လမ်​းပြကြယ်​အလွဲ မြေပုံအမှား နှင်​့ ခရီးသွားများ

naywoon niJune 12, 20141min1348

ငါတို့အားကိုးရာ
လမ်​းပြကြယ်​​တွေကိုယ်​တိုင်​က
သူ့လမ်​း​ကြောင်​းနဲ့ဝင်​ရိုးကိုမထိမ်​းချုပ်​နိုင်​​သေးဘူး ။
ဒီ​တော့ ​ခေါင်​း​ဆောင်​လုပ်​တဲ့သူ​တွေခမြာလဲ
​တောနက်​ထဲမှာလမ်​း​တွေ​ပျောက်​လို့
အားကြီးတဲ့သူ​တွေက​တော့
ဆင်​သွားရင်​လမ်​းဖြစ်​တယ်​ဆိုပြီး
သူတို့လမ်​းသူတို့ထွင်​
ထင်​ရာစိုင်​းလို့​ကောင်​းတုန်​း
​မြေပုံ
လမ်​းပြမဲ့​မြေပုံကလည်​း
​မြေပြင်​အ​ခြေအ​နေနဲ့မကိုက်​
စ​ကေး​တွေလွဲလိုလွဲ
အညွှန်​း​တွေမှားလိုမှားနဲ့
ငါတို့​နောက်​လိုက်​ခရီးသွား​တွေက​တော့
လမ်​းပြကြယ်​ကိုကြည်​့လိုက်​
​ခေါင်​း​ဆောင်​ကိုကြည်​့လိုက်​
ထင်​ရာစိုင်​း တစ်​​ဇောက်​ကန်​း​တွေကိုကြည်​့လိုက်​နဲ့
သူမှားတယ်​ ငါမှန်​တယ်​ငြင်​းခုန်​ရုံကလွဲပြီး
ဘာမှမလုပ်​နိုင်​ပဲ
စားလိုက်​ အိပ်​လိုက်​ ငြင်​းခုံလိုက်​
အချိန်​ကုန်​​နေကြတာပဲ ။
လမ်​းပြကြယ်​ ကိုထိန်​းချုပ်​ဖို့မကြိုးစားဘူး ။
ခရီးသွား​ခေါင်​း​ဆောင်​ကို ကူညီဖို့ ဒါမှမဟုတ်​ ကိုယ်​တိုင်​​ခေါင်​း​ဆောင်​ဖို့ မကြိုးစားဘူး
​မြေပုံအမှားကို ပြင်​​ရေးဖို့မကြိုးစားဘူး
​ရောက်​ရာ​နေရာမှာပဲ စတည်​းချ
ရပ်​​နေကြမဲ့ပုံ ။

​နေဝန်​းနီ

8 comments

  • ခင် ခ

    June 12, 2014 at 8:02 am

    တစ်ခါတလေ စိတ်ပေါက်ပေါက်နဲ့ ပြင်ရေးလိုက်ချင်တာပေါ့ဗျာ ဒါပေမယ့် စွန့်လွှတ်တူညီစိတ်ရှိတဲ့အင်အားလိုပြန်တော့လည်း မာန်လျော့ကာနေရင်း အချိန်တွေလည်း လစ်ဟင်းဖြစ်နေတာလေ

  • alinsett (gazette)

    June 12, 2014 at 1:19 pm

    ဆင်သွားရင် လမ်းဖြစ်တယ်
    ဆင်တချို့ကတော့ . . .
    သူ့နှာမောင်း သူပြန် နင်းပြီး အိုးနင်းခွက်နင်းးး

    လိုက် မလျှောက်ချင်ဘူး

    😆

  • kyeemite

    June 12, 2014 at 4:23 pm

    အတွေးကောင်းအရေးကောင်း…မိုက်တယ်ဗျာ

  • kai

    June 12, 2014 at 4:50 pm

    ဒေါ်အောင်ဆန်းစုကြည် လွန်တဲ့နေ့တွေးတွေး.. ရင်လေးမိတယ်..။

  • Mr. MarGa

    June 12, 2014 at 5:22 pm

    သွားကြပါစို့ လေ
    ဝိုင်းကြီးပတ်ပတ် ဒူဝေဝေ………..

  • ကေဇီ

    June 12, 2014 at 6:29 pm

    ဒီ ကြားထဲ ခေါင်းဆောင် က တောက်တုန်းမကျ !!

    မိဘပြည်သူများ ခံဗျားးးးး

    😥

  • naywoon ni

    June 13, 2014 at 12:05 am

    ရွာထဲကလူ​တွေလည်​း ရာသီစာ ​တော်​​တော်​များများ ဖတ်​ထားကြပြီနဲ့ တူရဲ့ နဲနဲ စမိတာနဲ့ ခြုံငုံ သုံးသပ်​သွားကြလို့ ကျ​နော်​လည်​း ရာသီစာ ဖတ်​ပြီး ရင်​ကျပ်​ အဲ့ မွန်​းကြပ်​​နေတာနဲ့ ဒီကဗျာ​လေး ချ​ရေးမိတာ ။

Leave a Reply