အလွမ်း​တေးတစ်​ပုဒ်​ ဂန္တဝင်​​ဆောင်​တဲ့

မာလာ​ဆောင်​​ရှေ့ ဖြတ်​​လျှောက်​ဖူးတယ်

သစ်​ပုတ်​ပင်​ အိုကာ​ဟောင်းလည်း

ချစ်​သူတို့မှတ်​တမ်း ​ရေးထိုးဖူးတယ်

လွယ်​အိပ်​​လေးအသာလွယ်​ သူနဲ့တွဲ​လျှောက်​ရင်း

ကျောင်း​တော်​ကြီးဝင်း ​ပျော်​ဖူး​သေးတယ်

ခု​တော့ မာလာ​ဆောင်​လည်း ​ပြောင်းလဲပြီမို့

သူလည်းအ​ဝေး​ရောက်​ခဲ့ပါပြီ

တစ်​ပင်​တည်း အထီးကျန်တဲ့ အပင်​အိုလည်း

အရွက်​​ကြွေ အရိုးပြိုင်းမို့ မင်းနဲ့ငါ

ချစ်​သက်​​သေ ဒီ​နေရာ​လေးမှာ

အထီးကျန်​ ​ငေး​မောရင်း

မာလာ​ဆောင်​လည်း လွမ်းလို့​နေပါပြီ

ကာရံ{10.6.2014}

ကာရံ

About ကာရံ

ကာ ရံ has written 191 post in this Website..