ဝန်ထမ်းအလိုရှိသည် (ပြည်တွင်း၌သာခန့်ထားရန်)

ေမာင္ရိုးJune 12, 20141min24921

 

ယနေ့ … ရန်ကုန်တွင် မိုးရာသီပီပီသသ စလေပြီ ။

အငြိုးတကြီးရွာလေသောမိုးကြောင့်လည်းကောင်း ၊ မြောင်းထဲသို့အမှိုက်ပစ်လေ့ရှိသောကြောင့်လည်းကောင်း ၊ မြောင်းပိတ်ရေလျှံဇတ်လမ်းလည်းစပါပြီ။

နကိုကမှ ကားတွေပိတ်လို့ လမ်းကျပ်လှသော အခြေအနေတွင် ရေကြီးရေလျှံချိန်၌ပြောဖွယ်ရာမရှိ ။

ကျောင်းကား ရုံးကားများနောက်ကျကြသည် ။ အလုအယက်မောင်းကြရင်း ထုံးစံအတိုင်း ပိုဆိုးကုန်လေသည် ။

ဖတ်မိလေသော သတင်းများအရ အချို့သောမြေညီထပ်တို့ ရေဝင်ကုန်ကြသည် ။

စိတ်ဖိစည်းမှုမခံနိုင်သောအမျိုးသမီးတစ်ဦးလည်း မိမိကားပေါ်တက်၍ အပေါ်အဝတ်များချွတ်ပြီးလျှင် ကိုယ်ဟန်ပြလေ၏။

ကျောင်းကြိုကားများနောက်ကျလေသဖြင့် မိဘများ ပြာယာခတ်ကြသည်။

 

 

ဤကဲ့သို့ ဗရုတ်သုက္ခများစွာဖြင့် ဗြုတ်စဗျင်းတောင်းနိုင်လှသောအချိန်တွင်

မော်ဒယ်မတစ်ဦး၏ ချစ်လှစွာသော လင်တော်မောင်မှာ လကမ္ဘာသို့ ပျားရည်ဆမ်းခရီးသွားရန်ကြံနေကြောင်းသိရလေသည် ။

ကောင်းလေစွ … ကောင်းလေစွ

နောင် နှစ်အနည်းငယ်၌ ဗင်းနစ်မြို့ကဲ့သို့ဖြစ်လာနိုင်သောမဟာရန်ကုန်တွင် ရေပေါ်အိမ်သာဆောက်ပြီးစီးပွါးရှာရန်ကြံနေသော မောင်ဆာမိမှာ

အတွေးတစ်ခုရသွားလေတော့သည် ။

 

သို့နှင့် …… .

.

.

.

.

.

.

.

သံလျှင်နတ်စင်တစ်ရာအနီးရှိ ဖုန်းဆိုးမြေတစ်ကွက်ကိုငှါးပြီးလျှင်””လကမ္ဘာအပန်းဖြေစခန်း နှင့် ပရလောက ခရီးသွားလုပ်ငန်း “” အား စတင်အကောင်အထည်ဖေါ်ရန် ဆုံးဖြတ်လိုက်လေတော့သည် ။

ဖုန်းဆိုးမြေရိုင်းဖြစ်သဖြင့် လကမ္ဘာနှင့်တူစေရန် လွယ်ကူစွာဆောင်ရွက်နိုင်မည်ဖြစ်သလို

နတ်စင်တစ်ရာ ဘဘုန်း၏ ခေါ်ဆောင်မှုဖြင့်ရောက်ရှိလာသော

ပရလောကသားတို့ထံ လွယ်ကူစွာ သွားရောက် လည်ပတ်နိုင်မည်ဖြစ်သည် ။

ထိုသို့သော မဟာ့မဟာ စီမံကိန်းကြီးဆောင်ရွက်နိုင်စေရန်

ကျွမ်းကျင်ဝန်ထမ်းများလိုအပ်သည်ဖြစ်ရာ ဝန်ထမ်းခေါ်ယူရန် ကြော်ငြာရလေသည်တမုံ့ :kwi:

 

“ဝန်ထမ်းအလိုရှိသည် ”

 

အောက်ပါအရည်အချင်းဖြင့် ပြည့်စုံသူများသာလျောက်ထားရန် ………

 

ပရလောက ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဌာနခွဲ၌ တာဝန်ထမ်းဆောင်ရန်အတွက် – – –

 

– သရဲ မကြောက်တတ်သူဖြစ်ရမည် ။

– သရဲ ၊ ဖုတ် ၊ ပြိတ္တာများနှင့် ဆက်ဆံရေးပြေပြစ်သူဖြစ်ရမည် ။

– ပရလောက ဘာသာစကား ရေး၊ဖတ်၊ပြော ကျွမ်းကျင်ရမည် ။

– လိုအပ်လျှင် သရဲကဲ့သို့ ပြုမူနေထိုင်တတ်ရမည် ။

– ရုပ်ရည် ချောမော ပြေပြစ်ရန် လုံးဝ (လုံးဝ) မလိုပါ ။

– ကျောင်းဆက်တက်ရန် ၊ နိုင်ငံခြားသွားရန်ရှိသူများ လျောက်ထားရန်မလိုပါ ။

– လျှောက်လွှာတွင် ကိုယ်ရေးအချက်အလက်များပြည့်စုံစွာဖေါ်ပြ၍ သက်ဆိုင်ရာ သင်းချိုင်းစောင့်သုဘရာဇာတစ်ဦးဦး၏ ထောက်ခံချက်မူရင်းကို ပူးတွဲတင်ပြရန် ။

 

 

အထက်ပါလျှောက်လွှာများကို သံလျှင်နတ်စင်တစ်ရာအနီးရှိ

လကမ္ဘာ အပန်းဖြေစခန်း (သွက်ချာပါဒ ကျပ်မပြည့်သူများအစည်အရုံး) သို့

လူကိုယ်တိုင် လာရောက်လျောက်ထားနိုင်ပါသည် ။

 

 

 

 

surmi

ဒါရိုက်တာ

လကမ္ဘာ အပန်းဖြေစခန်းနှင့် ပရလောက ခရီးသွားလုပ်ငန်း

ဖုန်းဆိုးမြေနတ်စင်တစ်ရာ

သံလျင်မြို့နယ်

ရန်ကုန်တိုင်းဒေသကြီး

 

:mrgreen:

 

 

21 comments

  • Mr. MarGa

    June 12, 2014 at 3:10 pm

    သုဘရာဇာများအား ပို၍ဦးစားပေးမည် လို့ရော ထပ်ထည့်ချင်ဘူးလားဗျ 😀

  • pooch

    June 12, 2014 at 4:54 pm

    ဒီမှာတော့ အရမ်းပူလို့ မိုးမျှော်နေရတာ။ ဒီရက်ပိုင်း မိုးရိပ်လေးရှိလို့ နေသာနေတာ။ ရန်ကုန်မိုးကြီးနေတာကြားတော့လည်း စိတ်မကောင်းပါဘူး။ ရာသီတွေကြမ်းတော့ လူတွေလည်း ဂယောက်ဂယက်ဖြစ်ကုန်တာထင်တယ်။

  • Kaung Kin Pyar

    June 12, 2014 at 5:20 pm

    အရည်အချင်းက ပြည့်စုံတယ်။
    CV တောင် ပြင်ပြီးပြီရယ်။
    သုဘရာဇာတစ်ယောက်ဆီမှာ Recommendation တောင်းထားတာကို သူကဈေးကိုင်နေတယ်။
    ဆီအိုးနားမှာ အဝကျွေးဆိုတာကို ပိုက်ပိုက်မတတ်နိုင်လို့ စုလိုက်ဦးမယ်။
    ဒီရာထူး သများဦးသွားမှာစိုးလို့ လာပြေးပြောထားတာ။

  • ကေဇီ

    June 12, 2014 at 6:22 pm

    ရတယ် ဆာဆာ။
    သများ က ရဲရဲ မကြောက်တတ်ဘူး (မမြင်ဖူးလို့)

    မြွေပွေး အဟွာ တိုက်တဲ့ အလုပ်မျိုးမဟုတ်ပြီးသာပဲ။

    အဟွာ = ရေ

    :mrgreen:

  • ခင် ခ

    June 12, 2014 at 10:27 pm

    ဦးဆာမိတို့လုပ်စားတတ်ပုံများ အားကျဖွယ်ပါသကား။
    အဲ ကြုံတုံးလေး ကျုပ်ရောင်းရင်းကြီးကို သတိတစ်ခုတော့ပေးခဲ့အုံးမှ ဌားရမ်းတဲ့ ဖုန်းဆိုးမြေမှာ ဘုန်းတော်ကြီးကျောင်းတော့ မဆောက်လေနဲ့နော် အခန့်မသင့် ချိတ်နဲ့တိုးနေမှာဆိုးလို့

  • ROssI

    June 12, 2014 at 10:36 pm

    သဂျီး တို့ အလွန် နှစ်သက်တဲ့ အလုပ်မျိုးပါ့လား…
    သူက ဒါမိုး သိပ် စပ်စုချင်တာ…

    အာဟိ…

    😛

    • kai

      June 13, 2014 at 1:28 am

      တကယ်ရှိ/မရှိမသေချာတာကို.. သေချာသလိုသဘောထားပြီး.. အရောင်းအဝယ်လုပ်တဲ့ဘစ်ဇနက်ပေါ့..
      ကမ္ဘာ့ဘာသာတရားကြီးတွေနဲ့တော်တော်နီးစပ်တယ်..။
      ဆိုတော့…
      ငရဲပြည်..နတ်ပြည်.. နေစရာနေရာတွေကြိုရောင်းမယ်လေ…။
      ဝယ်ကြမလား..။

      ဘီလီယန်ဘစ်ဇနက်…။ ဘီလီယန်…။ :mrgreen:
      http://www.extremetech.com/extreme/178389-spacex-prepares-to-take-the-biggest-step-towards-affordable-space-travel-soft-landing-the-falcon-9-rocket
      For heavy lift vehicles, which are required to lift large satellites, equipment, and supplies into space, it costs somewhere in the region of $10,000 to lift a single pound ($22,000/kg) into orbit around the Earth. It costs even more if you want to propel that mass out of the Earth’s gravity and over to Mars. For sending astronauts into space, though, NASA currently pays around $70 million per seat aboard the Soyuz space capsule. (A crewed version of SpaceX’s Dragon capsule, DragonRider, is in development, which will reduce the cost per seat to $20 million — but it won’t launch until 2015 at the earliest.)

  • Ma Ma

    June 13, 2014 at 7:42 am

    အချိန်အခါနဲ့ အခြေအနေကိုကြည့်ပြီး ဈေးကွက်မြင်တတ်ပုံက ဒို့ရွာသူားတွေ ကမာ္ဘနဲ့ယှဉ်နိုင်တယ်နောာာာာာာာ 😀

  • kyeemite

    June 13, 2014 at 8:59 am

    ကိုဆာမိရေ…စိတ်ကူးလေးနဲ့ အချိန်ကိုလိုက်ပြီး လာဘ်မြင်တတ်ပုံ သဘောကျသဗျို့…
    ကျုပ်ပါရှယ်ရာပါမယ်ဗျာ.. 😀
    မိမိကားပေါ်တက်၍ အပေါ်အဝတ်များချွတ်ပြီးလျှင် ကိုယ်ဟန်ပြနေသူကိုတော့ တော်တော်အံ့ဩမိပါရဲ့

  • Kaung Kin Pyar

    June 13, 2014 at 9:26 am

    ကောင်းကင်ပြာ အဲ့မှာလုပ်မယ်ဆုံးဖြတ်ထားတော့ အရေးကြီးတာ မေးရဦးမယ်..။ အိုက်နေရာ Wifi မိလားငင်…။ 😀

  • ဦးကျောက်ခဲ

    June 13, 2014 at 9:32 am

    ကျောက်စ်ကတော့ မကြောက်တတ်လို့ ဤအလုပ်ကိုစိတ်ဝင်စားပါသော်လည်း…
    ပရလောကသားတွေ ကျောက်စ်ကို ကြောက်မှာစိုးလို့ ရှော်လိုက်တယ်ဗျာ… အဟိ
    😀

  • black chaw

    June 13, 2014 at 9:37 am

    တားတား … ကြောက်ကြောက်…။
    😀

  • ရွှေတိုက်စိုး

    June 13, 2014 at 2:23 pm

    သရဲမ အလန်းလေးဒွေနဲ.လဲ တွေ.နိုင်ခြေရှိတယ်နော…. ဟေဟေဟေ့.. လစာဘယ်လောက်လဲ ရာထူးက မန်နေဂျာလား ဂျီအမ်လား…. လူတွေနဲ. အလုပ်မလုပ်ချင်တော့ဘူး… သရဲ မန်နေဂျာပဲ လုပ်တော့မယ်.. လျှောက်မယ် လျှောက်မယ်…

  • alinsett (gazette)

    June 13, 2014 at 5:39 pm

    အောက်ပါအရည်အချင်းနဲ့မပြည့်စုံလို့ . . .
    ဒေါ်ဖွားမေ လုပ်မလား မေးကျိဦးမယ်

    :mrgreen:

  • TNA

    June 14, 2014 at 3:36 pm

    အထက်ပါ အရည်အချင်းများပြည့်မှီ ကျော်လွန်နေပါသဖြင့် မော်တော်ဘုတ်ဖယ်ရီစီစဉ်ပေးလျှင် လျှောက်လွှာ တင်ပါမည့်အကြောင်း :mrgreen:

  • မီ မီ

    June 15, 2014 at 1:13 pm


    ဆင်သွားရင် လမ်းဖြစ်တယ်ဆိုတဲ့စကားပုံမှန်နေပါလား

    တရားလည်းကျပါတယ်
    ဒါမျိုးကျတော့ဖြဲတတ်ဖို့လိုတယ် မပြောကြဘူးနော်

    မြန်မာဗုဓ္ဒဘာသာဆရာတော်တပါးကို ရိသဲ့သဲ့လုပ်နေတာ
    အားပေးနေကြတယ်နော်
    လူဟောင်းကြီးတွေဆိုတော့ ပြောမဲ့သူမရှိကြဘူး
    ကျွန်မကိုများပြောလိုက်ကြတာ အဓိပ္ပါယ်နှစ်မျိုးထွက်တဲ့စကားတွေနဲ့
    ဖြဲ တယ် ပြဲ တယ် တဲ့
    ဪ လောကလောက
    သူရဲကောင်းဆိုတာ နိုင်မယ်ထင်မှ လုပ်တတ်ကြတာပါလားနော်

    • အရီးခင်

      June 15, 2014 at 4:17 pm

      ညီမ မီ ရေ

      ရွာထဲ စာဝင်ရေး မှတ်ချက်တွေချ လိုက်ကထဲက တစ်မြေထဲနေ၊ တစ်ရေထဲသောက် ညီအစ်မ တွေလို့ သတ်မှတ်လိုက်ရအောင်။
      ညီမ အရွယ်ထက် ငယ်ရင်တော့ တူမ ပေါ့။ :-))

      မီမီ ပြောတဲ့ {“လူဟောင်းကြီးတွေဆိုတော့ ပြောမဲ့သူမရှိကြဘူး”} ဆိုတာလေးကို ပြောပါရစေ။
      ဒီလို ပြောတာ မီမီ က ပထမဆုံး မဟုတ်ပါ။ အရင် ဒီလို ဘဲ ပြောခဲ့ကြဘူးပါတယ်။
      နားလည်မှုလွဲနေကြတာ လေးမို့ ဒီလို ပြောကြတိုင်းလဲ သိခဲ့ရင် ဖြေရှင်းနေကြမို့ အခုလဲ မီမီ နားလည်မှုလွဲများနေခဲ့ရင် မလွဲ အောင် ဝင်ခဲ့တာပါ။
      အဓိကတော့ ရွာထဲ မှာ မီမီ လို ဆရာ/မလူတန်းစားကို ကိုယ်စားပြုတဲ့ လူ ကို ရွာ့ရဲ့အမာခံအဖြစ် လိုချင်လို့။

      အမာခံဆိုတာ ရွာထဲက သူကြီးအပါအဝင် လူကြီးတွေ (အရီး ကတော့ လူငယ်ပေမဲ့ သူတို့ က သူတို့ ထဲ အတင်းထည့်ထားတာခံနေရတာပါ ;-))) ပြောသမျှ လိုက်နားထောင် ခေါင်းညိမ့်ရတာ မဟုတ်ပါဘူး။
      ဒီလူကြီးတွေထဲလဲ ကိုယ့်အထင်မှာ တလွဲ ဖြစ်နေတာတွေ တွေ့ရင် အကျိုးအကြောင်းပြပြီး ပြန်ဆွေးနွေး ပေးဖို့ ကို ဆိုလိုပါတယ်။
      အပြင်မှာ စိတ်ထဲတွေ့တာ၊ မတွေ့တာ တွေ ကိုလဲ ပြောပြစေချင်တယ်။
      ဒီကနေ စကားတွေပြောရင်း အပြန်အလှန် နားလည်မှု နဲ့ စိတ်ဓာတ် ကို ပိုရင့်ကျက်ဖို့ လေ့ကျင့်ရေးကွင်း သဘောပါ။
      ရွာထဲ မှာ ဘယ်သူ့ ဘယ်သူကမှ ဆရာကြီး မဟုတ်ပါဘူး။
      သူကျွမ်းကျင်ရာ နေရာမှာတော့ မာစတာဖြစ်ချင်ဖြစ်မယ်၊
      သို့ပေသည့် နေရာတိုင်းမှာ မာစတာ မဖြစ်တာမို့ သူ မကျွမ်းကျင်တဲ့ နေရာမှာ တော့ သူက နောက်လိုက်ကောင်း ဖြစ်ရမှာပေါ့။
      သဘောက ဂဇက်ရွာ ဆိုတာ အားလုံး က တပြေးညီစိတ်နဲ့ မြန်မာပြည် ကောင်းကျိုးအတွက် ဝိုင်းဆွေးနွေးရာ နေရာလေး တစ်ခုပါဘဲ။
      အပြန်အလှန် လေးစားသမှု နဲ့ ပညာဖလှယ် ရာနေရာ လို့လဲ ခေါ်နိုင်ပါတယ်။
      ဒါဆိုရင် ရွာ့ အခြေအနေ ကို သိလောက်ပါပြီ။

      ဆက်ပြောချင်တာက
      မီမီပြောတဲ့ { “မြန်မာဗုဓ္ဒဘာသာဆရာတော်တပါးကို ရိသဲ့သဲ့လုပ်နေတာ”} ဆိုတာကိုပါ။
      အရီး က ဗုဒ္ဓဟောကြားတဲ့တရားစကားတွေ ကို မိဘရိုးရာကြောင့်မဟုတ်ဘဲ ကိုယ်တိုင်စိတ်နဲ့ နှစ်ခြိုက်စွာ လိုက်နာနေသူပါ။
      ဒါကြောင့် ဘာသာ ဆိုရင် “ဗုဒ္ဓဘာသာ” ပေါ့။
      ဖြစ်နိုင် တတ်နိုင်သ၍ တော့ မာန်မာန မတက်မိအောင်၊ လောဘမများအောင်၊ဒေါသမကြီးအောင်၊ အတ္တနဲအောင် ကြိုးစားနေပါတယ်။
      ကြိုးစားဆဲမို့ တကဲ့ အရိယာသူတော်စင် လိုတော့ မစင်ကြယ်ပါ။
      စိတ်ညစ် စိတ်ကြေးတွေ စွန်းထင်းဆဲပါ။
      ဒါပေမဲ့ ဒီ လောဘ၊ မောဟ၊ မာန၊ အတ္တ တွေ ဟာ ဖြုတ်ရမှာဆိုတဲ့ အသိ တော့ ရှိပြီး ကျင့်ကြံပါတယ်။
      ဒီ ကျင့်ကြံခြင်းနောက်မှာ သံသရာမရှည် အောင် ငါအစွဲ တွေ ကို ဖြတ်ရမှာလဲ သိသပေါ့။
      သိပ်တော့မရသေးပါဘူး။
      မရသေးတာမို့ ကိုယ့်ထက်ပိုပြီး စိတ်ဓာတ် စင်ကြယ်တဲ့၊ သံသရာပြတ်လမ်းစရှာနေတဲ့ “သူတော်စင်” တွေ ကိုလဲ ချည်းကပ်ပြီး သူတို့ဆီက “ဓမ္မ” စကားတွေ ကို နားထောင်ပြီး သတိ ကို အမြဲနှိုးပေးနေပါတယ်။
      ဒီမှာ “သူတော်စင်” လို့ သုံးပါတယ်။
      “သူတော်စင်” ဆိုတာ သင်္ကန်းဝတ်ရုံခြုံ လိုက်တိုင်း “သူတော်စင်” မဖြစ်ပါဘူး။
      သင်္ကန်းဝတ်ရုံခြုံ ပြီး ကိုယ်လို သာမာန်လူထက်တောင် အသိမရှိ၊ တရားမကပ်၊ မကျင့်ကြံ ရင် “သူတော်စင်” လို့ သတ်မှတ်ပြီး သူ့ ဆီက တရားစကားနာလို့ မရနိုင်ပါဘူး။
      သာမာန် လူသား တစ်ယောက်ပါဘဲ။

      အခု မီမီ က ပြောတယ်။
      {
      “လူဟောင်းကြီးတွေဆိုတော့ ပြောမဲ့သူမရှိကြဘူး”
      “မြန်မာဗုဓ္ဒဘာသာဆရာတော်တပါးကို ရိသဲ့သဲ့လုပ်နေတာ”
      }
      ပြန်ဆက်စပ်ကြည့်ရအောင်။
      ရွာထဲက “လူဟောင်းကြီး” မို့ ဘာပြောပြောမှန်တယ် ပြောမရခဲ့ရင် “ဗုဒ္ဓဘာသာ ဘုန်းကြီး” လို့ အမည်ခံထားတိုင်း ဘာပြောပြောမှန်တယ် ပြောသင့်/မသင့်။
      အရီးတို့ရွာထဲမှာတော့ “ရွာ့လူကြီး” တွေ ပေါက်ကရပြောရင် ဝိုင်းပြီး ဝေဖန် ကန့်ကွက်နိုင်သလိုဘဲ “ဗုဒ္ဓဘာသာ ဘုန်းကြီး” လို့ အမည်ခံပြီး ဗုဒ္ဓတရားတော် ကို ကိုယ့်အတ္တ ကိုယ်ကျိုး ကောင်းဖို့ အသုံးချပြီး မှေးမှိန်အောင် လုတ်နေရင်လဲ ဝေဖန်ကြရမှာဘဲ။
      မီမီ က ဆရာမမို့ ပိုပြီး နက်နက် ဆက်ပြီး တွေးနိုင်မယ် ထင်ရဲ့။
      မီမီ ဆီက ဝေဖန်စကားလေးတွေ ၊ စာလေးတွေ ကို ဆက်ပြီး ဖတ်ချင်ပါတယ်။

      ခင်မင်စွာဖြင့်
      အရီး :-)))

      • padonmar

        June 16, 2014 at 10:10 pm

        မီမီရေ၊
        ရွာသားဟောင်းကြီးတွေမို့ မြန်မာဗုဒ္ဓဘာသာဆရာတော်တပါးကို ရိသဲ့သဲ့လုပ်ခြင်းမဟုတ်ပါဘူး။
        အထင်မလွဲပါနဲ့။
        မီမီတို့ကျောင်းမှာ နွေရာသီယဉ်ကျေးမှုသင်တန်းတွေများ သင်ပါသလား။
        ဗုဒ္ဓဝင်အကျဉ်းချုပ်နဲ့ ဗုဒ္ဓဘာသာ အရှည်တည်တန့်ဖို့အရေး သင်္ဂါယနာတင်လာကြပုံ လေ့လာဖူးပါသလား။
        အောင်ခြင်းရှစ်ပါးသီချင်းကြားဖူးလား။
        ဗုဒ္ဓဘာသာကောင်းတယောက် စာအုပ်ဖတ်ဖူးလား။
        မဟာဂန္ဓာရုံဆရာတော်ကြီးရဲ့ ကိုယ်ကျင့်အဘိဓမ္မာ ဖတ်ဖူးလား။
        အဲဒါတွေတခုခု ဖတ်ဖူး၊လေ့လာဖူးတယ်(သို့)အခြားသီတဂူဆရာတော်လို ဆရာတော်ကြီးများရဲ့ တရားတွေ နာဖူး၊ဖတ်ဖူးတယ်ဆိုရင်
        အန်တီ့ပို့စ် `နည်းနည်းလေးမက လွဲနေတယ်´
        http://myanmargazette.net/198681 ကို အရင် အလည်လာဖို့ ဖိတ်ပါရစေ။
        ဖတ်ပြီး ဆွေးနွေး(သို့)မရှင်းလင်းတာကို စာတတ်တဲ့ သံဃာတော်များထံမေးကြည့်ပြီးရင် ဦးဆာမိ ဘာရေးလဲ သဘောပေါက်သွားမှာပါ။
        ဒါဆို ရွာသားဟောင်းကြီးတွေ ရိသဲ့သဲ့လုပ်တာမဟုတ်ကြောင်းနဲ့
        ထေရဝါဒဗုဒ္ဓဘာသာ အရောင်ဆိုးမခံရဖို့ လျစ်လျူရှု မနေနိုင်ကြလို့ ကိုယ်နိုင်တဲ့အားလေးနဲ့ ဝန်ထမ်းရတာပါလို့ သဘောပေါက်သွားမှာပါကွယ်။
        နှလုံးစိတ်ဝမ်း အေးချမ်းပါစေ။

  • တညင်သား

    June 15, 2014 at 6:26 pm

    ..ကျွန်တော်ကတော့ အလုပ်လျောက်စရာမလိုတော့ဘူးနော် မေမြတ်နိုးလေး ခိုယီးယားကို ရုပ်ရှင်သွားရိုက်ရင် လိုက်သွားမို့….

    ကြုံတုန်းလေး …… အဲ့ဖုန်းဆိုးမြေတွေ ဈေးကောင်းနေတယ်ဗျ ..:mrgreen:

  • surmi

    June 16, 2014 at 10:38 am

    အားလုံးသော ဖတ်ရှုအားပေးသူများ
    ဝေဖန်အကြံပြုသူများ
    ဝင်ရောက်ရှင်းပြကူညီသူများ
    အားလုံး အာလုံးကို
    အထူးကျေးဇူးတင်ရှိပါကြောင်းးးးးး

  • lu lu

    June 16, 2014 at 10:48 pm

    ဒီလိုအရည် အချင်းလိုနေတာများ ပြောပြောက စောရောပေါ့ ကဆာမိ ရယ်
    အခုတော့ သများနောက်ကျသွားပြီလား ဟင်
    😀

Leave a Reply