မနမ်​းထိုက်​တဲ့ ပန်​း

ကာရံJune 11, 20141min1004

မြက်​ခင်​းစိမ်​းစိမ်​း လွမ်​း​တေး​ရေးရင်​း ​မျှော်​​ငေးမိတယ်​

ကာရန်​အစပျိုးလို့ ငါ့နံ​ဘေးမှာ သူခိုနားခဲ့ဖူးတယ်​

​ကြေကွဲခြင်​းဆိုတာ မသိလိုက်​​သေးခင်​

နှလုံးသားက နွမ်​း​နေဖူးတယ်​

ပန်​းက​လေးတစ်​ပွင်​့ရယ်​ပါ အနမ်​း​လေးမ​ပေးလိုက်​​သေးခင်​

ရနံ့​လေး ပျက်​​ကြွေ​နေပြီလား

မျက်​ရည်​ဆိုတာ အချစ်​ကြီးသူအဖို့​တော့

သံဇဉ်​​လေးတစ်​ပုဒ်​ပါ သူရင်​နစ်​စွာ ငို​ကြွေး​နေပါပြီ​လေ

ဆူးမရှိပါဘူး သူ့အနားမှာ​တော့ လိပ်​ပြာ​လေးများ

ဝဲပျံ​နေတုန်​းပါ

တိမ်​က​လေးများ ဟိုဒီ​ပြေးလွှားရင်​း

ဘယ်​အရပ်​မှာ ခိုနားမည်​နည်​း

ဒီည လမင်​းအလည်​မလာဘူး​နော်​

အဘယ်​မှာ သူပုန်​းခိုမည်​နည်​း

ကြယ်​ပွင်​့​လေး ​ကြွေကျလာတယ်​

ငါ့အနား​တော့ မဟုတ်​ပါဘူး

ရနံ့လည်​းပျယ်​ ပန်​းက​လေးရယ်​

နံနက်​ခင်​း မနိုးထ​သေးခင်​မှာပဲ

သူ သူ​လေ ငါ့​ဘေးကစွန်​့ခွာ​ချေပြီ​ပေါ့

ရှာလည်​းမ​တွေ့ ကြာလည်​းမ​မေ့တာထက်​

ငါလည်​းတစ်​​နေ့ လိုက်​လာခဲ့မယ်​ဆိုရင်​​လေ

သူ သူ သူက

မနမ်​းထိုက်​တဲ့ပန်​း

မနမ်​းထိုက်​တဲ့ပန်​းလို့

ဘယ်​သူဆို​နေမလဲကွယ်​

ကာရံ{11.4.2014}​​

4 comments

  • ခင် ခ

    June 11, 2014 at 8:55 pm

    မနမ်းထိုက်တဲ့ ပန်း
    မလှမ်းဝံပြီ မို့
    ဒို့ လည်းလစ်ပြီ ဗျို့

  • ကာရံ

    June 11, 2014 at 9:11 pm

    ​ကျေ​း​ကျေးဗျို့

  • Kaung Kin Pyar

    June 12, 2014 at 10:07 am

    မနမ်းထိုက်တဲ့ပန်းတဲ့….ဘာပန်းဘာလိမ့်….

  • Mr. MarGa

    June 12, 2014 at 10:31 am

    ရှာလည်​းမ​တွေ့
    ကြာလည်​းမ​မေ့တာထက်​
    ငါလည်​းတစ်​​နေ့…….
    အင်း……………..
    ငါ လည်း တစ်နေ့…………

Leave a Reply