မြက်​ခင်းစိမ်းစိမ်း လွမ်း​တေး​ရေးရင်း ​မျှော်​​ငေးမိတယ်

ကာရန်​အစပျိုးလို့ ငါ့နံ​ဘေးမှာ သူခိုနားခဲ့ဖူးတယ်

ကြေကွဲခြင်းဆိုတာ မသိလိုက်​​သေးခင်

နှလုံးသားက နွမ်း​နေဖူးတယ်

ပန်းက​လေးတစ်​ပွင့်​ရယ်​ပါ အနမ်း​လေးမ​ပေးလိုက်​​သေးခင်

ရနံ့​လေး ပျက်​​ကြွေ​နေပြီလား

မျက်​ရည်​ဆိုတာ အချစ်​ကြီးသူအဖို့​တော့

သံဇဉ်​​လေးတစ်​ပုဒ်​ပါ သူရင်​နစ်​စွာ ငို​ကြွေး​နေပါပြီ​လေ

ဆူးမရှိပါဘူး သူ့အနားမှာ​တော့ လိပ်​ပြာ​လေးများ

ဝဲပျံ​နေတုန်းပါ

တိမ်​က​လေးများ ဟိုဒီ​ပြေးလွှားရင်း

ဘယ်​အရပ်​မှာ ခိုနားမည်​နည်း

ဒီည လမင်းအလည်​မလာဘူး​နော်

အဘယ်​မှာ သူပုန်းခိုမည်​နည်း

ကြယ်​ပွင့်​​လေး ​ကြွေကျလာတယ်

ငါ့အနား​တော့ မဟုတ်​ပါဘူး

ရနံ့လည်းပျယ်​ ပန်းက​လေးရယ်

နံနက်​ခင်း မနိုးထ​သေးခင်​မှာပဲ

သူ သူ​လေ ငါ့​ဘေးကစွန့်​ခွာ​ချေပြီ​ပေါ့

ရှာလည်းမ​တွေ့ ကြာလည်းမ​မေ့တာထက်

ငါလည်းတစ်​​နေ့ လိုက်​လာခဲ့မယ်​ဆိုရင်​​လေ

သူ သူ သူက

မနမ်းထိုက်​တဲ့ပန်း

မနမ်းထိုက်​တဲ့ပန်းလို့

ဘယ်​သူဆို​နေမလဲကွယ်

ကာရံ{11.4.2014}

ကာရံ

About ကာရံ

ကာ ရံ has written 191 post in this Website..