မျှော် ခြင်းဟာ…

အာဂJune 12, 20141min21810

မျှော် ခြင်းဟာ…

သော့မရှိတဲ့ တံခါး။ ခြံစည်းရိုးမရှိတဲ့ အိမ်လိုပဲ။

ဝေးကွားခြင်းကို ကုတင်ပေါ် ဆွဲခေါ်ပြီး

နီးကပ်သောချစ်ခြင်းတွေနဲ့ ဖက်အိပ်ရရင်…..။

သွေးချင်းချင်းနီသော အလွမ်းများ…

ကလေးကုလားဆန်ဆန်

ခုန်ပေါက်မြူးတူးနေမှာ…။

တကယ်တော့…

အချစ် နဲ့ အလွမ်းဆိုတဲ့

တူရင်းတူးသလောက်နက်တဲ့ တွင်းလိုပဲ..။

ဖြစ်နိုင်ရင်ပေါ့….။

ငါ့ရင်ဘက် ကြွက်တွင်းထဲမှာလဲ….

မင်းနဲ့အတူ လ လေး တစ်စင်းတော့ အတူတူ

“သာ” ချင်မိတယ်။

မျှော်စင်လေးထိုးလို့…အလွမ်းကို မိုးလိုခေါ်တာထက်စာရင်…ပေါ့..။

တစ်လက်မဆိုပေမယ့်…..တစ်သက်မက ကွာဟာနေတဲ့…

မြေပုံ ထဲကလို ….အလွမ်း….။

10 comments

  • Kaung Kin Pyar

    June 12, 2014 at 9:40 pm

    အားပေးသွားပါဒယ် ဗျို့

  • alinsett (gazette)

    June 13, 2014 at 9:23 am

    လလေးတစ်စင်း သာဖူးပါရဲ့
    ကြယ်ကြွေသလိုပဲ အဲဒီလကလေးဟာ
    ကျနော့်ရင်ဘက်ထဲကနေ ကြွေဆင်းသွားခဲ့တယ်
    အခုတော့. . .
    မျှော်လင့်ခြင်းကို ရူးသွပ်မှုလို့ အမည်တပ်ပြီး
    အလွမ်းကို တွင်းနက်နက်တူး
    ကိုယ့်ကိုကိုယ်မြေမြှပ်ပစ်ရတော့မလိုပဲ. . .

    ကဗျာကို ဖတ်ပြီး ကိုယ့်ခံစားမှုလေး ချရေးကြည့်တာပါ
    ဒီကဗျာလေးကို အတော် ကြိုက်မိတယ်ဗျာ

  • Mr. MarGa

    June 13, 2014 at 9:37 am

    ရင်ဘတ်ကြွက်တွင်းမှာ…
    လ. သာနိုင်အောင် တွေးရင်း………………

  • black chaw

    June 13, 2014 at 11:05 am

    ငါ့ရင်ဘက် ကြွက်တွင်းထဲမှာလဲ….
    မင်းနဲ့အတူ လ လေး တစ်စင်းတော့ အတူတူ
    “သာ” ချင်မိတယ်။
    မိုက်တယ်ဗျာ…။

  • အာဂ

    June 13, 2014 at 5:20 pm

    Kaung Kin Pyar ။alinsett (gazette)။Mr. MarGa နဲ့ ကိုဘလက် အားလုံးကျေးဇူးတင်ပါတယ်။

  • အရီးခင်

    June 14, 2014 at 5:17 pm

    {မြေပုံ ထဲကလို ….အလွမ်း….}
    လှလိုက်တာ။
    စကေးဘယ်လောက် နဲ့ တိုင်းထားတာလဲ။
    :-))))

  • မိုးခေါ်ချင် တယ် ဆို ဒီအ တိုင်း မ ရ

    လွန်ဆွဲ မှ ရ မယ်

    လွန်ဆွဲ မယ် ဆို ရင်

    မိုးေ ခါင်ကျော်စွာ လာ ရ မယ်

    မိုး ခေါင်ကျော်စွာ လာ မယ် ဆို ရင်

    နယ်စည်းမခြား အဖွဲ့ က ကြိုက်တာလေး ပါ ရ မယ်

    ဒန် ဒန့် ဒန်

    သဘော တူ ရင် လက် ဝါး ရိုက် ပါ

    ဖြောင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

    • အာဂ

      June 16, 2014 at 5:17 pm

      သဘောတူပါတယ်လေးပေါက် ဖြောင်း

  • Ma Ma

    June 15, 2014 at 8:14 pm

    အော်……… ဒါ့ကြောင့် ဂဂ ကို ကြွက်တွင်းလို့ ခေါ်သကိုးးးး
    ထင်နေတဲ့ ကြွက်တွင်းက တမျိုးးးးး 😆

    • အာဂ

      June 16, 2014 at 5:04 pm

      အာဟင့် တားတားကို ကြွက်တွင်းတဲ့ ကယ်ကြပါအုံး ခင်ဂျာ…။ ကြွက်တွင်းလည်း ရေကြီးနေလို့ပါ။

Leave a Reply