ရွှေအကြောင်းသိကောင်းစရာ 14,15

Zaw AungJune 9, 20141min25710

ရွှေအကြောင်းသိကောင်းစရာ(၁၄)

ရွှေအကြောင်းလေ့လာရင် နဝရတ်ကိုးပါးလက်စွပ်အကြောင်းလဲသိသင့်ပါတယ်

၁။ ပတ္တမြား ဘုန်းတောက်
၂။မြကျောက် အေးချမ်း
၃။စိန်စွမ်း ဂုဏ်ရောင်
၄။ကြောင်ကား သိဒ္ဓိ
၅။နီလာ မေတ္တာကဲချုပ်
၆။ဂေါ်မိတ် ခွန်အား
၇။ဥဿဖရား ကျန်းမာ
၈။သန္တာ ကြီးကဲ
၉။ပုလဲ ကျက်သရေ

နဝရတ်အစွမ်း ကိုးသွယ်တည်း။
ရှေးပညာရှိများ၏ အဆိုအမိန့်ဖြစ်ပါသည်။

ရွှေအကြောင်းသိကောင်းစရာ(၁၅)

ရွှေဆိုင်တွေမှာပြင်ပရွှေ မဝယ်ပါဆိုတဲ့ဆိုင်းဘုတ် အကြောင်းလဲ မေးကြတယ် ဘာကြောင့်မဝယ်တာလဲပေါ့

ဘောက်ချာပျောက်သွားတဲ့ ရွှေ မိဘဘိုးဘွားဆီကအမွေ
ရထားတဲ့ရွှေ တွေငွေလိုရင်ဘယ်မှာသွားရောင်းရမလဲပေါ့

ရွှေဆိုင်တွေ ပြင်ပရွှေမဝယ်တာက ခိုးလာတဲ့ရွှေဖြစ်မှာစိုးလို့ပါ ခိုးလာတဲ့ရွှေဆို သူခိုးဖမ်းမိတာ
နဲ့ ကိုယ့်ဆိုင်မှာ လာသိမ်းသွားရော အဲဒါကြောင့်မဝယ်တာပါ

ကိုယ့်ဆိုင်မှာဝယ်နေကျဖောက်သည် တစ်ယောက်အကြောင်းတစ်ယောက်သိပြီး ရင်းနှီးနေတဲ့သူ
စိတ်ချရတဲ့သူဆီကဆိုဝယ်ပါတယ်

10 comments

  • kyeemite

    June 10, 2014 at 10:21 am

    ဂွတ်တယ်ဗျာ…ဟုတ်တယ်ဗျို့
    သူခိုးရွှေသာဝယ်မိလို့ကတော့ ပစ္စည်းပြန်လာသိမ်းရုံမကဘူး..ဆိုင်ရှင်ကိုပါအရေးယူလို့ရတယ်ဘာညာဆိုတော့
    ငွေတောင် ထပ်ဆောင်းပြီး ရဲကိုပေးလိုက်ရသေးတာ..

  • kai

    June 10, 2014 at 11:40 am

    အမေရိကနေ မြန်မာ-အမေရိကန်တွေအတွက်..သမိုင်းတွင်လောက်တဲ့..အမည်းစက်ကြီးတခုက.. ရတနာဆိုင်ကဖြစ်တာဗျ..
    ဆန်ဖရန်စစ္စကိုရဲ့ရတနာဆိုင်မှာ.. ရတနာလာဝယ်ထားတဲ့လူတယောက်က.. သူဝယ်ထားတဲ့ပစ္စည်းကိုငွေလိုတဲ့အချိန်.. ပြန်လာသွင်းတာမှာ.. ဈေးနှိမ်လို့ဆိုပြီး.. တဆိုင်လုံးကိုသေနတ်နဲ့ပစ်..ဓါးနဲ့လိုက်ထိုးလုပ်ခဲ့တာ..
    ဆိုင်ရှင်ကသေမလောက်ဒဏ်ရရပြီး.. ဆိုင်ဝန်ထမ်းအမျိုးသမီး၂ယောက်သေတယ်..
    အဲဒီထဲကတယောက်က.. မြန်မာလေ…။

    Gory details emerge in San Francisco jewelry store slayings …
    http://www.sfexaminer.com/sanfrancisco/…san-fra...
    The San Francisco Examiner
    Jul 17, 2013 – The victims were three workers at Victoga Inc., a jewelry store inside the … a Daly City resident, and Khin Min, 35, of San Francisco were killed. … Her brother, 48-year-old Tun Oo, said his sister had moved here from Myanmar, …

  • surmi

    June 10, 2014 at 11:50 am

    သန္တာတော်တော်များများကတော့ အစစ်မဟုတ်တော့ပါဘူး
    ပလတ်စတစ်ချောင်းကိုပြန်သွေးထားတာပါလေ ။
    မန်းက ကျောက်သွေးဆြာအိမ်မှာကို တွေ့ခဲ့တာ :mrgreen:
    ဆိုတော့
    နဝရက်ကိုးသွယ်လည်း စွမ်းတော့မည်မထင်

    • kai

      June 10, 2014 at 12:57 pm

      သန္တာက.. အကောင်ဘလောင်တွေကဖြစ်တာမဟုတ်လား..။
      ပုလဲလည်း.. အကောင်ဘလောင်ကပဲ..။

      • surmi

        June 10, 2014 at 1:03 pm

        အစစ်ကတော့ ဟုတ်တာပေါ့သဂျီးရယ်
        အကောင်ကနေ ကျောက်ဖြစ်ပြီးီးပြန်သွေးယူတယ်ပေါ့
        အခုတော့ ညဏ်ကြီးရှင် ကျောက်သွေးဆြာများက ခတ်နီနီ ပလပ်စတတစ်ချောင်းတစ်ချောင်းကိုဖဲ့ပြီးသကာလ
        သန္တာ များထုတ်လုပ်လိုက်တာဗျို့
        အဲဒီမှာဘဲ နဝရက်ကိုးသွယ်ရဲ့ဂုဏ်လည်းပျက်တော့တာဘဲ
        မသိရင်တော့လည်း ခတ်တည်တည်နဲ့ နဝရက်ကိုးပါးပေါ့ဗျာ :kwi:

        • Ma Ma

          June 10, 2014 at 6:45 pm

          နဝရတ်ကိုးသွယ်ဆိုတာကလည်း သာမန်လူတွေ ဝတ်ဆင်လေ့ မရှိကြပါဘူး ကဆာရယ်။
          သန္တာကျောက်က ပလပ်စတိတ်ချောင်းက ရတယ်ဆိုတာ ခုမှပဲ သိတော့တယ်။ 😆

  • alinsett (gazette)

    June 10, 2014 at 2:42 pm

    အဲဒီ ကိုးမျိုးလုံးကို..သဘာဝစစ်စစ် ရဖို ့ဆိုရင်…
    ဆိုရင်…..
    ဆိုရင်…..
    မနည်းဘူး..ပေးရမှာဗျို ့..

    —-
    ရယ်စရာတစ်ခုပြောရရင်.. အဲဒီ ကိုးမျိုးလုံးကို..သဘာဝစစ်စစ်တွေချည်း..တင်ရောင်းနေတဲ ့
    အများကြီးပိုင်ဆိုင်ထားတဲ ့..ဆိုင်ရှင်ကြီးကို…
    လူမုန်းများသဗျ..

    :mrgreen:

    ပြေးပြီ…

  • koyinmaung

    June 10, 2014 at 5:44 pm

    တရုတ်ပြည်ကရွှေအကြောင်းလဲရေးပါအုံး တရုတ်ပြည်ကရွှေမြန်မာပြည်မှာပြန်ရောင်းယင် ဈေးနှုန်းကွာခြားမှု့သိပါရစေ….

    • Zaw Aung

      June 10, 2014 at 9:38 pm

      တရုပ်ရွှေဈေး မသိပါ

  • ခင် ခ

    August 6, 2014 at 11:46 pm

    နဝရတ်ကိုးသွယ်က လုပ်ပြီးရင် ဘာတေညာတွေရွတ်ပြီး သိဒ္ဓိတင်မှစွမ်းတာဆို ဟုတ်လားဟင်

Leave a Reply