Bitter

Kaung Kin PyarJune 12, 20141min1928

“Bitter”

အဲ့ဒီ…ကောင်းကင်အောက်….

အဲ့ဒီ…လွင်ပြင်ကျယ် ကျတ်ကုန်းမှာ…

နတ်ဆိုးတွေ..ကခုန်နေကြတယ်…

မြင်းရိုင်းတွေလဲ..ပဒက်ရပ် မြူးထူးလို့…

ပင်လယ်ပြင် ဒီလှိုင်းတွေ..တဝုန်းဝုန်းပေါ်မှာ…

လေနီကြမ်းတွေ..ဖြတ်သန်းးးးး….

:

:

အင်းးးးးးးးးးးးးး

ငါ အသက်ရှုကြပ်တယ်…

ကိုယ်ပေါ်က ကြိုးတွေ ဖြည်လျှော့ပါ….

အတောင်ပံတစ်စုံ ဘယ်တော့ ရနိုင်မလဲ…

ငါ ပျံသန်းချင်ပြီ….။………။

ကောင်းကင်ပြာ

8 comments

  • ဦးကြောင်ကြီး

    June 12, 2014 at 11:38 am

    ကင်းကောင်ပြာလေးဂို ဗိုက်ချဉ်သယ်..

  • Kaung Kin Pyar

    June 12, 2014 at 11:55 am

    ဘယ်သူများလဲလို့…
    ဦးကြောင်ဂျီးးးးး

  • alinsett (gazette)

    June 12, 2014 at 1:07 pm

    ပျံသန်းဖို့ တချို့လူတွေက အတောင်ပံကိုရှာနေချိန်မှာ
    ကျနော်ကတော့
    ကျနော်ပျောက်လို့ လိုက်ရှာနေတယ်

  • Kaung Kin Pyar

    June 12, 2014 at 1:16 pm

    အလက်ဆင်းလဲ…ကိုယ့်ကိုယ်ကို ရှာတွေ့ပါစေ….
    ကောင်းကင်ပြာလဲ…အတောင်ပံရှာတွေ့ပါစေ…

  • Myo Thant

    June 12, 2014 at 1:56 pm

    မိုးတွေ လေနီကြမ်းတွေ

    များလှတဲ့ ဒီအချိန်မှာ

    တမ်းတမိတာက

    နွေးထွေးတဲ့ ရင်ခွင်တစ်ခုကိုသာ . . . .

  • ကေဇီ

    June 12, 2014 at 6:35 pm

    ခေါင်းစဉ် က
    ခါးတာကို ပြောတာလားးး
    ကဗလာသီးကိုပြောတာလားးးး

    :s:

  • Kaung Kin Pyar

    June 13, 2014 at 8:36 am

    bitter
    (n)
    ခါးခြင်း။ to the bitter end အဆုံးတိုင်အောင်။ bitterness နာကျည်းခြင်း။ အခါး။
    (adj)
    နာကျည်း-ထိခိုက်-စေသော။ ခါးတူးသော။ bitterish ခါးသီးသော။
    (adv)
    bitterly နာကျည်းစွာ။ သည်းသည်းထန်ထန်။

    ခေါင်းစဉ်ကို ဒီအဓိပ္ပါယ်နဲ့ ပေးထားတာ မကေဇီ…။ ကဗလာသီးဆိုလဲ ဟုတ်မယ်ထင်တယ်..။ သူက ခွဲပြီးပြီးချင်းစားရင်တော့ ချိုချဉ်လေးပဲ..။ မစားဘဲ ထားတာကြာရင် ခါးသွားရောလေ…။
    :s:

Leave a Reply