ဘာမူဒါ တြိဂံ

Yin Nyine NwayAugust 12, 20101min781


Bermuda Triangle (ဘာမူဒါ တြိဂံ) ကို လူတိုင်းကြားဖူးမှာဖြစ်ပါတယ်။ Devil’s
Triangle လို့လဲ တမျိုးတဖုန်သိကြပါသေးတယ်။ ထိုနေရာကတော့ အတ္တလန်တိတ်သမုဒ္ဒ မြောက်ဖက်
ပိုင်းမှာတည်ရှိပါတယ်။ ရေပူရအားဖြင့်တော့ Miami, FloridaSan, Juan, Puerto Rico
Bermuda ကျွန်တွေ အလည်မှာဖြစ်ပါတယ်။ ထိုနေရာကိုရောက်သွားရင် အထူးသဖြင့် သင်္ဘော ၊
လေယာဉ် တို့ဟာ ထူးထူးဆန်းဆန်းပျောက်ကွယ်သွားကြပါတယ်။ (ကားနဲ့သွားလို့မရလို့
ကားနဲ့သွားလို့ ရင် ကားလည်းပျောက်အုံးမှာ) ယာဉ်တွေမှာတပ်ဆင်ထားတဲ့ အသံလွင့်စနစ်
အဆက်အသွယ်ပြုလုပ်တဲ့ စနစ်တွေပါ အလိုအလျှောက် ပျောက်သွားကြပါတယ်။ လူတွေကတော့
အမျိုးမျိုးထင်ကြေးပေး ကြပါတယ်။

လူအချို့မှ သူတို့ရဲ့တီထွင်ထားမှု လျှိူဝှက်မှု့ကို မသိစေခြင်လို့ လာသမျှယာဉ်တွေကို ပစ်ချ
လိုက်ကြတာဖြစ်တယ်လို့ ဆိုသူကဆို၊ ကမာ္ဘ့ သံလိုက်စက်ကွင်း အလယ်ဗဟို အားအပြင်း
ဆုံးနေရာလို့ ဆိုသူကဆိုကြပါတယ်။ ကြိမ်းသေတာတစ်ခုကတော့ ပျောက်သွားတာဘဲဖြစ်ပါတယ်။
ခရစ္စဖာကိုလံဘတ် ရဲ့ ပထမဆုံး ၁၄၉၂ ခုနှစ် သူ့ရဲ့ ရေမှတ်ချက် စာအုပ်ထဲမှာတော့
ထိုနေရာကို ထူးဆန်းတဲ့အလင်းရောင်များထွက်ပေါ်နေပြီး လေထု ငြိမ်သက်မှု့မရှိဘူးလို့
ဖော်ပြခဲ့ပါတယ်။ ထိုအခြေအနေက မကြာလိုက်ပါဘူး နောက်ပိုင်းမှာတော့ သင်္ဘောတွေ
ပျောက်ကွယ်ဇာတ်လမ်း စခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ပျောက်ဆုံးသွားသော လေယာဉ်များ


ပထမဆုံး သိသိသာသာကြီး ပျောက်ကွယ်မှု့ဖြစ်ခဲ့တာကတော့ ၁၉၄၅ ခုနှစ် ဒီဇင်ဘာလ ၅
ရက်နေ့မှာ အမေရိကန် ရေတပ်မှ လေယာဉ်တင်သင်္ဘော မှ လေယာဉ် ၁၉ စင်း လေ့ကျင့် ပျံသန်း
မှု့လုပ်နေစဉ် ဖလော်ရီဒါ ကမ်းရိုးတမ်းမှာ ၅ စီးနှင့် လေသူရဲ ၁၄ ယောက်
ပျောက်ကွယ်သွားခဲ့ပါတယ်။ ဘာကြောင့်မှန်း မသိဘဲ ပျောက်သွားတဲ့ ကိစ္စကိုဖော်ထုတ်ဖို့အတွက်
ထိုနေ့မှာတင် နောက်ထပ် လေယာဉ်နာမ်ပါတ် ၅၉၂၂၅ လွတ်ပြီး ရှာခိုင်းခဲ့ပါတယ်။ ဒါပေမဲ့
ရှာခိုင်းတဲ့လေယာဉ်နှင့်အတူ လိုက်ပါသွားသူ ၁၃ ယောက်စလုံးလည်း ပျောက်သွားခဲ့ပါတယ်။
သတင်းအများစုကတော့ ထိုကိစ္စနဲ့ပါတ်သက်ပြီး ကောင်းကင်ပေါ်မှာ ရာသီဥတု အခြေအနေ
ရုတ်တရက် ဆိုးရွားလာမှု့ကြောင့် ဖြစ်တယ် လို့ သတင်းထုတ်ပြန်ကြပါတယ်။

၁၉၄၈ ဇန်နဝါရီလ ၃ဝ ရက်မှာလည်း G-AHNP Star Tiger လေယာဉ်ဟာ Santa Maria လေဆိတ်မှ
Kindley Field ကိုပျံသန်းလာစဉ်မှာလည်း လေယာဉ် အလုပ်သမား ၆ ယောက်နှင့် ခရီးသယ် ၂၅
ယောက်ပါ ပျောက်ကွယ်သွားခဲ့ပြန်ပါတယ်။

၁၉၄၈ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ (San Juan မှ Puerto Rico) (Puerto Rico မှ Miami)သို့
ပျံသန်းပြေးဆွဲနေသော လေယာဉ်အမှတ်စဉ် DC-3 NC16002 ဟာ လေယာဉ်အလုပ်သမား ၃ ယောက်နှင့်
ခရီးသယ် ၂၉ ယောက်တို့ဟာလည်း Bermuda Triangle ပျောက်သွားခဲ့ပါတယ်။

၁၉၄၉ ဇန်နဝါရီလ ၁ရ ရက်နေ့မှာ G-AGRE Star Ariel လေယာဉ်ဟာ Kindley Field, Bermuda
မှ ဂျမေကာ ကင်းစတုန်း လေဆိတ် သို့ ပျံသန်းလာလာစဉ် Bermuda Triangle တွင်
လေယာဉ်အလုပ်သမား ရ ယောက်နှင့် ခရီးသယ် ၁၃ ယောက်တို့ဟာလဲ ပျောက်ဆုံးသွားခဲ့ပါတယ်။

သင်္ဘောများ


၁၈၄၃ မတ်လ ၁၅ ရက်နေ့ တွင် USS Grampus ရွက်လှေ ပျောက်သွားခဲ့ပါတယ်။

၁၉၁၈ မတ်လ ၄ ရက် တွင် Baltimore မှ Maryland သို့ခရီစဉ်တွင် သင်္ဘောသား ၃ဝ၆
ယောက်နှင့်အတူ ပျောက်သွားခဲ့ပါတယ်။
>

One comment

Leave a Reply