ပန်းမျိုးစိတ်သစ် ရှာတွေ့သူ မွန်းပိုအမ်

moonpoemJune 9, 20141min17213

ကျွန်ုပ်သည် ပန်းနာမည်များ အပင်အမည်များကို ဂျပန်လို သာကျက်ထားသည်က များပြီး အင်္ဂလိပ်လို သိပ်မကျွမ်းကျင်ပါ။

ဂျပန်တော်တော်များများကလည်းး သိပ်ပြီး အင်္ဂလိပ်လို မေးလေ့မရှိပါ။

ကံဆိုးမိုးမှောင် ကျချိန်တန်သော မွန်းပိအမ်သည်ပြီးခဲ့သော တစ်လခန့်က အင်္ဂလိပ်လို သိချင်သော ဧည့်သည်နှင့် ကြုံကြိုက်လေ၏။

နှင်းဆီပန်းကို Rose စံပယ်ပန်းကို Jasmine နှင့် ခရေပန်းကို Star Flowerဟု ရင်ကော့ပြီး မားမားမတ်မတ် ရှင်းခဲ့လေရာ စိန်ပန်းနှင့် ငုဝါပန်းတွင် လည်ချောင်းပိတ်ဆို့မှု ဖြစ်ပွားလေ၏။

မသိသည့်အတွက် မသိတာကို ရိုးရိုးသားသား ဝန်ခံသော်လည်း စိုက်ပျိုးရေး သုတေသီသေလို့ ဝင်စားခဲ့သော ဧည့်သည်သည် ကျွန်ုပ်အား အကယ်၍ ကျွန်ုပ်သည်သာ ဤပန်းမျိုးစိတ်ကို ရှာတွေ့သူ ဖြစ်ခဲ့သော် မည်သို့ နာမည် ပေးချင်ပါသနည်းဟု ထပ်မံ၍ ဒုက္ခပေးပြန်၏။

အင်္ဂလိပ်စာ လေ့လာမှုနည်း၍ ယောင်တောင်တောင် ဖြစ်နေသော ကျွန်ုပ်သည် ဗရုတ်သုတ်ခဉာဏ်တော့ ကောင်းသည် ဖြစ်လေရာ မျိုးစိတ်အသစ်တစ်ခု အဖြစ် စိန်ပန်းအား Diamond Flower ဟု လည်းကောင်း ငုဝါပန်းအား Yellow Flowerလည်းကောင်း ခေါ်တွင်မည် ဖြစ်ကြောင်း ဖြေကြားလိုက်လေတော့
သတည်း။

13 comments

  • Novy

    June 9, 2014 at 11:21 am

    peacock-flower / gold mohur tree – စိန်ပန်း

    ငုပင် ကတော့ အဲ့လိုလားမသိ – Indian Laburnum –
    ဒီလိုဖြတ်ထိုးဉာဏ်ကလည်း မဆိုးဘူးပေါ့နော်

  • surmi

    June 9, 2014 at 11:21 am

    ဘုရားကိုဆူပူဇော်ပွဲကို ကျုပ်သူငယ်ချင်းပြောသလိုတော့ဖြစ်နေပြီ ။
    ကဲ ဗျာ …
    ခင်ဗျားဧည့်သည်တွေမေးရင်ဖြေလို့ရအောင်ပြောလိုက်မယ် … ကျုပ်ဘော်ဒါ စပိန်ဂိုက်က ဘုရားကိုးဆူပူဇော်ပွဲကို ဒီလိုဖြေသတဲ့ဗျာ
    ” နိုင်းဗဂိုးဒါးးး ဒင်းနားပါတီ ” တဲ့ :mrgreen:

  • black chaw

    June 9, 2014 at 11:40 am

    အသက်ရှည်ဖို့ ကျွန်တော် ရယ်သွားပါတယ်ဗျာ…။
    :mrgreen:

  • alinsett (gazette)

    June 9, 2014 at 3:54 pm

    စိန်ပန်းကို peacock’s pride
    စိန်ပန်းပြာကို jacaranda
    ငုပန်းကို laburnum ဆိုလားပဲ. . .

    ဒါမယ့် အခု မမလကဗျာပေးလိုက်တဲ့နာမည်လေးတွေလည်း ရိုးရှင်းလှပသားပဲ. . .

    :mrgreen:

    ဒါနဲ့ လည်ချောင်းပိတ်ဆို့မှုဆိုတဲ့ စကားလုံးလေး good တယ်ဗျ

  • kyeemite

    June 9, 2014 at 4:19 pm

    လေမျို း ရှစ်ဆယ်လျှက်ဆားကို “80 kinds of win” ဆိုတာလိုပေါ့
    “ဗမာတွေ တယ်မလွယ်ပါလား…လေကိုတောင် အမျိုးရှစ်ဆယ်စုပြီး အမှုံလုပ် ပုလင်းထဲထည့်ထားနိုင်တယ်တဲ့
    :mrgreen:

  • Iris

    June 9, 2014 at 9:18 pm

    Red diamond flower တို့ Blue Diamond flower ဆိုပြီးအ​ရောင်​​တွေခွဲ​တော့ဘူးလား။ ☺
    ဦးဆာ ရဲ့ နိုင်​းပဂိုးဒါးဒင်​နာပါတီက​တော့ ​တော်​​တော်​ဆိုးတယ်​။ အဲ့ဒီ စပိန်​​တွေ ​တော်​​တော်​အံ့ဩသွားမှာပဲ။

  • အရီးခင်

    June 10, 2014 at 3:23 am

    အဲဒီ ငုလိုပန်းမျိုး ဒီမှာလဲ ရှိတယ်။ နွေမှာမှပွင့်တာလဲ တူတယ်။

  • moonpoem

    June 10, 2014 at 9:11 am

    ပန်းရဲ့နာမည်အစစ်တွေ သိလိုက်ရတဲ့အတွက် ကျေးဇူးပါပဲဗျို့။

  • ကေဇီ

    June 10, 2014 at 1:26 pm

    လကဗျာလေး ရှာဖွေတွေ့ရှိတာက တော့ ရီ ရတယ်။

    :mrgreen:

    စကား မစပ်…

    https://www.facebook.com/pages/IVU-Plant-Lovers/320402094740313

    ဖဘမှာ လိုက် ထားလိုက်လေ။
    အခေါ် အဝေါ်နဲ့ အမျိုအစားအတော်စုံတယ်။
    🙂

  • Ma Ma

    June 10, 2014 at 6:06 pm

    ဗရုတ်သုတ်ခဉာဏ်နဲ့ ပန်းမျိုးစိတ်အသစ်ကို ရှာဖွေပြောကြားပေးနိုင်တာ ဂုဏ်ယူစရာပဲ….. 😀

  • Mr. MarGa

    June 11, 2014 at 10:49 am

    မှားလား ဆိုတော့ မမှားဘူး
    မှန်လား ဆိုတော့လည်း မမှန်ဘူး
    အဲဒီလို ဖြတ်ခနဲ ပြောလိုက်နိုင်တာကိုပဲ ချီးကျူးမိ :mrgreenn:

  • ရွှေတိုက်စိုး

    June 11, 2014 at 1:57 pm

    ဟိဟိ ဒါဆို ခွေးသေးပန်း ဆိုတာရောဗျာ…. ဘယ်လိုပြောမလဲ မွန်းပိုအမ် ရေးးးးးးးးးးး ခုခိခုခိ

Leave a Reply