ပထမအချစ်​ ဒုတိယနှလုံးသား

ကာရံJune 9, 20141min832

အားငယ်​စိတ်​နဲ့ရှင်​သန်​​နေမိတယ်​

ဘဝမှာ ဘာမှမရှိ​တော့ဘူး​လေ နားလည်​မှုဆိုတာ

ငါ့အတွက်​​တော့ပျားရည်​စက်​ပါ

ပထမဆုံးချစ်​ခဲ့မိတယ်​ အပြုံးများ​မ​ဝေလိုက်​​သေးခင်​

အမုန်​းတရားခါးသက်​မိတယ်​ မင်​းက​တော့

စွန်​့ခါပြစ်​ပြီ​ပေါ့ တစ်​​ယောက်​​သောသူကို

ထာဝရလို့ သတ်​​မှတ်​ဖူးတယ်​ ခု​တော့ ခု​တော့​လေ

နာကျည်​းချက်​​တွေမုန်​တိုင်​းအလား

ရက်​စက်​တယ်​လို့မ​ပြောရက်​ပါဘူး​လေ

အချစ်​ကငါ့အတွက်​​တော့ စွန်​့လွှတ်​ခြင်​းလား

ဟိုးအ​ဝေးမှာ​လေတံခွန်​​လေး ​ပျော်​မြူး​နေ​သေးတယ်​

​လျှော့ကြိုးကုန်​ခဲ့ပါပြီ​လေ ဒုတိယနှလုံးသားနဲ့

ဆက်​ရှင်​သန်​​နေသူမို့ ကံတရားရယ်​

ဆက်​ရန်​ရှိ​သေးရင်​ အကြင်​နာရနံ့​လေး

ရင်​မှာစွန်​းထင်​ကျန်​ပါ​စေ

 ကာရံ{9.6.2014}​

2 comments

  • black chaw

    June 10, 2014 at 9:26 am

    ပုထုဇဉ်လူသားမို့
    နှလုံးသားရေပြင်ထက်
    ခဏတက်တဲ့ ရေပွက်ကလေးတွေ
    နှစ်သက်မက်မော မိတာ
    ဝန်ခံပါတယ်မေ…။
    ဟေးဟေး…ရေးခဲ့ဘူးတဲ့ ကဗျာလေး ပြန်သတိရသွားလို့ပါဗျာ…။

  • ကာရံ

    June 10, 2014 at 6:52 pm

    ​ကျေးဇူးပါ ဗျာ

Leave a Reply