ရွှေအကြောင်းသိကောင်းစရာ(၁၄)

ရွှေအကြောင်းလေ့လာရင် နဝရတ်ကိုးပါးလက်စွပ်အကြောင်းလဲသိသင့်ပါတယ်

၁။ ပတ္တမြား ဘုန်းတောက်
၂။မြကျောက် အေးချမ်း
၃။စိန်စွမ်း ဂုဏ်ရောင်
၎။ကြောင်ကား သိဒ္ဓိ
၅။နီလာ မေတ္တာကဲချုပ်
၆။ဂေါ်မိတ် ခွန်အား
၇။ဥဿဖရား ကျန်းမာ
၈။သန္တာ ကြီးကဲ
၉။ပုလဲ ကျက်သရေ

နဝရတ်အစွမ်း ကိုးသွယ်တည်း။
ရှေးပညာရှိများ၏ အဆိုအမိန့်ဖြစ်ပါသည်။

ရွှေအကြောင်းသိကောင်းစရာ(၁၅)

ရွှေဆိုင်တွေမှာပြင်ပရွှေ မဝယ်ပါဆိုတဲ့ဆိုင်းဘုတ် အကြောင်းလဲ မေးကြတယ် ဘာကြောင့်မဝယ်တာလဲပေါ့

ဘောက်ချာပျောက်သွားတဲ့ ရွှေ မိဘဘိုးဘွားဆီကအမွေ
ရထားတဲ့ရွှေ တွေငွေလိုရင်ဘယ်မှာသွားရောင်းရမလဲပေါ့

ရွှေဆိုင်တွေ ပြင်ပရွှေမဝယ်တာက ခိုးလာတဲ့ရွှေဖြစ်မှာစိုးလို့ပါ ခိုးလာတဲ့ရွှေဆို သူခိုးဖမ်းမိတာ
နဲ့ ကိုယ့်ဆိုင်မှာ လာသိမ်းသွားရော အဲဒါကြောင့်မဝယ်တာပါ

ကိုယ့်ဆိုင်မှာဝယ်နေကျဖောက်သည် တစ်ယောက်အကြောင်းတစ်ယောက်သိပြီး ရင်းနှီးနေတဲ့သူ
စိတ်ချရတဲ့သူဆီကဆိုဝယ်ပါတယ်

About Zaw Aung

Zaw Aung has written 48 post in this Website..