​ရှေးစာဆိုရဲ့မာလာ​ဆောင်​

ကာရံJune 10, 20141min1057

အလွမ်​း​တေးတစ်​ပုဒ်​ ဂန္တဝင်​​ဆောင်​တဲ့

မာလာ​ဆောင်​​ရှေ့ ဖြတ်​​လျှောက်​ဖူးတယ်​

သစ်​ပုတ်​ပင်​ အိုကာ​ဟောင်​းလည်​း

ချစ်​သူတို့မှတ်​တမ်​း ​ရေးထိုးဖူးတယ်​

လွယ်​အိပ်​​လေးအသာလွယ်​ သူနဲ့တွဲ​လျှောက်​ရင်​း

​ကျောင်​း​တော်​ကြီးဝင်​း ​ပျော်​ဖူး​သေးတယ်​

ခု​တော့ မာလာ​ဆောင်​လည်​း ​ပြောင်​းလဲပြီမို့

သူလည်​းအ​ဝေး​ရောက်​ခဲ့ပါပြီ

တစ်​ပင်​တည်​း အထီးကျန်တဲ့ အပင်​အိုလည်​း

အရွက်​​ကြွေ အရိုးပြိုင်​းမို့ မင်​းနဲ့ငါ

ချစ်​သက်​​သေ ဒီ​နေရာ​လေးမှာ

အထီးကျန်​ ​ငေး​မောရင်​း

မာလာ​ဆောင်​လည်​း လွမ်​းလို့​နေပါပြီ

ကာရံ{10.6.2014}

7 comments

  • Ma Ma

    June 11, 2014 at 10:33 am

    ကေ ျာင်းတက်တုန်းက ကိုယ ့်ကေ ျာင်း မဟုတ်ပဲ ရာဇူးထဲသွားပြီး တမင်ဓာတ်ပုံသွားရိုက်ခဲ့တာ သတိရသွားပြီ။ 🙂

    _________________________
    I added cool smileys to this message… if you don’t see them go to: http://s.exps.me

  • Mr. MarGa

    June 11, 2014 at 10:58 am

    မာလာဆောင်က မောင်မလာလို့ မျှော်ကာရယ် နေမလား 🙂

  • kyeemite

    June 11, 2014 at 11:20 am

    ကဗျာလေးက လွမ်းစရာလေးပါလား…ကြိုက်တယ်ဗျာ

  • ဦးကြောင်ကြီး

    June 11, 2014 at 11:46 am

    အနော်ဂ အမ်စီနဲ့ အာရ်အိုင်တီ နှစ်ကျောင်း ခွတက်ခဲ့လို့ အဲလိုနာမည်မျိုးနဲ့ မရင်းနှီးဗူး.. ဆောဒီး..

  • black chaw

    June 11, 2014 at 1:16 pm

    အင်း…အခု…သစ်ပုတ်ပင်ကြီးက စိမ်းရွက်တွေ တဝေဝေ နဲ့ ပါဗျာ…။
    အလွမ်းကဗျာလေး ဖတ်သွားပါတယ်ဗျ…။

  • ကာရံ

    June 11, 2014 at 8:08 pm

    ​ကျေးဇူးအထူးတင်​ပါတယ်​ဗျာ

  • အရီးခင်

    June 12, 2014 at 12:00 am

    မာလာဆောင်နဲ့ ပါတ်သက်လို့ ပုံပြင်လေးတစ်ပုဒ် ကြားဘူးတယ်။
    ပုံပြင်ထဲက ဇာတ်လိုက်ကြီး ဘယ်သူလဲလို့ မမေးပါနဲ့။

    ကဲ
    မိတ်ဆွေကြီး ကဆာမိ – ပဟေဋ္ဌိလေး အဖြေညှိ လိုက်ပါဦး။
    :-)))

Leave a Reply