“လှည့်ကွက် ဟုတ်၏……………….မဟုတ်၏”

“လှည့်ကွက် ဟုတ်၏ ………မဟုတ်၏”

 

မဆလ ခေတ်အစက နေပြီး

ရှစ်လေးလုံးမတိုင်ခင်ကျနော်တို့ကျောင်းသားဘဝ ကစ လို့

လူလတ်ပိုင်းအရွယ် အထိ

ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ

ပါး စပ် ပိတ် နုတ်ပိတ်နေခဲ့ကြ ရ ပါ တယ်။

ကျနော်တို့ဘာကိုမှ

 

ပြန်ပြောခွင့် မရှိ။

ဝေဖန်ပိုင်ခွင့်မရှိ။

မေးမြန်းခွင့်မရှိ။

ရွေးချယ်ပိုင်ခွင့်မရှိ။

ငြင်းပယ်ပိုင်ခွင့် မရှိ။

မရှိဆို ဘာမှ မရှိ။

 

အကန်းလိုလို

အ အလိုလို

င တုံးလိုလိုနဲ့

ဘဝ ကိုကြီးပြင်းဖြတ်သန်းခဲ့ ကြရပါတယ်။

အဲဒီအခါမှာ ကျနော် တို့ ရလိုက်တာကတော့

မကျေနပ်ခြင်းဆိို တဲ့ အစိုင် အခဲ ပါဘဲ။

ရင် ထဲ မှာ ကိန်း အောင်း လို့ နေတဲ့

ဒီအစိုင်အခဲက တစ် နေ့ တစ်ခြားကြီးထွား

လာခဲ့ပါတယ်။

ကြာလာတော့ ဒီအစို်င်အခဲကဒေါသအဖြစ်ပြောင်းလဲလို့သွားပါတယ်။

 

ဒီဒေါသ အစိုင်အခဲကရင့်မှည့်လာချိန်

“ကျနော်အညာသားပါခင်ဗျ”ကညောင်မြစ်ကို စိတ်တိုင်းကျတူးချိန်

“မျှော်လင့်တောင့်တနေ တဲ့ မင်းလောင်းကလဲ ရောက်လာချိန်”

မနက်တစ်ခါ ည တစ် ခါ ပုံ မှန်တိုက်ခတ်တဲ့  “အနောက်လေ”ကလဲ

ဦးတည်ချက်ရောက်အောင်ပို့နိုင်ချိန်ဆိုတဲ့အကြောင်းတရားများစွာနဲ့

ပြည့်စုံချိန်မှာတော့ ဆယ်စုနှစ်ပေါင်းများစွာမျိုသိပ်ထားခဲ့ ရတဲ့

မကျေပ်နပ်မူ့ တွေကို အုံကြွမူ့ တွေနဲ့ ဖောက်ခွဲ လိုက် ပါတယ်။

လက်ဖက်ရည်ဆိုင်ထဲမှာ၊

လမ်းပေါ်မှာ

အိမ်ထဲမှာ

သူငယ်ချင်းအချင်းတွေကြားမှာ

ကြမ်းကြားလေကြား မကြားရအောင်

တီးတိုးငြင်သာပြော နေရ ခဲ့ တာ တွေကို အဆုံးသတ်လို့

လမ်းမပေါ်ထွက်ပြီး ရင် ထဲ က ဆန္ဒတွေကို အားပါးတရ ဖော် ထုတ်ခဲ့ ကြပါတယ်။

အဲဒါ က တော့ မြန်မာပြည့်ရဲ သမိုင်း မှာအ ကြီးမားဆုံးသောအပြောင်းအလဲကို

စတင်စေခဲ့ တဲ့ ရှစ်လေးလုံးအရေးအခင်းဘဲဖြစ်ပါတယ်။

^^^

ဒီလို စိတ် ထဲ ရှိ တာ တွေ ကို အော်ဟစ် တောင်းဆိုခဲ့ရတဲ့

အချိန်တွေက လဲ တကယ် ့ ကို ခဏလေးပါ။

“ကင်တင်ခြင်း”ဆိုတဲ့ စကားလုံးအောက် မှာ

ဒီရှစ်လေးလုံးအဆုံးသတ်လို့ သွားခဲ့ပါတယ်။

အစိမ်းရောင်တွေပြန်လည် ကြီး စုးိတဲ့အချိန်မှာတော့

ကျနော်တို့ တတွေသည် အရင် လို ဘဲ

စားသတိ

သွားသတိ

နေသတိ

ထိုင်သတိ

ကြည့်သတိ

ပြောသတိ

ရေးသတိ

ဆိုတဲ့ သတိပေါင်းများစွာကိုသိက္ခာပုဒ်လုပ်ပြိး

ငြိမ်ငြိမ်သက်သက်လေး နေ ခဲ့ ကြ ရ ပြန်ပါတယ်။

နည်းနည်းလေး လှူပ်တာနဲ့ ညိ။

နည်းနည်းလေးပြောတာနဲ့ ထိ၊

ဆို ပြန်တော့

ဟိုးအရင်ကလို ဘဲ

ကြမ်းကြား လေး ကြာ းမကြား ရ အောင် တီးတိုးငြင်သာခဲ့ရပြန်ပါတယ်။

 

(စကား ကို တောင် တိုး တိုး ညင်သာ

ညအမှောင်ထဲမှ ပြော ဆို ရဲ တယ်) လို့ စိုင်းခမ်း သီရဲ့ သီချင်းတစ်ပုဒ်မှာ

ဆိုထားခဲ့ ဘူးပါ တယ်။

အဲဒီ အတိုင်းပါဘဲ နှစ် ပေါင်းများ စွာ ပါးစပ်ပိတ်နုတ်ပိတ်နေခဲ့ကြရ ပြန် ပါတယ်။

 

ကိုယ့် စိတ်ထဲ က ခံ စား ချက်တွေ ကို ရေး ပြန်ရင်လဲ ပိတ်ပင် ထားတဲ့

“ရေစစ်ကြီး” ကို ဖြတ်သွားနိုင်အောင် ဝင်္ကဝုတ္တိလင်္ကာတွေသုံးလို့

“မအေးမြင့် “တွေ

“ဘို ညု ိ “ တွေ

“ဆေးလိပ် တို” တွေ

“မောင်သိန်းလွင် “တွေ

လုပ်ခဲ့ ကြ ရ တာ လဲ အများအသိပါဘဲ။

ဒါမှကို်ယ်ပြောချင် ရေးချင် တာလေးတွေ ပြောလို့ ရမှာကိုးဗျ။

အဲဒီအချိန်ကစပြီး ကျနော် တို့ ရင် ထဲမှာပြောစရာတွေနဲ့ ပြည့်ကျပ်

ညှပ်သိပ်လာပါတယ်။

၂၀၀ဝပြည့်နှစ် အလွန်ကာလများမှာတော့  အရင် က

အင်္ဂလိပ်ဘာသာ နဲ့ သာရေးလို့ရတဲ့

“အင်တာနက်”ဆိုတာကြီးက မြန်မာဘာသာနဲ့ ရေးလို့ရပြီဆိုတဲ့

အခါမှာ

ဒိုမိန်းတွေ

ကိုယ်ပိုင် ဝက် ဆိုဒ်တွေ နဲ့

လူအများဝင်ရောက်ရေးလို့ ရ တဲ့

ဝက်ဆိုဒ် တွေ ပေါ် ပေါက်လာခဲ့ပါတယ်။

၂၀၀၉ခုနှစ်က စပြီး အင် တာ နက် လိုင်းပေါ်က

ဖေ့စ်ဘုတ်မှာဂျီမေးလ်မှာ ၊နိုင်ဆိုဒ်တွေမှာ၊

ကို်ယ်ပိုင်ဝက်ဆိုက်တွေမှာ၊

ဒိုမိန်းတွေမှာ၊

ဘဝမှန်ကို ကာက ွယ် ထားတဲ့ မလုံ့ တလုံ မျက်နှာဖုံး တွေ

စွပ်ပြီး ရင် ထဲ က ခံ စား ချက် အမှန်တွေကိုဖွင့် အံ ခဲ့ ကြ ပါတယ်။

ကိုယ် ပေး ချင် တဲ့ နာ မယ ်ပေး၊

ကိုယ်ပေးချင်တဲ့ ကိုယ်ရေး အချက်အလက်ကိုပေး၊

ကိုယ်ရေး ချင် တာ ရေး၊

ဝေဖန်ချင်သလို ဝေဖန်၊

ဆဲချင် သလို ဆဲ ဆိုလို့ ရ ကြတယ်  ဆို ပေမယ့်

ဘယ်အချိန်များ ငါ့ ကို သိသွားပြီး လာေ ခါ် မလဲ ဆို တဲ့

တထိတ်ထိတ်နဲ့ နေရ ခဲ့ ကြ ရ တာ အမှန် ပါ ဘဲ။

အဲ လို ပြော လိုက် ဆို လိုက် ရ တဲ့ အခါမှာ

ရင် ထဲ မှာ ရှိ နေ တဲ့ မကျေနပ်ခြင်း အစိုင်အခဲ တွေ

လျော့ ပါး သွား တာ အမှန် ပါဘဲ။

 

*********************************

၂၀၁၂ မြန်မာပြည် ရဲ့ နိုင်ငံရေး ရေ စီး ကြောင်း

အပြောင်း အလဲ မှာတော့

အပြည့် အဝ မဟုတ်ပေ မယ့် အရင်က မရ ဘူးတ ဲ့

လွတ်လပ်ခွင် ့ကို စတင် ခံ စား ခဲ့ ကြ ရပါ တယ်။

ဒီအချိန်မှာ

“ကီး ဘုတ်ပေါ်က သူရဲကောင်းများ”

“ကီးဘုတ် ပေါ်က အမျုးိ ချစ် သူ များ  “

“ ကီးဘုတ်ပေါ်က ကယ် တင်ရှင်များ “

တွေ လဲ အုံနဲ့ကျင်း နဲ့ ပေါ်ထွန်းလာသလို

အရင်က” ကာ “ထားခဲ့ တဲ့ မျက်နှာဖုံးတွေကိုလဲ

ခွာချ သူ က

ခွာ ချ လို့ လာပါ တယ်။

ခွာ ဆို အရင် လို မှ မဖမ်းေ တာ့ တာကိုး။

ပိုထူးခြားတာက အင် တာ နက် သုံး စွဲ သူ ကို

“ရာဇဝတ်သား”လောက်သတ်မှတ်ထားတဲ့သူတွေကိုယ်တိုင်

အင် တာ နက် စာမျက်နှာတွေပေါ်မှာ ပေါ်ပေါ်တင် တင် နေရာယူ လာ ကြ ပါတယ်။

အစိုးရ အဖွဲ့ ဝင်များ၊ အစိုးရရုံးများ က လည်း ကိုယ်ပိုင် ဝက် ဆိုဒ်တွေလွှင့် တင်။

ပြောရေး ဆိုခွင့် ရှိ သူ များ ကိုယ်တိုင်ကလဲ ဖေစ်ဘုတ် မှာကိုယ်ပိုင်စာမျက်နှာတွေထူထောင်ပြီး တရားဝင်ရေး ကြ

ဖြေ ကြ နဲ့ ပွင့် လင်းမြင်သာဖြစ် ခဲ့ လို့ လာ ပါတယ်။

 

ဒီကာလမှာ အရင် နှစ် ပေါင်း များ စွာ က နဲ့ မတူခြားနား သော

အခွင့် အရေး တွေကို အင် တာ နက် သုံး စွဲ သူ များ ရ လာ ပါ တယ်။

(မပု တု ကော် နက် ရှင်မ ကောင်း တာက တော့ ခြွင်းချက်ပါ)

နိုင်ငံပိုင်သတင်းစာကလွဲရင် ဂျာနယ်တွေမှာ ဖေစ်ဘုတ်စာမျက်နှာမှာ

အရင်ကနာ မယ် ကို တောင် ရဲရဲ မခေါ် ရဲ တဲ့ ဘဝ က နေ

အဖြစ်ဟောင်းတွေကို မြေလှန်ဖော်ပြ ပြီ း

ပယ်ပယ်နယ်နယ် တွယ် လို့ ရ တဲ့ အထိကို လွတ်လပ်လို့လာပါတယ်။

အဲ တော့လဲ သတိ္တရှင် တွေက

ပက်ပက်စက်စက်ကို ဆဲလိုက်ဖြဲ လို်က် ကြ တာ အား ပါး တရ ကြီး ပါဘဲ။

 

ဒီခေတ်ကြီးရဲ့မီဒီယာပျံ့နှံ့ပုံကတော့ မယုံနိုင်လောက်အောင်ကိုမြန်လှပါတယ်။

မန်းလေးမြို့မှာ ညသန်းခေါင်မီးလောင်တာ အမေရိကန်မှာနေတဲ့သူကချက်ခြင်းသိ။

ရန်ကုန်ကမ္ဘာအေးကုန်းကျော်တံတားပေါ်က ည နှစ်နာရီကားပြုတ်ကျပြိးလူသေတာ

အဲဒီနားက ရပ်ကွက်ကလူတွေမ သိ ပေ မယ် ့ ဂျပန်ပြည်ကိုရောက်နေတဲ့လူက

ချက်ခြင်းသိ။

ရန်ကုန်မန်းလေးအမြန်လမ်းမကြီးပေါ်မှာ မိုးတွေရွာနေတုန်းကားတိုက်တာလဲ                          စင်္ကာပူက လူ ကချက်ခြင်းသိ။

အဲလို အဲလိုကိုမြန်တာပါ။

ဒီဖေစ်ဘုတ်က တကယ့်ကို အသုံးတည့် လှပါတယ်။

တစ်ယောက်ယောက်က တစ်ခုခုရေးလိုက်ပြီဆိုတာနဲ့

ချက်ခြင်းဘဲ ကောင်မင်းတွေတက် လာ ပြီး အပြန် အလှန်ရေးကြ

ဝေဖန်ကြ။

ထောက်ခံသူနဲ့ ကန့်ကွက်သူ

သဘောတူသူနဲ့ မတူသူ

အပြန်အလှန်ငြင်းကြ ခုန်ကြ ဆွေးနွေး ကြ

ဖဲ့ ကြ ရွှဲ့ကြ

စောင်ကြ ဆဲ ကြ နဲ့ တကယ်ကိုစည်စည်ကားကားပါဘဲ။

ဟုတ်တာ မဟုတ် တာ အပ ထား

မှန် တာ မမှန်တာ အပ ထား

ကိုယ့်စိတ်ထဲ ကိုယ်ရှိတာကို ပြောခွင့် ရ တဲ့ အခါမှာတော့

စိတ်ထဲမှာ မကျေနပ်ခြင်း ဆို တာ တွေ့လျော့ပါးသွားတော့

နည်းနည်းလေးတော့ နေ သာ ထိုင် သာ ရှိ သွား သလို ပါ ဘဲ။

&

အရင်က ဆို ရင် တိုင်းပြည်အုပ်ချုပ်သူကို မဆို ထားနဲ့

ရပ်ကွက်က ဟိုအဖွဲ့အစည်းဒီအဖွဲ့ အစည်းမှာ ဘယ်ရာထူး

ဘယ်နေရာ မှာ ရှိ နေမှန်း မ သိ တဲ့ သူ ကို တောင် မှ ငုံ့ခံခဲ့ကြရတာပါ။

အခု တော့ လဲ အရင်ကနဲ့ လား လားမ  မတူ။

နည်းနည်းစကား မမှား နဲ့ မှားတာနဲ့ဝိုင်းပြီး

ထောက်ပြ လို့ရ

ဖြဲ လို့ ရ

ဆဲလို့ ရ

ဝေ ဖန်လို့ ရလာ ပ ါတယ်။

ကျ နော် စဉ်း စား လို့ မရ တာ တစ် ခု ရှိ ပ ါတယ်။

ဟိုအရင်ခေတ်က လူ ကြီး တွေပြော တာ ဆို တာ ကို ပြန် ပြောခွင့် မရ တဲ့ အချိန်မှာ

စကား မှားေ ပြာ တယ် ဆို တာ မရှိသလောက်။

( တစ်ခုတော့ ရှိ ပါ တယ ်မီဒီယာတွေ လွပ် လပ် ဖော်ပြခွင့် မရှိ လို့ မသိလိုက်တာ လဲ ဖြစ်နိုင်ပါတယ်။)

ဒါပေမယ့် ဒီလို ပြောရဲ ဆို ရဲ တဲ့ ခေတ်မှာ မှ

ထိပ်ပိုင်းကလူ ကြီးတွေက စကား ပြောတာတွေက စောင့်ထိန်းမူ့ မရှီ။

စိန်ခေါ်တာ လိုုလို

ဂရုမစိုက်တာလို လို

စဉ်းစားဉာဏ်ဘဲမရှိတာလိုလို

နဲ့ လက်လွတ်စံပယ် စကားတွေပြော လာ ကြ ပါတယ်။

(သတင်းကို ပြန်လည်ဖော်ပြသူက အပြည့် အစုံမဖော်ပြဘဲ

ပြဿ နာ ဖြစ်လောက်မယ့် စကားလုံးလောက်ရွေးဖော်ပြ တာလဲဖြစ်နိုင်ပါတယ်။)

 

မီးပျက်လို့လမ်းပေါ်ထွက်လာတော့

ဖယောင်းတိုင်ထွန်းပြီးအိမ်ထဲ နေပါ အကြံ ပေးသူ ရှိသလို

နွားနို့သောက်ခိုင်းသူ

ထမင်းတစ်နပ်စားပြီးအကြွေးဆပ်ခိုင်းသူ၊

နယ်လှည့်ပြီးပါးရိုက်ခဲ့ တယ်လို့ မိုက်ကယ်လုပ်ပြသူ

ကျပ်၂၀၀ဝဆိုရင် တစ်နေ့ တာဖူလုံပါတယ်ပြောသူ

အမေရိကန်နိုင်ငံ နဲ့ လူ နေမူ့စနစ်သိပ်မကွာတော့ ဘူးလို့ပြောသူ

ဆို တဲ့ ဉာဏ်ကြီးရှင်တွေပေါ်ထွန်းလို့ လာပါ တယ်။

 

ဒီလိုပြော သွားတာက သူ တို့ ဘဲ တကယ်အပြောမှားသလား

တမင်ဘဲပြောသွားသလား၊

သူတို့ပြောတာထဲက နေ ပြ ဿနာ ဖြစ် လောက်တဲ့ အစလေး

ဆွဲထုတ်ပြီးဘဲ ဖွသလား ကတော့ ကာယကံ ရှင်တွေမှ ဘဲ သိကြ မယ်။

ဘာဖြစ်ဖြစ်ဒီလို သ တင်းလေး တက် လာ ပြီဆိုတာနဲ့

ဖွဘုတ်ဝိုင်းတော်သားတွေက အားရ ပါ း ရ ကို ဝိုင်းပြီး

ဆော်ပလော်တီးကြပါတယ်။

ချက်နဲ့ လက် နဲ့ အဆီအသား ပါ ပါ ပြော သူ ရှိ သလို

ရမ်းသမ်းပြီး ကေ လာ် တုတ်တဲ့ လူတွေလဲရှီကြပါတယ်။

 

ဟိုးအရင်က

ပန်း တဲ့ ပေါက်တာလ ဲ နာ ချင် တယ် ဆို တဲ့ လူတန်းစားတွေက

အခု ချိန် မှာ ဒီလောက်ကြမ်းကြမ်းတမ်းတမ်းဝေဖန်တ ာတောင်မှ

ဘာမှ မဖြေရှင်း

ဘာမှ မတုန့်ပြန်

ဘာမှ အရေး မယူ

ဘာဆိုဘာမှ မလုပ် တာက

တကယ့် ကိုအံ့ဖွယ်တစ်ပါးပါဘဲ။

 

 

ခွင့်လွှတ်ဘဲထားတာလား

သည်းခံခြင်းတရားတွေနဲ့ဘဲပြည့်စုံသွားသလား

ပြော ချင် ရာပြော မောရင် ရပ်သွားမယ်လို့ သဘောထားသလား

အရေးစိုက်လောက်စရာ လို့ ခေါင်းထဲ ထည့် မထားလို့ လား

စဉ်းစားစရာတွေကတော့ အများကြီးပါဘဲ။

 

သေချာတာ တစ်ခုကတော့ ကိစ္စ တစ်ခုရယ်လို့ဖြစ်လာရင်အခုလို

ချက်ခြင်းတန်းပြီး ကိုယ်ပြောချင် သလောက်ပြောလိုက်ရတော့

လောလောဆယ်တော့ ကျေ နပ် သွားတာအမှန်။

ဘာအစိုင်အခဲမှလဲ မကျန်လို်က်။

 

အင်း

မတွေး စကောင်း တွေး စကောင်း

မထင်စကောင်း ထင်စကောင်း

မပြော စကောင်းပြောစကောင်း

ပြော များ ပြော ကြည့် ရမယ်ဆိုရင်

ကျနော် တို့ တစ် တွေစိတ်ထဲမှာ

မကျေနပ်မူ့ အစိုင်အခဲ တွေဖြစ်       မလာအောင်

မကျေနပ်မူ့ တွေ ထုထည်ကြီး          မလာအောင်

တမင်သက်သက်များဖောက်ခွဲလို့ ရအောင်

လမ်းစ တွေ

ဖန်တီး နေသလားလို့ တွေး မိ ပါ တယ်။

အဲဒီ အတွေး တွေဝင်လာမိတော့

သူတို့ တစ်တွေရဲ့ လှည့်ကွက်ထဲများ ကျနော်တို့

ကျေ ကျေ နပ်  နပ်ကြီး ဝင် နေ မိ ပြိလားဆိုတာကိုပါဘဲ။

 

 

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး

10-6-2014

 

 
 

 

 

 

 

 

 

 

 

 

 

 

 

 

16 comments

  • ခင် ခ

    June 12, 2014 at 1:47 pm

    သူတို့လှည့်ကွက်ထဲ ဆိုလို့ ငယ်ငယ်က ရဟတ်စီးတာသွားသတိရတယ်။ အစကို တစ်ပတ်ရောက်လိုက် တွန်းထုတ်လိုက် နောက်တစ်ပတ်လည်လိုက် အစကို ပြန်ရောက်လိုက် တစ်ခါတွန်းထုတ်လိုက်နဲ့ တပတ်ထပ်လည်လိုက်နဲ့ အဲလို အဲလိုပေါ့ဗျာ။

  • kyeemite

    June 12, 2014 at 3:22 pm

    ကိုပေါက်တွေးတာလည်းတွေးတာပေါ့…ဒါပေမဲ့ကိုပေါက်ပြောသလို……
    “သေချာတာ တစ်ခုကတော့ ကိစ္စ တစ်ခုရယ်လို့ဖြစ်လာရင်အခုလို
    ချက်ခြင်းတန်းပြီး ကိုယ်ပြောချင် သလောက်ပြောလိုက်ရတော့
    လောလောဆယ်တော့ ကျေ နပ် သွားတာအမှန်။
    ဘာအစိုင်အခဲမှလဲ မကျန်လို်က်။”
    တခဏတာတော့ ကျေနပ်သွားသလို..ပေါ့သွားသလိုရှိပေမဲ့..တကယ်တော့မေ့ပျောက်မသွားနိုင်ကြပါဘူးဗျာ..
    ရင်ထဲ ကျန်နေဆဲပါ…

  • Mr. MarGa

    June 12, 2014 at 5:28 pm

    လှည့်ကွက် ဟုတ်၏ မဟုတ်၏ ဆိုတာကို
    ရလာဒ် ထွက်လာရင် သိမှာပေါ့လေ…
    အဲ…. ပြန်ပြင်ဖို့ နောက်ထပ် အချိန်ထပ်ယူရမှာကတော့ ချွင်းချက် ပေါ့

  • ကို မိုက်စ်

    ရင် ထဲ မှာကျန် နေ မှာ ဖြစ ်ပေ မယ့်

    အရှိန် မရှိ

    တွန်း အားမရှိ

    ြုဖစ်သွား ပါ တယ်

  • kai

    June 12, 2014 at 5:47 pm

    ကုလသမဂ္ဂအယူအရတော့.. လွတ်လပ်စွာပြောဆိုစည်းရုံးခွင့်ဟာ.. ဒီမိုကရေစီရဲ့ အခြေခံအကျဆုံး အခွင့်တခုပဲ..။
    ဒါကို သံသယဖြစ်ရန်မလိုပါ..။

    အဲဒါရပြီးတော့မှ.. ဒီမိုကရေစီမရသေးဘူးဆိုရင်.. တခုခု.. အကြီးအကျယ်မှားနေပြီလို့.. သိကြရမယ်..။
    အဲဒီတခုခုကို.. ရအောင်ရှာပြီး ပြင်သင့်လှတယ်..။

  • သိပ်မှန်တာပေါ့ ကို ခိုင်

    လွတ်လပ်စွာ ပြောဆို စည်း ရုံ့းခွင့် ဆို တာ လိုအပ်လှ ပါ တယ်။

    ဒါ ပေမယ့် ရ လာ တဲ ့ လွပ်လပ်ခွင့်ကိုလည်း နည်း လမ်း ကျကျနဲ့ ကိုယ့် အတွက်အဖိုးတန်အောင်အသုံးချနို်င် ဘို့ လိုပါ တယ်။

    ဟိုး အရင်ကထက် စာ ရင ် လွတ်လပ်ခွင့် အများကြီး ရ လာ တာ အမှန် ပါ ဘဲ။

    အလွယ်ဆုံးပြောရရင် လက်ရှိ အ နေ အထား က

    ကိုယ်လက် ထဲ ရောက်လာ တဲ့ မုန့် ကို ကုန်အောင် မစား သေး ဘဲ

    ပေး တဲ့ မုန့် ကေ သး တယ် လို့ ဆို နေတဲ့ အနေအ ထား ဖြစ် နေပါတယ်။

    ဒါ က ဘယ် ဘက်မှ မလို်က် ဘဲ ပ က တိ အမြင် အတိုင်း ပြော တာပါ။

  • ကေဇီ

    June 12, 2014 at 6:25 pm

    ခါတလေ ကလေးကွက်တွေနဲ့ ကစားခံနေရတာတော့ ကိုယ် အသုံးမကျရာရောက်သဗျာ။

    😥

  • အဲ ဒီ ကလေး ကွက် လေး တွေ ကိုဘဲ

    အသဲ အသန် ကြီး တုံ့ပြန်ကြ တော့ အလဟဿအားကုန် တာ ပေါ့

    ဇာ ကြီး ရေ

  • black chaw

    June 13, 2014 at 8:24 pm

    လှည့်ကွက်မှန်း သိသိ ကြီးနဲ့ ခံနေရတာပါပဲ ကိုပေါက်ရေ…။

  • ဟုတ် ပါ့ ကိုေ ချာ ရေ

    ဒီ လှည့်ကွက်ကြီး ကို ကျနော် တို့က ရင်ဘတ်ကြီးန ဲ့ခံစားပြီး မျော သွား မှာ စိုးလို ့ ရေးတာပါခင်ဗျာ

  • ဝင့်ပြုံးမြင့်

    June 15, 2014 at 12:27 am

    နောက်တစ်ကြိမ် အာဏာသိမ်းတော့ အားလုံး ကွိခနဲ ပေါ့နော်။

  • Foreign Resident

    June 15, 2014 at 9:52 am

    ” မွေး လွန် ခဲ့ သော 56 နှစ် က သေ ခဏ နေ ရင် လဲ ဖြစ် နို်င် တယ်
    က ရ ကာဋ် ဖွား ဆို တော့ ကန် ့ လန့် သွား တယ် ”

    ကိုပေါက် ။
    အဲဒဟာကြီးက ဘယ်လိုဖြစ်နေတာလဲဗျ ။
    ပြန်ပြင်လိုက်ပါဦး ။

  • အော် ကို ဖော က လဲ ကို်ယ်ရေး ရာဇဝင် အတိုေ ကာက်လေ
    နောက်လ ဆို ရင် အဲ ဒီ စာ သား ပြင် ရ တော့ မယ်

    မွေးလွန်ခဲ့ သော 57နှစ် လို့

Leave a Reply