ခရိုနီ၊ခရိုပြာ၊ခရိုနက်၊ခရိုဝါများနှင့် စိတ်ပါသူလုပ်ငန်းရှင်များဆက်သွယ်ရန်

အာဂJune 12, 20141min19613

ဇွန်၁၂။ရန်ကုန်။

ရန်ကုန်တွင်သုံးရက်လောက်ဒီအတိုင်းဆက်တိုက်ရွာလျင်…မြစ်ဝကျွန်းပေါ်ကလှေတွေ၊မော်တော်တွေကို ရန်ကုန်ကိုအမြန်တင်သွင်းမည်။ စိတ်ပါဝင်စားသူ ရှယ်ရာရှင်များအားဖိတ်ခေါ်အပ်ပါတယ်။ ဒီလိုမိုးဆက်တိုက်ရွာဖို့အတွက် မိုးမင်းခေါင်နဲ့ ဆက်သွယ်ပြီးသလို မိုးလေဝသပညာရှင်ဆြာဦးထွန်းလွင်ဆီကလည်း ရွာနှုန်းရှိကြောင်းမေးမြန်းထားကြောင်း။နှင့်မြို့တော်စည်ပင်ကိုလည်း မြောင်းတွေမရှင်းပဲပိတ် ထားဖို့အတွက်လည်း စီစဉ်ထားပြီးကြောင်းနှင့်။ အသေးစားရင်းနှီးမြှပ်နှံလိုများအတွက် ဝါးဖောင်များ။ ဘောကွင်း(တစ်ယောက်စီး)များ။လေယက်မများ၊လော်တက်များ။နှင့် နေအိမ်ထဲရေမဝင်ရောက်စေရန်အတွက် သဲအိပ်များ။ တင်သွင်းဖြန်ချိရန်ရှိပြီး။ ဘောစိ၊သဌေးများသွားလာရလွယ်ကူရန်အတွက်လည်း စပိဘုတ် ပါမစ်များရရှိအောင် ဆောင်ရွက်ပေးပါမည်။

ရန်ကုန်ဗင်းနစ် မြို့တော်စီမံကိန်း ကုမ္ပဏီဥက္ကဌ မစ္စတာ အာဂ

နောက်ဆက်တွဲ…သတင်း..>>>>>>

နှစ်စဉ် ရေလွှမ်းမိုးခံနေရသော ရန်ကုန်မြို့တော်တွင် မိဘပြည်သူများ ရာသီမရွေး သွားလာနိုင်ရေး အဆင်ပြေစေရန် က.ည.န နှင့် စီးပွား/ကူးသန်းတို့မှ ၂၀၁၅တွင် တင်သွင်းခွင့် ပြုတော့မည့် မော်တော်ယာဉ် အမျိုးအစားများ
(၁) မော်တော်ယာဉ် + မော်တော်ဘုတ် CIF 750,000
(၂) ရေပေါ်ပြေး မော်တော်လေယာဉ် CIF 500,000
(၃) ကမ်းတက် မော်တော်ယာဉ် CIF 250,000

“ရန်ကုန်ကလူတွေ ဘာတွေ ငြီးတွားနေကြလည်း မသိဘူး။ လမ်းပေါ် ရေကြီးလည်း အမေရိကန်မှာလို Speedboat တစ်စီးလောက် နောက်ချိတ်ဆွဲပြီး မောင်းနေပေါ့။ ရေလွှမ်းတဲ့ နေရာ ရောက်ရင် speedboat က အလုပ်လုပ်သွားလိမ့်မယ်” ဟု တာဝန်ရှိသူ ဝန်ကြီးတစ်ဦးက အကြံပြုသည်။

ဥက္ကကိုကိုထံမှ

13 comments

  • Mr. MarGa

    June 12, 2014 at 6:02 pm

    ကိုအာဂ
    အမှတ်မမှားရင် နောက်ဆက်တွဲက ဆရာသောင်းစုငြိမ်း တင်တာလားပဲ ကျနော်တော့ သူ့ဆီမှာတွေ့တာ (အခု ပြန်ရှာတာတော့ မတွေ့တော့ဘူး)
    အခု တင်ပြတဲ့ အစီအစဉ်ကို နတ်ပြည်မှာ အကောင်အထည်ဖော်ဖို့ စိတ်ကူးရှိပေမယ့် ရေမလွှမ်းတာမို့ နတ်ပြည်မှာ တင်ဒါခေါ်မယ်အစီအစဉ်ကို ဖျက်လိုက်တယ် :mrgreenn:

    • အာဂ

      June 12, 2014 at 6:05 pm

      အိမ်းကောင်းလေစွ…သောင်းစုငြိမ်းနဲ့ 7day အတူတူ 7day နဲ့ ဥက္ကာကိုကိုအတူတူဖြစ်ဂျောင်းပါခင်ညာ။

      • Mr. MarGa

        June 12, 2014 at 6:20 pm

        အွန့် သူတို့တူတာတော့ သိတာပေါ့ လို့
        မြင်လို့ ပြောကြည့်တာကို … လူဇိုးးး
        သိကြားမင်းကို သိက္ခာ လာချတယ်… :mrgreenn:

        • အာဂ

          June 12, 2014 at 7:00 pm

          ဝုတ်ပါဘူးကွယ် တကြားရယ်…မိုးတွေဆက်ရွာအောင်သာကူညီပေးပါ။ ဖြစ်နိုင်ရင် မိုးမင်းသားကိုပါ အကူညီတောင်းပေးပါ..။ လက်ဆောင်အနေနဲ့ မိုးစက်ဝိုင်လည်းထည့်ပေးရင် ပိုကောင်းပါတယ်။.. 😀

  • ကေဇီ

    June 12, 2014 at 6:09 pm

    ရေတွေကြီးခဲ့လို့ လှေစီးခဲ့ရပြီ~~

    :hint:

  • kyeemite

    June 13, 2014 at 9:22 am

    အကောင်းမြင်ကြစမ်းပါဗျာ….ကျုပ်ဆိုပြမယ်
    ♪♫☼လှေကလေးကို လှော်မည်♪♫☼ ဘေးမသန်းပဲအေးချမ်းတော့မည်♪♫☼
    😀

  • ရွှေတိုက်စိုး

    June 13, 2014 at 11:46 am

    အမလေး မောင်အာဂရယ်.. ဒါတွေမလိုပါဘူး…. ပေပါ နှစ်လုံး ဆောင်ထားပြီးရော… ကားဖြစ်ဖြစ် ဆိုင်ကယ်ဖြစ်ဖြစ် ဘေးမှာကပ်ချည်းပြီး မောင်းနေလိုက် ရေတက်လာရင် သူဟာသူ ပေါလောပေါ်သွားမှာပါ… ဟေးဟေးဟေး.. မပိုင်လား……

    မောင်အာဂရဲ.
    ကွန်ပတ်တေတာ…
    ရွှေတိုက်

  • Novy

    June 13, 2014 at 12:28 pm

    လှေကလေးမလှော်ပဲ ကားမောင်းရတော့
    ဘေးမသန်းပဲ အေးချမ်းအောင် ဘုရားဂုဏ်တော်ပွားရင်း
    ကုသိုလ်ရ ရင်တုံးကြီးပါအေ……

    ရန်ကုန်ဗင်းနစ် မြို့တော်စီမံကိန်း ကုမ္ပဏီဥက္ကဌ မစ္စတာ အာဂရေ…
    ခေါ်ရတာမောလိုက်တာအေ
    ပါမစ်ကလေးချပေးပါလို့

  • Ma Ma

    June 13, 2014 at 3:26 pm

    ရေသန့်ဗူးတွေ ရှိရုံနဲ့တင်ရပြီ။
    အဲဒါကြောင့် မောင်အာဂ ဆိတ်ရှော့ ဆိတ်ရှော့ 😀

    • Ma Ma

      June 13, 2014 at 8:30 pm

      သော်ဇင့်ပိုစ့်ဖတ်ပြီး ကိုယ့်လိပ်ပြာ ကိုယ်လုံအောင် ခရက်ဒစ်လေး ပေးအုံးမှ။ :mrgreen:
      ဆိတ်ရှော့ ဆိတ်ရှော့ (ခွက်ဒစ်တူ ကြောင်ကြီး) 🙂

  • အာဂ

    June 13, 2014 at 5:24 pm

    အထက်ပါ လူကြီးမင်းအချို့ရဲ့ အကြံပေးမှုများကြောင့် ကျတော်မျိုး ကုမ္ပဏီ အားဖျက်သိမ်းလိုက်ပါကြောင်းပါချင်ညာ..။ ပေပါတို့ ။ ရေသန့်ဘူးကြီးတို့ ခရီးစက်ကြကုန်လော့။ ခိခိ 😀

  • alinsett (gazette)

    June 13, 2014 at 5:42 pm

    မော်တော်ဘုတ်ကိုသာ ဒီရန်ကုန်မြို့ကြီးထဲပတ်စီးရင်
    အင်းးးး
    စိတ်ကူးယဉ်တော့မဆန်ဘူးဗျ
    မြောင်းပုတ်နံ့တထောင်းထောင်းထနေတာကိုးးး

    :mrgreen:

  • TNA

    June 14, 2014 at 3:33 pm

    တသက်လုံးရေကူးမတတ်ခဲ့သမျှ အသက်ကြီးမှရေကူးပါသင်ရမလိုဖြစ်နေပြီအေ့။ ခုတလော ငါပဲ လက်ညှိုးညွှန်ရာ ရေဖြစ်နေသလားလို့ပါ :mrgreen:

Leave a Reply