ကြယ်တွေအကြောင်း ( ကြူတဲ့စာ )

sorrowJune 11, 20141min19110

ကြယ်တွေအကြောင်းပြောရအောင်… ဖြူဖွေးလေးရေ …
တကယ်တမ်းက ..
ကျုပ်ကြီးက မင်းလေးရဲ့ ကောင်းကင်အမိုးအောက်မှာ …
ကိုယ့်ကိုကိုယ်… ကျပျောက်ခဲ့တဲ့ ကြယ်ပါ…

မင်းရဲ့တစ်လောကလုံးမှောင်ပါစေ..
မင်းဘက်မှာမတ်မတ်ရပ်ပြီး…
ကိုယ်ကိုကိုယ်လောင်ကျွမ်းပြီး …အစွမ်းကုန်တဖျပ်ဖျပ်လက်ပေးမယ်
ငါကြီးက မင်းလေးရဲ့ မိုက်ရူးရဲကြယ်….

မင်းမှားနေပါစေ ..
ကိုးကွယ်မှုဆန်တဲ့ ချစ်ခြင်းတွေနဲ့ ..
ငါကောင်းကင်ကို အန်တုမယ် …
ကျမ်းစာထဲက ဘေဘီလုံ မိုးပျံရဲတိုက်ကြီးလိုမျိုး ….

မျက်နှာမမဲ့လိုက်ပါနဲ့ …
ငါ့ရဲ့ကောင်းကင်အမိုးက
မင်းရဲ့အပြုံးနဲ့ထောက်ထားတာရယ်…

( မနက်က ငယ်ထိပ်မှာ တောင်ပို့လိုမျိုး ဖုဖု ထွက်လာလို့ …ဆရာဝန်သွားပြတယ်….

ဘာပြောတယ်မှတ်သလဲ ..အဲ့တာအချစ်တဲ့ …ရင်ဘတ်တခုလုံး ပြည့်လာလို့

ငယ်ထိပ်ရောက်လာတယ်ပြောတယ်….ကယ်ပါ…ဖြူဖွေးလေးရေ…)

 

10 comments

  • Mr. MarGa

    June 11, 2014 at 3:38 pm

    သူများထက် ထူး နဖူး ချိုပေါက်နေသလားမသိ
    အဲဒီ ကောင်းကင်အမိုးပေါ်ကနေ စိန်ပြေးတမ်း ကစားချင်လိုက်ထှာ..

  • ဦးကျောက်ခဲ

    June 11, 2014 at 3:53 pm

    အဟမ်း… အဟမ်း တယ်စာတဲ့ဆိုပါလား…
    နောက်တခါ ငိုချင်းလာချရင် နားမထောင်တော့ဘူး… အဟိ
    ကျောက်စ်ပြုစုနေတဲ့ ကျမ်းကြီး ၊ ခင်ဗျားကိုပေးဖတ်လို့ ဖြစ်မယ်မထင်…
    ဒြပ်မှုန်အဖြစ်နဲ့ ဇီဝိန်မချုပ်ခင်… လင်းလိုက်စမ်းကွဲ့ ကြယ်ကြီးရဲ့…
    😀

  • kai

    June 11, 2014 at 4:39 pm

    ကြယ်ကြွေတယ်ဆိုတာ… တကယ်တော့ ထင်သလောက်မဟုတ်..
    .. ကမ္ဘာ့လေထုထဲကျောက်ခဲတလုံးဝင်လာတာပါ.. :mrgreen:

  • black chaw

    June 11, 2014 at 5:20 pm

    ဖြူဖွေးလေး ကြွေ မ ကြွေ တော့ မသိ။
    ကိုယ်တော့ ဆောရိုး ကို ကြွေ သွားပြီကွယ်။

  • Iris

    June 11, 2014 at 7:43 pm

    ငယ်​ထိပ်​​​ရောက်​ ​ပေါက်​သွားပြီး ရင်​ အချစ်​​တွေ အပြင်​ထွက်​ကုန်​​တော့မှာ။ ရင်​ဘတ်​​ဟောင်​း​လောင်​းပဲကျန်​​တော့မှာ။ ဟဟဟ။ ပြတိုက်​ပို့ပလိုက်​။

  • အရီးခင်

    June 12, 2014 at 1:22 am

    မောင်စော
    မင်း နဲ့ သူကြီး လဲပေါင်းရော ဦးကျောက်ခဲ လဲ ဦးကြယ် ဖြစ်ရော ဖြစ်တော့မယ်။
    ဖြူဖွေး ဆိုတာ ယုန်မလေးလား။
    အတော်လေးချစ်ဖို့ကောင်းမယ်။
    ယုန်တွေက အတော်အသည်းငယ်သတဲ့။ သတိထားမွေး။
    ;-))))

  • Kaung Kin Pyar

    June 12, 2014 at 10:00 am

    လွန့်လွန်လွန်းတယ်ကွယ်…..

  • ကေဇီ

    June 12, 2014 at 6:42 pm

    ဖြူဖွေးက ခေါက်ပလိုက်လို့ ထိပ်ဖုတာကို ကြားကောင်းအောင် အော်နေသေးးး
    အော် ယောက်ကျားးးး ယောက်ကျားးးး
    ဟောက်စားထားတဲ့ ကြားးး က ဖောက်ပြားးးးသေးတာကိုးးး

    :mrgreen:

  • Ma Ma

    June 13, 2014 at 7:59 am

    အွန်စော ဂျွန်စောနဲ့အပြိုင်………..
    ကြူဆော :kwi:

  • sorrow

    June 13, 2014 at 10:38 am

    အဟိဟိဟိဟိ

Leave a Reply