မျောက်ပြပြီး ပွိုင့်တောင်း

NovyJune 9, 20142min21633

 

ပုပ္ပါးတောင်ကို စတက်ပြီးဆိုတာနဲ့ မျောက်စာရောင်းသူတွေနဲ့  မျောက်အပေါင်းရဲ့ ဝန်းရံခြင်းကို ခံရတော့တာပါဘဲ

ဒီမျောက်ကတော့ ကလေးအမေ / သူကတော့ ဗိုက်ကြီးနေလို့ / သူကတော့အိုနေလို့ / သူကတော့ အစာမစားရသေးလို့

အမျိုးကိုစုံနေတာပါဘဲ မျောက်တွေက လူကိုရန်မမူပေမဲ့ သူတို့ အစာတွေကိုတော့ လူတွေဆီကနေ ဝင်လုတက်ပါတယ်

သတိထားသင့်တဲ့ အချက်ပါ အထူးသဖြင့် သောက်ရေဘူး / အအေးဘူး / မုန့်ထုပ်တွေနဲ့ ကြွတ်ကြွတ် အိတ်လို အရာမျိုးတွေကို

သူတို့ မြင်အောင် မယူသွားသင့်ပါဘူး မျောက်တွေက အလစ်သင်လုပါတယ်

ကျမတို့ သွားတဲ့နေက အဖွားကြီးတစ်ရောက်ဆီက မျောက်က စားစရာဝင်လုတာကို အဖွားကြီးက လန့်ပြီးရှောင်လိုက်တာလှေကားကနေ နောက်ပြန်ပြုတ်ကျပြီး

နဖူးတော်တော်လေးကွဲသွားလို့ ဘုရားပေါ်ကနေ စောင်ကြီးနဲ့ ထမ်းချသွား ပြီးတာတွေခဲ့ရပါတယ် ပခုက္ကူဆေးရုံကို ပို့လိုက်တယ်လို့ ကြားလိုက်ပါတယ်

ကဲ့ ပုပ္ပါးမှာ အန္တရယ်ကင်းစွားနဲ့ ဘုရားဘူးနိုင်အောင် ရွာသူ/သားအပေါင်းကို သတိပေးလိုက်ပါတယ်၊

ကဲ့ အခုတော့ မျောက်စာဖိုးတွ တော်တော်ကုန်သွားလို့ အရင်းကျေအောင်

မျောက်ပြပြီး သူကြီးဆီက ပွိုင့်တောင်းလိုက်အုံးမယ်

 

P5281151

သူကတော့ ကလေးအမေတဲ့

 

P5281152

သူကတော့ အိုနေလို့တဲ့

 

P5281153

သူကတော့ ငယ်သေးလို့တဲ့

P5281155

မျောက်စာရောင်းသူတွေနဲ့ မျောက်တွေကြား

P5281154ဓါတ်ပုံကြီးပဲ ရိုက်မနေနဲ့ ဒီကိုလဲ နဲနဲကြွေးအုံး

P5281156

အခုမှပဲ စားရတော့တယ်

 

P5281236

ညည်းတစ်ကိုယ်လုံးလဲသန်းကြီးပဲအေ

P5281237

သန်းတုပ်ရင်း အတင်းများပြောနေသလားပဲ

P5281238

လမ်းသန့်ရှင်းရေးလုပ်ထားပါတယ် မျောက်စာလေးများကြွေးခဲ့ကျပါ

 

 

33 comments

  • black chaw

    June 9, 2014 at 10:32 am

    မနိုဗီရေ…။
    ခင်ဗျားက မျောက်ပြပြီး ပွိုင့်တောင်းတော့
    ကျွန်တော်က မျောက်ကြည့်ပြီး ပွိုင့်ယူသွားပါတယ်…။
    ညည်းတစ်ကိုယ်လုံး လည်း သန်းချည်းပဲအေ ဆိုတဲ့ ပုံလေးကြိုက်တယ်ဗျာ…။

    • Novy

      June 9, 2014 at 11:04 am

      ကိုဘချော ဦးဆုံးလာပြီး မျောက်ကြည့်ပွိုင့် ယူသွားတယ့် အတွက်ကျေးဇူးပါ

  • snow smile

    June 9, 2014 at 10:50 am

    မ နို ဗီ ရေ
    တောင် ခြေ ပတ် လည် ဥ ယျာဉ် ခြံ တွေ နဲ့
    ကျွန် မ နေ ချင် တဲ့ နေ ရာ လေး ပါ
    ပု ပါ္ပး ဆို တာ နဲ့ ပြေး နေ ချင် လာ ပြီ

    • Novy

      June 9, 2014 at 11:06 am

      ပုဂံနဲ့ ကွဲပြားတဲ့ ရာသီဥတုပါပဲ
      အရမ်းကို အေးချမ်းမှု့ရှိပါတယ် snow smile

  • surmi

    June 9, 2014 at 10:56 am

    ကျနော်တို့က သင်္ကြန်တွင်းသွားမိလို့ထင်တယ်
    မျောက်တွေသိပ်မတွေ့မိဘူး
    လူတွေအရမ်းများတော့ သူတို့က လွတ်ရာကျွတ်ရာသွားနေကြတာ .
    ဓတ်ပုံလေးတစ်ပုံရိုက်ဖို့မနည်းရှာယူရတယ် ။
    ချစ်စရာတော့ ကောင်းသားနော်

    • Novy

      June 9, 2014 at 11:09 am

      ကိုရင်စာရေ..
      အခုများတော့ ပေါးချက်တော် သူတို့လိုက်လုလို့ မနဲ့ရှောင်နေရတယ်

  • moonpoem

    June 9, 2014 at 10:58 am

    မျောက်ပြပြီး ပွိုင့်တောင်းတဲ့လား ခေါင်းစဉ်နာမည် ပေးတတ်လိုက်တာ အစ်မရေ။ ကျွန်တော်လည်း မျောက်တွေကြည့်ပြီး ပွိုင့်ယူသွားပါပြီလို ့။:-D

    • Novy

      June 9, 2014 at 11:11 am

      ယူပါတော်ရေ့ ကျူပ်ပေးရတာမဟုတ်ဘူး
      သူကြီးပေးရတာ 😛

  • Wow

    June 9, 2014 at 11:36 am

    တော်ကြာဆွေမျိုးချစ်တယ် အပြောခံရတော့မှာပဲ တခြားပုံဒွေလဲတင်ပါအေ… :mrgreen:

    • Novy

      June 9, 2014 at 12:17 pm

      မကြာမှီလာပြီမျှော် ဝိုးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

  • alinsett (gazette)

    June 9, 2014 at 12:18 pm

    လူတွေနဲ့ တော်တော် ယဉ်ပါးနေပုံပဲနော်

    မျောက်မြင်တိုင်း သတိရမိသွားတာက
    လှော်ကားဥယာဉ်က အဖြစ်အပျက်ကို
    အဲဒီနေ့က ဒုတိယမြောက် ရည်းစား နဲ့ သွားတာ
    မိုးတွေက ရွာ လို့ . . .
    မျောက်တစ်ကောင်က . . .အင်းးး

    အဲဒီနေ့ကအကြောင်းကို ပိုစ့်တစ်ပုဒ် ရေးတင်ပြီး ပွိုင့်တောင်းဦးမှပါ. . .

    :mrgreen:

    • Novy

      June 9, 2014 at 1:54 pm

      ရေးပါအုံး အလက်ဆင်းရေ…….
      မျောက်တစ်ကောင် လူနှစ်ယောက် အချစ်တစ်ခုလို့

  • ဦးကြောင်ကြီး

    June 9, 2014 at 12:30 pm

    ဂျူ နိုလေးကို သိပ်သိပ်ခြစ်လယ်…

    • Novy

      June 9, 2014 at 1:58 pm

      ဦးကြောင်အိစော် လျှာရားဗိုလ်ကို ချစ်တယ်ဆို

  • kai

    June 9, 2014 at 1:38 pm

    ဒီနေ့ဆင်တာမော်နီကာဘိချ်သွားတာ.. မျောက်ပြငွေတောင်းနေသူနဲ့တွေ့ခဲ့သဗျ..
    မြန်မာစပါးကြီးမြွေတခါလယ်ပင်းပေါ်တင်ရိုက်.. ၂ဒေါ်လာသမားလဲတွေ့ခဲ့တယ်..။

    မြို့ပြမှာ..တိရိစ္ဆာန်တွေက.. လူတွေစားဝတ်နေရေးအတွက်.. ကျေးဇူးရှင်တွေဖြစ်ချင်လည်း.. ဖြစ်သွားနိုင်သပေါ့..။
    ပုပ္ပားကမျောက်တွေကရော.. လူတွေကို.. ဘာပြန်ပေးပါလိမ့်… နော.. :mrgreen:

    • Novy

      June 9, 2014 at 2:03 pm

      ပုပ္ပားကမျောက်တွေကတော့ သူများကို အကျု ိုးပြု မပြုတော့ မသိဘူး
      မနိုကိုတော့ပြုသတော့ ဟော အခုဘဲ သူကြီးစီက ပွိုင့်တွေ ရသတော် ;-p

  • naywoon ni

    June 9, 2014 at 2:47 pm

    ​မျောက်​ပြပြီးဆန်​​တောင်​းတယ်​ ပဲ ကြားဖူးပါတယ်​ သူ့က​ျမှ ထူးထူးဆနိးဆန်​း

    • Novy

      June 9, 2014 at 4:43 pm

      ဆရာနီရေ..
      ဆန်ကမသေချာဘူး ပွိုင့်သေခြာတယ်

  • ခင် ခ

    June 9, 2014 at 3:00 pm

    ပုပ္ပါးတောင်ကလပ်ကမျောက်တွေက အုပ်စုလိုက်ဆို မလွယ်ဘူး မနိုဗွီရေ
    သူတို့ကဘဲလျှင်သလား လူကဘဲလျှင်လေသလား တခါတလေ အကဲစမ်းကြသလိုပါဘဲ။
    မရောက်တာတောင် ၄-၅ နှစ်လောက်ရှိပြီဆိုတော့ နောက်ထပ်အလွမ်းပြေပုံလေးတွေ ထပ်မံမစပါအုံး။

    • Novy

      June 9, 2014 at 4:35 pm

      သူတို့ကအကဲစမ်းတော့ နိုဗွီကပွဲကြမ်းလိုက်တာပေါ့
      အိမ်ကကောင်မလေးဆီကနေ ရေဘူးလိုက်လုတာ တံပျက်စီးကိုင်ပြီးခြောက်လိုက်တော့မှ
      ပြေးတာတန်းနေတာပဲ ကိုခရေ..

  • Paing Lay

    June 9, 2014 at 3:35 pm

    မျောက်က ငပိထိရင် အလားဂျစ်ဖြစ်တယ်လို့ ကြားဖူးတယ်ဗျ ဟုတ်မဟုတ်တော့ မသိဘူး 😀

    • Novy

      June 10, 2014 at 11:59 am

      မျောက်က ငပိကိုမုန်းတာ လက်တွေ့မြင်ဘူးတယ်
      လက်မှာငပိပေသွားလို့ အနံ့ မပျောက်မခြင်း သွေးထွက်အောင်ကိုပွတ်တာ သနားပါတယ်

  • kyeemite

    June 9, 2014 at 4:13 pm

    ကိုဘလက်ပြောသလိုပါပဲ..
    ကျုပ်လည်း မျောက်ကြည့်ပြီး ပွိုင့်ယူသွားပါတယ်…။ 😀

    • Novy

      June 10, 2014 at 12:06 pm

      ဦးမိုက် လဲ ကိုဘချောလိုပေါ့လေ
      ယူစေတော်……..

    • Novy

      June 10, 2014 at 12:08 pm

      အမ-မမကိုလည်း ဂျူနိုကလေးက
      အန်တီ မခေါ်ပဲနဲ့ မမပါတယ်တော် နုနေတာ

  • အရီးခင်

    June 10, 2014 at 3:21 am

    မျောက်ပြတာကြည့် ပွိုင့်ရပါ၏။
    ဂျူနိုလေးတောင်အတော်ကြီးလာပြီ။
    ပိုပြီချောလာတယ်ပြောလိုက်ပါ မနိုရေ။
    အမေတူလေးပေါ့။
    မျောက်လေးတွေက ချစ်စရာ သနားစရာလေးတွေ။ (ကိုယ့်ဆီက အစာလာမလုသမျှ)
    မျောက်မြင်လိုက်မှ စိတ်နဲနဲလျှော့လိုက်လို့ရတယ်။
    အမျိုးတူမို့ထင်ရဲ့။ :lol:-)))

    • Novy

      June 10, 2014 at 12:10 pm

      အရီးခင်ရေ………..

      ဂျူနိုလေးနဲ့ အမျိုး တူတယ်ပေါ့
      သူလဲမျောက်ပဲလေ…… :-p

  • ကေဇီ

    June 10, 2014 at 12:25 pm

    ချောတာအေ။
    အမေတူလေးမို့နေမှာ။

    ဒီ တစ်ခေါက်တော့ ကိုယ်တို့ မင်းသမီးပုံမပါဝူးပေါ့။
    ဒါလင်နားကပ်နေလားမသိ။
    ခိခိ

    :s:

    • Novy

      June 11, 2014 at 10:54 am

      အချိန်ရှိခိုက် လုံးလစိုက်ပေါ့ ဆွိရယ်

  • ချစ်ရင်ထူး II

    June 10, 2014 at 6:56 pm

    ကျွန်​​တော်​ ခုနှစ်​ထဲမှ ပုပ္ပါးဘက်​​ရောက်​တာ ၂ကြိမ်​ရှိပါပြီ ၊ ​ပုံ​တွေကြည်​့လိုက်​ပြန်​​တော့လဲ တစ်​မျိုးပဲ ၊ ​မျောက်​နဲ့လဲ ရန်​ဖြစ်​ခဲ့ပါတယ်​ ကင်​မရာကိုလုလို့​လေ

  • Mr. MarGa

    June 11, 2014 at 10:54 am

    မျောက်ပြပြီး ပွိုင့်တောင်းတဲ့ ပို့စ်မှာ
    မျောက်ကြည့်ပြီး ပွိုင့်ယူသွားတယ်ဗျာ…
    ပုပ္ပါးကို ထပ်ရောက်ချင်သေးရဲ့

  • TNA

    June 14, 2014 at 4:02 pm

    ချစ်စရာလေးတွေ မျောက်ကလေးတွေက သန့်နေတာပဲ။ သများလဲ မျောက်မှီပြီးပွိုင့်ယူလိုက်အုံးမယ်

Leave a Reply