်ကြီးနဲ့ ထမ်းချသွား ပြီးတာတွေခဲ့ရပါတယ် ပခုက္ကူဆေးရုံကို ပို့လိုက်တယ်လို့ ကြားလိုက်ပါတယ်

ကဲ့ ပုပ္ပါးမှာ အန္တရယ်ကင်းစွားနဲ့ ဘုရားဘူးနိုင်အောင် ရွာသူ/သားအပေါင်းကို သတိပေးလိုက်ပါတယ်၊

ကဲ့ အခုတော့ မျောက်စာဖိုးတွ တော်တော်ကုန်သွားလို့ အရင်းကျေအောင်

မျောက်ပြပြီး သူကြီးဆီက ပွိုင့်တောင်းလိုက်အုံးမယ်

 

P5281151

သူကတော့ ကလေးအမေတဲ့

 

P5281152

သူကတော့ အိုနေလို့တဲ့

 

P5281153

သူကတော့ ငယ်သေးလို့တဲ့

P5281155

မျောက်စာရောင်းသူတွေနဲ့ မျောက်တွေကြား

P5281154ဓါတ်ပုံကြီးပဲ ရိုက်မနေနဲ့ ဒီကိုလဲ နဲနဲကြွေးအုံး

P5281156

အခုမှပဲ စားရတော့တယ်

 

P5281236

ညည်းတစ်ကိုယ်လုံးလဲသန်းကြီးပဲအေ

P5281237

သန်းတုပ်ရင်း အတင်းများပြောနေသလားပဲ

P5281238

လမ်းသန့်ရှင်းရေးလုပ်ထားပါတယ် မျောက်စာလေးများကြွေးခဲ့ကျပါ

 

 

Novy

About Novy

yi yi has written 66 post in this Website..

မှန်တယ်ထင်ရင် နောက်မဆုတ်ပါ CJ # 1272011

   Send article as PDF