နည်းနည်းလေးမက လွဲနေတယ်

padonmarJune 11, 20141min41522
ဒီမိုကရေစီတူဒေးသတင်းစာမှ
ဒီမိုကရေစီတူဒေးသတင်းစာမှ

ဒီကနေ့ ဇွန်လ ၁ဝရက်ထုတ် ဒီမိုကရေစီတူဒေး သတင်းစာမှာ ပါတဲ့ ဆောင်းပါးလေးကို ဖတ်ပြီး ဘဝင်မကျဖြစ်မိပါတယ်။

ဆရာတော်လွဲသလား၊သတင်းထောက်လွဲသလားမသိ၊လွဲနေပါတယ်။ဒီတခါတော့ လွဲလွဲလေးလည်း ကောင်းပါတယ် လို့ မရွတ်နိုင်တော့ပါဘူး။
ရွာသူားတွေရော ဒါကိုဘယ်လိုသဘောပေါက်ကြလဲ။

ကိုယ်သိထားသလောက် ဘာသာရေးဗဟုသုတနဲ့ ဘာတွေလွဲနေတယ်ထင်လဲ။
လူငယ်တွေ ဘာသာရေး အခြေခံ ဘယ်လောက်ရှိလဲ သိချင်လို့ ဆာဗေးလုပ်ပါတယ်။
ဖြေပေးကြပါနော်။
အထူးသဖြင့် လူငယ်တွေဖြေစေချင်ပါတယ်။

(Survey)လုပ်နေစဲ အများဖြေနေတုံးမှာ ကျမဝင်မမန့်ပါဘူး။
ကိုယ်လိုရာကို ဆွဲပြောမိသလို ဖြစ်မှာစိုးလို့ပါ။

ဦးပါတို့၊ကိုစံလှကြီးတို့၊ကိုနေဝန်းနီတို့ကို

ကွန်မန့်တွေထဲ စောင်းနေတာတွေတွေ့ရင် ဝင်တဲ့ပေးကြမယ်လို့ မျှော်လင့်ပါတယ်။

22 comments

  • lu lu

    June 11, 2014 at 8:03 am

    လေ့လာဆဲမို ့လို ့မှားကောင်းမှားနိုင် ပါတယ်
    စာတွေထဲဖတ်ဖူးတာတော့ သင်္ခ ျု ိင်း တွေ ရွေ့ တဲ့အခါ
    မကျွတ်လွတ်သေးတဲ့သူ ( ပြိတ္တာတွေလို ့ထင် တယ် )
    တွေကို ဒီလို ပဲကားတွေနဲ ့သယ် ရတယ် လို ့သိရပါတယ် ။ လုလု သိပ်မရှင်းတာက ဟိုးတ နေ ့က
    အမြန်လမ်းမှာကျွတ်လွတ်ပွဲ လုပ်နေတဲ့အခါ ဓာတ်ပုံ
    ရိုက် ထားတာကိုတွေရ တော့ လူခြေ ရာတွေပဲ တွေ ့ရ
    တယ် သေသွားတဲ့ပုဂ္ဂိုလ် တွေ က ဘဝခြားသွားတာ
    တောင် လူပုံလို ပဲလား ပြိတ္တာ ဘဝအ ဖြစ် နေကြရတာ
    ဆိုရင် သူတို ့ခန္ဓာကိုယ်တွေက ဘယ်လိုပုံလဲ စာထဲ
    မှာတော့ကြောက်စရာကောင်းတဲ့ခန္ဓာကိုယ်တွေနဲ ့နေ
    ကြရတယ် ဆိုလို ့အခုတွေ ့ရတာက လူခြေရာတွေ ပဲ
    အဲ့ဘုန်းကြီးခေါ်လာတာလဲပြိတ္တာတွေပဲဖြစ်နိုင် တယ်
    ဘယ်မှာနေခိုင်းမှာလဲ မကျွတ်နိုင် တဲ့သူတွေကို ပြန်ပို ့
    ပေးရမှာပေါ့

  • hmee

    June 11, 2014 at 9:46 am

    အမ​ရေ ဟိုဘက်​မှာတုန်​းက စာ​တွေ ဖတ်​မရလို့ အခုဖတ်​​တော့ အဆုံးထိပါဘူး။ တရားအ​ကြောင်​း ​သေချာရှင်​းပြတတ်​တဲ့ ဦး​ကြောင်​မန်​့ရင်​ ပို​ကောင်​းမယ်​။ ဘုရားသား​တော်​​ပေမဲ့ ငရဲ အကြီးခံ ​ပြောရရင်​ ဒီ ဘုန်​းကြီး စာမတတ်​ဘူး။ ​သေချာတာက စာမဖတ်​ဘူး။ ြပြီး​တော့ အစိုးရကို ဖား​နေတယ်​။ ဘုရားရှင်​လက်​ထက်​က အဖြစ်​နဲ့ ပရိနိဗာန်​စံ ြပြီး​​တော့ အဖြစ်​​တွေ​ရော​နေတယ်​။

    • surmi

      June 11, 2014 at 10:34 am

      အစ်မမှီရေ
      တချို့ကိုယ်တော်ကြီးများက ဆွမ်းစားပရိတ်လောက်သာ ကျက်ထားကြတာကိုယ်တွေ့ဗျာ။
      ဘုန်းကြီးဝတ်တိုင်း ကျမ်းဂန်မတတ်ကြပေဘူး။
      သ်ု့သော် ဒီလိုရပ်သိရွာသိအမှားမျိုးတော့ မဖြစ်သင့်ဘူးထင်တာဘဲ ။
      ခက်တာက ဟိုလူကြီးတွေက ချဉ်းကပ်(လက်ဆောင်ခြင်းကပ်) ပြီးဘွဲ့တွေဘာတွေဆလာက်ပေးထားတတ်တယ်လေ ။
      ဒီးဘုန်းတော်ကြီးတော့ ဘာဘွဲ့ရတယ်မသိ ။

    • ဦးကြောင်ကြီး

      June 15, 2014 at 1:14 pm

      မဟုတ်မှ လွဲရော…..

  • Mr. MarGa

    June 11, 2014 at 10:22 am

    သိထားတဲ့ ဖတ်ထားတဲ့ ဗုဒ္ဓဝင်၊ ရာဇဝင်တွေ၊
    မှတ်ထားဖူးတဲ့ နိပါတ်တော်တွေ၊ အောင်ခြင်းရှစ်ပါးတွေ
    အဲဒါတွေ အကုန်များ လွဲသွားတာလား ဗျာ
    သီရိဓမ္မာသောကမင်းက ဘုရားမပွင့်ခင်က နဂါးကြီးဖြစ်သတဲ့။ အောင်ခြင်းရှစ်ပါးထဲက ရှင်မဟာမောဂ္ဂလန် နန္ဒောပန္ဒ နဂါးမင်း ချွတ်ခန်းနဲ့တောင် ရောပေးလိုက်သေး။ ဟိုက တန်ခိုးနဲ့ ချွတ်တာ အခုတော့ အစာကျွေးပြီး ချွတ်သတဲ့
    ဒေါ်လေးရေ ကျနော်သိတဲ့ အကြောင်းတွေ လွဲကုန်တာလားဗျာ

    ပြောထားတဲ့ လေသံက ကိုယ်တော်တစ်ပါး ပြောဆိုနေပုံနဲ့မတူဘူး ဌာနက အရာရှိတွေ ပြောတဲ့ ပြောဟန် ဆိုဟန်မျိုးဖြစ်နေတယ် (ကျနော့်အထင်ပြောပြတာပါ)

    မှို်င်းတွေ မျိုးစုံတိုက်နေတာ အခု မီဒီယာပါ ပါလာပြီ

    ကိုယ်တိုင်လဲ မိရိုးဖလာ ဗုဒ္ဓဘာသာအဆင့်ပဲ ရှိသေးတယ်လို့ သတ်မှတ်ထားတာပါ၊ ပရလောက ရှိတယ်ဆိုတာလည်း လက်ခံထားပါတယ် ဒါပေမယ့် ဒီကိုယ်တော် ပြောတာ ဆိုတာတွေက အတော့်ကို လွဲလွန်းနေတယ်။

    ဒီမနက်မှာ ဖတ်ရတဲ့အထဲက စိတ်ထိခိုက်စေတဲ့ သတင်းတစ်ခုလို့ပဲ ပြောပါရစေတော့ 🙁

    • အာဂ

      June 11, 2014 at 4:12 pm

      တတိယအကြိမ် သင်္ဂါယနာတင်ခြင်း
      (၁)အကြောင်းခံ
      သာသနာနှစ်(၂၃၅)နှစ် ကြာပြီးနောက် ပါဋလိပုတ်ပြည်တွင် မိစ ္ဆာအယူရှိသောရဟန်းတု(၆၀၀၀၀)
      ကျော်အထိ သာသနာအတွင်း အယောင်ဆောင်ပြီး ဝင်ရောက်လာသည်ကို အကြောင်းပြုပြီး
      တင်ခဲ့ရသည်။
      (၂)သာသနာနှစ်
      (၂၃၅)နှစ်
      (၃)နေရာ
      ပါဋလိပုတ်ပြည် အသောကာရုံကျောင်း
      (၄)ခေါင်းဆောင်
      အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်
      (၅)သံဃာဦးရေ
      ရဟန ္တာပေါင်း(၁၀၀၀)
      (၆)မင်း
      သီရိဓမ္မာသောကမင်း
      (၇)ကြာမြင်ချိန်
      (၉)လ
      ရဟန်းအတု(၆၀၀၀၀)ကျော် သာသနာအတွင်းဝင်ရောက်လာခဲ့ကြပြီး ကတုံးတုံးသင်္ကန်းစည်းသည်နှင့်
      ရဟန်းဖြစ်ပြီး လုပ်ချင်သလို လုပ်နေကြရာ သာသနာလွန်စွာမှ ညှိုးမှိန်လာခဲ့ပြီး ဝိနည်းတော်နှင့်အညီ
      ကျင့်ကြံအားထုတ်နေကြသော ရဟန်းအစစ်တို ့မှာ လွန်စွာချို ့တဲ့ဒုက္ခရောက်ခဲ့ကြရသည်။
      အရှင်တိဿမထေရ်ကြီး ဦးဆောင်သောရဟန ္တာ(၁၀၀၀)ပါသော သံဃာထု သီရိဓမ္မာသောကမင်း၏
      မင်းထုနှင့် သာသနာဝင်များ ပြည်သူလူထုစသော ထု(၃)ထုပူးပေါင်းပြီး နှုတ်ထက်အက္ခရာ သင်္ဂါယနာ
      တင်ခဲ့ရာ အချိန်(၉)လကြာမြင့်ခဲ့သည်။
      အယောင်ဆောင်ဝင်လာသော ရဟန်းအတုများအား စီစစ်ပြီး လူဝတ်လဲစေခြင်း သာသနာတော်မှ
      နှင်ထုတ်ခဲ့ခြင်းတို ့ဖြင့် သာသနာတော်ညှိုးနွမ်းနေမှုကို ပြန်လည်ထိန်းသိမ်း စောင့်ရှောက်ခဲ့ကြ
      ပေသည်။
      သီရိဓမ္မာသောကမင်းသည် သင်္ဂါယနာတင်ပြီးနောက် ကိုးတိုင်း ကိုးဌာန သာသနာပြုအဖွဲ ့များ
      စေလွှတ်ပြီး အကြီးမားဆုံးသော သာသနာပြုလုပ်ငန်းကို ကမ ္ဘာအနှံပြုလုပ်ခဲ့ရာ ကမ္ဘာ့အင်ပါ
      ယာတစ်ခုလုံး၏(၅)ပုံ(၄)ပုံသည် ဗုဒ္ဓသာသနာတော် လွှမ်းမိုးခဲ့ရသည်။
      မြန်မာနိုင်ငံသို ့ သာသနာရောက်ရှိလာရခြင်းသည် သုဝဏ္ဏဘူမိ သာသနာပြုအဖွဲ ့မှ အရှင်သောဏ
      နှင့် အရှင်ဥတ္တရမထေရ်(၂)ပါး ဦးဆောင်သော ရဟန ္တာ(၅)ပါးအဖွဲ ့၏ သထုံဖက်မှ ဝင်ရောက်
      သာသနာပြုရာမှအစပြုပြီး ရောက်ရှိလာရခြင်းဖြစ်သည်။
      (တစ်ခဏဖြစ်ရလူ ့ဘဝအနှစ်ပြည့်အောင် ကြိုးစားကြ)
      တတိယအကြိမ် သင်္ဂါယနာတင်ခြင်း by စကားဝါမြေ

      အဟမ်း အခုမှရှာတွေတယ် မနက်က ယောက်ခဖ(by gi) နဲ့တောင်ငြင်းလိုက်သေး…။ အခုတော့တွေ့ဘီ…အထောက်အထားနဲ့ အဟွင့်

  • surmi

    June 11, 2014 at 10:29 am

    စောင့်ဖတ်နေပါတယ်ဗျို့ ……

    မိုးပြာ (ခ) ပစ္စုပ္ပန်ကမ္မဝါဒက အတွေးအခေါ်ပေါ်အခြေခံပြီး ကွဲလွဲကြရတာ ။
    ဒီဘုန်းကြီးပြောနေတာကျတော့ အထောက်အထားသမိုင်းတွေရော ၊ သဘောသဘာဝတွေပါ ကွဲလွဲနေတယ်။
    ဗုဒ္ဓကျမ်းဂန်ကိုအသာထားဦး သဘာဝဖြစ်ရပ်နဲ့ဘဲနှိုင်းယှဉ်ကြည့်ရင်
    အထာမကျတာတွေအများသား။
    ဆိုတော့ ……
    ပြောစရာတွေများလွန်းလို့ အခုတော့ သူများတွေပြောတာ စောင့်ဖတ်လိုက်ပါဦးမယ်။

  • kai

    June 11, 2014 at 12:17 pm

    မီလီယန်ဘစ်ဇနက်… မီလီယန်ဘစ်ဇနက်..။ :mrgreen:

    • surmi

      June 11, 2014 at 12:29 pm

      တွေ့မှတ်လားသဂျီး

      သဂျီးကမှစဉ်းစားတုန်းရှိသေးတယ် ဟိုက အကောင်လိုက်ဖမ်းထည့်ထားလိုက်ပြီ

      ကဲ ဘာလုပ်မှာလဲပြော
      LA ကလူတွေကိုဖိတ်ခေါ်လိုက်တော့မလား
      တစ်ယောက်ကို ဒေါ်လှ ၁ဝ ဘဲအကျိုးဆောင်ခယူပါမယ် :kwi:

  • black chaw

    June 11, 2014 at 1:09 pm

    အစ်မရေ…။
    အမှားပါသွားရင် အားနာစရာ ဖြစ်ရမှာမို့
    ကွန်းမန့်လေးတွေပဲ စောင့်ဖတ်ပါရစေခင်ဗျာ…။

    • kyeemite

      June 11, 2014 at 1:56 pm

      ဒီ နားစွန်နားဖျားကတစ်မျိုး…ဟိုမှာပြောထားသားနဲ့..“အထူးသဖြင့် လူငယ်တွေဖြေစေချင်ပါတယ်။”..တဲ့
      သူ့ကိုယ်သူ လူငယ်လာလုပ်နေတယ်..ခိခိ 😀

  • ရွှေတိုက်စိုး

    June 11, 2014 at 3:30 pm

    ကျနော့်အထင်ဆောင်းပါးရေးတဲ့သူက ဗုဒ္ဓဘာသာ ဇာတ်တော်တွေကို သေချာမသိဘူးနဲ.တူတယ်… ပြီးတော့ ဆရာတော် ဘုန်းဘုန်းက သရဲခေါ် နေရာချ လုပ်ရအောင် ဆရာတော်က ပြန်လည်နေရာချထားရေးဝန်ကြီးဋ္ဌာနကလဲ မဟုတ်… ထင်တာတော့ ဆောင်းပါးရှင် အာဘော်တွေနဲ.တူပါတယ်ခင်ဗျ….
    ဘယ်သူလွဲတယ်ရယ်လို.တော့ မဝေဖန်ချင်ပါဘူး…. ဒါပေမယ့် ဘဝခြားထားတဲ့သူတွေကို ကားနဲ.ခေါ်ပြီး နေရာပြောင်းတာကတော့ ဘုန်းဘုန်းအလုပ်မဟုတ်သလိုပဲ….

    ပရလောကရှိတယ်ဆိုတာတော့ ယုံပေမယ့်… နေရာပြောင်းတာကြီးတော့ မယုံချင်သလိုပဲဗျို. ကုသိုလ်လုပ်အမျှ ဝေရင်တောင် အမျှ ယူနိုင်တဲ့ သရဲနဲ. မယူနိုင်တဲ့ သရဲ ဆိုပြီး ရှိလေတော့… ကားနဲ.ခေါ်ရင် မလိုက်နိုင်တဲ့ သရဲ နဲ. လိုက်နိုင်တဲ့ သရဲ လဲ ရှိမယ်ထင်ပ… ဘယ်လို စိစစ်ခေါ်လဲ သိချင်စမ်းပါဘိ…

    ဆောင်းပါးရှင်ကို ကြုံရင်ပြောပေးကြစမ်းပါဗျာ…. ဘုန်းဘုန်းတွေ ဆွမ်းခံ သာသနာအကျိုး သယ်ပိုးပြီး သူဟာသူတရားအားထုတ်ကျင့်ကြံနေပါစေလို…. ဘယ်နှယ့် သရဲ ပြန်လည်နေရာချထားရေး လုပ်ခိုင်ရပါလိမ့်…. အန္တရာယ်ကင်း ပရိတ်ရွတ်တာကို တော်လှပြီဟာ…..

  • အရီးခင်

    June 12, 2014 at 12:13 am

    ဝင်မှတ်ချက်မှမပေးရင် လူကြီး ဖြစ်တော့မှာမို့ ပါ။ အဟိ။ :-)))

    ဒီဆောင်းပါးထဲ ပါတာတွေ ချကြည့်ရရင်
    (၁) ဘယ်သူက ဒီ ကားစုတ် တွေ ကို သွင်းလို့ ရအောင် ခွင့်ပေးခဲ့လဲ မသိဘူးနော်။
    (၂) ဘယ်သူက ကတ္တရာမခင်းဘဲ ကွန်ကရိုက်ခင်းခိုင်းခဲ့လဲ မသိဘူးနော်။
    (၃) ဘယ်သူက “ကားကို တစ်နှစ်တစ်ခါ စစ်ဆေးမှု လုပ်ကိုလုပ်ရမယ်” လို့ ဥပဒေပြုခွင့် ရှိလဲ မသိဘူးနော်။
    (၄) ဘယ်သူက စည်းကမ်းမဲ့မောင်းသူတွေ ကို ထိထိရောက်ရောက် အရေးယူနိုင်လဲ မသိဘူးနော်။

    သိတာတစ်ခုက
    လမ်းမကြီးပေါ် မှာ မတော်တဆမှု နဲ့ အသက်ရှုံး ခဲ့သူတွေခမျာ ဒီလူမကျွတ်တာလိုလို ဟိုလူမကျွတ်တာလိုလို အထင်ခံရရှာတာမို့ အားနာစရာ ဖြစ်နေရတာဘဲ။

  • ဦးကြောင်ကြီး

    June 15, 2014 at 1:11 pm

    ဒါမျိုးကြတော့ မဟန ဘာလုပ်နေသလဲ.. ထစ်ခနဲရှိ ပိဋကတ်ပေတံနဲ့ တိုင်းတတ်တဲ့ ရှေးရိုးစွဲတွေ အသံတိတ်နေပါလား.. ကြံ့ဖွတ်ဌေးဦး ကိုးကွယ်တဲ့ ဘုန်းကြီးကြတော့ မတို့မထိရဲ.. အခြားကိုယ်တော်တွေကြတော့ မဟောရ မရေးရ၊ ပီနန်ဆရာတော်ကြီး တပည့်ဘုန်းကြီးတွေကြတော့ လူဝတ်လဲပီး အင်းစိန်ထောင်ထဲ ပို့တယ်… ဒါလား မြန်တျန့်ပြည် သာသနာ ထွန်းကားနေတာ။

  • တညင်သား

    June 15, 2014 at 4:52 pm

    သန်လျင်ကို ခေါ်လာတယ်မို့ ဘယ်ဘုန်းကြီးလဲလို့ နတ်စင်တစ်ရာ ဘုန်ကြီးဖြစ်နေတာကိုးးးးး
    သန်လျင် ကျောက်တန်း လမ်းမဘေး ကျိုူ က်ခေါက်စေတီ အလွန်လေးတွင် ရှိပါတယ် နတ်စင်တစ်ရာ ဆိုသည့်အတိုင်း မုဒ်ဦးဝ မှ ကျောင်းအထိ ဘေး ဘယ်ညာ နတ်ကွန်းပေါင်း တစ်ရာ ရှိပါတယ် သူသေရင်လဲ နတ်မင်းကြီး ဖြစ်မယ်လို့ ပြောကြားထားသော ဘုန်းကြီးဖြစ်ပါတယ်( တဆင့်စကားအရ) ပိုသေချာတာကတော့ ရုပ်ထု မရှိတဲ့ နတ်ကွန်းတစ်ခု အပိုရှိနေခြင်းပါပဲ ..အောက်လမ်း ခေါ်မလားအထက်လမ်းအထက်လမ်းခေါ်မလား( ကျွန်တော် အမည်မဖေါ်ပြတက်သော) ပညာရပ်များ တက်သည်ဟု လူသိများလှ ပါတယ် စီးပွါးရေးလုပ်ငန်းရှင်အများအပြား နှင့်အခြားအခြား မည်သည့်ပုဂ္ဂိုလ်များ ကိုးကွယ်နိင်မည်ကို မှန်းဆကြည့်နိင်ပါတယ်…

    ကြုံတုန်းလေးးးး တားတားက တရုတ်မ ကြိုက်သူဆိုတော့ ၁၂ တောင်ခန့် မြင့်တဲ့ စေတီထက် ပိုမြင့်တဲ့ ကွမ်ယင်မယ်တော် ရုပ်ထုအကြီးကြီးကို လမ်းကြောင်းလာရင်မြင်မှာဆိုးလို့ ကြော်ငြာ ဆိုင်းဘုတ်ပုံစံ သွပ်ပြားများနှင့် ကာရံ ထားတာကို ဘယ်သူကိုမှ မပြောပြပါနဲ့နော် အန်တီလေး :mrgreen:

  • naywoon ni

    June 16, 2014 at 2:08 pm

    ကျ​နော်​က​တော့ ဒီပြဿနာ ဘယ်​ကလာလဲပဲ​တွေးမိတယ်​ ။ ဗြဟ္မဏ ကလား ။ မဟာရာဏ ကလား​ပေါ့ ။ အဲ့နှစ်​ခုစလုံးမှာ လူပြိန်​းကြိုက်​ အယူသီးမှု​တွေ ​တော်​​တော်​များတယ်​ ဗျ ။ အဲ့​တော့ဆက်​​ပြော​တော့ပါဘူး ။ ကိုယ်​့ဖာသာကိုယ်​ပဲ ဆက်​လက်​တူး​ဖော်​ကြည်​့ကြ​ပေါ့ ။

  • lu lu

    June 16, 2014 at 11:19 pm

    အခုမှ သေချာဖတ်လိုက် ရတယ် အဲ့ ဘုန်းကြီးလွဲတာမှ တော်တော်ကိုလွဲနေတာ
    သီရိဓမ္မာသောကမင်းကြီး မြွေဘဝ ရောက် နေတဲ့အချိန်မှာခြေချွတ်ပေးတာ က
    ရှင် မောဂ္ဂလာန်မှမဟုတ်တာ သီရိဓမ္မာသောကမင်းကြီးရဲ ့သား ရဟန္တာ က ခြေချွတ်
    ပေးခဲ့ရတာ ပဲ တော်ပါသေးရဲ ့စာပေ တွေလေ့လာထားမိလို ့ ဒီလိုအစိုးရကိုဖားပြီး
    ဘုန်းကြီးလုပ်စားနေတာ ငရဲတွေတော့ကြီးကုန်တော့မယ် ကြောက်စရာပဲ
    :buu:

  • lu lu

    June 16, 2014 at 11:26 pm

    စာထဲမှာဖတ်ဖူးတာ တရားနဲ ့ခြေချွတ်တယ်ပဲ ဖတ်ဖူးပါတယ်
    ဘယ့်နှယ့် ဒီဘုန်းကြီးက အစားကြွေးပြီး ချွတ် တယ်လို ့ပြောနေရတာလဲ
    ရှက်စရာ ကြီး
    လုလု မှားတယ်ဆိုရင် လည်း စီနီယာ ကြီး များ ပြင် ဆင် တည့်မတ်ပေးကြပါနော်
    လေ့လာဆဲမို ့လို ့ပါ အမှားတွေ မသိချင် လို ့
    🙂

    • surmi

      June 17, 2014 at 12:16 am

      အစားကျွေးတာကတော့ မားကက်တင်းသဘောအရဖြစ်မယ်ထင်တယ်
      :mrgreen:
      အဲဒီအစားအစာတွေကိုအာရုံကျပြီး အမျှဝေတဲ့ကုသိုလ်တွေကို
      စိတ်တူကိုယ်မျှဝမ်းမြောက်မှုမဖြစ်ရင် အလကားပါဘဲ ။
      နောက်ပြီး အကုသိုလ်ကြောင့် ဖြစ်ရတဲ့ ပြိတ္တာဘဝ အသူရကယ်ဘဝမှာ ကျွေးတိုင်းလည်းစားလို့ရမယ်မထင် ။

  • မ " တတ် ပါ့ "

    August 22, 2014 at 2:59 pm

    အော်…ခုမှ ဆက်စပ်မိတွားပီတွယ်…ဆြာရာတော့် နှယ်…
    အမြန်လမ်းက သရဲများပြန်လည်နေရာချရေးပီးဒေါ့…
    ဟိုချောင်းထဲက နှစ်ပေါင်းများစွာတိမ် မြုပ်ပျောက်ကွယ်နေတဲ့အရာဒွေ …ပြန်ဆည်နေရာချထားရေးဘက်ကူးလာတာပေါ့ညော်…
    အခု ဆြာတော်လုပ်ရို့ အဲ့ ခေါင်းလောင်းရီးကို စောင့်နေဒဲ့ နဂါးဒွေက ဝင်ပူးပီးတောင် ပြောနေကြပီဆို …ခိခိ..
    ဉာဏ်မမှီတော့ဘူးရို့ … မတတ်ပါ့ တို့က ဉာဏ်တိန်လွန်းပါတယ်အေ..။

    https://www.facebook.com/yangonmediagroup/posts/827658107253111

  • ခင် ခ

    August 22, 2014 at 3:57 pm

    ဘာသာရေးနှီးနွယ်နေတော့လည်း အကျယ်အကျယ် မငြင်းဖွယ်မဖြစ်အောင် ဖတ်သွားပြီး ကိုယ့်အတွေးနဲ့ကိုယ်ဘဲ နေတော့မယ်နော်။

Leave a Reply