” နှစ်ကြာ နဲ့ တန်အောင်စီးချင်သေးလို့”

ခင္ခJune 10, 20141min1239

” နှစ်ကြာ နဲ့ တန်အောင်စီးချင်သေးလို့”

 

ဝက်စုရွာ နဲ့ ဒီမိုရွာ နှစ်ရွာကြားမှာ ချောင်းတစ်ခုခြားကာ စီးဆင်းနေသည်။

ဝက်စုရွာ ဘက်မှ ဒီမိုရွာသို့ သွားကြတဲ့အခါ ဝက်စုလှေဆိပ်မှ လူမျိုးအတော်များများ စက်လှေအား ဌား၍သွားရပြီး အချိန်ကုန်သက်သာ ဒီမိုရွာသို့ ခရီးအမြန်ရောက်ရန် ချောင်းကိုအတည့်ဖြတ်မောင်းခိုင်းပြီး သွားကြသည်ကို တွေ့ရပေသည်။

တစ်နေ့တစ်၌ ထိုဝက်စုလှေဆိပ်တို့ မြန်မာအဖွဲ့ ရောက်လာသောအခါ

” ဗျို့ ဦးကြီး ဟိုဘက် ဒီမို ကမ်းဘက်သွားချင်လို့ ”

” ရတယ်လေ လှေဆိပ်ကပ်ပေးမယ် ” ဆိုပြီး စက်လှေတစ်စီး လှေဆိပ်ကပ်ပေးပြီး

” ကဲ သွားမည့်သူတွေ စက်လှေပေါ်တက်လို့ရပြီ ” ဆိုလို့ မြန်မာအဖွဲ့ တက်ပြီး နေရာယူကြရင်း

” ဦးကြီး လှေခက ဘယ်လောက်ပေးရမလဲ”

” နှစ်ကြာ(နှစ်ရာ လို့ပြောတာ စကားသံဝဲနေလို့) ထဲပါ ဒါသတ်မှတ်ပုံမှန်ဈေးပါဘဲ အခြားလူမျိုးတွေလည်း ဒီနှုန်းပါဘဲ”

” ဦးကြီး အခြားလူမျိုးတွေသွားတုန်းက အတည့်ဖြတ်မောင်းပေးတာတွေ့တယ်နော်”

” အတည့်ဖြတ်မောင်းတော့ ဒီမိုရွာကို အမြန်ရောက် အချိန်ကုန်သက်သာတာပေါ့ ဟုတ်ဘူးလား မင်းတို့က ဘယ်လိုသွားစေချင်လို့လည်း”

” ရွာချောင်းရိုးလေးအတိုင်း မောင်းသွားပြီး လှည့်ပတ်ကြည့်ချင်သေးတာ ပြီးမှ ဒီမိုရွာဘက် သွားချင်လို့ ရမလား ဈေးကောပိုပေးရမှာလား”

” ဈေးကသတ်မှတ်ဈေးမို့ နှစ်ကြာပါဘဲ မပြောင်းလဲပါဘူး ဒီမိုရွာရောက်ဖို့ အချိန်တော်ကြာမှာပေါ့ဗျာ ဟိုပတ်ဒီပတ် ဟိုဝှေ့ဒီဝှေ့ မောင်းနေတော့”

” ဟုတ် ရပါတယ် ဒါဆို အဲလိုဘဲ ဟိုပတ်ဒီပတ် ဟိုဝှေ့ဒီဝှေ့ မောင်းပြီးမှ ဒီမိုရွာဘက်ပို့ပေးနော် ကြာလေကောင်း လေပေါ့ဗျာ တန်အောင်စီးချင်သေးလို့ပါ”

ဪ အခြားလူမျိုးတွေလိုမဟုတ်ဘူး မြန်မာအဖွဲ့ ဒီမိုရွာကို မရောက်နိုင် မရောက်နိုင် ဆိုတာ တကယ်တော့ တန်အောင်စီးနေလို့ကိုး….. လို့တွေးတော်မိရင်း ချောင်းလည်ထဲ ကလည်လည်ဖြစ်နေရှာတဲ့ မြန်မာအဖွဲ့ စက်လှေ ကိုငေးမောကြည့်ကာ ဆေးလိပ်လေးတစ်ဖွာလောက်ရှိုက်ကာ ရင်မောလေဟန်နဲ့ ဆေးလိပ်မီးခိုးလေး ကိုသာ ခင်ခ တစ်ယောက် မှုတ်ထုတ်မိလေတော့သတည်း။

 

 

ခင်ခ ။

9 comments

  • ကေဇီ

    June 10, 2014 at 1:20 pm

    မတော်လမ်းမှာတင် စစ်တပ်သိမ်းသွားမှ ဒုက္ခ။
    လှေ ကိုပြောပါတယ်။

    :hint:

    • surmi

      June 10, 2014 at 1:27 pm

      အော် ……… ပူနေရန်ကောဗျာ
      သိမ်းပြီးရင် အစားပြန်ပေးမှာပေါ့
      ဘာပေးမလဲတော့ မမေးကြေးနော 🙂

    • kyeemite

      June 10, 2014 at 2:53 pm

      “ မြန်မာအဖွဲ့ ” ချိုတာကိုက ကျစ်တပ်ပဲလေကေဇီရယ်…
      ထပ်သိမ်းဖို့မလိုပါဘူး…ခုထိသူရို့လက်ထဲမှပဲဟာကို 😀

  • kai

    June 10, 2014 at 1:35 pm

    ဘာပဲပြောပြော…
    .. အာဏာလက်ကိုင်ကြီး လွှတ်ချပြီး ဖုတ်ဖက်ခါထ..စာသွားဖတ်နေသူကြီးလို.. စစ်အာဏာရှင်မျိုးက..
    … မြန်မာ့သမိုင်းမှာ.. မရှိ..
    ကမ္ဘာ့သမိုင်းမှာတောင်.. တော်တော်(တော်တော့)ရယ်မှ.. ရှား..။

    တကယ်လို့… ခြေဥပြင်လို့ရပြီး.. တပ်ကနောက်တလှမ်းထပ်ဆုတ်ပေးမယ်ဆိုရင်..ငြိမ်းချမ်းရေး.. နိုဗယ်ဆုက.. သူ့ဆီသွားဖို့ကို.. ယူအက်စ်က.. ထောက်ခံပေးဖို့သင့်နေပြီထင်မိတာပဲ..။ :mrgreen:

  • black chaw

    June 10, 2014 at 1:44 pm

    လှေမစီးချင်ဘူး
    တံတားဆောက်ပေးပါ ကိုခင်ခ…။
    :mrgreen:

    • ခင် ခ

      June 10, 2014 at 3:41 pm

      တံတား ဆောက်ပြီးပြီ သွားမယ့် ခရီးသည်
      ဌက်သဗ္ဗာန် ကူးတို့ဆိပ်က မပို့ရှာပြီ
      အခုများတလီ မြန်မာလူမျိုးတွေ အလုပ်မရှိတော့
      တံတာကြီးကို ကြည့်ကာငိုမိသည် ………………….. ဆိုတဲ့ ရှေးသီချင်း(စစ်ကိုင်း အင်းဝတံတား သီချင်းထဲက) လို ဖြစ်မဆိုးလို့ လှေဘဲစီးပါအုံးတဲ့ ဦးဘလက်ရေ။ ဒါမှ ကြာလေမပေါ့။

  • Novy

    June 10, 2014 at 1:50 pm

    တန်အောင်ရုံးဓါတ်လှေခါးတော့ နေရာရအောင် ပတ်စီးတယ်

  • alinsett (gazette)

    June 10, 2014 at 2:24 pm

    တန်အောင်…ယူချင်ကြပြီ…
    တန်တာတွေ မရခဲ့တာ အကျင့်ပါခဲ့လိ ု့….
    ရတုန်းလေးလည်း… .ယူချင်ကြပြီ….

    :mrgreen:

Leave a Reply