စိတ်မပူပါနဲ့ ဦးရဲထွဋ် – She is so strong and unbreakable

မြစပဲရိုးJune 10, 20143min356012

News & Image from

http://www.bbc.co.uk/news/blogs-news-from-elsewhere-27740282

Altered Image: Burma’s Aung San Suu Kyi ‘in fake headscarf’

A deputy minister in the Burmese government has had to apologise after his wife spread a fake image of pro-democracy campaigner Aung San Suu Kyi wearing an Islamic headscarf.

The picture of Aung San Suu Kyi wearing a hijab and a tiara was shared by Khin Shandar Tun, wife of Deputy Information Minister Ye Htut, after it was posted by another Facebook user under the title “Woman of the Week”, the news website The Irrawaddy reports. She also shared a post speaking out against tentative plans to teach the world’s major religions at school.

Burma has seen a rise in anti-Muslim sentiment accompany political reforms, especially more relaxed rules around freedom of speech. There have been outbreaks of violence between the Buddhist majority and minority Muslims in the western state of Rakhine in the past two years – and sites such as Facebook have sometimes been blamed for spreading rumours and hate speech.

Facebook users appeared outraged by Khin Shandar Tun’s shares. “It shows discrimination and taunting of Muslim women,”

one user says, adding, “People with this kind of shallow point of view will also do the same thing to Christians or whoever.”

Ye Htut – known as the “Facebook minister” for his enthusiasm for social media – issued an apology on his own page.

“We have to take care with the posts that we ‘like’ and share, for there may be hateful posts and defamation,” he writes.

“Apologies to those who respect and support Daw Aung San Suu Kyi and to those who visit my Facebook for my failure.”

ဒီသတင်း ကို အခုဘဲ ဘီဘီစီ News Website ကဖတ်လိုက်ရတယ်။
ရွာထဲမှာလဲ သတင်းမမြင်၊ ကိုယ့် Facebook  ကလဲ အသံဝဲသူတွေ စု နေလို့လား။ ဒီသတင်း ကို မသိခဲ့ဘူး။
သိပ်တော့ အံ့ဩတော့မသွားပါဘူး။
ဘာမှလဲ မဝေဖန်လိုပါဘူး။

ဒါပေမဲ့ ဦးရဲထွဋ် ကိုတော့ သိစေချင်ပါတယ်။
ဘာမှ စိတ်မပူပါနဲ့ရှင့်။
သူက အောင်ဆန်းစုကြည်ပါ။
တစ်ခြား မိန်းမ မဟုတ်ပါဘူး။ ဆိုတာပါဘဲ။
သူ့ကို မကောင်းပြောတာတွေ အတွက် မတောင်းပန်လဲ သူ အမြဲ ခွင့်လွှတ်ပေးနေမှာပါ။

Nobody can hurt her
Nobody can bring her down
Because she is so strong and unbreakable.

(အင်္ဂလိပ်သီချင်းတစ်ပုဒ်က စာသား ကူးယူထားပါသည်)

 

aungscarf_fb

 

 

 

 

 

 

 

 

 

12 comments

  • အရီးခင်

    June 10, 2014 at 2:45 am

    ရွာထဲက လူတွေ သိပြီးဖြစ်မှာပါ။
    ဘီဘီစီ ရဲ့ အာဘော်ကို သိအောင် သတင်းပြောပြခြင်း သက်သက်ပါ။
    ကျွန်မ ရဲ့ Post မှာ ဘယ်သူမှ ဒီအကြောင်း ကို မှတ်ချက်မပေးကြဖို့ တောင်းပန်ပါတယ်။
    Comment Off လုပ်ဖို့ ရှာမရလို့ပါ။
    သူကြီးများ အချိန်ပေးနိုင်ခဲ့ရင် Comment Off လုပ်ပေးပါ။

  • black chaw

    June 10, 2014 at 9:09 am

    ဘယ့်နှယ့် ကွန်းမန့် ပိတ်ခိုင်းနေရတာတုန်း အစ်မတော်ရယ်…။
    သတင်းက ဟောင်းနေပေမယ့် အစ်မပြောချင်တာလေးကိုက
    တန်ဘိုးကြီးနေတာခင်ဗျ…။

    ဒါပေမဲ့ ဦးရဲထွဋ် ကိုတော့ သိစေချင်ပါတယ်။
    ဘာမှ စိတ်မပူပါနဲ့ရှင့်။
    သူက အောင်ဆန်းစုကြည်ပါ။
    တစ်ခြား မိန်းမ မဟုတ်ပါဘူး။ ဆိုတာပါဘဲ။
    သူ့ကို မကောင်းပြောတာတွေ အတွက် မတောင်းပန်လဲ သူ အမြဲ ခွင့်လွှတ်ပေးနေမှာပါ။

    ကွန်းမန့် မပိတ်ပါနဲ့ သူကြီးရေ…။

  • ကေဇီ

    June 10, 2014 at 10:02 am

    ၂၅/၂၆ နှစ်လုံးလုံးးးး
    အတောင် ၂ဝ ဝတ် ယောက်ကျားဂျီးတွေ စစ်တပ်ကို ဂုပ်စီးပြီးးး နောက်က အမျိုးယုတ်တွေ ခြံရံ၊ နလပိန်းတုန်းတွေ အားဖြည့်ပြီး
    ဒီ အမျိုးသမီး အကျိုးပျက်စီးရာ ပျက်စီးကြောင်းးးး
    အနုနည်းရော
    အကြမ်းနည်းရော
    အောက်လမ်းနည်းရော
    မတရားသဖြင့် နည်းရော
    သိက္ခာမရှိနည်းလမ်းတွေရော သုံးပြီး တိုက်ခိုက်လာကြတာပဲနော်။

    ဒီ အမျိုးသမီးရဲ့ ခိုင်မာမှုကျက်သရေရယ်
    နိုင်ငံအပေါ်ထားတဲ့ စေတနာရယ်၊
    ပြည်သူက အားကိုးတဲ့ယုံကြည်မှုတွေရယ် က မလျော့သွားးးးး
    ဘယ်သူက ဘာမှားနေလည်း ဒီ တစ်ချက်နဲ့ပဲ ဒင်းတို့ သိသင့်ပြီ။
    ဟဲဟဲဟဲ။
    🙂

  • ကထူးဆန်း

    June 10, 2014 at 10:54 am

    အရီး .. ဒါက သူ့စာမျက်နှာ က ..

    Ye Htut
    June 8 near Rangoon
    ကျွန်တော်ရဲ့ တောင်းပန်ကြောင်း တင်ထားတဲ့ ရေးသားချက်အပေါ် စာနာ နားလည်ပေးသော မိတ်ဆွေများကို ကျေးဇူးတင်ပါတယ်။ အချို့မိတ်ဆွေများကတော့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ နိုင်ငံတော်သမ္မတနဲ့ အခြား အစိုးရ တာဝန်ရှိသူများကို ဒီထက်ဆိုးဝါးတဲ့ ရုပ်ပုံတွေ၊ ဆဲရေးတိုင်းထွာရေးသားချက်တွေနဲ့ တိုက်ခိုက်နေတာ ပဲ၊ဒီပုံတွေကိုလည်း ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူများက အဆင့်ဆင့်မျှဝေနေတာပဲ၊

    အဲဒီလို ရေးသား တင်ပြနေတဲ့ တစ်ချို့ Facebook စာမျက်နှာတွေဟာ ဒေါ်အောင်ဆန်း စုကြည်ရဲ့ လှုပ်ရှားမှု သတင်းများ၊ ဓာတ်ပုံများကိုတောင်သူများတွေထက်ဦးပြီးတင်နိုင်တဲ့အတွက်အနီးကပ်လူတွေလို့တောင်ထင်ရတယ်။ အဲဒါ တွေကျ တော့ ဘယ်လိုလုပ်မလဲ လို့ ထောက်ပြ တာတွေလည်းတွေ့ရပါတယ်။

    ဒါနဲ့ပတ်သက်ပြီး အချက်နှစ်ချက်ပြောလိုပါတယ်။ ပထမအချက်ကတော့ လူမှုကွန်ယက်ပေါ်မှာ ဘယ်အဖွဲ့ အစည်းဘက်ကဖြစ်ဖြစ် အဲဒီလိုရေးသားချက်တွေကို ရေးသားနေသူတွေဟာ သူတို့ရဲ့ အသိဉာဏ်နဲ့ လူမှု အဆင့်အတန်းကို သူတို့ဖော်ပြနေတာဖြစ်ပါတယ်။ ဒီလူတွေနဲ့ ဆင်းပြီး ကျွန်တော်တို့ ယှဉ်စရာမလိုပါဘူး။ ကျွန်တော်တို့ဟာမိမိတို့ လုပ်ရပ်မှန်ကန်ကြောင်းပဲ သက်သေပြဖို့လိုပါတယ်။

    သူတို့လုပ်လို့ ကိုယ်လုပ်ရတယ် ဆိုရင်အဲဒီလူတွေနဲ့အဆင့်တူဖြစ်သွားပါလိမ့်မယ်။ အဲဒီလို ပုဂ္ဂိုလ်တွေဟာ သူတို့နဲ့ အယူအဆ မတူသူတွေ၊ အမြင်မတူသူတွေ၊ သူတို့ မနှစ်သက်သူတွေကို ငါတော့ နာနာလေး ထိုးနှက် လိုက်ရပြီလို့ ဂုဏ်ယူကောင်းဂုဏ်ယူနေပါလိမ့်မယ်။

    ဒါပေမယ့် တကယ်တော့ သူတို့ဟာ သူတို့ ထောက်ခံတဲ့ ပုဂ္ဂိုလ် ဒါမှမဟုတ် အဖွဲ့အစည်းကို သူူတို့ရဲ့ ညစ်ညမ်းတဲ့ ဆဲရေးတိုင်းထွာတဲ့ ရုန့်ရင်းကြမ်းတမ်းတဲ့ ပြောစကား တွေ၊ ဓာတ်ပုံတွေကို ပြုပြင်ဖန်တီးတိုက်ခိုက်တဲ့ လုပ်ရပ်တွေနဲ့ သိက္ခာကျအောင်လုပ်မိနေပြီဆိုတာ ကိုတောင် မမြင် နိုင်တဲ့ သနားစရာ လူတွေသာဖြစ်ပါတယ်။

    ဒုတိယအချက်အနေနဲ့ကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမိုကရေစီတန်ဖိုးများနဲ့ ကျင့်စဉ်များကို အလေး အနက်ယုံကြည်သူဖြစ်ပါတယ်။ဒါ့ကြောင့် မိမိနဲ့ အမြင်မတူသူတွေကို အဲဒီလို ပုံတွေ၊ ဆဲရေးတိုင်းထွာကြမ်းတမ်း တဲ့စကားတွေနဲ့ ထိုးနှက်တိုက်ခိုက်တာမျိုးကို လက်ခံမှာမဟုတ်ဘူး၊ အဲဒီလို ပုဂ္ဂိုလ်တွေကိုလည်း သူ့အနားမှာ ထားမှာ မဟုတ်ဘူးလို့ကျွန်တော်ကတော့ အခိုင်အမာ ယုံကြည်ပါတယ်။ ဒစ်ဂျစ်တယ်ခေတ်မှာ ဓာတ်ပုံများ၊ သတင်းများကို မိုဘိုင်းဖုန်းကနေ အလွယ်တကူပို့နိုင်တာကြောင့် သတင်းဦးတိုင်း ဒေါ်အောင်ဆန်းစုကြည် အနီးကလူလို့ ယူဆရင် မှန်ကန်မှာ မဟုတ်ပါဘူး။

    တကယ်တော့ ဒစ်ဂျစ်တယ်နည်းပညာနဲ့ Facebook အပါအဝင် လူမှုကွန်ယက်များပေါ်ပေါက်လာတာဟာ လွတ်လပ်စွာပြောဆိုခွင့်၊ သတင်းရယူခွင့်နဲ့ သတင်းဖြန့်ချိခွင့်အတွက် အလွန်ကောင်းမွန်တဲ့ အခွင့်အရေးပါပဲ။ ဒါဟာ လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် ၁၉ ပါ သတင်းအချက်အလက်နှင့် အတွေးအခေါ် အယူ အဆ များကို နယ်နမိတ်အပိုင်းအခြားမရှိ ရှာဖွေဆည်းပူးခွင့်၊ လက်ခံခွင့်နဲ့ ဖြန့်ချိခွင့်များကို နိုင်ငံသားတစ်ဦးချင်း လက်ထဲကို ထည့်ပေးလိုက်တာပဲဖြစ်ပါတယ်။

    ဟိုတုံးက ပုံနှိပ်နဲ့ ရုပ်သံမီဒီယာတွေကတဆင့်သာ ဆောင်ရွက် နေရတဲ့ ဒီအခွင့်အလမ်းကို နိုင်ငံသားတစ်ဦးချင်းလက်ထဲကို ထည့်ပေးလိုက်တာဟာ လူ့သမိုင်းရဲ့ ကြီးမားတဲ့ ပြောင်းလဲမှု ကြီးဖြစ်ပါတယ်။

    အဲဒီအခွင့်အလမ်းကို ကျွန်တော်တို့ ဘယ်လိုကျင့်သုံးမလဲ။ လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် ၂၉ မှာ မိမိ၏ အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို ကျင့်သုံးရာတွင် လူတိုင်းသည် အခြားသူများ၏ အခွင့် အရေး များနှင့် လွတ်လပ်ခွင့်များကို အသိအမှတ်ပြုရန်လိုအပ်ကြောင်းဖော်ပြထားပါတယ်။

    တွေးခေါ်ပညာရှင်ကြီး ဗိုးဒီနပ်ကတော့ လွတ်လပ်ခွင့်ဆိုသည်မှာ အခြားတစ်ဦး၏ အကျိုးကို မနှောင့်ယှက်မထိပါးစေပဲ မိမိ သဘော အလျောက်ပြုမူနိုင်ခွင့်ရှိခြင်းကို ဆိုသည်ဟု ပြောထားပါတယ်။ ဒီတော့ မိမိနဲ့ အမြင်မတူတာနဲ့ပဲ ရိုင်းရိုင်း စိုင်း စိုင်း ပြောဆိုရေးသားသင့်သလား စဉ်းစားစေချင်ပါတယ်။ အဲဒီလိုလုပ်ရင်ရော ဘာအကျိုးရမှာလဲ

    ကျွန်တော်လေ့လာမိသလောက် အစိုးရအရာရှိနဲ့ လွှတ်တော်ကိုယ်စားလှယ်အတော်များများဟာ Facebook ပေါ်ကနေ ပြည်သူများနဲ့ တိုက်ရိုက်ထိတွေ့လိုကြပါတယ်။ ဒါပေမယ့် အခုကြုံတွေ့နေရတဲ့ ရိုင်းရိုင်းစိုင်းစိုင်း ရေးသားမှုမျိုးတွေကိုတော့ သူတို့ မတွေ့ချင်ပါဘူး။ဒါ့ကြောင့် Facebook မသုံးတော့ဘူး။ သုံးရင်လည်း နံမည် ဝှက်နဲ့ဝင်ကြည့်တဲ့အဆင့်လူကများတယ်။ ရှားရှားပါးပါး အမည်ရင်းနဲ့သုံးရင်တောင် အများပြည်သူကို ဖွင့်မပေး တော့ဘူး။

    ဒီတော့ လူမှုကွန်ယက်ကနေတဆင့် အပြန်အလှန် အမြင် ချင်းဖလှယ်နိုင်ခွင့်၊ ဆွေးနွေးနိုင်ခွင့်ဆိုတဲ့ အခွင့်အရေးတစ်ခုဆုံးရှုံးရပါတယ်။ ဒါဟာ နှစ်ဘက်လုံးအတွက် ဆုံးရှုံး မှုပါပဲ။

    ပစ္စည်းတစ်ခုရဲ့ တန်ဖိုးဟာ သုံးစွဲသူရဲ့ ဉာဏ်ပညာအမျှော်အမြင်ပေါ်မှာမူတည်ပြီးတော့လည်း တန်ဖိုးပြောင်းလဲ နိုင်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့လက်ထဲကို ရောက်နေတဲ့ လူမှုကွန်ယက်များရဲ့တန်ဖိုးကို အမုန်းတရား ပွားစေမယ့်စကားတွေ၊ ရိုင်းစိုင်းတဲ့ရေးသားချက်တွေကို မပြုလုပ်ခြင်းအားဖြင့် တန်ဖိုးတက်လာအောင် လုပ်ဖို့ တိုက်တွန်းလိုပါတယ်။

    နောက်ဆုံးတစ်ခုအနေနဲ့ ကျွန်တော့်နဲ့ ကျွန်တော့်မိသားစုအပေါ် ထိုးနှက်တိုက်ခိုက်မှုများကြောင့်တော့ အများ ပြည်သူအတွက် ဖွင့်ပေးထားတဲ့ ကျွန်တော့် စာမျက်နှာကို မပိတ်ပါနဲ့ ဆိုပြီး ရေးသားချက်များဖြစ်ပါ တယ်။ ကျွန်တော်ဟာ သာမန်လူသားတစ်ဦးသာဖြစ်တဲ့အတွက် အဲဒီလိုတိုက်ခိုက်မှုများ၊ အထူးသဖြင့် မိသားစု အပေါ် ထိုးနှက်တိုက်ခိုက်မှုများအတွက် ထိခိုက်နာကျင်ရပါတယ်။ စာမျက်နှာကို ပိတ်ပစ်ချင်တဲ့စိတ်လည်း မကြာခဏဖြစ်ပါတယ်။

    ဒါပေမယ့် ပြည်သူတွေကို သတင်းအချက်အလက်များ မျှဝေနိုင်ဖို့၊ ပြည်သူများရဲ့ အသံကို နားထောင်နိုင်ဖို့ အတွက် ဖွင့်ထားတဲ့ ဒီစာမျက်နှာကို ကျွန်တော်အလွန်တန်ဖိုးထားပါတယ်။ ဒီစာမျက်နှာပေါ်မှာ လာရေးတဲ့ အကြံပြုချက်များကနေ နိုင်ငံအတွက်အကျိုးရှိမယ့်အချက်အလက်တွေအများကြီးရခဲ့ပါတယ်။

    နောက်ပြီး အခုလို ညစ်ညစ်ညမ်းညမ်းရေးသားထိုးနှက်နေသူတွေဟာ အစိုးရအဖွဲ့နဲ့ ပြည်သူများအကြား ဖွင့်ထားတဲ့ ဆက်သွယ် ရေးလမ်းကြောင်းပိတ်သွားစေချင်တဲ့ ပြင်းပြတဲ့ဆန္ဒရှိနေတယ်ဆိုတာလည်း ထင်ရှားပါတယ်။ ဒါ့ကြောင့် ဒီစာမျက်နှာကို ကာလတစ်ခုထိတော့ ဆက်ပြီးဖွင့်ထားနိုင်အောင် ကြိုးစားပါ့မယ်။

    တစ်ဖက်ကလည်း ကျွန်တော့်မိတ်ဆွေများအနေနဲ့ ဒီစာမျက်နှာကတဆင့် နိုင်ငံနဲ့ လူမျိုးအတွက်အကျိုးရှိမယ့် ဝေဖန်ဆွေးနွေးမှုများကို ဆက်လက်လုပ်ဆောင်ပေးဖို့၊ ဝေဖန်စရာရှိပါကလည်း ယဉ်ကျေးသိမ်မွေ့စွာဝေဖန် ထောက်ပြဖို့နဲ့ လူမှုကွန်ယက်များပေါ်က ပုဂ္ဂိုလ်ရေးအရဖြစ်စေ လူမျိုးရေးဘာသာရေးအရ ဖြစ်စေ အမုန်း တရားပွားစေသော ရေးသားချက်များ၊ ရိုင်းစိုင်းစွာရေးသားချက်များကို လက်မခံဘဲ ဆန့်ကျင်ကြဖို့ တိုက်တွန်း အပ်ပါတယ်။

    • ကေဇီ

      June 10, 2014 at 11:02 am

      ဖဘမှာ သူ့လောက် မျက်နှာပြောင်တဲ့သူကို မမြင်ဖူးဘူးးးးး
      အဟေးဟေးးး
      :mrgreen:
      မတောင်းပန်တတ်တဲ့ တောင်းပန်ရကောင်းမှန်းမသိတဲ့ သူတွေကြားမှာ ပြန်တောင်းပန်တာကို မဆိုးဖူးပြောရမားးးး 🙄

  • kai

    June 10, 2014 at 11:32 am

    ဒီအဖြစ်တခုလုံးဖတ်ကြည့်လေ့လာကြည့်တဲ့အခါ…

    တောင်းပန်/ကြေအေး ဓလေ့မြန်မာတွေကြားမထွန်းကားသေးတာကိုတွေ့ရပါတယ်..။
    ဒီမိုကရေစီစနစ်မှာ.. ဒါကတော်တော်အရေးကြီးတဲ့အချက်ပါ…

    ဒေါ်အောင်ဆန်းစုကြည်ရဲ့.. ရုံးအနေနဲ့.. “apology accepted” လို့ပြောသင့်တယ်ထင်ပါကြောင်း…။ :mrgreen:

    • Ma Ma

      June 10, 2014 at 6:28 pm

      ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ပြောတုန်းက လူတိုင်း ကိုယ်ပိုင်အခွင့်အရေးနဲ့ ဆန့်ကျင်နိုင်တယ်။ ကန့်ကွက်နိုင်တယ်။ ဒါပေမယ့် အဆင့်မြင့်မြင့် လုပ်ကြပါလို့ ပြောသွားတယ်။
      အဆင့်မမြင့်တဲ့ ဆန့်ကျင်မှုတိုက်ခိုက်မှုတွေကို အလေးထားစရာမလိုလို့ …….
      “apology accepted” လည်း ပြောဖို့ လိုမယ်မထင်ဘူး။ 🙁

      • kai

        June 11, 2014 at 1:13 am

        ဒီလို.. အမတော်ရဲ့..။
        ဦးရဲထွဋ်တောင်းပန်ချက်က.. ကမ္ဘာ့မိန်းစရင်းမီဒီယာပေါ်ရောက်သွားသမို့.. ကမ္ဘာကစောင့်ကြည့်တဲ့အခြေအနေပါ…။ မြန်မာပြည်တွင်းရေးအဆင့်ကျော်သွားပါပြီ..။
        ဒါမျိုးက.. ရည်ရွယ်ချက်ရှိရှိ..ကန်ပိန်းလုပ်တယ်.. ပရိုပဂမ်ဒါသွင်းတယ်လို့… ပြောချင်ပြောနိုင်မှာ…

        ဆိုတော့…
        ရွေးကောက်ပွဲအတွက်… နိုင်ငံရေး.. အားပြိုင်မှုပြိုင်ပွဲ.. မဲဆွယ်မှုစနေပြီဖြစ်ပါကြောင်းရယ်လို့သာ…။ :mrgreen:

        • ဦးကြောင်ကြီး

          June 11, 2014 at 11:42 am

          ဦးမာမွတ်.. ခီများ သောက်ပဇပ် ပိတ်ထားစမ်း.. (ရေသောက်တာ ပြောဒါနော်)
          အဲဒီ ယဲထွပ်ဆိုဒဲ့ကောင်ကို လဗျွံထစ်တယ်…

  • alinsett (gazette)

    June 10, 2014 at 2:51 pm

    မှတ်ချက်မပေးနဲ ့ဆိုလို ့..
    ပေးမသွားတော့ဘူးနော်.. ။
    သူမက..ဒေါ်စုပဲ..ဟာ..

    :mrgreen:

  • Iris

    June 10, 2014 at 6:50 pm

    မမှန်​ကန်​တဲ့သတင်​းကို ဒီလိုအဆင်​့မြင်​့ဝန်​ထမ်​း ဝန်​ကျင်​း က မစဉ်​းစားပဲ ရှယ်​တယ်​ဆိုတာ ​တော်​​တော်​လွန်​လှပြီ။ သူတို့ကို ဘယ်​လိုလုပ်​ယုံကြည်​လို့ရမလဲ။ ြမြန်​မာ့ ပတ်​ဝန်​းကျင်​​မှာ ​တောင်​းပန်​တယ်​ဆိုတာ ဟန်​ပြ လုပ်​ရပ်​ပါ။ ပြီးရင်​ ထပ်​လုပ်​ဦးမှာပဲ။ သူ့​တောင်​းပန်​ထားတာက သူတို့ကပဲ အမှား မလုပ်​သလိုကြီး။ သူတို့ကိုမုန်​းတဲ့သူတိုင်​းကို ဘာလို့ NLD ဘက်​​တော်​သားချည်​းပဲလို့ထင်​တာလဲ။

  • Mr. MarGa

    June 11, 2014 at 10:33 am

    ခေါင်းစဉ်ဖတ်ပြီးတော့ ဦးရဲထွဋ် မဟေသီအကြောင်းများ ပြောတာလား လို့
    မောင်မာဃတို့များ လွဲချက်က ကမ်းကုန်ပဲ
    မြန်မာတွေရဲ့ facebook news feed မှာ လုပ်ကြံသတင်းတွေရော အမှန်တွေရော ရောမွှေနေတာမို့၊ ပြီးတော့ မစဉ်းစား မဆင်ခြင် အဆုံးထိမလိုက်၊ ရေရေရာရာမသိဘဲ ရှယ်တာ၊ ဖွတာတွေက များနေတာမို့ သိပ်တော့ မဆန်းတော့ပါဘူး။ ဦးရဲထွဋ် မဟေသီ ဆိုတဲ့အချက်ကြောင့်သာ ဒီလောက်အထိ ဖြစ်သွားတယ်ပဲ မြင်ပါတယ်။
    ဒီထက် ဆိုးတဲ့ အခြေအနေတွေ ကြုံခဲ့ပြီးတာမို့ ဗေဒါပျံ အံကိုခဲ ပန်းပန်လျက်သာ ဆက်ရှိနေမယ်လို့ ယုံကြည်လျက်…

Leave a Reply