“ခွင့်လွှတ်ရ မလား……….. အပြစ်ယူရ မလား …………….ဦး သိန်း စိန် ရေ”

“ခွင့်လွှတ်ရ မလား……….. အပြစ်ယူရ မလား …………….ဦး သိန်း စိန် ရေ”

 

1ယိုင်တိ ယိုင်တိုင်
1ယိုင်တိ ယိုင်တိုင်ကိုပေါ

ဒီနေ့ နေ့လည် ၁၁ နာရီလောက် ဘူ တာ ကြီးဘက်ကနေ

ဈေး ချိုဘက် ကိုဆိုင်ကယ်နဲ့ပြန်လာပါတယ်။

၂၆ ဘီလမ်း အနောက်ကျုံးလမ်းရောက်တော့ ဆိုင်ကယ်နဲ့ မမျှအောင်ကုန်တွေတင်ထားတဲ့

ဆိုင်ကယ်တစ်စီးက ကျနော်ရှေ့ မှာ ယိုင်ထိုးယိုင်ထိုးနဲ့ မောင်းနေပါတယ်။

ဆိုင်ကယ်ပေါ်တင် ထား တဲ့ အိတ်ကြီးတွေက အပြည့် အမောက်။

တင် ထား ပုံ က ဝန် နဲ့ အား မမျှ။

ဆိုင်ကယ်ေ နာက်ဘီးက လဲ လေ မရှိ တော့ ပြား ကပ် ကပ်။

ဆိုင်ကယ် လီ ဗာ သာ တဟဲဟဲ နဲ့ဖြဲ နေ ပေမယ့် လိုရာ မရောက်။

ဒီတော့ ဆိုင်ကယ်ကလမ်းမပေါ်မှာ ဟိုဘက်တိုးလိုက် ဒီဘက်တိုးလိုက်ပါဘဲ။

 

 

မီးပွိုင့် မီး နီ မိ တာ စောင့် နေ ချိန် သူ နဲ့ ခပ်ခွာ ခွာ ဘဲ ရပ် ထား ပါ တယ်။

ဆိုင်ကယ် မမောင်းဘဲရပ် ထား ချိန်မှာ ကို ဟန်ချက်မထိမ်းနိုင်တော့

ဟိုဘက်ယိုင်လိုက် ဒီဘက်ယိုင်လိုက်နဲ့ ဂဏာမငြိမ်နိုင်။

 

မီး စိမ်း လို့ ပြန ်လဲ ထွက်ရော သူ့ ဆိုငင်ကယ် က ဟန် ချက် မ ရှိ တော့ ဟိုယိမ်း ဒီယိမ်း။

သူ့ နောက်က ဆိုင် ကယ် တွေ ကား တွေက လဲ သူ လဲ လိုက် ရင်

ဝင် တိုက်မိမှာစိုးတော့သူ့ ကြည့်ပြီး တစ် လိမ့် ခြင်းမောင်းနေရ သလို

သူ့ နံ ဘေး က ကား တွေ ဆိုင် ကယ်တွေ ကြပြန်တော့ လဲ

ကိုယ့် ဘက် ကို ဝင် တိုးလာ မှာ ကိုယ့်ဘက်ကို လဲ လာမှာ စုးိတော့ သတိကြီးစွာ

ထားေ နကြ ရ တာ အင် မတန်မှ စိတ် အနှောင့်အယှက်ဖြစ်ပါတယ်။

သူအဲ့လိုဖြစ်နေတော့ ကျန် တဲ့ ယာဉ်တွေလဲ မထွက် နိုင်။

ဒီအဖြစ်အပျက်ကို မသိ တဲ့ နောက်က ကား တွေ ဆိုင်ကယ်တွေ က

မီး စိမ်းပြီး မထွက်သေးဘူးလားဆို ပြီး

ဟွန်းတွေဆူ ညံ နေ အောင် တီးကြပါတယ်။

ဒါ ပေမ ယ့် ဘယ် ယာဉ် ထိန်းမှ ထွက် မ လာ ပါ ဘူး။

 

ဆိုင်ကယ်က ၂၆ဘီလမ်းအတိုင်းအနောက်ဘက်ကို ဆင်းလာ တာပါ

လမ်း ၈ဝ ကို ဖြတ်ပြီး သွား တဲ့ အချိန်မှာလဲ သူ့ ဆိုင်ကယ်က ယိုင်ထိုးထုးိ။

အားလုံးကသူ့ ကို ကွင်းရှောင်ပြီး သွား ကြ ရ ပါတယ်။

အဲ တော့ ခရီး မတွင် ပေါ့။

 

2ယိမ်းထိုး
2ယိမ်းထိုး

ကျနော်လဲ သူ့ကိုကျော် လို့ ရ ချိန် မှာ ကျော် လာခဲ့ ပါ တယ်။

သူကတော့ လမ်းအပြည့်မောင်းပြီး ကျန် ခဲ့ ပါတယ်။

ဒ ါ ပေမ ယ့် ကျ နော် ့ အတွေး တွေကတော့ သူဆီမှာကျန်နေခဲ့ပါတယ်။

အတွေး ဆို တာ ထက် မေးခွန်း တွေ တန်း စီ ပေါ်လာ တာပါ။

 

( ၁) ဆိုင် ကယ် တစ ်စီး ကို ကုန် တင် တဲ့ အခါ  ဘယ် လောက် ထိ ဘဲ တင် ရ မယ်ဆို တဲ့

ကန့် သတ်ချက် ကို အဲ့ လူ မသိဘူးလား။

သိသိ ကြီး နဲ့ ဘဲ စည်း ကမ်း ချုးိ ဖောက်တာလား။

ဒီဥပဒေ တွေကို လူတွေသိအောင် လုပ်ပေး တာ ဘဲ အား နည်း နေ တာလား။

 

(၂) ဒီလို လမ်း ပေါ်မှာ စည်း မဲ့ ကမ်း မဲ့ သွားလာနေတာ ကို ယာဉ်ထိန်းတွေက မမြင်ဘူးလား။

မြင်ရင်ကောဖမ်းမှာလား။

မဖမ်းဘဲ နေ မှာလား။

(အခုရက်မန်းလေးမှာ ကားတွေရော ဆိုင် ကယ်တွေပါ ပြန် ဖမ်း နေ ပါ တယ်။

ကားက တော့ ဒစ်စဝိုင်းစစ်တယ်

ဆိုင်ကယ်ကတော့

ဦးထုပ်မဆောင်း သုံးယောက်စီးတွေပေါ့။

ဖမ်းတော့လဲ တစ်သီတစ်တန်းကြီး မိတာပေါ့။

မိတော့ ဒဏ်ဆောင်တာပေါ့။

အချို့ကလဲ ထွက်ပြေး တာ ပေါ ့။

ဒီလိုဆပ်ပလိုင်းချက် မရှိ တဲ့ နေ ရာမှာတော့ လဲ ဦးထုပ်မဆောင်းလမ်းပြောင်းပြန်မောင်း

စိတ်တိုင်းကျ စည်းကမ်း ဖောက်ချင် တိုင်းဖောက်တာပေါ့။

ပြည်သူအချင်း ချင်း က လဲ ညီ ညွတ်ပါ တယ်

အဲ လို ဖမ်း နေ တာ  မြင်ရင်  “ ဖမ်းေ န တယ် နော် “လို့ အော်ဟစ်ပြီး သတိ ပေးကြ ပါတယ်။

ရှောင် နိုင် တိမ်း နိုင်အောင်လုပ်ပေး ပါ တယ်။

အဲလို လုပ် လိုက်ရ တယ် ဆို ရင် အဲလိုလူ ရဲ့စိတ်ထဲမှာ

“သူတို့ စည်းကမ်းဖောက်တာ မဖောက် တာငါ့ အလုပ် မဟုတ်။

သူတို့ အဖမ်း မခံ ရဘို့အရေး ကြီးတယ်လို့ စိတ် ထဲမှာနှလုံးသွင်းရင်း

အဲ လို အော် လိုက်ရ ရင် ကို  ငါ ကောင်းမူ့ တစ် ခု ပြု လိုက် နိုင် ဘီ

လူတစ်ယောက်ကို ကယ် တင် လိုက် နိုင် ဘီ “ ဆိုပြီး ကျေနပ် နေကြ တာပါ။

 

3 ဟိုဘက်တိုးလိုက် ဒီဘက်တိုးလိုက်
3 ဟိုဘက်တိုးလိုက် ဒီဘက်တိုးလိုက်

ကျ နော် သဲ့ သဲ့ လေး ကြားဘူး တာ ပြန ်ပြောရရင်တော့

“သွားဖမ်း မ နေ နဲ့။

မဖမ်းလို့ ဘာ မှ မဖြစ်ဘူး။

တိုက်ရင် အမူဖွင့်ပေးလိုက်ရုံ ဘဲ။

မတော်ဖမ်းလိုက် လို့ ပြဿနာ ဖြစ ်ရင်

ရုန်းရင်းဆန်ခတ် ဖြစ် ရင်

ကိုယ်ဘဲ ထု ခြေလွှာအတောင်းခံရ မှာ

နေ ရာ ရွှေ့ ရ မှာ၊

ထားလိုက်” ပါတဲ့။

ဟုတ်လားတော့ မသိဘူး။

 

(၃) ဒီလို စည်းကမ်းမဲ့ မောင်းကြ တာကို တွေ့ တဲ့ ယာဉ်ထိမ်းက

သူ့ တာဝန် ဝတ္တရား အတိုင်း ဖမ်း ရင် ကော ဘယ်လိုဝေဖန်ကြမလဲ။

ရိုးရိုး သား သား လုပ် ကိုင် စားတာကို ဒုက္ခပေးတယ်လို့ ပြော ကြ မှာလား။

ခေတ်အဆက်ဆက်ဆက်က အစိုးရအုပ်ချုပ် တာ ညံ့ဖျင်းခဲ့ လို့ လူတွေ ဆင်း ရဲ တွင်းနက်တော့

ဖြစ်သလို ကြံ ဖန် လုပ် ကိုင်စားရ တာ လို့ ဘဲပြောကြ မလား။

ဖမ်းချင် တဲ့ ကောင် ဖမ်း ပြီး မဖမ်းချင်တဲ့ကောင်လွှတ်ထားတယ်ပြော မလား။

 

(၄) ယာဉ်ထိန်း မြင် ပါလျက်နဲ့ မဖမ်းဘဲလွှတ်ထားတယ်ဆိုရင်ကော

ဖမ်းလဲငွေ မထွက်တဲ့ သူ မို့ လို့ မဖမ်းဘဲ လွှတ်ထားတယ်လို့ ပြော မလား၊

အော်သူ့ မှာ ညှာတာ စိတ် ကလေး ရှိ တယ် လို့ ချီးမွမ်း မလား။

ဝန် ထမ်း လုပ်ပြီး တာ ဝန်မကျေဘူး လို့ အပြစ်တင် မလား။

 

(အခုနောက်ပိုင်းတော့ အရင်ခေတ်ထက်စာရင် နည်းနည်းလေးတော်လာပါတယ်။

ဖမ်းပြီး ငွေ တောင်း တယ် ဆို တာ သိပ ်မ ရှိသေ လာက်။

မီးပွိုင့် လိုနေရာမျုးိ မှာ ကိုယ့်ဘက်က ပျက်ကွက်လို့ အဖမ်းခံ ရလို့

ယာဉ်ထိန်းကို မုန့် ဘိုးပေး ပြီး လွတ်အောင်လုပ် တာ မျုးိတော့ ရှိ ပါတယ်။

ဒါကတော့ ကိုယ်သူ့ကိုမုန်ု့ပေး လိုက် တာ ရုံး သွားပြီး တရား ဝင်ဆောင်တာထက်

စာ ရင် အချိန်ကုန်ငွေကုန်သက်သာ တာကိုး။

နောက်သူ့ ပေး ရ တာ သုံး သိန်း မကျော်  တော့ လာဘ်ပေး တယ် လို့ လဲမဆိုနိုင်)

************************************************

ကျနော်တို့ နိုင်ငံ မှာ ပွင့်လင်းမြင်သာတွေရှိအောင်လုပ်ပါ

ဖိနှိပ်မူ့ တွေရပ်ပါ  ဆို တာ တွေက

အခု ချိန် မှာ ပ လူ ပျံ နေ အောင်ပြောကြ ဝေ ဖန် ကြ ပါ တယ်။

ပြောလဲ ပြောရဲ ကြ ပါတယ်။

ပြော ဆို အရင် လို  ထစ် ကန ဲ့ ရှိ ဆွဲ စိ တဲ့ ခေတ်မဟုတ်တော့ လဲ ပြောရဲတာပေါ့။

နောက်တစ်ချက် လူ တွေ က လည်း စည်းကမ်းမဲ့ကြ ချိုုးဖောက်ကြပါတယ်။

အဓိက ကတော့ လူ တိုင်း လူတိုင်းမှာ

” သူများကို မထိ ခို်က်အောင်ငါ နေမ ယ် “ ဆိုတဲ့

အတွေး အခေါ်က ခေါင်းထဲမှာရောစိတ်ထဲမှာရော

နှလုံး သား ထဲ မှာ  မရှိကြလို့ပါ။

မြန်မာပြည်မှာ လုပ်သင့် လုပ် ထိုက်တဲ့ အလုပ် တွေက

လူ တွေရဲ့စိတ်ထဲ မှာ မရှိ ပါ ဘူး။

နံ ရံ တွေပေါ်နဲ့ လမ်း ဘေး က ဆိုင်း ဘုတ် တွေမှာဘဲရှိ ပါ တယ်။

 

အဲ တော့ နေရာ တကာ မှာ

မရှိဆင်းရဲလို့ လုပ်ရ တာ ပါ

မတတ်သာလို့ လုပ် ရ တာပါ

လူလစ်တုန်းလေး လုပ် ရ တာပါ

သူများတွေလဲ လုပ်နေလို့ လုပ် ရ တာ ပါ

ဆို တဲ့ အကြောင်းပြချက် နဲ့ စည်းကမ်းဖောက်ဖျက်နေကြ တာကို မြင်ရ တော့

 

ဒီလို လေး ဘဲ မေး ချင် ပါ တယ။်

မေးစရာလူ က လဲ ဆုံးဖြတ်နိုင်တဲ့သူကိုမေးမှ အရာရောက်တာကိုးဗျ.

အဲ တော့ မေးပြီ ဗျာ

ဒီလို စည်းမဲ့ ကမ်းမဲ့ လုပ် ရပ် တွေ ကို မြင် ရင်

 

“ခွင့်လွှတ်ရ မလား……….. အပြစ်ယူ ရ မလား …………….ဦး သိန်း စိန် ရေ”

 

 

“ခွင့်လွှတ်ရ မလား……….. အပြစ်ယူ ရ မလား …………….ဦး သိန်း စိန် ရေ”

“ခွင့်လွှတ်ရ မလား……….. အပြစ်ယူ ရ မလား …………….ဦး သိန်း စိန် ရေ”

 

 

“ခွင့်လွှတ်ရ မလား……….. အပြစ်ယူ ရ မလား …………….ဦး သိန်း စိန် ရေ”

 

 

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး

9-6-2014

 

 

25 comments

  • အရီးခင်

    June 10, 2014 at 3:10 am

    အပြစ်ယူပြီးရင် ခွင့်လွှတ်လိုက်ပါ ကိုပေါက်ကြီးရေ။

  • ကို လတ် ကြီး ရေ

    ခွင့်လွှတ်တာတွေများနေတော့

    စည်းကမ်းဖောက်ဖျက် တော တွေ ပိုပိုများလာပါတယ်။.

  • ကေဇီ

    June 10, 2014 at 10:14 am

    သူ့ကို အဲဒီ အပိုင်းတွေ လုပ်ဖို့ သံပတ်ပေးခံမထားရဘူးး လေးပေါက်ရဲ့။

    😀

    • မြင် နေ ပေ မယ့် မမြင် ချင် ယောင ်ဆောင် တာ ကြာ တော့ အ လို လို ကန်း သွား တာ နေ မှာ ဇာကြီး ရ

      ခက် တာ က လူ တွေ က လဲ မဖမ်း ဘူး ဆို တာ လဲ သိ ရော

      ပြောင် ပြောင် တင်း တင်း ကြီး ကို စည်း ကမ်း ဖောက်တော့ တာ ဘဲ။။

      ညည်း မန်းလေး ပြန် လာ ရင် မြင်ရ ပါ လိမ့် မယ်။

  • တိမ်မည်း

    June 10, 2014 at 11:01 am

    လေးပေါက်ရေ…. ဖဘမှာလည်း မန့်တော့ပီးသွားပါပီ….
    ဒီမှာလာပီး ဆက်မန် ့လိုက်ပါမယ်….

    တကယ်တော့ လူကို ဖျက်တာ စနစ်ပါ…. (အဲ့ ယာဉ်နဲ ့ပတ်သက်လို ့ပါ…..)
    ဒါပေမယ့် အခု စနစ် ပြန်ကောင်းရင် တောင် လူတွေ ပြန်ကောင်းဖို ့ခဲယဉ်းသွားပီ….

    အဲ့ဒါတွေ ပြန်ကောင်းချင်ရင် ယာဉ်ထိန်းရဲတွေ အထူးကြပ်မက်ဖို ့လိုတယ်ဟုထင်ကြောင်း…

    မန်းမှာကလည်း ယာဉ်ထိန်းရဲတွေကို ဝိုင်းရိုက်တယ်လို ့ ကြားဖူးလေတော့……
    ကျွန်တော်လည်း မလျှောက်တက်တော့ဖူး… လေးပေါက်ရေ…..

    • ကိုတိမ်မည်း ရေ

      မန်းမှာ က ယာဉ်ထိန်းနဲ့လူ ထု ဖြစ ်တယ် ဆို တာ ရှား ပါ တယ်။

      စည်းကမ်းဖောက်ရဲ ကြ တာ အကြောင်းနှစ်ခု ရှိ ပါတယ်။

      ၁ တာဝန် ရှိ သူ တွေ က တိုင်းသူ ပြည်သား စည်းကမ်းကောင်းအောင် မ ဟုတ် ဘဲ ဒဏ်ငွေရ ရုံ လောက် သာ
      အဖမ်းပြကြ လို့ ပါ။
      ၂ ပြည်သူတွေက လဲ လာ ဖမ်း ရင် ပိုက်ဆံ ပေးလိုက်
      မဖမ်းဘူးဆို နေ ချင် သလို နေ လို်က်

      နောက်ဆုံးတော့ စည်း ပျက် ကမ်း ပျက် မြို့ တော် ကြီး ဖြစ် သွား တာပါ ဘဲ

  • kai

    June 10, 2014 at 11:21 am

    ကိုယ်က.. အလုပ်ရှုပ်နေ.. လူမှုရေးကိစ္စတွေများနေလို့.. ကိုယ့်ကိုယ်စားလူငှားထားတာပဲလေ..
    အဲလိုဟာတွေဖမ်းရဆီးရ.. အရေးယူပေးရအောင်ပေါ့..
    ရဲတွေကို.. လူထုက… ကိုယ့်ကိုယ်စား.. ခိုင်းထားတယ်ဆိုပါစို့…။
    ဖမ်းတာဆီးတာအရေးယူတာမှာ.. ဘောင်မလွတ်အောင်.. သူတို့(ရဲ)တွေကို.. အဲဒါနဲ့ပါတ်သက်တဲ့.. လုပ်ငန်းဆောင်တာ.. လုပ်ထုံးတွေသင်ကြားကျက်မှတ်.. သိထားစေအောင်.. မွန်းမံသင်တန်းဘာညာတွေနဲ့လည်း.. တက်ထားစေရတာပါ..။
    အဲဒါတွေအတွက်လည်း.. လူထုငွေတွေ(အခွန်ငွေ)တွေ သုံးရတာပါပဲ..။

    သူတို့..သူတို့အလုပ်မလုပ်ရင်.. အလုပ်ဖြုတ်ဖို့… ပြန်လည်တည့်မတ်ဖို့.. လူထုက.. လူတွေရွေးပေးထားရပြန်တာပါ…
    လွှတ်တော်အမတ်တွေပေါ့…။
    ဆိုတော့…
    လွှတ်တော်အမတ်တွေကို.. တိုင်သင့်ကြောင်း…။ :mrgreen:

    • ကိုခိုင် ရေ တိုင် တော့ တိုင် ကြ ပါ တယ် ဗျ

      ဒါ ပေ မယ့်

      အား လုံး က

      ဟန် ထွန်း သီချင်း ထဲ က လို ဖြစ ်နေ တာ

      ( လေထဲ မျော ပါ သွားးးးးးးးးးးးးးးးးးးးးးလေ ထဲ မျော ပါ သွားးးးးးးးးးးးးးးးးးးးးးးးးး)

      • kai

        June 10, 2014 at 12:55 pm

        နောက်တခေါက်မဲမပေးနဲ့ပေါ့ကွယ်..။ သူ့အလုပ်ခန့်စာက.. ကိုယ့်လက်ထဲမယ်ဥစ္စာ..။
        လုပ်ပေးမယ့်သူကိုပဲ.. မဲပေးတော့မယ်ပြောလိုက်ပေါ့..။
        ဒါလေးများ..။ :mrgreen:

        • ဟုတ် ပါ့ ကို ခိုင်

          လာ မယ့် 2015 ရွေးကောက်ပွဲ ကျ ရင် ကိုယ် ခိုင်းတာ ကို လုပ် မယ့် သူကို ဘဲ မဲပေး မယ်ဗျာ။

          အေး လွှတ်တော် အမတ်ဖြစ် ပြီး မှ စိတ် ပြောင်း သွာ း ရင် တော့ ကိုယ့် ကံ ဘဲ ပေါ့ဗျာ။

        • kai

          June 10, 2014 at 1:51 pm

          ယူအက်စ်မှာ.. လွှတ်တော်အမတ်ဆိုတာ.. လူထုကခိုင်းတာ.. အကူအညီတောင်းတာ.. တယောက်ချင်းစီကိုလုပ်ပေးရတယ်ဗျ..။
          ယုတ်စွအဆုံး. သူ့မဲဆန္ဒနယ်က မြန်မာ-အမေရိကန်တွေ.. ဆွေမျိုးဗီဇာကိစ္စအဆင်မပြေရင်တောင်.. လှမ်းအကူအညီတောင်းခွင့်က.. အမတ်တွေဆီမှာထားတယ်..။
          သာမန်လူက လဝကအရာရှိတွေဆီတိုက်ရိုက်ဖုံးမရှိဘူးလေ။
          အဲဒီအခါမျိုးမှာ အမတ်တွေကိုအကူအညီတောင်းရင်..အမတ်တွေက.. လဝကအပါအဝင် အစိုးရရုံးတွေနဲ့.. တိုက်ရိုက်လိုင်းချိတ်ထားသမို့ အကူအညီပေးလိုက်ရင်.. ပိုလွယ်ပါတယ်။

          ကြုံလို့ပြောရရင်.. သမ္မတအဖြစ်..အိုဘားမားနဲ့ပြိုင်အရွေးခံခဲ့တဲ့.. မက်ခ်ကိန်း.. သူ့နယ်မှာ လူထုကို နိုင်ငံရေးအခြေအနေတွေ.. လူလုပ်တာတွေပြန်ရှင်းပြရတဲ့.. တောင်းဟောမိတင်းလုပ်တုန်း.. မဲဆန္ဒရှင်တယောက်က.. လက်ညိုးငေါက်ငေါက်ထိုး..
          အပြစ်ပြော.. ဆဲဆိုတာများ.. တီဗီထဲတွေ့ဖူးတယ်..။
          ဘာမှပြန်ပြောခွင့်မရှိ..။
          .. ခေါင်းတငြိမ့်ငြိမ့်နဲ့.. Yes Sir.. Yes Sir ချည်းပြောရတာ…။
          အဲဒါမျိုး..

  • kyeemite

    June 10, 2014 at 11:32 am

    အဲဒါပေါ့ဗျ…ဥပဒေစိုးမိုးမှုမရှိတာ…
    ရဲတွေလည်း ခုတလော အထိုးခံရ ၊ ဓါးနဲ့လိုက်ခုတ်ခံရနဲ့ မလွယ်ဘူးဗျို့

  • ကိုမိုက် ရေ မြန် မာပြည် မှာ တရား ဥ ပဒေ စုးိ မိုး ဘို့ ခက် နေတ ာ အမှန် ဘဲ

    ဒီ နေရာကို လုပ် နိုင် တယ် ဆို တဲ့ သူ ပို့ ထား လဲ အောက်ခြေ အထိ ဆင်း မပြင် နိုင်တော့

    ဒုံရင်းပါဘဲ

  • alinsett (gazette)

    June 10, 2014 at 2:21 pm

    ယာဉ်ထိန်းရဲတွေက..အဲ့ဒါမျိုးကျတော့…ချက်ချင်း အရေးတယူ မရှိဘူး ။
    ဟိုကားတန်းကြီးလာရင်တော့..ပျာပျာသလဲ…

    :mrgreen:

    • အလင်းဆက်ရေ

      နီး ရာ ဒါး ဆို တဲ့ စကား လုံး က ပဒေသရာဇ်ခေတ်က စ လိုက် တာ
      အခု အနုမြူ ခေတ် ထိ အသုံး ဝင် နေ တုန်း ကြောက်နေရ တုံးပါ ဘဲ

  • ကထူးဆန်း

    June 10, 2014 at 2:27 pm

    အခြေအနေအရ အခုလိုလုပ်နေသူတွေက
    ခွင့်လွှတ်သင့်သူ ( မျက်နှာနာသူ ) ကို ခွင့်လွှတ်လိုက်
    အပြစ်ယူသင့်သူ ( အတိုက်အခံလုပ်သူ) ကို ယူလိုက်တာပေါ့ကွယ်။
    အူးတိန်းဆိန်
    :kwi:

  • ချစ်ရင်ထူး II

    June 10, 2014 at 6:39 pm

    မြန်​မာပြည်​မှာက ” ငါ အမတ်​ဖြစ်​ရင်​ ငါ့မဲဆန္ဒနယ်​ မှာတိုးတက်​​အောင်​ဘာ​တွေလုပ်​​မယ်​” ဆိုတဲ့စိတ်​ကူးနဲ့ ​ရွေး​ကောက်​ပွဲဝင်​ပြိုင်​တာနည်​းပါတယ်​ ။
    ကျွန်​​တော်​လဲ​လေ တစ်​ခါ​လောက်​ ရာထူးကြီးကြီးရဲ့ ထိုင်​ခုံကို ထိုင်​ကြည်​့ချင်​တယ်​ အဲဒီထိုင်​ခုံမှာထိုင်​လိုက်​ရင်​ အဲဒီစိတ်​မျိုး​တွေပဲ auto ြြဖြစ်​လာတာလားဆိုတာသိချင်လို့ပါ​​

    • အစ ကတော့ ကောင်း အောင် လုပ် မယ် ဆို တဲ့ စိတ်တွေ ရှိ ချင် ရှိနိုင်ပါတယ်

      နောက်တော့ လည်း ထို နည်း ၎င်း ဖြစ် သွားကြာ တာ ပါ ဗျာ

  • Ma Ma

    June 10, 2014 at 6:51 pm

    ကိုပေါက်ထောက်ပြမှပဲ ပြည်သူအချင်းချင်း ရိုင်းပင်းပြီး ရှေ့မှာ ဖမ်းနေပြီလို့ ပြောပေးပြီး ကုသိုလ်ပြုနေတာတွေကို မှားမှန်းသိတော့တယ်။
    နံပါတ် (၄) ကိုလည်း ထောက်ခံတယ်။
    တချို့ကိစ္စတွေမှာ ဆူးကြားက ဗူးခါးလို၊ ရှေ့တိုးရခက် နောက်ဆုတ်ရခက်တာတွေ အများကြီးပဲ။
    ဒီအပေါ်မှာထားတဲ့ စိတ်ထားမှန် မမှန်ဆိုတာပါ ထည့်တွက်လိုက်တော့…….. 🙁

  • padonmar

    June 11, 2014 at 12:47 am

    ကထူးဆန်း တင်ထားတဲ့ တိုင်လို့ရတယ်ဆိုတာ မန်းမှာ မပါဘူးလား။
    ရန်ကုန်မှာတော့ ထူးခြားတယ် မကြားမိသေး။

  • မန်းမှာတော့ တိုင် တယ် ပြု တယ် မကြား သေးပါ မ မာ ရေ။

    ကို နိုဇိုမိ ပြော သလို မေတ္တာ နဲ့ စခန်း သွား နေ ကြ တုန်းပါဘဲ

  • awra-cho

    June 14, 2014 at 2:55 pm

    သူတို့ အဖမ်း မခံ ရဘို့အရေး ကြီးတယ်လို့ စိတ် ထဲမှာနှလုံးသွင်းရင်း

    အဲ လို အော် လိုက်ရ ရင် ကို ငါ ကောင်းမူ့ တစ် ခု ပြု လိုက် နိုင် ဘီ

    လူတစ်ယောက်ကို ကယ် တင် လိုက် နိုင် ဘီ “ အဲလိုစဉ်းစား တယ် လုပ်ဖူးတယ်

  • awra-cho ရေ

    ကျနော်တ ို့ လဲ အရင် က အဲ့ လို လုပ် ခဲ့ ပါတယ်

    ဒါပေမယ့် အခု ချိန် သေ ချာ ပြန ်တွေ း တော ့

    ကိုယ်က မှားတ ဲ့ ဘက် မှာ နေ သလို ဖြစ် နေတယ် လေ

Leave a Reply