ဆင်းမ် ကတ် ဆိုသည်မှာ

ムラカミJune 11, 201415min59222

 

က။ SIMs ဆိုသည်မှာ

 

SIM cards
တကယ်တော့ ဆင်းမ် ကတ် လို့ ကျနော်တို့ အလွယ်ခေါ်နေတဲ့ subscriber identification module (SIM)

အကြောင်းပေါ့ဗျာ …။ သူဟာ သော့တချောင်းKey ဖြစ်ပါသတဲ့ အဓိကအားဖြင့်တော့ အစိတ်အပိုင်း ၂ခု

ပါဝင် လေ့ရှိပါသတဲ့ …။ အဲ့ဒါကတော့

 

448px-Tf_sim_both_sides

 

၁။ international mobile subscriber identity (IMSI)

တကမာ္ဘလုံးမှာ မှ တခုတည်းသော အတုမရှိ အတူမရှိတဲ့ နံပတ်တခုဖြစ်ပါသတဲ့ … (အသေးစိတ်အောက်တွင်

ဖော်ပြပါမည်)

၂။ related key

ဒါကတော့ အသုံးပြုမှု အတွက် ဆိုင်ရာ ဖုန်း ဟန်းဆက် အပြင် ချိတ်ဆက် အသုံးပြုမယ့် ကွန်ပြူတာတွေ နဲ့

ပါတ်သတ်ပြီး အချက်အလက် သိုမှီးတဲ့ key တခု ဖြစ်ပါတယ်။ (ဒါလည်း အသေးစိတ် ဆက်ပြောပါ့မယ်)

 
ခ။ ဖွဲစည်းတည်ဆောက်ပုံ

 

Smartcard_chip_structure_and_packaging_EN.svg

 

 

SIM ဆိုတာ လျှပ်စီးပါတ်လမ်းငယ် ပါဝင်တဲ့ ဖြုတ်လို့တပ်လို့ ရတဲ့ ပလပ်စတစ်ပြားငယ်လေး တခုပဲ ဖြစ်ပါတယ်။

မိုဘိုင်းဖုန်းတွေ တလုံးကနေ နောက်တလုံးကို ကူးပြောင်း တပ်ဆင် အသုံးပြုလို့ရပြီး

(သည်အချက်က ယနေ့ခေတ်မှာ ကန့်သတ်ချက် နဲ့ မှန်တဲ့ အချက် ဖြစ်လာပြီ ဖြစ်ပါတယ်)

ယနေ့မှာ အမျိုးမျိုးသော စံနှုန်းနဲ့ ကတ်တွေ ထုတ်လုပ်နေကြပြီမို့ ..ကတ်တခုစီ ရဲ့ စံနှုန်းတွေတော့

ကွာခြားကြပါလိမ့်မယ်…။ မူလ စတင် ထုတ်လုပ်တဲ့ SIM ရဲ့ အရွယ်အစားကတော့ credit card

အရွယ်အစား ရှိပါသတဲ့ ..။(85.60 mm × 53.98 mm × 0.76 mm).

သိကြတဲ့အတိုင်း မိုဘိုင်းဖုန်းတွေ စပေါ်ကာစက အုတ်နီခဲ လောက်နီးနီး ရှိခဲ့ရာကနေ

တဖြည်းဖြည်း သေးကွေလာအောင် တီထွင် ထုတ်လုပ်လာလိုက်ကြတာမှာ … (ခုနောက်ပိုင်းတော့ ပြန်ထွားလာလေရဲ့)

SIMs တွေရဲ့ အရွယ်အစားဟာလည်း သေးကွေးသထက် သေးကွေးလာဖို့ လိုအပ်လာပါတော့တယ်။

ဂ။ ဒီဇိုင်း

User တို့ အတွက် အကျိုး မရှိလှမယ့် Industry design ပိုင်း အသေးစိတ်ကို ချန်လှပ်ထားခဲ့ပါ့မယ်။

အခု ပြောချင်တဲ့ ဒီဇိုင်းပိုင်းက တော့ အသုံးပြုမှု နဲ့ ဆိုင်တဲ့ Design ပိုင်းဖြစ်ပါတယ်။

SIMs တွေဟာ User တယောက် ဖုန်းကို စတင် အသုံးပြုတဲ့အချိန်မှာ ဖုန်းပေါ်က Applications တွေ

run နိုင်အောင် ထောက်ပံ့ပေးပါတယ်။ (ဒီအချက်ကို နောင်မှာ ပြန်ကောက်ပါ့မယ်)..

သည်တော့ SIMs Tookits တွေ ကိုတော့ Native Code လို့ခေါ်တဲ့ … ခြားနားတဲ့ ဖုန်းဟန်းဆက် မျိုးစုံမှာ

ထည့်သွင်း အသုံးပြုလို့ရအောင် တည်ဆောက်ထားတယ် လို့ ဆိုပါတယ်။ အလွယ်ပြောရရင်တော့…

Global Platform နဲ့ SIMs တွေရဲ့ ဒီဇိုင်းကို ထိန်းချုပ်ထားတာမို့ ….. အလွယ်တကူ ဖြုတ်တပ် သုံးစွဲနိုင်တာပါ။

ဃ။ ပါဝင်ပစ္စည်း အသေးစိတ် ဝါ ဒေတာ

 

 

SIMs တွေမှာ အချက်အလက် တချို့ကို သိုမှီး နိုင်ပါတယ်..။ တချို့အချက်အလက်တွေကို .. Service Provider

ကနေ access လုပ်ခွင့်ရှိပါတယ်။ သိခွင့် အသုံးပြုခွင့်ရှိနေပါတယ်။ ဘာတွေ လဲ ဆိုတာကတော့

အပေါ်မှာ ပြောခဲ့တဲ့ Key တွေအကြောင်း ကို သည်အဆင့်မှာ နည်းနည်း အသေးစိတ် သွားကြည့်ရင် သိနိုင်ပါတယ်။

၁။ integrated circuit card identifier (ICCID)

ဒါဟာ ကတ်ပေါ်မှာ ပုံနှိပ်ဖော်ပြထားတဲ့ ကတ် နံပါတ် ဖြစ်ပါတယ်။ သူသည်လည်းပဲ ကမာ္ဘ့စံနှုန်း နဲ့ Unique

ဖြစ်တဲ့ နံပါတ် တခု လို့ ဆိုနိုင်ပါတယ်။ Primary Account Number လို့လည်း ခေါ်ဆိုပါတယ်။

Luhn algorithm နည်းနဲ့ နံပါတ် ဖော်ထားပြီး ဂဏန်း အလုံး၂ဝ ပါဝင်ပြီး အဲ့ဒီ ဂဏန်းဖွဲ့စည်းပုံကတော့

Operator အလိုက် ကွာခြားမှု ရှိမယ် လို ့ဆိုပါတယ်။

၂။ Issuer identification number (IIN)

ဒါကတော့ အရှည်ဆုံးအနေနဲ့ ဂဏန်း ရလုံးစာ ရှည်လျားမယ့် နံပါတ်ဖြစ်ပါတယ်။

fix အနေနဲ့ 89 ပါမယ် နိုင်ငံကုဒ် ပါဝင်မယ် ပြီးရင်တော့ …ကိုယ်ပိုင် Unique အဖြစ် ဂဏန်း ၁-၄လုံး စာလောက်

ပါဝင်ပါလိမ့်မယ်။

 

 

၃။၄ ချန်ခဲ့ ပါရစေ

 

Screen-shot-2010-12-26-at-11.31.07-AM

Individual account identification နဲ့ Check digit ဆိုတာတွေလည်း သိုမှီးပါတယ်.. ဒါတွေက User

အတွက် အရေးမပါတာမို့ … ပိုမို အရေးပါမယ့် IMSI အကြောင်းကို သွားပါမယ်။

 

၅။ International mobile subscriber identity (IMSI)

 

Operator (ဝါ) Service Provider အလိုက် ကွဲပြားစွာ ဖော်ပြပေးထားမယ့် ကိုယ်ပိုင်နံပါတ် (အထက်မှာဆိုခဲ့တဲ့)

Key ဖြစ်ပါတယ်။ သူ့မှာ အပိုင်း ၃ပိုင်း ပါဝင်နေပါတယ်။

– ထိပ်ဆုံး ဂဏန်း ၃-၄ လုံးဟာ .. မိုဘိုင်းဖုန်းရဲ့ ဆိုင်ရာ တိုင်းပြည် ကို ညွှန်းပါတယ် Mobile Country Code (MCC)

– နောက် ထပ် ဂဏန်း ၂-၃ လုံးဟာ Mobile Network Code (MNC) ကိုရည်စူးပါတယ်။

– နောက်ဆုံး ဂဏန်းတွေကတော့ Mobile Subscriber Identification Number (MSIN) ဖြစ်ပြီး Operator

အလိုက် ဖွဲ့စည်းပုံ ကွာခြားပါလိမ့်မယ်…

အချုပ် ပြန်ပြောရရင်တော့ IMSI ဟာ ရေဘုယျ အားဖြင့် ဂဏန်း ၁ဝလုံးကနေ ၁၅လုံး အတွင်း ရှိတတ်ပါတယ်..။

ဒါတွေဟာ ပြည်တွင်း (ပြည်တွင်း မှာတောင်မှ … Operator တူ Operator ခြား) နဲ့ ပြည်ပ ကို ဖုန်းခေါ်ဆိုမှုတွေ

အတွက် service ပေးဖို့ရာမှာ လိုအပ်တဲ့ key တွေ အဖြစ် တာဝန်ထမ်းဆောင်ပါတယ်။ ဖုန်းဘေလ် တွက်ချက်မှု

နဲ့… အခါအားလျော်စွာ ပေးတဲ့ discount plan တွေ အတွက်လည်း သူကပဲ ထောက်ပံ့ပေးပါတယ်။

၆။ Authentication key (Ki)ဲ

 

Ki ဟာ 128-bit တန်ဖိုးရှိတဲ့ အသိမှတ်ပြုခြင်း authenticating ဆိုင်ရာ အချက်အလက် သိုမှီးမှု ဖြစ်ပါတယ်။

ဒီ အချက်အလက်ကို Operator ရဲ့ Database မှာလည်း သိုမှီးထားပါတယ်။

(နည်းပညာပိုင်းဆိုင်ရာ အချက်အလက်တွေကို ချန်ထားခဲ့ပြီး သူ့ရဲ့ အလုပ်လုပ်ပုံကို ရေးပါ့မယ်)

– User ဟာ ဖုန်းကို ပထမဆုံးအကြိမ် စတင် အသုံးပြု တာနဲ့ SIM မှာပါတဲ့ IMSI ဟာ operator ဆီကို

အသုံးပြုခွင့် authentication လှမ်းတောင်းယူပါတယ်။

– သည်လို လုပ်ဖို့အတွက်တော့ … PIN အားဖြင့် ..ဟန်းဆက် နဲ့ SIM ကြား ချိတ်ဆက်မှု ရရှိထားပြီး ဖြစ်ရမှာပါ..

– သည်အချိန်မှာ Operator ကွန်ယက်ဟာ သူ့ရဲ့ Database ထဲကနေပြီး ဆက်သွယ်လာတဲ့ IMSI နဲ့ သူနဲ့

စပ်ဆိုင်ရာ Ki ကို ရှာဖွေပါတော့တယ်.။

– အဲ့သည့်နောက်တော့ ..နောက်ထပ် ဂဏန်း တခု ကို random အားဖြင့် ထုတ်လုပ်ပါတော့တယ် …အဲ့ဒါကိုတော့

Signed Response 1 လို့ခေါ်ပါတယ်..

– အဲ့ဒါကို ကွန်ယက်ကနေ ဟန်းဆက်ဆီကို ပို့ပေးပါတယ်.. ဟန်းဆက်မှာပါတဲ့ SIM ဟာ ဒါကိုသူ့ရဲ့ Ki နဲ့အတူ မှတ်သား

ထားလိုက်ပါတော့တယ်။ အဲ့သည့်နောက် .လက်ခံရရှိကြောင်း SRES_2 ကို encrypt လုပ်ပြီး Operator ဆီကို ပြန်ပို့

ပေးပါတယ်။

– Operator ဟာ သူ ပို့လိုက်တဲ့ SRES_1 နဲ့ သူပြန်လည် လက်ခံရရှိတဲ့ SRES_2 ကို တိုက်ဆိုင်စစ်ဆေးပြီး

မှန်ကန်တယ် ဆိုရင်ဖြင့် ..အနှီ SIM ပါဝင်တဲ့ ဟန်းဆက်ဟာ ဆိုင်ရာ Operator ကွန်ယက်မှာ အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။

သည် အချက်ဟာ ဖုန်းပျောက်လို့ … ဖြစ်စေ ဆက်လက် အသုံးမပြုချင်တော့လို့ ဖြစ်စေ သည် SIM ကို သည် network

မှာ ဆက်သုံးမဖြစ်တော့အောင် ပိတ်သိမ်း တဲ့ နေရာမှာ အသုံးဝင်ပါတယ်။

 

၇။ Location area identity

 

SIM ကတ်တွေဟာ ကွန်ယက် ရဲ့ အခြေအနေ ကိုလည်း နီးစပ်ရာ တာဝါတိုင်မှ ပို့လွှတ်တဲ့ Location Area Identity

အားဖြင့် မှတ်တမ်းတင် သိမ်းဆည်းပါတယ်။ မိုဘိုင်းဖုန်းဟာ တနေရာကနေ တနေရာ ရွေ့လျားတဲ့အခါ ဘယ်တာဝာိုင်ကို

ချိတ်ဆက်ပြီး ဝန်ဆောင်မှုပေးရမယ်.. ဘယ်တာဝါတိုင်ဟာ အနီးဆုံးဖြစ်တယ်.. အနီးဆုံးဖြစ်ပေမယ့်လည်း load များနေလို့

အခြား တာဝါတိုင်ကိုသာ ချိတ်ဆက်ပြီး ဆက်သွယ်မှု ဧရိယာ ပြင်ပ မရောက်သွားအောင် ဆောင်ရွက်တဲ့ အလုပ်ကို လုပ်ပေးပါတယ်။

နောက်ထပ် အသုံးကျတဲ့ အရာကတော့ ပျောက်ဆုံးသွားတဲ့ ဖုန်းကို ဘယ်နေရာကို ရောက်နေတယ် ဘယ်ကနေ သုံးနေတယ်ဆိုတာ

ကို ရှာဖွေဖော်ထုတ်ရေးမှာလည်း အသုံးကျပြန်ပါတယ်။

 

၈။ SMS messages and contacts

 

ရှေးရှေးက SIMs တွေကတော့ .. messages ၅ခု လောက်နဲ့ phone contacts အခု ၂ဝ လောက် မှတ်သွင်းထားနိုင်ပါသတဲ့

နောက်ပိုင်း SIMs တွေကတော့ contacts အခု ၂၅ဝ အထက် သိုမှီးနိုင်လာခဲ့ပါတယ်။ ဒါဟာ ဟန်းဆက်တခုပျက်လို့

နောက် ဟန်းဆက် ပြောင်းသုံးတဲ့အခါမှာ SIM အဟောင်းကိုထည့်လိုက်တာနဲ့ ဖုန်းနံပါတ်တွေ မပျောက်မပျက်ဘဲ

အသစ်ဟန်းဆက်မှာ ပုံမပျက် ဆက်လက်သုံးစွဲနိုင်စေဖို့ ထောက်ပံ့ပေးတာ ဖြစ်ပါတယ်။

နောက်ပိုင်း မော်ဒန် ဟန်းဆက်တွေ ရဲ့ ဖွံ့ဖြိုးတိုးတက်လာတဲ့ data သိုမှီး နိုင်စွမ်းအရတော့ SIMs တွေရဲ့ သည်စွမ်းဆောင်ရည်

ကို မသုံးဖြစ်တော့ကြတာများပါတယ်…။ Android Vs iOS ဟာ မိမိရဲ့ အသုံးပြုနေတဲ့ eMail, Cloud space စတာတွေကနေတဆင့်

messages နဲ့ contacts တွေကို ဘယ် ဟန်းဆက် ပဲ ပြောင်းပြောင်း ဘယ် SIM ပဲ သုံးသုံး .. မပျောက်မပျက်ဘဲ Sync လုပ်ယူ

လာနိုင်လို့ပဲ ဖြစ်ပါတယ်။

င။Formats

800px-GSM_SIM_card_evolution.svg

လက်တလော တွေ့ရတဲ့ SIMs တွေရဲ့ အမျိုးအစား နဲ့ ထွက်ရှိချိန်တွေ ဖြစ်ပါတယ်။

(အရွယ်အစားတွေကိုတော့ ချန်ထားခဲ့ပါတယ်)

Full-size (1FF) 1991
Mini-SIM (2FF) circa 1996
Micro-SIM (3FF) 2003
Nano-SIM (4FF) early 2012
Embedded-SIM

 

4775286_s

 

 

Embedded-SIM ကတော့ အသစ် အဆန်း ဖြစ်နေမှာမို့ သူ့အကြောင်း နည်းနည်းလေး တူးဆွလိုက်ပါတယ်.. သူကတော့

machine to machine မှာ သုံးစွဲတယ်လို့ အကြမ်းဖျဉ်းပြောနိုင်ပါတယ်… ကွန်ယက် ချိတ်ဆက်မှု ဆိုင်ရာလုပ်ဆောင်ချက်တွေ

ပါဝင်တဲ့ စက်ကိရိယာတွေ (PSP console လိုမျိုး) မှာ အသုံးပြုတယ်လို့ အကြမ်းဖျဉ်းပြောနိုင်ပါရဲ့….။

Embedded_SIM_from_M2M_supplier_Eseye_with_an_adapter_board_for_evaluation_in_a_Mini-SIM_socket_blurred

စ။ ကြားဖြတ်

အောက်မှာ SIMs တို့ရဲ့ Security အကြောင်း ရေးမလို့ပါ။ ဒါပေမယ့် တန်းရေးလို့ ဖတ်ရတာ သဘောမပေါက်မယ့်

အကြောင်းတရားတွေ ရှိတာမို့… သာမန် User နားလည်ဖို့အတွက် သည်အဆင့်ကို ကြားဖြတ်ရေးလိုက်ပါတယ်။

နိုင်ငံတကာမှာ phone handset ရောင်းချတာ ပုံစံ ၂မျိုး ရှိပါတယ်။

၁။ နှစ်ချုပ်

smartphone0731
ပုံနဲ့ စာတော့ အတန်ငယ် လွဲ ပါ့မယ်..

ပထမ အသုံးများတဲ့ ပုံစံကတော့ နှစ်ချုပ် နဲ့

ရောင်းချတာဖြစ်ပါတယ်။ ဆိုပါစို့… ကျနော် ၆သိန်းတန် ဟန်းဆက် တလုံး ကိုင်ချင်တယ်… သည်အတိုင်း

ဝယ်ကိုင်ဖို့ ဆိုရင် ကျနော် ငွေသား ၆သိန်းကျပ် ပြည့်အောင် စုစောင်းရပါလိမ့်မယ်…။ နှစ်ချုပ် (၂နှစ်ဆိုပါတော့)

Operator Telxxxx ကနေပြီး တော့ ကျနော့်ကို ၂နှစ် စာချုပ်နဲ့ရောင်းမယ် ဆိုရင် (ကျနော် ကတိကဝတ်ပြုရမှာက)

သည် handset နဲ့ သည် line ကို ၂နှစ် တိတိ အသုံးပြုပါ့မယ် ဆိုတဲ့ အချက် ဖြစ်ပါတယ်…။ အဲ့သည့် စာချုပ်နဲ့ဆို …

ကျနော် တပြားမှ မစုဘဲ ၆သိန်းတန် ဟန်းဆက် နဲ့ ဖုန်းနံပါတ် တခုပါတဲ့ SIM ကို ချက်ခြင်းရမှာဖြစ်ပါတယ်။

တလပြည့်လို့ ဘေလ် လာတဲ့အခါမှာ … (အောက်က ဂဏန်းများဟာ assume လုပ်ထားတာပါ အတည်မဟုတ်ပါ)

– လစဉ်ကြေး (လိုင်းကြေး)                                                                           – – – – – ၃၀၀၀

– ပြည်တွင်း ဖုန်းပြော သုံးစွဲခ (same operator)                                     – – – – – ၁၀၀၀၀

– ပြည်တွင်း ဖုန်းပြော သုံးစွဲခ (differ: operator)                                    – – – – – ၁၀၀၀၀

– Oversea calls                                                                                          – – – – – ၁၀၀၀၀

– Text Messaging                                                                                     – – – – – ၃၀၀၀

– Internet Service                                                                                   – – – – – ၁၀၀၀၀

          – Handset ဖိုး                                                                                               – – – – – ၂၅၀၀၀

– – – – – – – – – — – – – — – – – — – – – — – – – — – – – — – – – — – – – — – – – — – – – –
စုစုပေါင်း ၇၁၀၀ဝ ကျပ် ကျသင့်မှာဖြစ်ပါတယ်။

iphone-sim-cards

သည်နေရာမှာ ဟန်းဆက် ဖိုး ဆိုတာက ၆သိန်းတန် ဖုန်းကို ၂နှစ် စာချုပ်မို့ ၄၈ နဲ့ စားပြီးထည့်ထားတာဖြစ်ပါတယ်..။

သည်တော့ စာချုပ် စာတမ်း နဲ့ ဖုန်းဝယ်မယ် ဆိုပါစို့ …။ တလ ကို ဟန်းဆက်ဖိုး ငွေသွင်းဖို့ ၃သောင်းလောက်

မိမိ ဝင်ငွေကနေ ဖယ်ထားနိုင်မယ် ကျန် ဖုန်း နဲ့ အင်တာနက်အတွက် ၅သောင်းလောက် ပေးသွင်းနိုင်မယ်ဆိုရင်

အကြင်သူသည် ငွေတပြားမှ စုဆောင်းထားဖို့ မလိုအပ်ဘဲ .. ၆သိန်းနှင့်အထက် တန် ဖုန်း ကို ချက်ခြင်း ကိုင်နိုင်မှာဖြစ်ပါတယ်။

ဆိုပါစို့ ၂နှစ် စာချုပ် နဲ့ ဝယ်ကိုင်တယ် ၁နှစ်ခွဲ တိတိမှာ မသုံးချင်တော့ဘူး ဟန်းဆက် အသစ်လဲမယ် ဆိုရင်

ဆိုင်ရာ Operator ဆိုင်ကိုသွားပြီး ဖုန်းဖိုးငွေ လက်ကျန် (၂၅၀၀ဝ x ၆လစာ) = ၁၅၀၀၀ဝ (တသိန်းခွဲကျပ်)

ကိုပေးသွင်းရမှာ ဖြစ်ပါတယ်။ … ပြီးတော့ ဟန်းဆက်အသစ် .. (နံပါတ် အဟောင်း ဆက်သုံးနိုင်) ကို ယူ

အဟောင်းကလည်း ငွေချေပြီးသားမိမိ ပစ္စည်းမို့ … သီချင်းနားထောင် ဂိမ်းဆော့ ဖို့လောက် သုံးမယ်ဆို သုံးနိုင်ပါသေးတယ်။

ကျနော်တို့ စာချုပ် ဖောက်ဖျက်ရင် ဆိုတဲ့ အချက် ကို ထည့်သွင်း စဉ်းစားရမှာ ဖြစ်ပါတယ်။ Operator ကတော့ဖျက်မှာမဟုတ်ဘဲ

User ဘက်က ဖောက်ဖျက်တာမျိုးပေါ့ …။ ဒါမျိုး မဖြစ်အောင် က Operator ကနေ သူချုပ်တဲ့ စာချုပ်မှာ အချက်အလက်တွေ

နဲ့ ကိုင်ပါတော့တယ်။ မှတ်ပုံတင် နံပါတ် လို အလုပ်အကိုင်လို ဆက်သွယ်ရန်လိပ်စာလို.. ဘဏ်ကတ် နံပါတ်လို

စတဲ့ ဟာမျိုး တွေ..တောင်းမှာ ဖြစ်ပါတယ်။ မဟုတ်ရင် .. ဖုန်းယူသွား တလလောက်ပဲ သုံး .. ပေါ်မလာ ဇာတ်ကား ရိုက်သွားရင်

သူ ဟန်းဆက်ဖိုး ရှုံးမယ် မဟုတ်ပါလား …။

ကြော်ငြာတခုပါ
ကြော်ငြာတခုပါ

(နိုင်ငံခြား တိုင်းပြည်တချို့မှာ နောင်တော့် နောင်တို့ ဘားမန်းတွေ အဲ့လို အလုပ်ကောင်းလို့…နောက်ပေါက်တွေခညာ

ခရက်ဒစ် ကတ် တောင်းတာမျိုးတို့ ဗီဇာ သက်တမ်း လက်ကျန် စစ်တာမျိုးတို့တောင် ခံရပါသေးတယ်)

နောက် တချက် မှတ်ထားရမှာက Operator တွေ ဘက်က SIM တွေမှာ lock လုပ်ထားတတ်တာမျိုးပါ….

သဘောက သူ့ ဆီက စာချုပ်နဲ့ ဝယ်ယူတဲ့ Handset ကို Network မှာပဲ သုံးရအောင်.. တခြား Operator network

မှာ မသုံးနိုင်အောင် ချုပ်တဲ့ lock မျိုးတွေပါ..။

ဒါဟာ ဘာကြောင့်လဲ ဆိုတော့ သည်လိုပါ Operator တွေက နေ စာချုပ်နဲ့ ရောင်းတဲ့ဖုန်းတွေက ဈေး သက်သာတယ်ဗျ… ။

သူတို့က ဟန်းဆက် ကန်ပနီကြီးတွေနဲ့ ချိတ်ဆက်ထားပြီး … သည်တိုင်းပြည် တဦးတည်း ကိုယ်စားလှယ်ယူရောင်းပေးတယ်

ဆိုတဲ့ ပုံစံမျိုး လုပ်ကြလို့ ပါပဲ …။ ဆိုပါစို့ Telexxx ဟာ Samsxxx ကို မြန်မာပြည်မူပိုင် ယူရောင်းပေးတယ်…။

Galaxxx နောက်ဆုံးပေါ်ကို မှ ၂နှစ်စာချုပ် ဟန်းဆက်ဖိုး ၆၀၀၀၀ဝ ကျပ် လောက်နဲ့ တွက်ချက်ဈေးအသေနဲ့ ရောင်းတယ်ဆိုပါစို့..။

Operator lock code မထည့်ထားလို့ကတော့ … ကျနော်တို့ သူ့ကို လစဉ်ကြေးနဲ့ ဟန်းဆက်ကြေးပဲ လတိုင်းပေးပြီး

မိမိနှစ်သက်ရာ Oorexxx တို့ MPsomething တို့ ရဲ့ Network မှာ သုံးနေမယ်ဆိုရင် သူတို့ အလွန်ပဲ နစ်နာလို့ပါ…။

ဟန်း ဖုန်းဆိုတာမျိုးက လူတွေက တခါပဲ ကုန်မယ့် handset တန်ဖိုး (ပစ္စည်းဖိုး) ကိုသာ မြင်တတ်တာ ..Operating cost ဖြစ်တဲ့

ဖုန်းဆက်သွယ်ခေါ်ဆိုခ တွေ အင်တာနက်ကြေး မက်ဆေ့ချ် ကြေးတွေကို မမြင်ကြဘူးမဟုတ်လား ..။ Operator တွေ

ဆိုတာကလည်း ဟန်းဆက်ကလေး ဗန်းပြပြီး ဖုန်းဆက်သွယ်သုံးစွဲမှု ဆိုတဲ့ ကိစ္စရပ်ကို ရောင်းချတာ မဟုတ်လား ..။

သည်တော့ SIM lock တွေ လုပ်ပါတယ်။ သည်ဟန်းဆက်မှာ သည် SIM သာထည့်လို့ရအောင် တနည်း

တခြား ဟန်းဆက်နဲ့ ဒီSIM .. သုံးလို့လည်း မရအောင် .. ဖုန်းဟန်းဆက်နဲ့ SIM ကို သော့ခလောက် နဲ့ သော့

ပုံစံမျိုး တွဲစပ် ထားတာဖြစ်ပါတယ်။

sim-card-type-micro-nano-shape-size

၂။ Unlock (SIM lock free)

ဒါမျိုး ရောင်းချတာလည်း ရှိပါတယ်… SIM မပါဘဲ ဟန်းဆက်သက်သက် ရောင်းတာဖြစ်ပြီး တကမာ္ဘလုံးက နှစ်သက်ရာ

Operator ရဲ့ SIM ကို ထည့်သွင်း အသုံးပြုနိုင်မှာဖြစ်ပါတယ်…။ အဲ… ထောက်ပံ့တဲ့ နည်းပညာအလိုက် CDMA နဲ့ GSM

တော့ ကွာပေလိမ့်မယ်ပေါ့ဗျာ ..အခု ဖုန်းဆိုင်တွေက ရောင်းနေတဲ့နည်းပါ…။ နိုင်ငံတကာမှာတော့ ပထမရောင်းနည်းက

ပိုမို တွင်ကျယ်ပြီး မြန်မာပြည်မှာ မရှိသေးပေမယ့် မကြာခင် ခေတ်စားလာနိုင်တာမို့ သူ့ကို နံပါတ် ၁ တင်ပြီး ရေးထားတာပါဗျ.။

SIM lock free handset တွေဟာ ဟန်းဆက် မော်ဒယ် မြင့်ရင်မြင့်သလို စာချုပ်နဲ့ ရောင်းတဲ့ ဖုန်းတွေထက် ၂-၃သိန်း

ထက်ပိုပြီးတောင် ဈေးပိုမြင့်တတ်သဗျ…။ စာချုပ်ရဲ့ အားသာချက်က အဲ့ဒါ ဖြစ်ပါတယ် … ဝယ်သူအနေနဲ့ သူ့လိုင်းကိုသာ သုံး..

ဟန်းဆက် ဈေးလည်း သက်သာမယ် ဟန်းဆက်ဖိုး ငွေစုစရာ မလိုဘဲလည်း ချက်ခြင်း ကိုင်နိုင်မယ်…။

ဒီရောင်းနည်း ၂နည်း ရဲ့ ခြားနားချက် ကို ရေးရတာ အချုပ်မှာ SIM Lock Vs Unlock ကွာတာကို မြင်မယ်ထင်ပါတယ်။

Operator ကြီးတွေ ကို ကိုယ်ကျိုး ရှာလွန်းတယ်… ငါ့ဖာသာ ငါ့ဟန်းဆက် ငါကြိုက်တဲ့ လိုင်း သုံးမယ် တွေးသူတွေကတော့

Unlock ဖုန်းတွေသာ ဈေးကြီးပေး ဝယ် သုံးကြပါ။ ရတယ် ဖုန်းသစ်ပေါ်တိုင်းလည်း မလဲ ဘူး .. သည်လိုင်းကိုပဲ ၂နှစ်ပြည့်အောင်

သုံးမယ် ဆိုသူတွေ အတွက်တော့ နှစ်ချုပ်တွေ ပေါ်လာမယ်ဆို လက်ခုပ်တီး ကြိုဆိုလိုက်ယုံသာ။

Lock နဲ့ Unlock ကြား ပြောနိုင်ဖို့ အောက်က Security အကြောင်း ကို ဆက်ဖတ်ကြည့်ပါဗျ။

စ။ Security

 

mm1

 

 

SIMs တွေဟာ Operator တွေရဲ့ တာဝါတိုင်တွေ Database တွေ နဲ့ ဒေတာ အဆက်အသွယ်တွေ လုပ်တယ် ဆိုတာ

အထက်မှာ ကျနော်ပြောခဲ့ရေးခဲ့ပြီးပါပြီ ။ ဒီဒေတာတွေကို တတိယလူ ဖြစ်တဲ့ (သူစိမ်းတယောက် ကြားလူ) က ရယူတာမျိုး

မဖြစ်ရလေအောင် Data Encryption Standard (DES) ကို သုံးပြီး ပို့တာဖြစ်ပါတယ်။ အလွယ်ပြောရင် ..ဒါ ဝှက်စာ စနစ်

ဆိုပါတော့ … ဝှက်စာ ရဲ့ သဘောက တဖက်က ဝှက်စာ ပို့ရင် လက်ခံတဲ့ဘက်က ဝှက်စာဖော်တဲ့ ဖော်မြူလာ နဲ့ ဖြည်မှ

လိုရင်း မက်ဆေ့ချ် ကို ရတာမျိုးပါ…။ ဒါမှသာ ဝှက်စာ သည် ပို့သူဆီမရောက်ဘဲ ကြားက ဖြတ်တောက် ဖောက်ထွင်းခံရတဲ့အခါမှာ

အဓိပ္ပါယ် ဖော်မရအောင် လုပ်ထားတာပါ။ သည်ဘက်ခေတ် ၂ကောင်တည်း ပြေးတဲ့ မြင်း ပြိုင်ပွဲဖြစ်တဲ့ Android OS နဲ့ iOS သုံး

ဖုန်းတွေ Apps ပိုင်း စိတ်ကြိုက်ပြင်ဆင် ထည့်သွင်း ဖို့နဲ့ … နိုင်ငံရပ်ခြား က Network မှာ သုံးနေတဲ့ဖုန်းတွေကို

သည်ယူလာပြီး သည်က Network မှာ သုံးနိုင်ဖို့အတွက် … Root တူး .. Unlock လုပ် ကြတယ်ဆိုတာမှာ …သည်

Security Issue မှာ အများကြီး စကားပြော ပါတယ်.။ Unlock လုပ်ရင် warranty Void ဖြစ်တယ်တို့ … @ your own risk

တို့ စတဲ့ စကားတွေက အလကားပြောထားတာမဟုတ်ပါဘူး …။ သည်အဆင့် ကို Hack ရင် SIM ကို ပွားတာတို့

ဆက်သွယ် ခေါ်ဆိုမှုတွေကို နားထောင်နိုင် ကြားဖြတ်နိုင်တာတို့အပြင်… (နိုင်ငံရပ်ခြားမှာတော့ ဖုန်းတွေကို User တွေရဲ့

Credit card နဲ့ ချိတ်ဆက်ထားတာမို့) သုံးချင်သလောက် သုံး ဖုန်းဘေလ်ဆောင်ဖို့မလို ..ကိုယ့် Credit ထဲက ဖြတ်သွား..

Credit bill လာမှ ..ဈေးဝယ်တာက ဘယ်လောက် ဖုန်းက ဘယ်လောက် ပေါင်းပြီး ဆောင် (all in one bill) စနစ်တို့…။

NFC ပါတဲ့ဖုန်းတွေကို ငွေသား Charge ဖြည့်သွင်းပြီး ပိုက်ဆံအိတ် သဖွယ် ..ဈေးဝယ်ကတ် သဖွယ် သုံးလို့ ရတာမို့….

အလွန် အန္တရာယ်ကြီးတယ် လို့ ဆိုချင်ပါတယ်။

drive-by-hacking-root-windows-box-by-walking-past.w654

ဆဲရင်လည်း ခံရဖို့ သက်သက် စာစုပါဗျား…။ အမှတ်မှားတာတွေ တချို့ သိစေလိုလို့ …ရေးတာသက်သက်ပါဗျား…

မှားတာ ကျန်တာ လွတ်ာ ထောက်ပေးပါ ပြင်ပေးပါ…ဖြည့်ပေါးပါဗျ…။

အထက်ကပြောသလို User အတွက် ရည်စူးတာမို့ အသားပေး ရေးထား ပြုစုထားတာပါ
လွန်တာရှိ ဝန်ဒါမိ ပြောတဲ့ကြားက ပလိန်း ..(ဆဲရင်တော့ ပြန်ဆဲမည်) ဆိုတာလေး တခုတော့ ချန်ခဲ့ပါရဇီဗျား….

rebel_4s_micro_unlock_simcards_banner

တော်သေးပြီ ဗျာ..။
P.S

မကြာမီ လာတော့မည်…။ ကျုပ်တော့ သုံးချင်တာ သုံးမည်။

 

REf:

http://en.wikipedia.org/wiki/SIMs

 

http://rebelsimcard.com/images/detailed/1/rebel_4s_micro_unlock_simcards_banner.jpg

http://en.wikipedia.org/wiki/Machine-to-Machine

http://en.wikipedia.org/wiki/International_Mobile_Equipment_Identity

http://en.wikipedia.org/wiki/SIMs

 

 

 

22 comments

  • ဦးကျောက်ခဲ

    June 11, 2014 at 12:14 pm

    သိချင်နေတာက GPRS SIM ကဒ်တွေနဲ့ Real-time System အကြောင်းခင်ဗျ…
    နောက်ပြီး မြန်မာနိုင်ငံမှာ အဲသည့်စံနစ်ကို လောလောဆယ် လုပ်နိုင်/မလုပ်နိုင်…
    အခြေခံသဘောတရားလောက် ရှင်းပြပေးပါလား…
    🙂

    • ROssI

      June 12, 2014 at 9:08 pm

      ကျော် ရှာဖတ်ပီး ပြန်လာပြောမယ် အူးလေး..

      ခုတော့ ဒါ ဖွန်ကြောင်တဲ့အချိန်မို့

      ညီမယေး ကိုရီး ရှီ လာ…

      :mrgreen:

  • black chaw

    June 11, 2014 at 1:03 pm

    အော် ဆင်းမ် ကတ် ဆင်းမ် ကတ်
    အင်မတန်မျက်နှာများတဲ့ကောင်…။
    ၁၅ သိန်းနဲ့ရောင်းလည်း ငတုံးတွေက ဝယ်ရတာပဲ…။
    ၅ သိန်းနဲ့ ရောင်းလည်း ငတုံးတွေက ဝယ်ရတာပဲ…။
    ၂ သိန်းနဲ့ရောင်းလည်း ငတုံးတွေက ဝယ်ရတာပဲ…။
    ၁၅၀ဝ နဲ့ ရောင်းလည်း ငတုံးတွေက ဝယ်ရတာပဲ…။
    အလကားပေးမယ်လည်းဆိုရော…ကုလား ပစ္စည်းမသုံးနဲ့ တဲ့…ထအော်ကြတာ…။
    အလကားပေးလို့ရတဲ့ကောင် ၁၅ သိန်းနဲ့ ရောင်းနေတုန်းကတော့
    ငြိမ်ခံနေကြ…။
    အော်…တစ်တုံးစားလည်းမသိ၊ နှစ်တုံးစားလည်း မသိ၊
    သုံးတုံး ဆက်စားလိုက်မိပြီဆိုရင်တော့ အဲဒီအတုံးကြီး ကြိုက်ကို ကြိုက်နေလို့ဗျ…။
    ဟယ်…ငါဘာတွေ ပြောနေမိပါလိမ့်…။

    • ROssI

      June 12, 2014 at 9:10 pm

      တကယ်တော့ ဟန်းဖုန်းဆိုတာ အိမ်တွင်းသူခိုး ပါ အူးလေးရာ…

  • Mr. MarGa

    June 11, 2014 at 2:24 pm

    ဟူးးးး
    မူးတူးတူး ဖြစ်သွားတယ်
    ဒါ အကြွေးဆပ်တာမလား ကိုရင် 🙂
    သိတာနည်းနည်း မသိတာများများ အကြောင်းမို့
    ပိုသိအောင် ဖတ်သွားတယ် လို့သာ
    ကျန်တဲ့သူတွေ ဝင်ဆွေးနွေးတာ စောင့်မယ်ဗျာ

    • ROssI

      June 12, 2014 at 10:24 pm

      တဖက် ၅၀ဝ နဲ့ အေးအေးနေပါ သဂျားရယ်… မူးနေပါ့မယ်..

      😛

  • kyeemite

    June 11, 2014 at 3:32 pm

    တော်တော်ဗဟုသုတရလို့ကျေးဇူးပါ မရိုစီ ရေ
    ဟိုနေ့ကမှ သမီးတော်အတွက် S5 လေးသွားဝယ်မှ ဆင်းမ်ကတ်လေး ချိုးလိုက်ရတာသတိပြုမိတယ်..
    အခုပြောတဲ့ Micro SIM ဆိုဒ်ထင်ပါရဲ့…အော်..ဂလိုကိုး 🙂

    • ROssI

      June 12, 2014 at 9:15 pm

      နောက်မှ ဖုန်းOS ဘက်လှည့်ပတ်ရေးပါအုံးမယ်ဗျ

      ခုတော့ ဖွန်သွားကြောင်လိုက်အုံးမယ် ခီညော်….

      😛

  • ခင် ခ

    June 11, 2014 at 9:10 pm

    ဗဟု သုတ အဖြစ်ဖတ်သွားပါတယ် ကိုယ်ကျွမ်းကျင်ရာမဟုတ်လို့ ပြန်လှန်တော့ မပြောတတ်လို့ ဖတ်မှတ်သွားရတာလေ

    • ROssI

      June 12, 2014 at 10:27 pm

      ကိုခ ရေ…

      နာမည် ကျားမ နဲ့ လိပ်စာလောက်တောင်းတာ
      ဘာမှ မဟုတ်သေးတဲ့ ပါးပါးလေး ပါဆိုတာ သိစေလိုလို့ပါဗျာ…
      (အဲ့လိုပြောလို့ … ကိုကိုဝီတို့ စိတ်ထိခိယက်အုံးမယ်..)

      ဘယ်ကန်ပနီ ကိုမှ မျက်နှာလိုက် မပြောပါဘူး… ဘယ်နဲ့မှလည်း မပတ်သတ်ဘူး

      သည်တော့ ကျနော်ကတော့ အတန်ဆုံး ကိုယ့်အတွက် အကိုက်ဆုံး ဆိုတဲ့ဟာပဲ
      သုံးမှာပါ..

      တကယ်က ဖုန်း အော်ပရိတ်တာ တခုကို သုံးပြီဟေ့ ဆိုမှတော့ အဲ့ထက် အများကြီးမှ
      အများကြီးသော ကိုယ်ရေးအချက်အလက်တွေ သူ့လက် ဝကွက် အပ် ထားရတယ် ဆိုတာ

      အဲဒါ

      • kai

        June 13, 2014 at 8:39 am

        မှတ်မှတ်ရရ ဖုံးအော်ပရိတ်တာကို တင်ဒါခေါ်ပြီး နိုင်ငံခြားကမှ.. ကိုယ်နဲ့အဆင်မပြေတဲ့နိုင်ငံဇုံထဲကဖြစ်နေကတည်းက.. ရေးဖြစ်အောင်ရေးထားခဲ့ဖူးတယ်..။
        ဈေးပေါတာသွားလိုက်… ကွိကနဲ့ပဲ..။

        အ,ချက်..
        ခုတော့လည်း..ဒါတွေဒါတွေ.. ပြီး… ခဲ့ပါပြီ…။ ပြီးခဲ့ပါပြီ…။
        တိုင်းသူပြည်သား… ဘဝတွေ.. ထိုးအပ်လိုက်ပါပေါ့..။ :mrgreen:

        မှတ်ချက်။ ။ ယူအက်စ်တွင် ကိုယ်ရေးကိုယ်တာအချက်ဟူသည်.. ထိုသူ၏ဘဝပင်ဖြစ်တော့သည်ကား.. တမုံ့..။ :buu:

  • အရီးခင်

    June 12, 2014 at 1:16 am

    ဝုတ်တယ်။
    ကျုပ်တူလေး ကို ဘူသူမှ ဆဲရဘူး။
    Copyright @ လုပ်ထားပြီး။ ;-))))

    BTW – SIM Card ပုံ တွေ ကြည့်ရတာ ရွှေချောင်းတွေများ ထင်ရတယ်။

    • ROssI

      June 12, 2014 at 10:29 pm

      ဖုန်းပုံပြင်လေးတွေ ကြုံရင် ရေးပါအုံးမယ်ဗျာ…

      မိဂီ တို့ ရသိန်းဖိုး အိုဗါဆီး ခေါ်မိတဲ့အကြောင်း..

      :'(

  • naywoon ni

    June 12, 2014 at 10:20 am

    ဒီလက်​သည်​းခွံ​လောက်​​လေးရှိတာကို သိန်​းနဲ့ချီ လက်​ငင်​း​ပေးဝယ်​သုံး​နေရတယ်​ဆိုပြီး စိတ်​ညစ်​​နေတာ​တွေဘယ်​​ပျောက်​သွားမှန်​း​တောင်​မသ်​ိ​တော့ဘူး ​ခေါင်​းမူးသွားဘီ

    • ROssI

      June 12, 2014 at 10:31 pm

      ကျော် လည်း ဖုန်းဒုက္ခ ကို ဖက်တွယ်ဖူးပါတယ်….

      ခုတော့ အေးဆေး ဖြစ်သွားပြီ….။

      သူများ ခိုးသွားလို့..

      တိန်

  • alinsett (gazette)

    June 12, 2014 at 1:13 pm

    ၁၅၀ဝ တန်ကို ကိုးသောင်းကျော်ပေး ဝယ်ကိုင်လိုက်ရကတည်းက
    အဲ့ဒါကြီးကို စိတ်နာသွားတာဗျ

    🙁

    • ROssI

      June 12, 2014 at 10:33 pm

      ကျုပ်ဆို ဖုန်းမကိုင်ဝူး. ..
      ရှိတဲ့ ဟန်းဆက်တေ အားသွင်းပီး ဂိမ်းဆော့တယ်
      နာရီကျိ တယ် ကတ်ကူလိပ်တာနှိပ်တယ် မီးပျက်ရင် ဓါတ်မီးလိုသုံးတယ်
      သီချင်းနားထောင်တယ်…. အဲ့မှာ အေးချမ်းသွားတော့တာပါပဲ…

      အဲ..
      ကျော်မှ အပြင်မထွက်တာ ….. အိမ်ဖုံးရှိရင် ရဗီ

  • Zaw Thant

    June 12, 2014 at 2:19 pm

    .. ကောင်းတယ်ဗျား.. သိချင်တာလေးတွေ အချိန်ကိုက်သိလိုက်ရတယ်.. ကျွန်တော်တို့ဆီမှာတော့ sim card only ရောင်းတဲ့လူရောင်း unlock handset ရောင်းတဲ့လူရောင်း တဲ့ နံပါတ် ၂ ပုံစံကပဲ တွင်ကျယ်အုံးမယ်ထင်တယ်ဗျနော.. ဗီဇာတွေ ခရက်ဒစ်ကတ်တွေက အွန်လိုင်း banking တွေက အခုမှစတုန်းကိုး..

    .. မေးစရာလေးတွေတော့ ရှိတယ်ဗျ..

    ၁) ပြည်တွင်းမှာ သုံးဖို့ အတွက်ဆို နိုင်ငံခြားက ဈေးသက်သာတဲ့ lock ဖုန်းဝယ်ပြီး ဒီမှာ(ဆိုင်မှာ) unlock လုပ်ရတာနဲ့ တခါတည်း unlock လုပ်ပြီးသားဝယ်တာ ဘယ်ဒင်းက ပိုအဆင်ပြေသလဲဗျ (ဈေးနှုန်းအရ၊ လုံခြုံရေးအရ ပေါ့ဗျာ)..

    ၂) android နောက်ဆုံး ဗားရှင်းတွေကို ကိုယ်ဟာကို root လုပ်ရင် လွယ်သလားဗျ.. (IOS jailbreak ပဲလုပ်ဖူးတယ် android root မလုပ်ဖူးလို့)

    • ROssI

      June 12, 2014 at 10:37 pm

      ဖုန်း နဲ့ မီးပူ ၂ထွေသုံး ..ဟွဝေ ဂျီ စစ် အမိုက်ဆုံ း…။။

      ဒချိ ဒချိ…

      နောက်တာပါ ပြန်လာပါ့မယ်..

      😛

  • ကေဇီ

    June 12, 2014 at 6:46 pm

    ဆိုး ကော (လ) ဂီ။

    အလွန်တော်တယ်။
    နာ ဝေးလွန်းလို့ နားမလည်တဲ့အပိုင်းက လွဲလို့။

    :s:

    • ROssI

      June 12, 2014 at 10:40 pm

      ကြည်ညိုရင် … အစ်မကိုင်နေတဲ့ အိုင်ဖုန်းလေး ဂါ ပါ့လား ဟင်င်င်င်င်င်

      မမကမ်းတို့ ရွာ လိုက်လည်ရင်း လမ်းမှာ ဖုန်းခိုးခံရလို့ပါ…။

      ဆင်းမ်ကတ်က ဘိုးတော် ဂေါက်နိုင်ထားတာမို့ ပိုင်ဆိုင်ကြောင်း အထောက်အထားကမရှိ။
      ပိတ်လို့မရ…။ ဟန်းဆက်က ကြွခါနီး…. ဖက်ထွီ ဖောမက်ချပီး
      ကိုသာခို ကခပ်တည်တည် ကိုင်လို့ … လာသမျှ ဖုန်း လျောက် ရွှီးနေပါကြောင်းရယ်ဗျာ…

      ဗြဲ…။

  • ကြောင်ဝတုတ်

    June 13, 2014 at 12:05 pm

    SIM Card မပါတဲ့ CDMA Network အကြောင်းလေးရေးပါဦးခင်ဗျ….
    မြန်ထျန့်ပြည်မတော့ CDMA လဲ ကဒ်နဲ့လာနေသမို့…
    iPhone CDMA Version ကြီးကို ဝယ်လာပြီး SIM အပေါက်မပါသမို့ ငိုမလို ရယ်မလိုဖြစ်နေကြသူများ
    တွေ့ဖူးလို့ပါခင်ဗျာ…

    ခင်မင်လျက်
    ဖက်ဖက်ကက် (အကြီးကြီးမခြင်း)

Leave a Reply