ကြယ်တွေအကြောင်းပြောရအောင်… ဖြူဖွေးလေးရေ …
တကယ်တမ်းက ..
ကျုပ်ကြီးက မင်းလေးရဲ့ ကောင်းကင်အမိုးအောက်မှာ …
ကိုယ့်ကိုကိုယ်… ကျပျောက်ခဲ့တဲ့ ကြယ်ပါ…

မင်းရဲ့တစ်လောကလုံးမှောင်ပါစေ..
မင်းဘက်မှာမတ်မတ်ရပ်ပြီး…
ကိုယ်ကိုကိုယ်လောင်ကျွမ်းပြီး …အစွမ်းကုန်တဖျပ်ဖျပ်လက်ပေးမယ်
ငါကြီးက မင်းလေးရဲ့ မိုက်ရူးရဲကြယ်….

မင်းမှားနေပါစေ ..
ကိုးကွယ်မှုဆန်တဲ့ ချစ်ခြင်းတွေနဲ့ ..
ငါကောင်းကင်ကို အန်တုမယ် …
ကျမ်းစာထဲက ဘေဘီလုံ မိုးပျံရဲတိုက်ကြီးလိုမျိုး ….

မျက်နှာမမဲ့လိုက်ပါနဲ့ …
ငါ့ရဲ့ကောင်းကင်အမိုးက
မင်းရဲ့အပြုံးနဲ့ထောက်ထားတာရယ်…

( မနက်က ငယ်ထိပ်မှာ တောင်ပို့လိုမျိုး ဖုဖု ထွက်လာလို့ …ဆရာဝန်သွားပြတယ်….

ဘာပြောတယ်မှတ်သလဲ ..အဲ့တာအချစ်တဲ့ …ရင်ဘတ်တခုလုံး ပြည့်လာလို့

ငယ်ထိပ်ရောက်လာတယ်ပြောတယ်….ကယ်ပါ…ဖြူဖွေးလေးရေ…)

 

sorrow

About sorrow

has written 38 post in this Website..

သောကတွေနဲ့ ရက်ကန်းခတ်....မင်းခြုံဖို့အတွက် ပုဝါတထည်ရက်မယ်...နွေးထွေးပါစေ..ဟန်နေ