ရွှေအကြောင်းသိကောင်းစရာ 17,18

Zaw AungJune 11, 20141min882

ရွှေအကြောင်းသိကောင်းစရာ(၁၇)

ငွေပိုရင်ရွှေဝယ်စုရင်ကောင်းမလား ဘယ်မှာဝယ်ရမလဲဘယ်လိုရွှေမျိုးဝယ်ရမလဲမေးကြတယ်

ငွေဘယ်လောက်ပိုလဲ ဘယ်လောက်စုချင်လဲ ပေါ်မှာမူတည်ပါတယ် တစ်ဆယ်သားဘိုးလောက်စုချင်
ရင်တော့ အကယ်ဒမီတံဆိပ်ရွှေတုံးဝယ်တာအကောင်းဆုံးပေါ့

အခုပေါက်ဈေးနဲ့ဆို သိန်းခုနှစ်ဆယ်ကျော်ကျမယ်ကျွန်တော့ဆိုင်မှာလဲဝယ်လို့ရပါတယ်

တစ်ဆယ်သားဘိုးမပြည့်ရင်တော့ တစ်မတ်သား ငါးမူးသား အခေါက်လက်စွပ်
နဲ့ တစ်ကျပ်သားကနေ ငါးကျပ်သားအထိ အခေါက်လက်
ကောက်တွေ ဝယ်စုလို့ရပါတယ် ့

ရွှေအကြောင်းသိကောင်းစရာ(၁၈)

အလျော့တွက်ဆိုတာကို သိချင်ကြတဲ့သူတွေအတွက်ပြောပြပေးပါမယ် လက်ကောက်တို့ ဆွဲကြိုးတို့လုပ်တဲ့အခါရွှေ
တုံးကိုအရည်ကျိုရပါတယ် ပြီးရင်လိုအပ်တဲ့ပုံစံရအောင်နန်းကြိတ်ရပါတယ် အပြားအလုံးလိုအပ်သလိုပေါ့

ပြီးရင်လိုချင်တဲ့ ပုံစံအရွယ်ရအောင်ဖြတ်တောက်ရပါတယ်

နောက်ဆုံးအဆင့် ဂဟေဆော်ပြီးရင် အချောကိုင်အရောင်တင်ရပါတယ် လုပ်ရတဲ့လုပ်ငန်းစဉ်
အဆင့်တိုင်းမှာ ရွှေအမှုန်အမွှားတွေ အလေအလွင့်ရှိပါတယ်

အဲဒီအလေအလွင့်ကို အလျော့တွက်လို့ခေါ်ပါတယ် အဲဒါကြောင့် ရွှေထည်ပစ္စည်းဝယ်တဲ့အခါ အလျော့တွက်ပေးရတာပါ

ရွှေတုံးဝယ်ရင်အလျော့တွက်ပေးစရာမလိုပါဘူး

2 comments

  • koyinmaung

    June 13, 2014 at 7:42 pm

    ဗဟုသုတရပါတယ် စောင့်မျှော်ဖတ်ရှု့နေပါတယ် ကိုဇော်အောင်ရေ….

  • ခင် ခ

    August 6, 2014 at 11:40 pm

    ရွှေတုံးဝယ်ရင်အလျော့တွက်ပေးစရာမလိုတာတော့ဟုတ်ပါပြီ ပြန်ရောင်းတော့ကော ဝယ်စဉ်အချိန်အတိုင်းဘဲလာ လျေ့ာ့အုံးမှာလား

Leave a Reply