23rd of Dozen Plus-ဒဂုံဆိပ်ကမ်းမြို့နယ်

Shwe EiJune 10, 20141min21518

ဒီတစ်လကတော့ ဒါဇင်ပလပ်စ်ရဲ့ ၂နှစ်ပြည့်ဖို့ တလအလိုမှာ လှူဖြစ်ခဲ့တဲ့ ၂၃ကြိမ်မြောက် အလှူပါ။

ဒဂုံဆိပ်ကမ်းမြို့နယ်ထဲက သံချောင်းတွေထောင်ထွက်နေတဲ့ ကွန်ကရစ်လမ်းတွေကိုကျော်ပြီးမှ အောင်မြေဘုန်းတော်ကြီးသင်ပညာရေးကျောင်းကိုရောက်တာပါ။

ကျောင်းသားဦးရေ ၄၀ဝ ကျော်နေပြီဖြစ်တဲ့ ဘကကျောင်းလေးကို ၂၀၀၉.၂၀၁ဝ စာသင်နှစ်မှာ ဆယ်တန်းကျောင်းသား ၅၆ ယောက်နဲ့စတင်ခဲ့တာဖြစ်ပါတယ်။

မအောင်မရှိငါ့တပည့် စနစ်နဲ့ ကိုးတန်းအောင်လာတဲ့ ၅၆ယောက်သော ဆယ်တန်းကျောင်းသားတွေကို တော်ပါပေ့ဆိုတဲ့ ဆရာတွေကိုငှားပြီး စာကောင်းကောင်းသင်ပေးပါသော်လဲ ၆ယောက်သာဆယ်တန်းအောင်ခဲ့ပါတယ်တဲ့။

ဒါကြောင့် ဆရာတော်က အခြေခံမရှိတဲ့ခလေးတွေကို ပံ့ပိုးရမှာနဲ့စာရင် သူငယ်တန်းကစ ပျိုးထောင်တာ ပိုကောင်းလိမ့်မယ်လို့ စိတ်ကူးမိပြီး ဘကကျောင်းတည်ထောင်ဖြစ်ခဲ့တာဖြစ်ပါတယ်။

သူငယ်တန်းဆိုလို့ ငါးနှစ်အရွယ်ခလေးတွေကိုဘဲ ပြေးမမြင်လိုက်ကျပါနဲ့။

၁၄နှစ်သမီးကျမှ သူငယ်တန်းစတက်ရတဲ့ ကျောင်းသူတွေလဲရှိလို့ ထိန်းကျောင်းရတာမလွယ်လှပါဘူး။

ဒါကြောင့် ကျောင်းချိန်ကိုတောင် မနက် ရနာရီက ညနေ ၅နာရီ သတ်မှတ်ထားပီး နေ့ခင်း၁၂နာရီတကြိမ်ဘဲ ထမင်းစားလွှတ်ပါတယ်။

မုန့်စားဆင်းချိန်ဆိုရင် ဂိ်မ်းဆိုင်ရောက်သွားတာများလို့ပါတဲ့။

မူလတန်းကျောင်းဆိုပေမဲ့ မူလတန်းပြီးလို့ အလယ်တန်း အထက်တန်းဆက်တက်ရမဲ့ ခလေးတွေကိုလဲ တွဲဖက်ကျောင်းတွေကိုပို့ပြီး
ပညာဆက်သင်ပေးရတာဖြစ်တဲ့အတွက် ကုန်ကျစရိတ် မနည်းလှပါဘူး။

ဒီနှစ်တော့ စာသင်ခုံတွေ လုံးဝမကောင်းတော့လို့ အသစ်လဲလိုက်တာ မြန်မာကျပ်ငွေ ကိုးသိန်းတိတိ အကြွေးတင်နေပြီဖြစ်လို့ အလှူရှင်ရောက်လာတာနဲ့ အကြွေးဆပ်တော့မဲ့အကြောင်းလဲ မိန့်လိုက်ပါသေးတယ်။

နှမ်းတစ်စေ့နဲ့ဆီမဖြစ်ပေမဲ့ နှမ်းတစ်တောင်းပြည့်ရင်တော့ ဆီဖြစ်မှာမို့ အလှူငွေထည့်ဝင်လိုသူများ ဟောဒီလင့်ခ်မှာ ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း နိဗ္ဗာန်အကျိုးမျော်ပြီး နှိုးဆော်တိုက်တွန်းလိုက်ပါတယ်။

https://www.facebook.com/groups/381398588595860/

ရှေ့လထဲ ဒါဇင်ပလပ်စ်ရဲ့ ၂နှစ်ပြည့်အလှူကို ရွာသူားတွေအားလုံးစုပေါင်းပါဝင်နိုင်မယ်ဆိုရင်ဖြင့် အလှူခရီးစဉ်တစ်ခု စီစဉ်ချင်ပါသေးတယ်။

စဉ်းစားထားတဲ့နေရာက သံဖြူဇရပ်မြို့ ဟံသာဝတီဘုန်းတော်ကြီးသင်ပညာရေးကျောင်းဖြစ်နေတော့ တစ်ညအိပ်ခရီးစဉ်ဖြစ်နိုင်တာကြောင့် အဖွဲ့သားများနဲံ့တိုင်ပင်ဆွေးနွေးလိုက်ပါအုံးမယ်ခီညော်။

လေးစားစွာဖြင့်

ရွှေအိ

10383491_858488037497890_8391296651286504709_n

10410799_858408164172544_913750654761544726_n

10310548_683729858368766_3417088835820409370_n

983706_683730258368726_4042949714535294210_n

10397843_796744323683680_5127688921853688529_n

10372552_796743650350414_3254008916886865861_n

18 comments

  • ကေဇီ

    June 10, 2014 at 4:38 pm

    ဆက်သွယ်လိုက်မယ်နော်။

    :s:

    • Shwe Ei

      June 10, 2014 at 4:47 pm

      သများတို့ချင်း မတွေ့ဖစ်ကြတာကြာဘီလားငင် ????

  • surmi

    June 11, 2014 at 11:11 am

    သာဓုပါဗျာ
    စဉ်ဆက်မပြတ်လုပ်လာနိုင်တဲ့ ကုသိုလ်တွေများအားရစရာပါဗျို့ ။

    • Shwe Ei

      June 14, 2014 at 9:01 am

      ဟုတ်ကဲ့ပါ အန်ကယ်ဆာ ကုသိုလ်ပြုသမျ အမျှပေးပါတယ်နော 🙂

  • kyeemite

    June 11, 2014 at 11:27 am

    သာဓု…သာဓု..သာဓု…ပါဗျာ….
    “ရှေ့လထဲ ဒါဇင်ပလပ်စ်ရဲ့ ၂နှစ်ပြည့်အလှူကို ရွာသူားတွေအားလုံးစုပေါင်းပါဝင်နိုင်မယ်ဆိုရင်ဖြင့် အလှူခရီးစဉ်တစ်ခု စီစဉ်ချင်ပါသေးတယ်။”

    ကြီးမိုက်နဲ့မိသားစုက သမီးလေးလိုရာပန်းတိုင်ဝင်နိုင်အောင် ဆုပန်ရင်း…ဒါဇင်ပလပ်စ်ရဲ့ ၂နှစ်ပြည့်အလှူကို ၅၀၀၀၀(ကျပ်ငါးသောင်း)အားဖြည့် ပါဝင်လှုုတန်းပါမယ်ဗျာ…
    ခင်မင်ရင်းနှီးစွာဖြင့် :s:

    • Shwe Ei

      June 14, 2014 at 9:05 am

      ဦးမိုက်ရေ သမီးလေးအတွက်လဲ လိုရာပန်းတိုင်ရောက်ပါစေလု့ိ ဆုတောင်းပေးပါတယ်။

      အလှူငွေ အတွက်လဲ ကျေးဇူးပါ။

      ရွာ့လူကြီးတွေရဲ့ ကွန်မန့်တွေ ဖတ်ပီး အလှူခရီးစဉ်အတွက် အားတက်လာပါတယ် 🙂

  • ဦးကျောက်ခဲ

    June 11, 2014 at 12:05 pm

    သာဓု… သာဓု… သာဓုပါခီည…
    ဒါဇင်ပလပ်စ်ရဲ့ ၂နှစ်ပြည့်အလှူကို သံဖြူဇရပ်ဆိုရင်တော့ စိတ်ဝင်စားတယ်…
    ဒါပေမည့်… နှစ်ကုန်ပိုင်း ဒီဇင်ဘာ ၊ နှစ်ဆန်း ဇန်နဝါရီလောက်မှ အဆင်ပြေမှာ…
    😀

    • Shwe Ei

      June 14, 2014 at 9:08 am

      အူးလေးရယ် နှစ်ပတ်လည်ဆိုတဲ့အတိုင်း နှစ်တနှစ်ရဲ့ အလယ်ခေါင်မှာဖစ်နေတော့ ရွှေ့လို့လဲရတော့ဝူး ခိခိ

  • black chaw

    June 11, 2014 at 12:56 pm

    သာဓု…သာဓု…သာဓုပါ ညီလေး ညီမလေးတို့ရေ…။
    ၂ နှစ်တောင် ပြည့်တော့မယ်နော့်…။
    ကိုမိုက်ပြောတဲ့ အစီအစဉ်လေး လုပ်ကြည့်ကြဖို့
    တိုက်တွန်းသွားပါတယ်ခင်ဗျာ…။

    • Shwe Ei

      June 14, 2014 at 9:10 am

      ဟုတ်ကဲ့ အလှူခရီးစဉ်ဖစ်နိုင်အောင်တော့ ကြိုးစားပါမယ် အူးဘလက်လဲ ပါရမယ်နော် 😀

  • အရီးခင်

    June 12, 2014 at 12:17 am

    သတင်းလေးအတွက် ကျေးဇူးပါ ရွှေအိရေ။
    သာဓု၊ သာဓု၊ သာဓု ပါ ဒါဇင်+ ။
    အလှူငွေ တွေ ပိုပိုပြီး + ဖြစ်လာပါစေ။

    • Shwe Ei

      June 14, 2014 at 9:19 am

      ဆုတောင်းပေးတဲ့အတိုင်းပြည့်ပါစေ အရီးရေ…

      ဒါဇင်ပလပ်စ်မောင်နှမတွေကလဲ နောင်လာမဲ့ နှစ်ပတ်လည်တွေထိ ကြိုးစားပီး ဆက်သွားမှာပါခင်ဗျာ 🙂

  • Foreign Resident

    June 14, 2014 at 10:55 am

    ” စဉ်းစားထားတဲ့နေရာက သံဖြူဇရပ်မြို့ ”

    အဟင့် ၊ ဝေးလှချီလားကွယ် ။

    • Shwe Ei

      June 17, 2014 at 5:31 pm

      yes, Aba For, It’s too far to go for a round trip within one day.

      That’s why we plan for one night stop, actually only me currently 😛

  • kai

    June 14, 2014 at 4:53 pm

    စဉ်းစားထားတဲ့နေရာက သံဖြူဇရပ်မြို့ ဟံသာဝတီဘုန်းတော်ကြီးသင်ပညာရေးကျောင်းဖြစ်နေတော့ တစ်ညအိပ်ခရီးစဉ်ဖြစ်နိုင်တာကြောင့် အဖွဲ့သားများနဲံ့တိုင်ပင်ဆွေးနွေးလိုက်ပါအုံးမယ်ခီညော်။

    သံဖြူဇရပ်ဖြစ်တော့ကာ.. အလှူထဲပါဝင်ဖို့စိတ်ဝင်စားတယ်..။
    ဘုန်းတော်ကြီးသင်ပညာရေးကျောင်းဖြစ်နေတော့ကာ.. စိတ်မဝင်စားဖူး..။
    ဆိုတော့..
    တန်းလန်းကြီးလေထဲကနေ.. ကလေးတွေဖတ်ဖို့.. ဘိုစာအုပ်တွေများလှူရင်ကောင်းမလားလို့..
    ရန်ကုန်ထိ.. လူကြုံထည့်ပေးနိုင်ပါတယ်.။
    ဖြစ်နိုင်မနိုင် သိချင်ကြောင်း..။ :mrgreen:

    • Ma Ma

      June 15, 2014 at 8:17 pm

      (ဘုန်းတော်ကြီးသင်ပညာရေးကျောင်းဖြစ်နေတော့ကာ.. စိတ်မဝင်စားဖူး..။)
      သစ်မရခင်စပ်ကြား ဝါးပေါင်းကွပ်… လို့ ဆိုတယ်မဟုတ်လား။
      ကလေးတွေ စာတတ်ဖို့ လှူ မယ့်ဟာ စိတ်ထွေပြားနေသေးတယ်။ 🙁

    • ကြောင်ဝတုတ်

      June 16, 2014 at 12:00 pm

      သူကြီးက ဘုန်းတော်ကြီးသင်ပညာရေးကျောင်းဖြစ်နေတော့ စိတ်မဝင်စားဖူးလို့ဆိုပြန်တော့…
      ကျွန်တော်ရော ဘုန်းတော်ကြီးသင်ပညာရေးကျောင်းကို သိပ်စိတ်ဝင်စားလွန်းလို့ လုပ်နေတယ်လို့များထင်သလားဟင်…

      လက်ရှိအခြေအနေမှာ…
      ဒါဇင်ပလပ် အခမဲ့ကိုယ်ပိုင်ကျောင်းဖွင့်ဖို့ကလဲမဖြစ်နိုင်…
      ဒါဇင်ပလပ်တို့ ကိုယ်ပိုင်ကျောင်းဖွင့် ဖီးလ်လာတဲ့ကိုယ်ပိုင်သင်ရိုးနဲ့ သင်ရင်လဲ မြန်မာနိုင်ငံပညာရေးမူဝါဒနဲ့မညီလို့…
      ကလေးများ တစ်ဦးတစ်ယောက်မှ အောင်မည်မထင်…

      လက်ရှိအဖြစ်ကို ပြေးကြည့်ကြပြန်တော့…
      ကလေးငယ်တွေရဲ့နောက်ဆုံးအားကိုးရာ ကောက်ရိုးမြှင်ဖြစ်နေတဲ့ ဒီဘကကျောင်းတွေပဲရှိတယ်…
      တခြားဘာသာဝင်တွေရဲ့ကျောင်းတွေနဲ့ ယှဉ်ကြည့်ပြန်ရင်လဲ…
      ဘကကျောင်းတွေက ပိုဆင်းရဲတယ်…
      ရွေးစရာမရှိဘူး… သူကြီး… ရွေးစရာမရှိဘူး…

      သူကြီး ဘိုစာအုပ်တွေလှူချင်တယ်ဆိုရင်… အလှူကို ဒါဇင်ပလပ်စ်အနေနဲ့လက်ခံပါတယ်…
      ဒါပေမယ့် ဘိုစာအုပ်ကို အနဲနဲ့အများ ဖတ်ပြနိုင်မယ့် ဗဟုသုတအဖြစ်လုပ်ပေးနိုင်မယ့်
      နေရာတစ်ခုတွေ့မှလှူပေးပါ့မယ်… မဟုတ်ရင် သူကြီးဘိုစာအုပ်က…
      စာအုပ်အဖုံးလုပ်ချင်လုပ်… မလုပ်ချင်ရင် ဆေးရောင်ချယ်စာအုပ်ဖြစ်သွားမှာစိုးလို့ပါ…

      သူကြီးရေ…
      ဒါဇင်ပလပ်စ်က ပညာရေးကိုဦးတည်တဲ့အခါ…
      လောလောဆယ် အနိမ့်ဆုံးအဆင့်ကိုပဲ အရင်ဆုံးဦးတည်ထားနိုင်သေးတယ်…
      အဲဒါက ဘာလဲဆိုတော့ ကျောင်းနေဖို့ မတတ်နိုင်တဲ့ကလေးငယ်တွေ ကျောင်းပေါ်ဆွဲတင်လာတဲ့သူကို…
      တစ်ဖက်တစ်လမ်းက ကူညီဖို့ပါပဲ…
      သူတို့အနေနဲ့ သေစာ ရှင်စာလောက်ဖတ်တတ်ဖို့ အရင်ဆုံးဦးစားပေးနေရတဲ့အခြေအနေမို့ပါ…
      ဒါကို လောလောဆယ် အစိုးရကမစွမ်းလေတော့…
      မြန်မာနိုင်ငံသားရာနှုန်းတော်တော်များများက ဘုန်းတော်ကြီးများဆီတော့ လှူချင်ကြသကိုး…
      ဘုန်းတော်ကြီးတွေဆီရောက်တဲ့အလှူထဲကနေ ပညာမသင်ကြားနိုင်တဲ့ကလေးတွေကို စာသင်ပေးတဲ့…
      ဘကကျောင်းကိုပဲ လောလောဆယ် ကူညီပေးနိုင်ပါသေးတယ်…

      ဒီအကြောင်းကို ဒါဇင်ပလပ်စ်အနေနဲ့ မပြောဖြစ်ပါဘူး…
      တကယ်လိုအပ်နေတဲ့ ပညာရေးဆိုင်ရာထောက်ပံ့နေကြတဲ့နေရာတွေရှိရင် ပြောကြပါ…
      မျှဝေပေးပါ… ဒါဇင်ပလပ်စ်လိုက်ဖို့ အဆင်သင့်ပါ…
      (၂)နှစ်အတွင်း ဒါဇင်ပလပ်စ် ၄သိန်းကျော် အလှူငွေရအောင် ဝိုင်းကြဝန်းကြသူတွေလဲ ကျေးဇူးတင်ကြောင်းပြောချင်ပါသေးတယ်…

      ခင်မင်လျက်-
      ကြောင်ဝတုတ်

  • Char Too Lan

    June 17, 2014 at 10:01 am

    မွန်ပြည်နယ်ဆိုတော့ အူးကြောင်က ဒေါ်လှ၅၀ဝ အနဲဇုံးအလှူငွေထဲ့မယ်ဒဲ့
    အရင် သူ့ရဲဇားအူး အံတီနံဒါလှိုင် ကိုရီဇူးပီးဒေါ့ဒဲ့ 😛

Leave a Reply