ကိုဘလက် အတွက် ဘရန်းဒက် – Branded Hard Liquors and Cocktails

ဇီဇီJune 16, 201429min41099

အမှန်တော့ ဒီ ပို့(စ) ကို ရေးချင်နေတာ ကြာပါပြီ။
မကောင်းမှုဆိုတာမျိုးဆိုသမျှကို သီဝရီနဲ့ကို လေ့လာချင်တာလည်း အကျင့်ဆိုးကြီးမို့ မသောက်သမားများ သည်းခံကြပါကုန်။ :s:
မနှစ်က ကိုဘလက်မွေးနေ့အတွက် တင်မို့ဟာ မမှီဘူးလေ။ မမှီတဲ့ တူတူ မထူးဘူး ဆိုပြီး ဘီယာ ပို့(စ) တင်လိုက်တော့ အနော့ အကိုကြီး က ဘီယာမကြိုက်ပါဘူးတဲ့ဗျာ။
ဟောင်ကောင်က အကိုကြီး ကြောက် (အဲလေ) ကျောက်ကလည်း ကူညီမယ်ဆိုပြီး…………………….. ကြောက်လို့ ထင်ပါရဲ့။ ပြန်မလာ။
“မိန်းကလေးတွေအတွက် ရန်းပြီး သားတို့ အတွက် ရန်းပေးပါဦး” ဆိုတဲ့ ဘီယာပဲသောက်တဲ့ ကိုနိုကြီးကတော့ အဲဒီ ပို့(စ) လာကိုမလာတာ။
အဲတော့ ဘီယာကြိုက်သူ တဂျီး ပဲ အားပေးတယ်။
အဲ!! Hard Liquor Post ခုကြိုးစားပြီး ရေးလိုက်တယ်။

ဟိ။
ပထမပိုင်း အရက်တွေ အကြောင်းကို အနော်ရေးမယ်။။

.
တစ်ရွာလုံး အတွက် ကော့(ခ)တေးး(လ) ကို ဗေတား @ ဆွေ ရေးလိမ့်မယ်။။

.

.
အပေါ်ပိုင်းက (၆) မျိုးကတော့ သောက်ချင်တဲ့သူ သောက်သွားပါ။
ဒါမဲ့ ကိုယ့်တာဝန်ကို ယူကြနော်။ သများတော့ တရားခံ မရှာကြနဲ့။
မမူးပဲ ရစ်နိုင်တဲ့နေရာမှ စံတင်ထားတာ။ မသောက်ပဲ မူးသွားအောင် ရစ်ပေးလိုက်မယ်။

:s:
ကိုယ့်သတိနဲ့ကိုယ် ပဲ။
မသောက်ခင်တော့ ဒါလေးဖတ်သွားပါဦးးး

~~~~~~~~~~~~

လူအများက အရက်ဟုခေါ်ကြသော ethyl alcohol ဟာ အနည်းငယ်သာ သောက်သုံးလျှင် စိတ်ကြွမှုကို ဖြစ်ပေါ်စေပြီး အများအပြား သောက်သုံးသူများတွင်တော့ ပင်မ အာရုံကြောစနစ်ကို ဖိနှိပ်ခြင်းဖြင့် အအိပ်လွန်သည်မှ အသက်ရှုရကျပ်ခြင်း ၊ အသက်ဆုံးရှုံးခြင်းတို့ ကိုဖြစ်ပေါ်စေနိုင်ပါတယ်။Alcohol ကို အစာအိမ်နှင့် အူသိမ်တို့မှ စိမ့်ဝင်ခြင်းနည်းဖြင့် စုပ်ယူပါတယ်။ သောက်သုံးပြီး တနာရီအတွင်းတွင် အူသိမ်နှင့်အစာအိမ်တို့မှစုပ်ယူပါတယ်။ပျမ်းမျှအားဖြင့်အူသိမ်တွင် သွေးလည်ပတ်မှုအားကောင်းသောကြောင့် သောက်သုံးသောပမာဏရဲ့ ၈ဝ % ခန့်ကိုစုပ်ယူပြီး ၊ အစာအိမ်မှ ၂ဝ %ခန့်ကိုစုပ်ယူပါတယ်။Alcohol ကို ခန္ဓာကို်ယ်မှ စုပ်ယူမှုနှုန်းဟာ အစာအိမ်တွင် ရှိသော အစာ၏ပမာဏ၊ အစာအိမ်နံရံများ ၏ အခြေအနေ၊ စားထားသော အစာအမျိုးအစားပေါ် မူတည်ပြီး စုပ်ယူမှုနှုန်း ကွာခြားပါတယ်။
ကိုယ်အလေးချိန်
သင့်ရဲ့ ကိုယ်အလေးချိန် များလေလေ သင့်ရဲ့သွေးထဲမှာ alcohol ရှိနိုင်မှုပမာဏ နည်းလေလေဖြစ်ပါတယ်။ ဒါကြောင့် သင့်ကိုယ်အလေးချိန် များလေလေ သင်သိပ်မမူးပဲ နေနိုင်လေ ဖြစ်ပါလိမ့်မယ်။
အမျုးိသားနဲ့ အမျိုးသမီး
အမျိုးသားများမှာ alcohol ကိုချေဖျက်ပေးမဲ့ အင်ဇိုင်းများ ပိုမိုထုတ်တာကြောင့် မိန်းကလေးတွေလောက်မမူးတတ်ပါဘူး။ အမျိုးသမီးများမှာ ရာသီစက်ဝန်း၊သန္ဓေတားဆေး သောက်သုံးထားခြင်းများအပေါ်တွင်မူတည်ပြီး သွေးထဲတွင်ရှိနိုင်သော ပမာဏကွဲပြားတတ်ပါသေးတယ်။
အစားအသောက်
အရက်မသောက်မှီ ပရိုတိန်းပါတဲ့ အစာများများ စားထားမယ်ဆိုရင် သင်သိပ်မူးမှာမဟုတ်ပါဘူး။ အဆီများတဲ့ အစားအစာများဟာ အရက်ကို စုပ်ယူမှုနှုန်း နှေးစေပါတယ်။
စိတ်ခံစားမှု
အရက်ဟာ သင့်ရဲ့စိတ်ခံစားမှုကို ကျဆင်းစေပါတယ။် ဒါကြောင့် သင်ဟာ အရက်မသောက်ခင်က စိတ်အနည်းငယ် ညစ်နေမယ်ဆိုရင် သင်တညလုံးသောက်ပြီးတဲ့အချိန်မှာ အရင်ထက်ကိုစိတ်ညစ်နေမှာဖြစ်ပါတယ။်
သောက်သည့် ပမာဏ
နည်းနည်းချင်းနှင့် ဖြေးဖြေးသောက်သုံးခြင်းထက် အချိန်တိုအတွင်းမှာ အများအပြား ကို တကျိုက်တည်း သောက်သုံးခြင်းက သင့်သွေးထဲရှိ အရက်ပမာဏကို ပိုတက်စေပြီး သင့်ကိုပိုမူးစေပါလိမ့်မယ်။
အရက်အမျိုးအစား
အရက်ပြင်းအား များလေလေ သွေးထဲတွင်ရှိသော alcohol level မြင့်တက်လေ ဆိုသော်လည်း 10% alcohol သည် စုပ်ယူမှု အားအကောင်းဆုံးဖြစ်သည်။
Alcohol ကို အသက်ရှုလမ်းကြောင်း ၊ ချွေး၊ ဝမ်း ၊ ဆီးတို့မှ တဆင့် စွန့်ထုတ်ပါတယ်။ Alcohol ကို ခန္ဓာကိုယ်မှ စွန့်ထုတ်သော ပမာဏသည် လူတဦးတယောက်စီအတွက် ပျမ်းမျှအားဖြင့် ပုံသေဖြစ်ပါတယ်။ သွေးထဲတွင်ရှိသော alcohol ပမာဏသည် တနာရီတွင် ၁၅ % လျှော့ကျလေ့ရှိပါတယ်။ သွေးထဲတွင်ရှိသော Alcohol ပမာဏသည် ခန္ဓာကိုယ်တွင်ရှိသော alcohol ပမာဏကို ကိုယ်စားပြုပါတယ်။
သောက်သုံးသော ပမာဏအလိုက် သွေးထဲတွင် ရှိနေသော alcohol level ပေါ်မူတည်ပြီ း အောက်ပါ လက္ခဏာများ ဖြစ်ပေါ်လာနိုင်ပါတယ်။

Alcoholသည်
အဆင့် (၁)
သွေး ၁ မီလီလီတာတွင် အရက် ၂ မီလီဂရမ်ပါဝင်နေသည်. ပမာဏကို အဆင့် ၁ ဟု သတ်မှတ်ခြင်း ဖြစ်သည။်
ထိုအချိန်တွင် အရက်သေစာ သောက်သုံးထားသူသည် အူမြူးနေတတ်ခြင်းမိမိ၏ စိတ်လှုပ်ရှားမှုကို ထိန်းသိမ်းနိုင်မှု စွမ်းအား ကျဆင်းနေခြင်း၊မိမိဦးဏှောက်၌ မသိစိတ်များ လွှမ်းမိုးနေခြင်းစကားများ များပြောနေတတ်ခြင်း သို့မဟုတ် တခါတရံတွင် မိမိ၏ ပင်ကိုယ်စရိုက်နှင့် ပြောင်းပြန် ပြုမူနေတတ်ခြင်းသက်တောင့်သက်သာ ရှိနေခြင်း
စိတ်ဖိစီးမှုများ လျော့နည်းလာခြင်းမိမိကိုယ်ကိုယုံကြည်စိတ်လွန်ကဲနေတတ်ခြင်းလူမှုရေးအရှုပ်အထွေးများ ဖြစ်ပေါ်စေရနအားပေးခြင်း တို့ဖြစ်သည်။
အဆင့်(၂)
သွေး၁ မီလီ လီတာတွင် အရက် ၂-၃ မီလီဂရမ်သည် ရှိနေသော ပမာဏဟု သတ်မှတ်ခြင်း ဖြစ်သည။် ထိုအချိန်တွင် အရက်သေစာ သောက်သုံးထားသူသည်မိမိ၏ နေ့စဉ်လုပ်နေကျ လုပ်ငန်းဆောင်တာများကို သိသိသာသာ မလုပ်နို်င်တော့ခြင်း။အာလေးလျှာလေး ဖြစ်လာခြင်း။သတိလက်လွတ်စကားများ ပြောတတ်လာခြင်း။ ကို်ယ်နေဟန်ချက်ကိုမထိန်းနိုင်တော့ခြင်း။အာရုံစိုက်၍အသေးစိတ်လုပ်ရသောလုပ်ငန်းများကိုမလုပ်နိုင်တော့ခြင်း။မိမိကိုယ်ကိုမထိန်း
သိမ်းနိုင်တော့ခြင်း။စိတ်လိုက်မာန်ပါလုပ်ကိုင်လာခြင်း၊ရုပ်ရင်းကြမ်းတမ်းလာခြင်းသူငယ်အိမ်ကျယ်လာခြင်း။ လျှာခြောက်လာခြင်း ။ယခုဖြစ်ပျက်နေသော အဖြစ်အပျက်တိုများနှင့် အချိန်တို့ကို မမှတ်မိတော့ခြင်း တို့ဖြစ်သည်။
အဆင့် (၃)
သွေး၁ မီလီ လီတာတွင် အရက် ၂-၃ မီလီဂရမ်သည် ရှိနေသော ပမာဏဟု သတ်မှတ်ခြင်းဖြစ်သည။် ထိုအချိန်တွင် အရက်သေစာ သောက်သုံးထားသူသည်>နှစ်ခြိုက်စွာ အိပ်ပျော်သည်မှ သတိလစ် မေ့မျောသွားသည် အထိ ရှိတတ်ခြင်း။ဦးဏှောက်ရှိ အစိတ်အပိုင်း တချို့၏ လုပ်ငန်းဆောင်တာများကို နှိပ်ကွပ်သဖြင့် အသက်ရှုသည့် လုပ်ငန်းကိုကောင်းစွာ မလုပ်နိုင်ကာ အသက်ဆုံးရှုံးနိုင်ခြင်း။သား ငယ်အိမ်ကျဉ်းလာခြင်း။ကိုယ်အပူချိန် သာမန်ထက် လျော့ကျလာခြင်း ။နူတ်တ်ခမ်းများ ပြာလာခြင်း။ခြေဖျားလက်ဖျားများ အေးစက်လာခြင်း။
ထိုပမာဏကို ရေရှည်စွာ သောက်သုံးသူများတွင် သန္ဓေမအောင်နိုင်ခြင်း။လူမှုကျင့်ဝတ်များ ဖောက်ဖျက်လာခြင်း။
ထို့အပြင် မိမိသောက်သုံးသော အရက်အမျိုးအစား၊ ပြင်းအား၊ များကိုမူတည်၍ မိမိသောက်သုံးသင့်သည့် ပမာဏကို တွက်ချက်နိုင်ပါတယ်။

တခါသောက်ဟု ဆိုရာတွင် အကြမ်းဖျင်းအားဖြင့် အောက်ပါ အတိုင်းအဆများကို ဆိုလိုပါတယ်။
1 drink = အရက်အပြင်းစား 44.36 ml ( လက်ဘက်ရည်ကြမ်းတခွက် )
1 drink= ဝိုင် 147.8676 ml ( ဘက်ဘက်ရည်အချိုပုဂံတလုံး)
1 drink= alcohol ပမာဏ ၆ %မှ ၉ %ထိပါဝင်သည့် ဘီယာ 207.015ml (ပုံမှန်ဖန်ခွက် မပြည့်တပြည် ့)
1 drink= အိမ်တွင် လုပ်သောဝိုင် 295.735 ml
1 drink= ဘီယာ 354.882 ml စသည်ဖြင့် အကြမ်းဖျင်း တွက်ချက်နိုင်ပါတယ်။


တနာရီအတွင်းတွင် 1 drink သောက်သုံးခဲ့သော အမျိုးသားများတွင်
• စိတ်ဖိစီးမှုများ ပြေလျော့ခြင်း၊
• သက်တောင့် သက်သာရှိခြင်း၊
• ကားမောင် း နိုင်သည့် အရည်အသွေးများလျော့ကျခြင်း
တနာရီအတွင်းတွင် 1 drink သောက်သုံးခဲ့သော အမျိုးသမီးများတွင်
• အထက်ပါ လက္ခဏာများ ပိုမိုပြင်းထန်စွာဖြစ်ပေါ်လာခြင်း
 နှစ်နာရီအတွင်းတွင် 3 drink သောက်သုံးခဲ့သော အမျိုးသားများတွင်
• အာလေး လျှာလေးဖြစ်လာခြင်း
• အသေးစိတ် အာရုံစိုက်၍လုပ်ကိုင်နိုင်သော အရည်အသွေးများပိုမိုလျော့ကျလာခြင်း၊
• တန်ပြန်တုံ့ပြန်မှုများ နှေးကွေးလာခြင်း
• စိတ်ဓါတ် တက်ကြွလာခြင်း
• ပုံမှန် ပြုလုပ်လေ့မရှိသော အမူအကျင့်များ၊ စကားများကို ပြုလုပ်ပြောဆိုလာခြင်း၊
• အပြော အဆို အပြုအမူများ ညစ်ညမ်းလာခြင်း
နှစ်နာရီအတွင်းတွင် 3 drink သောက်သုံးခဲ့သော အမျိုးသမီးများတွင်
• မတ်တပ်ကောင်းကောင်းမရပ်နိုင်တော့ခြင်း သို့မဟုတ် လမ်းကောင်းကောင်း မလျှောက်နိုင် တော့ခြင်း၊
• မှတ်ဉာဏ်ကောင်းစွာ အလုပ်မလုပ်တော့ခြင်း။
သုံးရီအတွင်းတွင် 5 drinks သောက်သုံးခဲ့သော အမျိုးသားများတွင်
• မတ်တပ်ကောင်းကောင်းမရပ်နိုင်တော့ခြင်း သို့မဟုတ် လမ်းကောင်းကောင်း မလျှောက်နိုင် တော့ခြင်း၊
• မှတ်ဉာဏ်ကောင်းစွာ အလုပ်မလုပ်တော့ခြင်း။
• စိတ်အတက်အကျ မြန်လာခြင်း (ငိုခြင်း ရယ်ခြင်းများ တခဏတွင်းဖြစ်ပေါ်ခြင်း)
သုံးရီအတွင်းတွင် 5 drinks သောက်သုံးခဲ့သော အမျိုးသမီးများတွင်
• ဆင်ခြင်တုံတရား အလွန်ကင်းမဲ့လာခြင်း
• မိမိခန္ဓာကိုယ်ကို မထိန်းသိမ်းနိုင်တော့ခြင်း
• အရာဝတ္တုများကို နှစ်ထပ်မြင်လာခြင်း၊
• အရောင်နှင့် အတိမ်အနက်ကို မမှန်းစနိုင်တော့ခြင်း
လေးရီအတွင်းတွင် 10 drinks သောက်သုံးခဲ့သော အမျိုးသားများတွင်
• ဆင်ခြင်တုံတရား အလွန်ကင်းမဲ့လာခြင်း
• မိမိခန္ဓာကိုယ်ကို မထိန်းသိမ်းနိုင်တော့ခြင်း
• အရာဝတ္တုများကို နှစ်ထပ်မြင်လာခြင်း၊
• အရောင်နှင့် အတိမ်အနက်ကို မမှန်းစနိုင်တော့ခြင်း
• ကိုယ်အလေးချိန် ၁၇၅ ပေါင်အောက်နည်းသော အမျိူးသားများတွင် အရက်ကြောင့် ဖြစ်သော အဆိပ်ကြောင့်
• အသက်အန္တရာယ် ရှိသည်အထိ ဖြစ်တတ်ခြင်း။
လေးရီအတွင်းတွင် 10 drinks သောက်သုံးခဲ့သော အမျိုးသမီးများတွင်
• အရက်ကြောင့် ဖြစ်သော အဆိပ်ကြောင့် အသက်အန္တရာယ် ရှိသည်အထိ ဖြစ်တတ်ခြင်း
• ခံစားချက်မဲ့သွားခြင်း သတိလစ်မေ့မျောသွားတတ်ခြင်း တို့ဖြစ်ပါတယ်။

ဒါကြောင့် ပျော်ရွှင်ချင်လို့ ဒါမှမဟုတ် မဖြစ်မနေမို့ အရက်သေစာကို သောက်သုံးရမည့် သူများ သောက်သုံးလျှင် ကိုယ့် အတိုင်းအတာကို ကိုယ်သိနိုင်ပြီး ၊ မလိုလားအပ်သော လူမှုရေး၊ စီးပွားရေး အရှုပ်အထွေးများမှ ကင်းရှင်းနိုင်ဖို့ လက်ဆောင် တခုအနေနဲ့ပေးလိုက်ပါတယ်။
source>>http://lapyaelynn.blogspot.com/2010/04/blog-post_7687.html

~~~~~~~~~~

1) Branded Hard Liquors (by KZ)

 

အဲ။
ကျနော့ ထင်ရာမြင်ရာ ရေးမယ့် အပိုင်းလာပြီ။

:mrgreenn:

Hard Liquors မှာ အခြေခံ ၆ မျိုးရှိသတဲ့။
A. Vodka
B. Whiskies
C. Rum
D. Gin
E. Tequila
F. Brandy

ဒီ အောက်မှာ တစ်ခုခြင်းရဲ့ ရှာလို့ ရတာ အကုန်ထည့်ထားတယ်။ မပါဘူး ဆိုရင်ရှာလို့မရဘူးလို့သာမှတ်လိုက်။ ငိငိငိ။ :mrgreenn:

……

A. ဗော့ကာ

Vodka E

 

Vodka

 

ကြည်ကြည်လင်လင်နဲ့ Netural Spirit သာသာရှိပြီး အမျိုးသားတွေရော အမျိုးသမီး တွေကြားမှာ ပေါ်ပြူလာဖြစ်လာတဲ့ Mixer တစ်ခုပါတဲ့။
သူ့ မူလ ဇာတိဖြစ်တဲ့ ရုရှားတို့ ပိုလန်တို့မှာတော့ ဒီ အတိုင်းပဲ သောက်သုံးကြပါတယ်တဲ့။ ဖန်ခွက်သေးသေးလေးတွေနဲ့လေ။
ကျန်တဲ့နေရာတွေမှာတော့ ကော့(ခ) တေး(လ) အတွက် အဓိက ပါဝင် ပစ္စည်းအနေနဲ့ အသုံးပြုကြသတဲ့လေ။ (အကျယ်ကတော့ နောက်တစ်ပိုင်းမှာဖတ်ကြနော်)
Vodka ကို ပြောင်း၊ နှံ၊ ဂျုံ ၊ ဘာလီ နဲ့ တခါတရံ အာလူးတို့ စပြစ်သီးတို့ကနေ ပြုလုပ်ပါတယ်တဲ့။
ငင့်!! ကျန်တဲ့ အကျယ်တွေ မရေးတော့ဘူးနော်။ မဖတ်နိုင်လို့ (ဟုတ်ပေါင်) မလိုအပ်လို့။။ ထုတ်လုပ်မှာမှမဟုတ်တာ။ သောက်မဲ့သူတွေ ဆိုတော့ အဲလောက် အသေးစိတ်သိဖို့ လိုဘူးလေနော့။
ဗော့ကာ ဘရန်းးး
– Smirnoff
– Tito’s
– Absolut
– Belvedere
– Ciroc
– Grey Goose
– Finlandia Cranberry
– Finlandia Mango
– Smirnoff Orange Twist
– Absolut Cirton
– Absolut Mandrin
– Stolichnaya Vanil
http://bestvodka.net/top-10-vodka-brands/ (ကဘာ့ ပေါ်ပြူလာ အဖြစ်ဆုံး ဘရန်းတွေ ဆိုပဲ)
1. Grey Goose ($30-60) 1997, France
2. Crystal Head Vodka ($50-90) 2007, Canada
3. Finlandia ($17-30) 1970, Finland
4. Stolichnaya ($17-59) 1901, Russia
5. Absolut vodka ($15-35) 1879, Sweden
6. Smirnoff ($9-37) 1860, Russia
7. Belvedere ($28-60) 1996, Poland
8. Skyy Vodka ($20-35) 1992, USA
9. Pinnacle Vodka ($8–20) 2002, Franc
10. Russian Standard ($18-51), 1998

……….

B. ဝီစကီ

Wisky E

 

Wisky

(ဂစ်! ဒီဟာက ဆင့်ပွါးတွေ အများကြီးရေးထားတယ်။ ခြုံ့ပလိုက်မယ်။ လာလေ့)
ဝီစကီကို ဂျီအိုဂရပ်ဖီ အရ အဓိက ၄ မျိုးရှိသတဲ့။။
– Scotch
– Irish
– Canadian
– American (or) Bourbon
a) Scotch ဝီစကိ က ဝါရင့်သောက်သုံးသူတွေ အကြိုက်ဆုံးဖြစ်ပါတယ်တဲ့။

သူကိုတောင်မှ အဓိက ၂ မျိုးပြန်ခွဲလိုက်သေးတယ်တဲ့။

Single Malts နဲ့ Blends ပါတဲ့။
Scotch ဝီစကီ ဘရန်း တွေကတော့ အောက်တွင်ရှု!
– Dewar’s (Blends)
– Famous Grouse (Blends)
– Glenlivet 12 year Old (Single Malts)
– Craggenmore 12 year Old (Single Malts)
– Glenmorangie Port Wood Finish (Single Malts)
– Highland Park 12 Year Old (Single Malts)
b) Irish ဝီစကီ ဆိုတာ အိုင်ယာလန်က ဝီစကီတဲ့။။ ((ဟမ်))) ရှင်းသွားတာပဲ)
ဒီမှာ သူ့ Irish ဝီစကီ ဘရန်း တွေ…
– Bushmill
– Jameson
– Tullamore Dew
– Bushmills Black Bush
– Bushmills 10 Year Irish Malt
c) Canadian ဝီစကီက တော့ ကနေဒါကပေါ့။ (သူ့ထက်ရှင်းတာတောင်သူ့လောက် မရှင်းဘူးး)
Canadian ဝီစက ဘရန်း တွေက ဒီအောက်မှာ….
– Canadian Club
– Crown Royal
– Forty Creek
– Seagrams’s V.O
d) Bourbon Whiskies လို့ခေါ်တဲ့ အမေလိကန် ဝီစကီဘရန်းတွေကတော့ ဒါတွေပါပဲ ခင်ညာ။
– Jack Daiel’s Black
– Jim Beam
– Weller’s 90 Proof
– Wild Turkey 101 Proof
– Markers Mark
http://www.independent.co.uk/life-style/food-and-drink/features/the-10-best-scotch-whiskies-1488408.html?action=gallery ကတော့ ဒီလိုဆိုထားရဲ့။
1. Johnnie Walker Black Label
2. Lagavulin 16 Year Old
3. The Glenrothes 1985
4. Old Pulteney 12 Year Old
5. Clynelish 14 Year Old
6. Auchentoshan 18 Year Old
7. Asyla
8. Highland Park
9. Bailie Nicol Jarvie
10. Talisker 10 Year Old

……….

C. ရမ်

Rum E

 

Rum

ရမ် ကို ကြံ ကနေချက်တာပါတဲ့။ (၃) မျိုးရှိပါတယ်တဲ့။
– Light
– Dark
– Flavored
အနိမ့်ဆုံး က ဝှိုက်ရမ် – ၁ နှစ်လောက်ပဲ အောင်းထားတဲ့ကောင်
ဒုတိယ အဆင့် ရွှေရောင် – အနည်းဆုံး ၃ နှစ်။။
တတိယ အဆင့် – လေးနှစ်နဲ့ အထက်၊ အနံ့ အရသာ အကောင်းဆုံးလို့ ပြောတယ်။ (ပြောတတ်ထာ)

ရမ် ဘရန်း တွေက ဒီမှာ
– Castillo (Light)
– Bacardi (Light)
– Barbancourt 5 Star (Light)
– Myers (Light)
– Captain Morgan’s Spiced Rum (Flavored)
– Malibu Coconut Flavor (Flavored)
http://rumexperience.com/2012/12/top-10-rum-brands-for-drinking-straight-or-mixing-in-cocktails/ တော့ပ တန်း ရမ် တဲ့ဗျာ။
1. Black 33 OP
2. El Dorado
3. Mount Gay Special Reserve
4. Ron Zacapa 23
5. Pusser’s British Navy Rum
6. Prichards’ Fine Rum
7. Old Monk Rum
8. Santa Teresa 1796
9. Pyrat Cask 1623
10. 1 Barrel

………

D. ဂျင်

Gin

လွန်ခဲ့နဲ့နှစ်များစွာက ဘော့ကာကို နောက်ကောက်ကျခဲ့ပေမဲ့လည်း သောက်သုံးသူတွေအတွက်တော့ မရှိမဖြစ်နေရာမှာ ရပ်တည်နေဆဲပါတဲ့။
ခု ဂျင် တွေက အင်္ဂလန် ဒရိုင်းဂျင် စတိုင် တွေပါတဲ့။ ဒရိုင်းဂျင် ဆိုတာကို ၁၉ ရာစုလောက်မှာ အင်္ဂလန်က ချက်လုပ်/ထုတ်လုပ်သူတွေ ဖန်တီးထားတာပါတဲ့။ ပြောင်းဆံ ၇၅%၊ ဘာလီ ၁၅% နဲ့ အခြား အစေ့အနှံ ၁၀% ပါသတဲ့။

ဒါတွေက ဂျင် ဘရန်း တွေ
– Bombay
– Boddles
– Bombay Sapphire
– Citadelle
– Tanqueray
– Hendricks

http://shortlist.com/instant-improver/food/the-worlds-10-best-gins မှာတော့ ဂျင် ဘရန်းနဲ့ ပတ်သက်ပြီး ဒီလို ဒီလို ပြောထားတယ်။
1. Williams Chase
2. Martin Millers
3. Monkey 47
4. Sainsbury’s Taste the Difference Blackfriars
5. Bloom
6. Beefeater 24
7. Hendricks
8. Hayman’s 1850 Reserve
9. Tanqueray No.10
10. Caorunn

……….

E. တာကီလာ/ တကီလာ

Tequila E

 

Tequila

(ငင့်!! တစ်ချို့က တာကွီလာလို့ ခေါ်လားမသိ)
ဒီတိုင်း သောက်သုံးရတဲ့ အမျိုးထဲမတော့ ပေါ်ပြူလာအဖြစ်ဆုံးထဲ ပါသတဲ့။ တာကီလာကို Jalisco နဲ့ တခြား မက်ဆီကန် စတိတ် ၄ နေရာလောက်ကနေ တရားဝင်ထုတ်လုပ်သတဲ့။ Agave လို့ ခေါ်တဲ့ အပင် အမျိုးမျိုးကနေ အခြေပြူ ထုတ်လုပ်တာတဲ့။ (ရှာလိုက်တော့ ပူတဲ့နေရာမှာ ပေါက်တဲ့ ကန္တာရပင်မျိုးတွေ)
ဒါပေမဲ့ သူပြန်ရှင်းထားတာကျ Agave ဟာ ကန္တာရပင်မဟုတ်ဘူးတဲ့။ အပင်ရဲ့ မူလ မျိုးစိတ်တူတာဆိုလားးးပဲ။
သူလည်း သက်တမ်းကို လိုက်ပြီး ၃ မျိုးခွဲသဗျ..!
– Blanco – ပေါင်းခံပြီး ၂ လအတွင်း ပုလင်းထဲထည့်ထားတဲ့ဟာတဲ့
– Repsosado – ဒါကတော့ ၂ လကနေ ၁၁ လလောက် ဝက်သစ်ချစည်ထဲ ထားထားတဲ့ဟာတဲ့
– Anejo – အနည်းဆုံး ၁နှစ်နဲ့ အထက် ဥ ထားတာတဲ့။
(ကြည့်ရတာ ဒါက အချိန်သိပ်မယူရဘူးလားမသိ၊ ဉာဏ်မမှီပါဘု)
သက်တမ်းကြာလေ ကောင်းလေဆိုတာတော့ ပြောစရာမလိုပါဘူးတဲ့။ သက်တမ်းကို အဓိက ထားပြောတဲ့ အမျိုးအစားမဟုတ်ပေမဲ့လည်း သက်တမ်းရင့် လေ ဈေးကြီးလေ ဖြစ်နေတုန်းပါတဲ့။ သံသယရှိရင် ပုလင်းမှာ “100% agave” လို့ ရေးထားတာရှာပါတဲ့။
(သောက်နည်း စားနည်းကတော့ ကနားစီးကို မေးးး .. ဒင်း လှမ်းလှမ်းကြွားတာတွေ တောက်ညင်ကပ်လို့ မမှတ်ထားဘူးးး)
ဒီမှာ သူ့ တကီလာ ဘရန်း တွေ….
– El Tesoro Platinum
– Herradura Silver
– Gran Centenario Blanco
– Puerta Vallarta Reposado
– Gran Centenario Reposado
– Don Eduardo Anejo
– Don Julio Anejo
– Gran Centenario Anejo
http://www.mensjournal.com/expert-advice/the-18-best-tequilas-in-the-world-20131217 ဒီမှာတော့ ဒီလိုပြောတယ်။
1. Fortaleza
2. Casa Noble
3. Siete Leguas
4. Tequila Tapatio
5. Herradura
6. Casa Dragones
7. Astral
8. Ocho
9. Gran Patrón Platinum
10. 123 Organic Tequila (Uno Dos Tres)
11. Siembra Azul
12. Don Julio 1942
13. Milagro Select Barrel Reserve
14. Qui
15. Pueblo Viejo
16. Kah
17. Casamigos Blanco
18. Cuervo Reserva de la Familia

……….

F. ဘရန်ဒီ

Brandy E

 

Brandy B

သစ်သီးကနေ ပေါင်းခံချက်လုပ်ထားတာဖြစ်ပြီး စပြစ်သီး ကနေချက်တဲ့ ဘရန်ဒီက ပေါ်ပြူလာအဖြစ်ဆုံးပါတဲ့။ သစ်သီး အမျိုးမျိုး ကနေသာမက ပန်း အဆီကနေပါ ချက်လုပ်နိုင်ကြပါပြီတဲ့။ (ဉာဏ်မမှီပေါင်)

ကဘာ နေရာ အနှံ့အပြားမှာ ဘရန်ဒီ ထုတ်လုပ်နိုင်ကြသတဲ့။ သူ့ ကွာလတီကို သစ်ချစည် ထဲက သက်တမ်းနဲ့ခွဲသတဲ့။
VS ဒါမှ မဟုတ် Three Star တွေက အနည်းဆုံး ၂ နှစ်ခွဲကနေ ၄ နှစ် ရနှစ် လောက် အထိ ဥထားတဲ့ဟာတွေပေါ့ဗျာ။

VSOP, VO, Reserve တို့ကတော့ အနည်းဆုံး ၄ နှစ်ခွဲကနေ ၁၃ နှစ် အထိ ထားတဲ့ ဟာတွေတဲ့။

XO, Extra, Napoleon, Vielle Reserve တို့ ကတော့ အနည်းဆုံး ၆ နှစ်ကနေ နှစ် ၄ဝ ထိ ဥ ထားတာတဲ့။ (ဂစ်! အချစ်ဦးထက် အသက်ကြီးမဲ့ ပုံပဲ)

VS = very special
VSOP = very special old pale
XO = extra old

ရီကောမန်းတက် ဘရန်ဒီ ဘရန်း တွေက ဒီမှာ ကြည့်ပါခင်ည။
– Fundador
– Courvoisier VS
– Gabriel & Andreu Borderies
– Hennessy VS
– Martell VS
– Courvoisier VSOP
– Hennessy VSOP
– Pierre Ferrand Ambre
– Cardenal Mendoza
http://www.ranker.com/list/best-brandy-brands-or-list-of-top-brandy-companies/werner-brandes ဒီ လင့် က Rate အရကတော့ ဂလိုပဲ။
1. Camus
2. Courvoisier
3. Asbach Uralt
4. Rémy Martin
5. Hennessy
6. Alambic
7. Roullet
8. A.E. Dor
9. Paul Masson
10. Honey Bee
11. Meukow
12. Pierre Croizet
13. Brugerolle
14. Martell
15. Dudognon

………

ဒီ အပိုင်းမှာ အချက်အလက်မှားယွင်းမှုများရှိရင် ကျနော့ တာဝန်သာဖြစ်ကြောင်းးးး ပြင်ပေးသွားနော်။ စိတ်မဆိုးဘူးးး

:s:

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

2) Cocktails (by AK Swe)

 

အင်း…
စင်္ကာပူ လူမိုက်…..ရွှဲရွှဲတောက် ကေဇီဆိုပြီး….နာမည်ကြီးနေတာ ..အလကားမှမဟုတ်တာ…၊
သူကကြေးကြီးယူပြီး…ဗေတားတို့လို ..လမိုက်ပေါက်စလေးတွေကို..တစ်ဆင့်..ပြန်ငှားပြီး..ခိုင်းစားနေတာ။
ခုလည်းဗေတား ကို …..လူမိုက်တော့ငှားသွားပြီ…..တစ်ကယ်တော့ခေါင်းရောင်းသွားတာပါ…
သူလဲသိနေတာ…သိပြီးသားကို…. တမင် ဗေတားကို ..စာရိုက်အကျင့်ရအောင်ဆြိုပီး..အချွန်နဲ့မသွားတာ…
.ဘယ်ရမလဲဗျာ….ဗေတားကလဲ..အလကား.ကုလားမှမဟုတ်တာ….
အရက်နဲ့များဆိုရင်..အဖေနဲ့အမေကိုတောင် …ရန်ဖြစ်အောင် ခြေထိုး..ဖေကြီး ..အသည်းတွေကွဲနေချိန်ကျမှ.
“မိန်းမတွေ..မကောင်းပါဘူးဖေရယ်”.ဘာညာနဲ့ဝင်ပင့်…ပြီးမှ ..“လာဖေ..ဒါမျိုးကအရက်သောက်မှပျောက်မယ် ပိုက်ပိုက်ထည့်ခဲ့” ဆိုပြီး…လိမ်ခေါ်…ဆိုင်ရောက်တော့ကိုယ်ကကြီးပဲ..လှိမ့်ချနေလို့..
“ဟေ့ကောင်..တော်ဦး..မင်းမေနဲ့ရန်ဖြစ်တာ..ငါပါကွ..ခု..မင်းကကြီးပဲစွတ်သောက်နေ…
လခွီး..ငါ့ အတွက် တောင်မကျန်တော့ဘူး” ဆိုပြီး..အပြန် ကျတော့..ဖေကထမ်းပြန်ရတဲ့ကောင်..
အလုပ်ရတော့..ဟော်တယ်…
လုပ်ရတာက ဝိတ်တာ….
ကိုင်ရတာက.စားသောက်ဆိုင် နဲ့ ဘား…
ရောက်လေရာနိုင်ငံ..ဘယ်သွားသွား..တာဝန်ကျရင်..စားသောက်ဆိုင်နဲ့ ဘား
ရာထူးတက်လာတော့လည်း ကိုင်လိုက်ရတဲ့နေရာ တွေက.
မီနီဘား..ပူးလ်ဘား..ရှမ်ပိန်ဘား..လောင့်ချ်ဘား…အိပ်ဇက်ကတစ်ဘား..ဝိုင်ဘား..ဘားတွေချည်းပဲ..
ဂလောက်နီးစပ်နေတော့..ဗေတားလဲခိုးသောက်မိ်..အဲအဲ… နဲနဲတီးမိခေါက်မိတာ ပေါ့လေ ..ဘာကို ဘယ်လိုသောက်ရတယ်ဆိုတာ ..
..ဒီကြားထဲ..အီတာလျန် ဆိုင်မှာ. တာဝန်ကျတော့..လာပြီးစားသောက်တဲ့သူတွေ..
အမူးလွန်..အဆိပ်ဖြစ်..ကျမ္မာရေးထိခိုက်မှာစိုးရိမ်လို့..သူတို့သောက်မယ့်.ဝိုင်တွေကို ကိုယ်က..အနစ်နာခံပြီး
ကူသောက်ပေးမိတဲ့ စေတနာက ပြန် အကျိုးပေးတော့..ငွေနဲ့ လုပ်ထားတဲ့ဆေးလိပ်ခွက်ကြီး လည်ပင်း ဆွဲပြီး
လာသမျှ.ဝိုင်လိမ်ရောင်းရတဲ့..ဆိုမားလီးယားဆိုတာကြီးလည်းဖြစ်လိုက်သေးတယ် (ပြောရင်းကိုကုတ်ချင်ထှာ)

:mrgreenn:
ပေါင်းမိတဲ့ အပေါင်းအသင်းလည်းမေးပါဦး…
ဆိုဗီယက်ပြန်အမာစိန်တို့..အာ…လွဲပြန်တယ်..
ဟို.ဟောင်ကောင်ကျောက်တို့…
ဂျပန်ပြန် မိဂီ..
ချိုင်းနားပြန်.ဗိုလ်ထွက် ကစည်..
ပြည်တွင်းက.လည်း တောင်လှေခါးကြိးမိုက် တို့..
လှည်းတန်း ဘလက်ချောတို့..စတဲ့..ကဇော် အပေါင်းသူတော်ကောင်းတွေချည်းပဲဆိုတော့..
ဗေတား သိတာ မဆန်းပါဘူးလေ..(ဟီဟိ ကိုယ်သောက်တာ တော့ ပြောဘူး..တတ်ချင်တတ်ပလိုက်)…

:mrgreenn:
ခုလည်း မနေ့က ကိုစည်နဲ့ ..ကောင်းပြီးညနက်မှပြန်လာ ပါတယ် ဆိုမှ…
အိပ်ကောင်းချင်းမအိပ်ရ..ဖုန်းကမြည်လာတယ်…….တတီတီနဲ့….

 

ဟယ်လို…!!
ဟုတ်…ပြောပါ…
ကူမားရ် ရှိလား..!!!
ဟုတ်…ဗေတားပြောနေပါတယ်….
ငါပြောချင်တာ ဗေတားမဟုတ်ဘူး ..ကူမားရ်နဲ့..
အာ….. အတူတူ ပဲလေ…..ခုပြောတာ..ဘယ်သူပါလဲခင်ဗျာ…
စင်္ကာပူက..ခင်ဇော်ပါ..(အဲလေ)…ကေဇီပါ……….
ဟာ..မမဇီဇီ လား.. သားပါ……ဗေတားလေ…ဟိုတစ်ခါက မမ..ချောက်ချလိုက်… အဲအဲ..စင်ပေါ်တင်ပေး..လိုက်လို့..စားဖိုမှုးဖြစ်သွားတဲ့ ကူမားရ်..ပါ…..
အော်..အေး..မောင်လေး..တစ်ခုလောက် ခိုင်းစရာရှိလို့..မနစ်နာစေရပါဘူး…မမသိမ်းထားတာ…နှစ်လုံးရှိတယ်….အကြီးတစ်လုံးပေးမယ်….
ဂျာ…!!!!(ကုလားလေး..အိပ်ချင်စိတ် တွေ..ကြက်ပျောက်..ငှက်ပျောက် ပျောက်သွားသည်။)
ဟီးဟီးဟီး….မမ..ဂယ်ရီးလားဟင်…(ကုလားသွားတွေ ကြိတ်ရင်း လည်ချောင်းသံကြီးဖြင့်မေးသည်)
ဟာ..ဘာတွေ အတွေးချော်နေတာလဲ….နာ့ပိုစ့်မှာ…ကော့က်တေးလ်..အကြောင်းရေးချင်လို့..

ဒီလိုဟ………………………………………..(၅မိနစ်ခန့်..ဟောဟဲလိုက်အောင်..ရှင်းပြအပြီးမှာ..ဗေတားသဘောပေါက်သွားတယ်..)
အာဂျာ….မမကသိရဲ့သားနဲ့ ဘာလို့ကိုယ်တိုင်မရေးလဲ…
နာအားဘူးဟ…ငါ..အိစ်ကိုစ့်တ် မှာ. အလီဘာဘာ..တို့နဲ့ချိန်းထားလို့. (အဲလေ ယောင်လို့)..စိုင်းနဲ့ချိန်းထားလို့…
အာ..မမဇီဇီကလည်း..ဗေတားစာရိုက်ပျင်းတယ်ဗျ…..ပြီးတော့ ကော့က်တေးလ် က အများကြီးရယ်..
ဒါဆိုဒီလိုလုပ် ဗေတား ကြိုက်တဲ့..ဟာ..၂မျိုး..၃မျိုးလောက်ပြောပြလေ ပါးစပ်ကပြောပြ..လက်နဲ့ရှေးမှတ်ထားပြီး..အားမှ ..စာစီမယ်…
အင်း….ဗေတားကိုက်တာ. အဲ!..ကြိုက်တာတွေက……..ရွာထဲက…မိအေးရယ်..ရွေအိမ်စနိုးရယ်..ဒွင်းသီးရယ်..မဂျိုးရယ်..ပြီးတော့..ဟို..က..က..က..ချ…..
တိတ်စမ်း…!!!!!……နာပြောတာ..Cocktail ကိုပြောနေတာ..နင့်ကို အဖက်တောင်မလုပ်တဲ့..နာ့ဖဲပြင်တငယ်ချင်းတွေ….အဲအဲ..ဖဲရိုက်ဖက်တွေကို..တူလို့တန်လို့လား…???
သိဘူးလေ..မမဇီဇီပဲ ကြိုက်တာပြောဆိုလို့..ပြောတဲ့..(ဟို)ဟာကြီး(တွေ)ကို..
တော်တော့… နာပြောခိုင်းတာပဲပြော..
ဟုတ်..ရပါတယ်..ပြော..ဘယ်ကစပြောပြရမလဲ…
ပြောချင်တဲ့ ဆီကစပြော..…cocktail အကြောင်းကစပြော..
(ဒါဗေတားကို..စမ်းတာ..) (ကုလားက..သူ့အကွက်ထဲဝင်ပြီဆိုတော့ထုံးစံအတိုင်း..လေသံပြောင်းသွားသည်…)

ဒီလို..စိလယ်..မမဇီဇီရဲ့..

တစ်ကယ်တော့ Cocktail ဆိုတာ…သူ့ အကြိုက်…ကိုယ့်အကြိုက် အရသာကောင်းရင်ကောင်းသလို…ဟိုဟာစပ်သောက် ဒီဟာစပ်သောက်..သောက်ရင်း နဲ့..အဲဒီ Recipe လူကြိုက်များပြီး…နာမည်ကြီး…စာရင်းဝင်သွားတာ…တစ်ချို့လည်းရာဇဝင်လေးတွေ..ရှိသပေါ့လေ..
ဒါလေးတွေလည်း..ထည့်ပြောသွားမယ်နော်..

Cocktail…တစ်မျိုးစီကို…

  • Ingredients…မူကွဲတွေအများကြီးရှိတယ်…
  • ပြင်ဆင်မှုတွေ အဆင့်ဆင့်ရှိတယ်
  • Garnishing လို့ခေါ်တဲ့…အလှ အပ ဆင်တာရှိတယ်…
  • Icing လို့ခေါ်တဲ့ရေခဲထည့်တာမှာ…Frozen, crushed, on the rock, shake, pour and neat ဆိုပြီး…လိုအပ်သလိုရေခဲ ကို ပုံစံအမျိုးမျိုးနဲ့ ထည့်ရတာ…မထည့်ရတာ.ရှိတယ်…
  • Placing ဆိုတဲ့သူ့ အမျိုးအစားနဲ့သူ.လိုက်ဖက်မယ့်..ဖန်ခွက်ကိုလည်းသတ်မှတ်ထားတာရှိပါတယ်..တွေ့ကရာခွက်နဲ့ထည့်လို့မရဘူး..
  • Firing မီးနဲ့ရှို့ပြီးသောက်ရတာ…
  • ဖန်ခွက် ကို်အေးခဲထားပြီးမှ အပူပေးပြိးမှ သောက်ရတာ..အမျိုးစုံပါဘဲ..
  • Pouring…ခွက်ထဲကိုဘယ်လိုပုံစံနဲ့…လောင်းထည့်ရမယ်…
  • လူမြင်လှရမယ်..
  • အဝေးကလောင်းတာ..
  • အနားကပ် လောင်းတာ..ပစ်တည့်တာ..စစ်ထည့်တာ..
  • Measuring…ပါဝင်တဲ့ ပစ္စည်းအချိုးအစား အချိန်အတွယ်…မှန်ကန်မှု
  • Mixing မှာဆို…ရောစပ်ရမယ့်…အခြား ပါဝင်တဲ့ ingredients တွေနဲ့…ဘယ်လိုရောစပ်ရမယ် ဆိုပြီးရှိပါတယ်…

ဒီနေရာမှာ…ကျနော်တို့ အကြမ်းဖြင်းသိထားတဲ့…liquor…နဲ့ Liqueuer မတူတာလေးကို ပြောပြမယ်…

  • Liquor ကို hard spirit လို့ခေါ်ကြပြီး ferment (ကဇော်ဖောက်) လုပ် ပြီးမှ ချက်ယူတာပါ…
  • Liqueuer ကတော့ အဲဒီ ဟာတွေကို base ယူပြီး…အရသာ…အရောင်…အနံ့နဲ့…အချို အခါး…ပေါင်းစပ်ပြီး Alcohol ပါဝင်မှု နည်းတဲ့.syrup တစ်မျိုးဖြစ်အောင်လုပ်ထားတာပါ…ဆေးအဖြစ်…သောက်သုံးကြတယ်…မုန့်လုပ်တဲ့နေရာ..ဟင်းချက်တဲ့နေရာနဲ့..Cocktail ဖျော်စပ်တဲ့နေရာတွေမှာ…သုံးပါတယ်…

ဥပမာ.

  • Bailey’s (or) Irish Crème က ဝီစကီ based ကိုကော်ဖီ အရသာ အနံ့ အတိုင်း ခပ်ပြစ်ပြစ်…
  • Cointreau ဆိုတာ…လိမ္မော်နံ့…မွေးမွေးချိုချို…
  • Galliano…ဆိုတာ…ငှက်ပျောသီး အနံ့ အရောင်…အရသာ…
  • Malibu ဆိုရင် အုန်းသီးနံ့
  • Rum based Medori ဆိုတာ…ပူရှိန်း နံ့…စတဲ့ အရောင်မျိုးစုံ…
  • အသီးမျိုးစုံ တို့က extract တွေနဲ့ ပေါင်းစပ်ထားတာကို Liqueur လို့ခေါ်ပါတယ်…

ဒါကိုရှင်းပြရတာက..နောက်ပြောပြမယ့် Cocktail တွေမှာ…သူတို့က မပါမဖြစ်ပါတော့ မှာ မို့ပါ…..

အခု ရှေ့က အစဉ်အတိုင်း Vodka ကနေ Brandyအထိ.ဗေတားနှစ်သက်တဲ့
Cocktailတွေကိုပြောပြသွားမယ်နော်…

 

A) Vodka Cocktail

Vodka Cocktail တွေထဲမှာ…ဗေတားအကြိုက်ဆုံး ၃မျိုးကတော့…

 

1)Sex on the Beach Vodka, orange, Chambord or crème de cassis, peach schnapps and cranberry တို့ပေါင်းစပ်ထား ပါတယ်...Orange ကတစ်ကယ်တော့ အဝါရောင်ပါ...Chambord cranberry.နဲ့ ရောစပ်ပြီး မှ.တစ်ကယ့် orange colour ကိုရောက်ပါတယ်...Shaker ထဲမှာထည့်ပြီး...Shake .လုပ်ပြီးမှsling glass (ဖန်ခွက်အရှည်) ထဲကို ရေခဲထည့်ပြီး အပေါ်ကလောင်း...လိမ္မော်ခွံလေး garnish တင်ပြီး သောက်ရပါတယ်... သူနဲ့ပတ်သက်ပြီး သီချင်းတောင်ရှိပါသေးတယ် (come on move your body “sex on the beach” ) ဆိုပြီး…ပင်လယ်ကမ်းခြေ ကဘားတွေမှာ..လူကြိုက်များ Cocktail တစ်ခုပါ။ ဗေတားလည်း ကမ်းခြေမှာ ဆော်ခဲ့ဘူးသပေါ့...Cocktail ပြောပါတယ်…ခိခိ
1) Sex on the Beach
Vodka, orange, Chambord or crème de cassis, peach schnapps and cranberry တို့ပေါင်းစပ်ထား ပါတယ်…Orange ကတစ်ကယ်တော့ အဝါရောင်ပါ…Chambord cranberry.နဲ့ ရောစပ်ပြီး မှ.တစ်ကယ့် orange colour ကိုရောက်ပါတယ်…Shaker ထဲမှာထည့်ပြီး…Shake .လုပ်ပြီးမှsling glass (ဖန်ခွက်အရှည်) ထဲကို ရေခဲထည့်ပြီး အပေါ်ကလောင်း…လိမ္မော်ခွံလေး garnish တင်ပြီး သောက်ရပါတယ်…
သူနဲ့ပတ်သက်ပြီး သီချင်းတောင်ရှိပါသေးတယ် (come on move your body “sex on the beach” ) ဆိုပြီး…ပင်လယ်ကမ်းခြေ ကဘားတွေမှာ..လူကြိုက်များ Cocktail တစ်ခုပါ။ ဗေတားလည်း ကမ်းခြေမှာ ဆော်ခဲ့ဘူးသပေါ့…Cocktail ပြောပါတယ်…ခိခိ

 

2)Harvey”s Wall Banger ဟာဗေး ဆိုတဲ့ ငတိ..ဒီ Cocktail ကိုသောက်ပြီး...နံရံနဲ့ ခေါင်းနဲ့ ထိုင်ဆောင့် နေရလောက်အောင် ကိုဖြစ်ခဲ့ရတာမို့ဒီအမည် တွင်တယ်လို့ကြားဖူးမှတ်သားရဖူးပါတယ်... Ingredients တွေက... Vodka, orange juice, Galliano (banana liqueur) သုံးမျိုးထဲပါ..ရှင်းတယ် …Sling glass ဆိုတာနဲ့ ထည့်ရပါတယ်... Garnish က ငှက်ပျောသီးစိတ်လေးကို ဖန်ခွက်နုတ်ခမ်းမှာ စိုက်မယ် Galliano က ငှက်ပျောသီး နံ့ ချိုလဲချို လိမ္မော်ရည်ကချို ချင်...ဆိုတော့...ရေခဲလေးနဲ့ လှုပ်သောက်ရင် ချိုအီမွှေး လေး မို့ အရမ်းသောက်လို့ကောင်းပါတယ်...မူးလို့မူးမှန်းကိုမသိရဘူး..ပြီးမှနံရံနဲ့ခေါင်းဆောင့်တာတဲ့.. ဗေတားကတော့ခေါင်းနဲ့နံရံမတိုက်ခဲ့ဖူးပါဘူး …အဲ ..ဒူဘိုင်းမှာတော့..တစ်ခါ ပြတင်းပေါက်က ခုန်ချမလို့ ကုလားတွေ ဝိုင်းဆွဲထားရတာ မျိုးဖြစ်ခဲ့ဘူးတယ် ခိခိ..(ကျေးဇူးပါ..အာဂျေးဆူဗေဒီ)
2) Harvey”s Wall Banger
ဟာဗေး ဆိုတဲ့ ငတိ..ဒီ Cocktail ကိုသောက်ပြီး…နံရံနဲ့ ခေါင်းနဲ့ ထိုင်ဆောင့် နေရလောက်အောင် ကိုဖြစ်ခဲ့ရတာမို့ဒီအမည် တွင်တယ်လို့ကြားဖူးမှတ်သားရဖူးပါတယ်… Ingredients တွေက…
Vodka, orange juice, Galliano (banana liqueur)
သုံးမျိုးထဲပါ..ရှင်းတယ် …Sling glass ဆိုတာနဲ့ ထည့်ရပါတယ်…
Garnish က ငှက်ပျောသီးစိတ်လေးကို ဖန်ခွက်နုတ်ခမ်းမှာ စိုက်မယ်
Galliano က ငှက်ပျောသီး နံ့ ချိုလဲချို လိမ္မော်ရည်ကချို ချင်…ဆိုတော့…ရေခဲလေးနဲ့ လှုပ်သောက်ရင် ချိုအီမွှေး လေး မို့ အရမ်းသောက်လို့ကောင်းပါတယ်…မူးလို့မူးမှန်းကိုမသိရဘူး..ပြီးမှနံရံနဲ့ခေါင်းဆောင့်တာတဲ့..
ဗေတားကတော့ခေါင်းနဲ့နံရံမတိုက်ခဲ့ဖူးပါဘူး …အဲ ..ဒူဘိုင်းမှာတော့..တစ်ခါ ပြတင်းပေါက်က ခုန်ချမလို့ ကုလားတွေ ဝိုင်းဆွဲထားရတာ မျိုးဖြစ်ခဲ့ဘူးတယ် ခိခိ..(ကျေးဇူးပါ..အာဂျေးဆူဗေဒီ)

 

3)Bloody Mary Vodka, tomato juice, Worcestershire sauce, Tabasco, salt, papper, lime juice, angostara bitter ရှားရှားပါးပါး ခရမ်းချဉ်သီးဖျော်ရည်နဲ့.တွဲတဲ့ cocktail ထဲက တစ်ခု ပါ.ထူးခြားတာက မီးဖိုချောင်ထဲက ပစ္စည်းတွေနဲ့ ဖျော်တာပါပဲ…Worcestershire sauce နဲ ့ Tabasco (very hot sauce) ပူစပ်စပ် လေးကြောင့် အသားဟင်းနံရပါတယ် ငြုပ်ကောင်း နဲ့ ရှောက် ရည်တွဲတော့ မွှေးတာပေါ့… ပြင်ဆင်မှုထူးခြားတာက.ဖန်ခွက် နှုတ်ခပ်းမှာ...ဆား လေးတွေ ကပ်နေအောင်.လုပ်ထားပြီး...Celery တရုပ်နံနံ ကို garnish လုပ်ပါတယ်...သောက်ရင်း ကိုကိုက်စားရတာ.အစပ်ကြိုက် ရင်ပိုထဲ့လို့ရတယ်. ချမ်းစိမ့်စိမ့်ဖြစ်နေရင်..မနေ့ညကများသွားလို့ hang over ဖြစ်နေရင်.ခေါင်းကိုက်နေရင် အလွန်လိုက်ဖက်ပါတယ်…တစ်ခွက်လောက် သောက် လိုက်တာ နဲ့ အားလုံး ပျောက်….. Highball glass, crushed ice နဲ့…သောက်ပါမယ်…
3) Bloody Mary
Vodka, tomato juice, Worcestershire sauce, Tabasco, salt, papper, lime juice, angostara bitter
ရှားရှားပါးပါး ခရမ်းချဉ်သီးဖျော်ရည်နဲ့.တွဲတဲ့ cocktail ထဲက တစ်ခု ပါ.ထူးခြားတာက မီးဖိုချောင်ထဲက ပစ္စည်းတွေနဲ့ ဖျော်တာပါပဲ…Worcestershire sauce နဲ ့ Tabasco (very hot sauce) ပူစပ်စပ် လေးကြောင့် အသားဟင်းနံရပါတယ် ငြုပ်ကောင်း နဲ့ ရှောက် ရည်တွဲတော့ မွှေးတာပေါ့… ပြင်ဆင်မှုထူးခြားတာက.ဖန်ခွက် နှုတ်ခပ်းမှာ…ဆား လေးတွေ ကပ်နေအောင်.လုပ်ထားပြီး…Celery တရုပ်နံနံ ကို garnish လုပ်ပါတယ်…သောက်ရင်း ကိုကိုက်စားရတာ.အစပ်ကြိုက် ရင်ပိုထဲ့လို့ရတယ်.
ချမ်းစိမ့်စိမ့်ဖြစ်နေရင်..မနေ့ညကများသွားလို့ hang over ဖြစ်နေရင်.ခေါင်းကိုက်နေရင် အလွန်လိုက်ဖက်ပါတယ်…တစ်ခွက်လောက် သောက် လိုက်တာ နဲ့ အားလုံး ပျောက်…..
Highball glass, crushed ice နဲ့…သောက်ပါမယ်…

 

B) Whisky or (Whiskey) cocktail

တစ်ကယ်တော့ ဗေတား က ဝီစကီကို..သူ့အတိုင်း..နိတ်…ဒါမှမဟုတ်ရင်..ဆိုဒါနဲ့ ပဲကြိုက်ပါတယ်..
အင်္ဂလန် မှာတုန်းက တော့ အလွန်အေးတဲ့ညဖက်တွေမှာ အလုပ်ကနေ အိမ်ပြန်ရောက် ရင်..ရောက်ခြင်း..ကော်ဖီတစ်ခွက်ဖျော်..ပြိးတော့ မှ Irish whisky နှစ်ပက်လောက် အပေါ်ကလောင်းထည့်ပြီး
သောက်ရင်း အိုင်းရစ် ကော်ဖီ စွဲခဲ့ဖူးပါတယ် ..Whiskyနဲ့ဖျော်တဲ့ cocktail ထဲက ကြိုက်မိတာတွေကတော့…..

 

 

1)Rusty nail Scotch whisky, Drambuie angostura bitter... ပါးပါးလေး..၃မျိုးပဲ…ပါတယ်..ဒါပေမယ့် သူက တစ်ကယ့် ရှေးကျတဲ့ classic cocktail အမျိုးအစားထဲက တစ်ခုပါ...Drambuie ကပျားရည်...သစ်မြစ်...သစ်ဥ.သစ်ဖုတွေနဲ့...ဆေးဘက်ဝင်တဲ့ အပင်တွေကနေ စုပြိးရောစပ်ထားတဲ့.Irish whisky ကိုbased လုပ်ထားတဲ့...Liqueur တစ်မျိုးဖြစ်တဲ့အပြင်… Angostura bitter ကတော့ Venezuela ဘက်ကဆရာဝန်တစ်ယောက် ရှာဖွေတွေ့ရှိ.ဖော်စပ်ထားတဲ့ ဆေးတစ်မျိုးဖြစ်ပြီး ခါးသက်တဲ့အရသာရှိပါတယ ်collin glass ထဲမှာ ရေခဲနဲ့ရောစပ်သောက်သုံးကြတာပါ...။ ဖိုးဖိုး..ဖွားဖွား သက်ကြိးရွယ်အိုတွေ ..နှစ်သက်ကြပါတယ်..
1) Rusty nail
Scotch whisky, Drambuie angostura bitter…
ပါးပါးလေး..၃မျိုးပဲ…ပါတယ်..ဒါပေမယ့် သူက တစ်ကယ့် ရှေးကျတဲ့ classic cocktail အမျိုးအစားထဲက တစ်ခုပါ…Drambuie ကပျားရည်…သစ်မြစ်…သစ်ဥ.သစ်ဖုတွေနဲ့…ဆေးဘက်ဝင်တဲ့ အပင်တွေကနေ
စုပြိးရောစပ်ထားတဲ့.Irish whisky ကိုbased လုပ်ထားတဲ့…Liqueur တစ်မျိုးဖြစ်တဲ့အပြင်…
Angostura bitter ကတော့ Venezuela ဘက်ကဆရာဝန်တစ်ယောက် ရှာဖွေတွေ့ရှိ.ဖော်စပ်ထားတဲ့ ဆေးတစ်မျိုးဖြစ်ပြီး ခါးသက်တဲ့အရသာရှိပါတယ ်old-fashioned glass ထဲမှာ ရေခဲနဲ့ရောစပ်သောက်သုံးကြတာပါ…။
ဖိုးဖိုး..ဖွားဖွား သက်ကြိးရွယ်အိုတွေ ..နှစ်သက်ကြပါတယ်..

 

2)Manhattan Rye whisky, vermouth, amaretto, and grenadine .vermouth ကို (မာတိနီလို့ခေါ်ပါတယ) ်…ပထမဆုံးစသုံးတဲ့ classic cocktail ပါ …. Whisky က rye whisky ကိုသုံးပါတယ်…vermouth...ကတော့sweet martini...ကိုသုံးပါတယ် (there are three different martini...Martini rosso, martini bianco and dry martini...) Amaretto ကို Disaronno လို့လဲခေါ်ပါတယ်..ဗာဒံသီးအနံ့နဲ့လုပ်ထားတဲ့ Liqueur ပါ... Grenadine ကတော့ နှင်းဆီအရောင်နဲ့ အနံ့ပါတဲ့ သကြားရည်ပေါ့...လိမ္မော်ခွံလေး နဲ့ garnish လုပ်တယ် tymbler ဆိုတဲ့ခွက်က သူက အတွက်ပါ...Crushed ice ပေါ် ကို shake လုပ်လောင်းထည့်ပြီးသောက်ရင်...မွေးမှမွှေး...
2) Manhattan
Rye whisky, vermouth, amaretto, and grenadine
.vermouth ကို (မာတိနီလို့ခေါ်ပါတယ) ်…ပထမဆုံးစသုံးတဲ့ classic cocktail ပါ ….
Whisky က rye whisky ကိုသုံးပါတယ်…vermouth…ကတော့sweet martini…ကိုသုံးပါတယ် (there are three different martini…Martini rosso, martini bianco and dry martini…)
Amaretto ကို Disaronno လို့လဲခေါ်ပါတယ်..ဗာဒံသီးအနံ့နဲ့လုပ်ထားတဲ့ Liqueur ပါ… Grenadine ကတော့ နှင်းဆီအရောင်နဲ့ အနံ့ပါတဲ့ သကြားရည်ပေါ့…လိမ္မော်ခွံလေး နဲ့ garnish လုပ်တယ် Martini or Cocktail glass ဆိုတဲ့ခွက်က သူက အတွက်ပါ…Crushed ice ပေါ် ကို shake လုပ်လောင်းထည့်ပြီးသောက်ရင်…မွေးမှမွှေး…

 

3)Lynchberg lemonade Burbon whisky,Cointreau, lemonade , sugar syrup Burbon whisky က American whisky ပါ Cointreau က လိမ္မော် အနံ့ အဲဒါကို လင်မနစ် သို့မဟုတ် ဆဲဗင်းအပ်နဲ့ သကြားရေ ရောထားတဲ့ cocktail တစ်ခုပါပဲ.. တော်တော်လေးကို refresh ဖြစ်လို့...ပင်ပန်းနေရင်...အရမ်းကိုလန်းဆန်းသွားစေမယ့် ဖျော်ရေ တစ်ခုပါ beer mug လိုခွက်ကြီးထဲမှာ သ့ပုရာသီး အဝိုင်းးလိုက်ကလေးတွေ လှီးထည်ှုပြိး ရေခဲများများနဲ့ဆို ကောင်းမှကောင်း... နွေရာသီ နဲ့လိုက်ဖက်လှတဲ့ cocktail ပါ…..
3) Lynchberg lemonade
Burbon whisky,Cointreau, lemonade , sugar syrup
Burbon whisky က American whisky ပါ Cointreau က လိမ္မော် အနံ့ အဲဒါကို လင်မနစ် သို့မဟုတ် ဆဲဗင်းအပ်နဲ့ သကြားရေ ရောထားတဲ့ cocktail တစ်ခုပါပဲ.. တော်တော်လေးကို refresh ဖြစ်လို့…ပင်ပန်းနေရင်…အရမ်းကိုလန်းဆန်းသွားစေမယ့် ဖျော်ရေ တစ်ခုပါ beer mug လိုခွက်ကြီးထဲမှာ သ့ပုရာသီး အဝိုင်းးလိုက်ကလေးတွေ လှီးထည်ှုပြိး ရေခဲများများနဲ့ဆို ကောင်းမှကောင်း…
နွေရာသီ နဲ့လိုက်ဖက်လှတဲ့ cocktail ပါ…..

 

C) Rum cocktail

အင်း..တစ်ကယ်တော့ ဗေတား မကြိုက်တဲ့ အရက်က ခပ်ရှားရှားရယ်…ရမ်လည်းကြိုက်တာပဲ..
Dark Rum ကိုပိုကြိုက်ပါတယ်…Captain Morgan ဆိုတာ ဗေတားကြိုက်လွန်း ခိုးသောက်လွန်းလို့…
F &B…Director က ဗေတားကို တွေ့ချင်ရင်…’’Morgan, see me “ဆိုပြီး pigeon hole မှာ message ထားခဲ့တဲ့အထိပါပဲ…Rum cocktail ထဲက ကြိုက်တာတွေကတော့…

 

 

1)Mojito Captain Morgan Rum, sugar syrup, club soda, mint leaves, lime slice and lime cordial Mint leaves ပူစီနံကို သံပုရာသိးစိတ်တွေနဲ့ရောပြီး high ball glass ထဲမှာထောင်းရပါတယ်... ပြီးရင်ရေခဲကိုကြိတ်ပြီးမှထည့်တယ် အပေါ်ကရမ်လောင်း ..သကြားရည်ထည့်..သံပုရာရည်ထည့်..နောက်ဆုံးမှ ဆော်ဒါလောင်း ပိုက်ကလေးနဲ့ မွှေ ပြီးသောက်ရတယ်.. ကြည့်လိုက်ရင် ရှုပ်ပွထနေတာပဲ…ဒါပေမယ့် အရသာကတော့ ထိပ်တန်းပေါ့ဗျာ..ပေါ်ပြူလာလဲဖြစ်တယ်။
1) Mojito
Captain Morgan Rum, sugar syrup, club soda, mint leaves, lime slice and lime cordial
Mint leaves ပူစီနံကို သံပုရာသိးစိတ်တွေနဲ့ရောပြီး high ball glass ထဲမှာထောင်းရပါတယ်…
ပြီးရင်ရေခဲကိုကြိတ်ပြီးမှထည့်တယ် အပေါ်ကရမ်လောင်း ..သကြားရည်ထည့်..သံပုရာရည်ထည့်..နောက်ဆုံးမှ ဆော်ဒါလောင်း ပိုက်ကလေးနဲ့ မွှေ ပြီးသောက်ရတယ်..
ကြည့်လိုက်ရင် ရှုပ်ပွထနေတာပဲ…ဒါပေမယ့် အရသာကတော့ ထိပ်တန်းပေါ့ဗျာ..ပေါ်ပြူလာလဲဖြစ်တယ်။

 

2)Pinacolada White rum, coconut syrup, pine apple, Malibu, lime and sugar syrup... ရမ်အဖြူ..အုန်းသီး ဆီချက်..နာနတ်သီး အရည်…သံပုရာရည်..သကြားရည်နဲ့ Malibu ကတော့ အုန်းသီး အရက်ပေါ့….အကုန်ရောပြီး blander နဲ့မွှေ ရပါတယ်….နောက်…ပြစ်ပြီးအမြုပ်ထလာရင် ရပ်...Hurricane glass ကိုရေခဲထည့်...အပေါ်ကစစ်ပြိးလောင်းချ ရတယ်...Garnish ကတော့ နာနတ်သီးစိတ်လေးကို ဒုလုံးရှည် ပုံစံလေးလှီးပြီးခွက်နုတ်ခမ်းမှာ စွပ်...ပုသိမ်ထီးပေါက်စလေးစိုက်…..အားရား.. ဗေတားဆို.နှစ်ခွက်လောက်သောက်မှ ဝပါတယ်..အေးရှန်းတွေ အကြိုက်များတဲ့ cocktail တစ်ခုပါ… ဂျပန်မတစ်ယောက် လေးခွက်ဆင့်သောက်တာ…ဗေတား ..သူ့အခန်းထဲက ခုတင်ပေါ်အထိတွဲပြီးပို့ရဘူးတယ် သူကမူးမူးနဲ့ပြောသေးတယ်..သူ့ကိုယ်သူလက်ညှိုးထိုးပြ..ဗေတားကိုလည်းထိုးပြတယ်…. ပြီးမှအိုက်လက်ညှိုးလေးနှစ်ချောင်းပူးပြီး..ဝါတားရှိ..ဝါးတားရှိ..ယောရောရှိ..ယောရောရှိ….နဲ့.. ဗေတားကို…..ဂျပန်လိုမတတ်ဘူးဆိုပြီးသက်သက်ရင့်တာ…..ဒါမျိုးး..ဘယ်ရမလဲ….သေတောင်သွားဦးမယ်…. သူ့ဗိုက်ပေါ်..ရေနှစ်ဘူး..ပစ်တင်ပေးခဲ့တယ်…..ရော့..နင့်ဟာနင်ရောသောက်လို့……ညင်းးညင်းညင်း…..
2) Pinacolada
White rum, coconut syrup, pine apple, Malibu, lime and sugar syrup…
ရမ်အဖြူ..အုန်းသီး ဆီချက်..နာနတ်သီး အရည်…သံပုရာရည်..သကြားရည်နဲ့ Malibu ကတော့ အုန်းသီး အရက်ပေါ့….အကုန်ရောပြီး blander နဲ့မွှေ ရပါတယ်….နောက်…ပြစ်ပြီးအမြုပ်ထလာရင် ရပ်…Hurricane glass ကိုရေခဲထည့်…အပေါ်ကစစ်ပြိးလောင်းချ ရတယ်…Garnish ကတော့ နာနတ်သီးစိတ်လေးကို ဒုလုံးရှည် ပုံစံလေးလှီးပြီးခွက်နုတ်ခမ်းမှာ စွပ်…ပုသိမ်ထီးပေါက်စလေးစိုက်…..အားရား..
ဗေတားဆို.နှစ်ခွက်လောက်သောက်မှ ဝပါတယ်..အေးရှန်းတွေ အကြိုက်များတဲ့ cocktail တစ်ခုပါ…
ဂျပန်မတစ်ယောက် လေးခွက်ဆင့်သောက်တာ…ဗေတား ..သူ့အခန်းထဲက ခုတင်ပေါ်အထိတွဲပြီးပို့ရဘူးတယ်
သူကမူးမူးနဲ့ပြောသေးတယ်..သူ့ကိုယ်သူလက်ညှိုးထိုးပြ..ဗေတားကိုလည်းထိုးပြတယ်….
ပြီးမှအိုက်လက်ညှိုးလေးနှစ်ချောင်းပူးပြီး..ဝါတားရှိ..ဝါးတားရှိ..ယောရောရှိ..ယောရောရှိ….နဲ့..
ဗေတားကို…..ဂျပန်လိုမတတ်ဘူးဆိုပြီးသက်သက်ရင့်တာ…..ဒါမျိုးး..ဘယ်ရမလဲ….သေတောင်သွားဦးမယ်….
သူ့ဗိုက်ပေါ်..ရေနှစ်ဘူး..ပစ်တင်ပေးခဲ့တယ်…..ရော့..နင့်ဟာနင်ရောသောက်လို့……ညင်းးညင်းညင်း…..

 

 

3)Green Eyes White rum, medori, orange, blue curacao, lime cordial ရမ်အဖြူရယ်..Medori...က ပူရှိန်း liqueur...အစိမ်းရောင်...လိမ္မော်ရည် အဝါ...ဘလူးကူရာဆိုက...အပြာရောင် လိမ္မော်နံ့အခါး liqueur…သံပုရာ ချိုချဉ် အရည်လေးပေါင်းလိုက်တော့ အစိမ်းရောင်ရင့်ရင့်ချိုပြင်းရှ.မွှေး ပူရှိန်း..ကော့က်တေးလ် ထွက်လာတာပေါ့…. Tulip glass ထဲမှာ ရေခဲပေါ်ကလောင်းချပြီး သောက်ပါတယ်… အဖြူရောင် Two pieses လေးဝတ်ထားပြီး လက်ထဲမှာ...အစိမ်းရောင် ကော့က်တေးလ်ခွက်ကလေးကိုင်...အသားဖြူဖြူ…ဆံပင်ရွှေရောင်နဲ့...ရေဘင်မျက်မှန်ဝိုင်းလေးတပ်ပြိီး... အုန်းပင်ကိုမှီထားတဲ့….၃၃ -၂၄ - ၃၆..(၁၁ရ ) တစ်ယောက်..စိတ်ကူးနဲ့မြင်ကြည့်စမ်းပါ..ကိုဘလက်ရာ..
3) Green Eyes
White rum, medori, orange, blue curacao, lime cordial
ရမ်အဖြူရယ်..Medori…က ပူရှိန်း liqueur…အစိမ်းရောင်…လိမ္မော်ရည် အဝါ…ဘလူးကူရာဆိုက…အပြာရောင် လိမ္မော်နံ့အခါး liqueur…သံပုရာ ချိုချဉ် အရည်လေးပေါင်းလိုက်တော့
အစိမ်းရောင်ရင့်ရင့်ချိုပြင်းရှ.မွှေး ပူရှိန်း..ကော့က်တေးလ် ထွက်လာတာပေါ့….
Tulip glass ထဲမှာ ရေခဲပေါ်ကလောင်းချပြီး သောက်ပါတယ်…
အဖြူရောင် Two pieces လေးဝတ်ထားပြီး လက်ထဲမှာ…အစိမ်းရောင် ကော့က်တေးလ်ခွက်ကလေးကိုင်…အသားဖြူဖြူ…ဆံပင်ရွှေရောင်နဲ့…ရေဘင်မျက်မှန်ဝိုင်းလေးတပ်ပြိီး…
အုန်းပင်ကိုမှီထားတဲ့….၃၃ -၂၄ – ၃၆..(၁၁၇lb ) တစ်ယောက်..စိတ်ကူးနဲ့မြင်ကြည့်စမ်းပါ..ကိုဘလက်ရာ..

D) Gin cocktail

Gin နဲ့ လုပ်တဲ့ cocktail တွေကများသော အားဖြင့်…vodka ထက်ရှေးကျပါတယ်…အထူးသဖြင့်…class ladies တွေ party တွေမှာသောက်ကြတာပေါ့….ဗေတားနှစ်သက်မိတာတွေကတော့……………………..

 

1)S’por sling Gin, Benedictine, cherry brandy, Cointreau, angostura, pineapple, lime juice, grenadine Ginn based ကော့က်တေးလ်တွေထဲမှာ အတော်နာမည်ကြီးပြီးလူကြိုက်များတဲ့ တစ်ခုပါထူးချားတာက cherry brandy( ရှယ်ရီလို့အသံထွက်ရပါတယ်)ချယ်ရီအနံ့နဲ့အရသာ ဘရန်ဒီ နဲ့ benedictine ဘရန်ဒီ (ဆေးဖက်ဝင်အပင်နဲ့အမြစ်တွေကိုBrandy နဲ့ရောစပ်ပြီး ပြုလုပ်ထားပါတယ် ၁၅၁ဝ ခုနှစ်လောက်က ခရစ်ယာန်ဘုန်းတော်ကြီးတစ်ပါးက စတင်ခဲ့တယ်လို့လဲမှတ်သားရဘူးပါတယ် DOM လို့လဲခေါ်ပါတယ် ) ၂မျိုးကိုသုံးထားတာပါပဲ….ဒါ့အပြင် ingredients ၈မျိုးပါဝင်ပါတယ်…လိမ္မော် အရက် သံပုရာ grenadine ဆိုတဲ့နှင်းဆီ သကြားရည် ကြောင့် အင်မတန် လှပတဲ့ ပန်းဆီသွေးရောင် ကောက့်တေးလ်ကိုဖြစ်စေပါတယ်. အားလုံးကို Shaker ထဲထည့်ပြီးရေခဲနဲ့ ရှိက်ခ် လုပ်ပြီး မှ sling glass ကိုအသုံးပြုပါတယ်...Garnish ကတော့ ချယ်ရီသီးနဲ့.နာနတ်သီးပါ... … ခိခိ နုစဉ်တုန်းက..စင်္ကပူက အထက်အရာရှိတစ်ယောက်က စလုံးကနေ ထွင်တာဆိုပြီးသင် ပေးလို့ အမှားကြိးပိုက်ပြီးသိနေတာ.(.နောက်မှ အမှန်သိရတယ)်..မမှန်လည်းကိစ္စ မရှိ..အဲ့တုန်းက ကိုယ်ကြိုက်သလိုဖျော်ခွင့်သောက်ခွင့်ပေးထားတော့ ဗေတားတို့ …ခွေးထညက်အိုးတွေ့နေလို့ အမှားအမှန် စိတ်မဝင်စား….bombay sapphire ဆိုတဲ့ ဂျင်ကိုလည်း India ကထုတ်တာပါဆိုပြီး...မြန်မာက ဟော်တယ်သင်တန်းတစ်ခုမှာ သင်နေတာ တွေ့ခဲ့ရဖူးပါတယ်.ခိခိခိ...
1) S’por sling
Gin, Benedictine, cherry brandy, Cointreau, angostura, pineapple, lime juice, grenadine
Ginn based ကော့က်တေးလ်တွေထဲမှာ အတော်နာမည်ကြီးပြီးလူကြိုက်များတဲ့ တစ်ခုပါထူးချားတာက cherry brandy( ရှယ်ရီလို့အသံထွက်ရပါတယ်)ချယ်ရီအနံ့နဲ့အရသာ ဘရန်ဒီ နဲ့ benedictine ဘရန်ဒီ (ဆေးဖက်ဝင်အပင်နဲ့အမြစ်တွေကိုBrandy နဲ့ရောစပ်ပြီး ပြုလုပ်ထားပါတယ် ၁၅၁ဝ ခုနှစ်လောက်က ခရစ်ယာန်ဘုန်းတော်ကြီးတစ်ပါးက စတင်ခဲ့တယ်လို့လဲမှတ်သားရဘူးပါတယ် DOM လို့လဲခေါ်ပါတယ် ) ၂မျိုးကိုသုံးထားတာပါပဲ….ဒါ့အပြင် ingredients ၈မျိုးပါဝင်ပါတယ်…လိမ္မော် အရက် သံပုရာ grenadine ဆိုတဲ့နှင်းဆီ သကြားရည် ကြောင့် အင်မတန် လှပတဲ့ ပန်းဆီသွေးရောင် ကောက့်တေးလ်ကိုဖြစ်စေပါတယ်. အားလုံးကို Shaker ထဲထည့်ပြီးရေခဲနဲ့ ရှိက်ခ် လုပ်ပြီး မှ sling glass ကိုအသုံးပြုပါတယ်…Garnish ကတော့ ချယ်ရီသီးနဲ့.နာနတ်သီးပါ… …
ခိခိ.. နုစဉ်တုန်းက..စင်္ကပူက အထက်အရာရှိတစ်ယောက်က စလုံးကနေ ထွင်တာဆိုပြီးသင် ပေးလို့ အမှားကြိးပိုက်ပြီးသိနေတာ.(.နောက်မှ အမှန်သိရတယ)်..မမှန်လည်းကိစ္စ မရှိ..အဲ့တုန်းက ကိုယ်ကြိုက်သလိုဖျော်ခွင့်သောက်ခွင့်ပေးထားတော့ ဗေတားတို့ …ခွေးထညက်အိုးတွေ့နေလို့ အမှားအမှန် စိတ်မဝင်စား….bombay sapphire ဆိုတဲ့ ဂျင်ကိုလည်း India ကထုတ်တာပါဆိုပြီး…မြန်မာက ဟော်တယ်သင်တန်းတစ်ခုမှာ သင်နေတာ တွေ့ခဲ့ရဖူးပါတယ်.ခိခိခိ…

2)Long Island Iced tea Gin, Vodka, Tequila, Rum, Cointreau, Sour mix, Coke, 1972ခုနှစ်မှာ Long Island, New York မှာ စပြီးတည်ထွင်ခဲ့တယ်လို့ သိရပါတယ်...သူ့ထူးခြားမှုကတော့..အဖြူရောင် အရက်ပြင်း ၅မျိုး ကို ပေါင်းစပ်ထားတာပါပဲ..အကုန် Spirit တွေကြီးပဲ...ဒါကို အချဉ်အရသာနဲ့ Tall glass မှာရေခဲခံ.လောင်းထည့်ပြိး အပေါ်က ကိုကာကိုလာ...ပေါင်းစပ်လို့ သောက်ပါတယ် Cointreau နဲ့ အပေါ်က garnish တင်တဲ့ လိမ္မော် ခွံကြောင့် coke ကို အနံ့တစ်မျိုးထူးခြားစေပြီး သောက်ရင် အတော်ကြီးမူးပါတယ် (မူးမှာပေါ့အပြင်းတြွေကီးရောထားတာ) ညီမကြီးများ.အီးတုန်း.ရွှေအိ ဖက်ကက် မိတိုက် မားစည် ကမတ ်မိကမ်း တို့ အတွက်ပါ...ဟိဟိ...
2) Long Island Iced tea
Gin, Vodka, Tequila, Rum, Cointreau, Sour mix,
Coke, 1972ခုနှစ်မှာ Long Island, New York မှာ စပြီးတည်ထွင်ခဲ့တယ်လို့ သိရပါတယ်…သူ့ထူးခြားမှုကတော့..အဖြူရောင် အရက်ပြင်း ၅မျိုး ကို ပေါင်းစပ်ထားတာပါပဲ..အကုန် Spirit တွေကြီးပဲ…ဒါကို အချဉ်အရသာနဲ့ Tall glass မှာရေခဲခံ.လောင်းထည့်ပြိး အပေါ်က ကိုကာကိုလာ…ပေါင်းစပ်လို့ သောက်ပါတယ် Cointreau နဲ့ အပေါ်က garnish တင်တဲ့ လိမ္မော် ခွံကြောင့် coke ကို အနံ့တစ်မျိုးထူးခြားစေပြီး သောက်ရင် အတော်ကြီးမူးပါတယ် (မူးမှာပေါ့အပြင်းတြွေကီးရောထားတာ)
ညီမကြီးများ.အီးတုန်း.ရွှေအိ ဖက်ကက် မိတိုက် မားစည် ကမတ ်မိကမ်း တို့ အတွက်ပါ…ဟိဟိ…

 

3)Gin fizz Gin, lime juice, soda, icing sugar ရိုးရိုးရှင်းရှင်းပါ..Tumbler ခေါ် ခွက်ပုပုဝိုင်းဝိုင်းထဲ...ရေခဲထည့်.. ရျင်..ဂလူးကိုစ့် လိုမျိုး သကြားမှုန့် သံပုရာရည် ထည့် အပေါ်ကဆိုဒါလေးတင်လိုက်ရင်ပြိးပါပြီ..သပုရာ ချမ်းလေးတွေ ပါထည့် မွှေး၏.. မိန်းမ ဆန်လွန်းတဲ့..မိန်းမ ….လေဒီတွေ..ပါတီတွေမှာသောက်ကြတာ.များပါတယ်… ကမှာ..ကစားမှာ ..စကားများ မှာ..အီထုကြမှာဆိုတော့ မမူးချင်သေးဘူး..Tipsy လေးလောက်နဲ့ နေချင်တဲ့ သူတွေပေါ့…ရွာသူ Wow, Chris, Lu Lu, Moon poem, Kaung Kin Pyar နဲ့ အင်မတန်လိုက်ဖက်တာပေါ့ဗျာ… (ကြုံတုန်းလေး ရန်စရတာ..တယ်အရသာရှိ..အွိ..)
3) Gin fizz
Gin, lime juice, soda, icing sugar
ရိုးရိုးရှင်းရှင်းပါ..Tumbler ခေါ် ခွက်ပုပုဝိုင်းဝိုင်းထဲ…ရေခဲထည့်.. ရျင်..ဂလူးကိုစ့် လိုမျိုး သကြားမှုန့် သံပုရာရည် ထည့် အပေါ်ကဆိုဒါလေးတင်လိုက်ရင်ပြိးပါပြီ..သပုရာ ချမ်းလေးတွေ ပါထည့် မွှေး၏..
မိန်းမ ဆန်လွန်းတဲ့..မိန်းမ ….လေဒီတွေ..ပါတီတွေမှာသောက်ကြတာ.များပါတယ်…
ကမှာ..ကစားမှာ ..စကားများ မှာ..အီထုကြမှာဆိုတော့ မမူးချင်သေးဘူး..Tipsy လေးလောက်နဲ့ နေချင်တဲ့ သူတွေပေါ့…ရွာသူ Wow, Chris, Lu Lu, Moon poem, Kaung Kin Pyar နဲ့ အင်မတန်လိုက်ဖက်တာပေါ့ဗျာ… (ကြုံတုန်းလေး ရန်စရတာ..တယ်အရသာရှိ..အွိ..)

 

E) Tequila

Mexican နာမည်ကြီး အရက်ပါ…. လူတိုင်းအိမ်မှာ သောက်ဖို ့အတွက်ချက်ရင်း နာမည်ကြီးသွားတယ်….
Short glass ထဲထည့် လက်ညှိုး လက်မနဲ ့အဝိုင်းလိုက်ကလေးကိုင် ….လက်ခွကြားမှာ ဆားတင် တခြားလက်တစ်ဖက်က သံပရာသီးစိတ်ကိုကိုင်… မော့လည်းမော့ ဆားကို တစ်ခါတည်း လျှာနဲ ့လျက် သံပုရာသီးစိပ်ကို ပါးစပ်ထဲပစ်သွင်း အဲဒါ Tequila သောက်နည်း အစစ်ပါ …
ဘေတား တို ့ club မှာ ပိုက်ဆံမပါရင် ဒါမှမဟုတ် club ပိတ်ခါနီးကျရင် ဗိုက်ထဲမှာ ပါဆယ်ဆွဲတဲ့ အမူးမြန် အရောက်ပို ့နည်းစနစ်တစ်ခုပေါ့…
Tequila Cocktail တွေထဲက ဘေတား ကြိုက်နှစ်သက်တာတွေကတော့ ……………

 

1)Rise Tequila Sun Rise Tequila, orange juce, grenadine syrup Collin glass ထဲကို အောက်ကရေခဲခံပြီး အပေါ်ကဟာတွေထည့် နောက်ဆုံးမှ grenadine syrup ကို အပေါ်က ဇွန်းလေးခံပြီး တဖြည်းဖြည်းခြင်း ထည့် အဝါကိုအနီဖောက်သွားတဲ့ အရောင်က တကယ့် sun rise ပါ … ဒါပေမဲ့ တစ်ကယ်သောက်တဲ့အချိန်က ညနေ နေဝင်ချိန်ဆိုရင် ပိုပြီးတော့ လိုက်ဖက်ညီပါတယ် …. အဲဒါနဲ ့ပတ်သက်ပြီး Eagle အဖွဲ ့က ဆိုထားတဲ့ သီချင်းတောင်ရှိပါသေးတယ် … သမီးမွန်မွန်၊ ချာတူး၊ အလင်းဆက်၊ သကြား၊ ကိုနီ၊ ကိုခ တို ့ကဗျာဆရာ တွေကြိုက်လောက်တယ်… လှတာကိုးးးးးး
1) Tequila Sun Rise
Tequila, orange juce, grenadine syrup
Collin glass ထဲကို အောက်ကရေခဲခံပြီး အပေါ်ကဟာတွေထည့် နောက်ဆုံးမှ grenadine syrup ကို အပေါ်က ဇွန်းလေးခံပြီး တဖြည်းဖြည်းခြင်း ထည့် အဝါကိုအနီဖောက်သွားတဲ့ အရောင်က တကယ့် sun rise ပါ … ဒါပေမဲ့ တစ်ကယ်သောက်တဲ့အချိန်က ညနေ နေဝင်ချိန်ဆိုရင် ပိုပြီးတော့ လိုက်ဖက်ညီပါတယ် …. အဲဒါနဲ ့ပတ်သက်ပြီး Eagle အဖွဲ ့က ဆိုထားတဲ့ သီချင်းတောင်ရှိပါသေးတယ် …
သမီးမွန်မွန်၊ ချာတူး၊ အလင်းဆက်၊ သကြား၊ ကိုနီ၊ ကိုခ တို ့ကဗျာဆရာ တွေကြိုက်လောက်တယ်… လှတာကိုးးးးးး

2)Frozen Margarita Tequila, Cointreau, lemon juice Tequila နဲ ပါတ်သတ်ရင် နာမည်ကြီးလူကြိုက်များ classic cocktail တစ်ခုပါ… ပြုလုပ်ပုံနဲ့ ပြင်ဆင်ပုံ ထည့်တဲ့ခွက်ကအစ အခြားသော ကော့က်တေးလ် တွေနဲ့ ကွာပါတယ်.. ပါဝင်ပစ္စည်းတွေကို Blender ထဲထည့်ပြီးရေခဲ ကို မွနေအောင် လုပ်ရပါတယ် ဘာနဲ့တူလဲဆိုတော့...ရေခဲချစ်ကို ဖျော်ထားတာနဲ့တူပါတယ်...ဖန်ခွက်ကလဲ အပေါ် ကား အလယ်ရှုး အောက် သိမ် margarita glass ဆိုပြီးသပ်သပ်ရှိ်တယ်...အဲဒီခွက်ကို နှုတ်ခမ်းမှာ ရေလေးစွတ်ပြီး ဆား ခွက်ထဲ ကိုနှစ်လိုက်တဲ့ အခါ ဖန်ခွက်ရဲ့ rim မှာ ဆားတွေ နျင်းလိုသီးနေ တာပေါ့ အဲဒီထဲကို ထည့်ပြီး သံပုရာခွံအလိမ်လေး skewer လုပ်တင်ပေးလိုက်ရင် ချဉ်တင်တင် မွေးတေးတေး လေးသောက်လို့ရပါပြီ..
2) Frozen Margarita
Tequila, Cointreau, lemon juice
Tequila နဲ ပါတ်သတ်ရင် နာမည်ကြီးလူကြိုက်များ classic cocktail တစ်ခုပါ…
ပြုလုပ်ပုံနဲ့ ပြင်ဆင်ပုံ ထည့်တဲ့ခွက်ကအစ အခြားသော ကော့က်တေးလ် တွေနဲ့ ကွာပါတယ်..
ပါဝင်ပစ္စည်းတွေကို Blender ထဲထည့်ပြီးရေခဲ ကို မွနေအောင် လုပ်ရပါတယ် ဘာနဲ့တူလဲဆိုတော့…ရေခဲချစ်ကို ဖျော်ထားတာနဲ့တူပါတယ်…ဖန်ခွက်ကလဲ အပေါ် ကား အလယ်ရှုး အောက် သိမ် margarita glass ဆိုပြီးသပ်သပ်ရှိ်တယ်…အဲဒီခွက်ကို နှုတ်ခမ်းမှာ ရေလေးစွတ်ပြီး ဆား ခွက်ထဲ ကိုနှစ်လိုက်တဲ့ အခါ ဖန်ခွက်ရဲ့ rim မှာ ဆားတွေ နျင်းလိုသီးနေ တာပေါ့ အဲဒီထဲကို ထည့်ပြီး သံပုရာခွံအလိမ်လေး skewer လုပ်တင်ပေးလိုက်ရင် ချဉ်တင်တင် မွေးတေးတေး လေးသောက်လို့ရပါပြီ..

 

3)Bull Frog Tequila, Gin, Vodka, Bacardi, Blue Curacao, Red Bull … ဖားပြုတ်လို ့အမည်ရတဲ့ ဒီ cocktail က Long Island နဲ ့ဆင်တူပါတယ် Blue Curaco က အပြာရောင်နဲ ့အခြား sprit တွေက အဖြူ အားလုံးကို sling glass ထဲ.ကို အောက်ကရေခဲခံပြီး ထည့်လိုက်တော့ ပြာလဲ့လဲ့လေး… အပေါ်က red bull အဝါ ထပ်တင်ပေးလိုက်တော့ စိမ်းဖန် ့ဖန် ့ဖြစ်သွားရော… အတော်ကြမ်းတဲ့ cocktail ပါ… ဘေတား ၃ ခွက်ထဲသောက်တာ club ထဲမှာ ၅ဖက်ထောက်နေရတယ် …အိုက်နေ့က ဘောက်ဆာမပါလို့..ငိငိ… မားစည် ၊ မားဂီ ၊ မားကျောက် ၊ အမေမိုက် ၊ အမေချော ၊ ကူးမား ၊မီးမီးဂဂ ကပု တို ့တွေ လို အပြင်းကြိုက်သူများအတွက် အထူးးးးး စပါယ်ရှယ်… သဂျီးများကြိုက်လေမလား မသိ..
3) Bull Frog
Tequila, Gin, Vodka, Bacardi, Blue Curacao, Red Bull …
ဖားပြုတ်လို ့အမည်ရတဲ့ ဒီ cocktail က Long Island နဲ ့ဆင်တူပါတယ် Blue Curaco က အပြာရောင်နဲ ့အခြား sprit တွေက အဖြူ အားလုံးကို sling glass ထဲ.ကို အောက်ကရေခဲခံပြီး ထည့်လိုက်တော့ ပြာလဲ့လဲ့လေး… အပေါ်က red bull အဝါ ထပ်တင်ပေးလိုက်တော့ စိမ်းဖန် ့ဖန် ့ဖြစ်သွားရော… အတော်ကြမ်းတဲ့ cocktail ပါ… ဘေတား ၃ ခွက်ထဲသောက်တာ club ထဲမှာ ၅ဖက်ထောက်နေရတယ် …အိုက်နေ့က ဘောက်ဆာမပါလို့..ငိငိ…
မားစည် ၊ မားဂီ ၊ မားကျောက် ၊ အမေမိုက် ၊ အမေချော ၊ ကူးမား ၊မီးမီးဂဂ ကပု တို ့တွေ လို အပြင်းကြိုက်သူများအတွက် အထူးးးးး စပါယ်ရှယ်…
သဂျီးများကြိုက်လေမလား မသိ..

 

F) Brandy

ဗေတား Brandy ကိုမကြိုက်ပါ သို ့ပေမယ့် brandy cocktail တော့ သောက်တယ်…. ကြိုက်မိတာတွေက….

 

1)Brandy Alexandre Brandy, Cream de cacao, Nut Meg, Milk Creme… Alexandre ဘုရင်ကြီး သောက်လို ့ဒီနာမည်ပေးထားတာလို ့ကြားဖူးပါတယ် classic cocktail တစ်ခုပါ….creme de cacao က ချောကလက်အရသာပြစ်ပြစ်(တစ်ခါတစ်ရံ vanilla) နံ့ကို ဘရန်ဒီ ဇာဒိဖိုလ်သီး အမှုန့် နို့ခရမ်နဲ့ shaker ထဲမှာသမအောင် လုပ်ပြိးမှ martini Glass ထဲမှာ ဆန်ကာနဲ့စစ် ရေခဲနဲ ့ထည့်သောက်ပါတယ် ခပ်ပြစ်ပြစ် milky cocktail ပါ… ချိုလဲချို.နို့လဲပါတော့ နိုကမပြတ်သေးတဲ့ အံစာ မွပြုံး မွသဲ ကိုပေါက် ကိုပီချို ကိုထူးဆန်း ကိုနို့စို့မိ ကိုဆာ နှင်း ရွှေကြည် အဘဖော တို့ အတွက်..
1) Brandy Alexandre
Brandy, Cream de cacao, Nut Meg, Milk Creme…
Alexandre ဘုရင်ကြီး သောက်လို ့ဒီနာမည်ပေးထားတာလို ့ကြားဖူးပါတယ် classic cocktail တစ်ခုပါ….creme de cacao က ချောကလက်အရသာပြစ်ပြစ်(တစ်ခါတစ်ရံ vanilla) နံ့ကို ဘရန်ဒီ ဇာဒိဖိုလ်သီး အမှုန့် နို့ခရမ်နဲ့ shaker ထဲမှာသမအောင် လုပ်ပြိးမှ martini Glass ထဲမှာ ဆန်ကာနဲ့စစ် ရေခဲနဲ ့ထည့်သောက်ပါတယ် ခပ်ပြစ်ပြစ် milky cocktail ပါ…
ချိုလဲချို.နို့လဲပါတော့ နိုကမပြတ်သေးတဲ့
အံစာ မွပြုံး မွသဲ ကိုပေါက် ကိုပီချို ကိုထူးဆန်း ကိုနို့စို့မိ ကိုဆာ နှင်း ရွှေကြည် အဘဖော တို့ အတွက်..

2)French Connection Cognac, amarelto Brandy တွေအမျိုးပေါင်းများစွာရှိပေမယ့်...ပြင်သစ်နိုင်ငံ ကော့ညက်လို့ခေါ်တဲ့ မြို့ ကထွက်တဲ့ brandy ကိုမှ cognac လို့ခေါ်ပါတယ်...ဒီcocktail က cognac အစစ်နဲ့မှလုပ်ရတာပါ…amaretto က ဗာဒံစေ့ကထုတ်တဲ့အရက်……နှစ်မျိုးထဲပါ ရေခဲထည့်ပြီး old fashioned ခွက်လေးထဲမှာ...လှုပ်သောက်ရတာ... အတော်လေးကို အစာကြေ ရင်ချောင် အိပ်ပျော်စေမယ့် cocktail တစ်ခုပါ… အရီးလတ် မမ အာတီဒုံ ကိုနေးချား ကိုပေါက် စတဲ့..လူငယ်လေးတွေ သောက်တာမျိုး..ခိခိခိ
2) French Connection
Cognac, amarelto Brandy တွေအမျိုးပေါင်းများစွာရှိပေမယ့်…ပြင်သစ်နိုင်ငံ ကော့ညက်လို့ခေါ်တဲ့ မြို့ ကထွက်တဲ့ brandy ကိုမှ cognac လို့ခေါ်ပါတယ်…ဒီcocktail က cognac အစစ်နဲ့မှလုပ်ရတာပါ…amaretto က ဗာဒံစေ့ကထုတ်တဲ့အရက်……နှစ်မျိုးထဲပါ ရေခဲထည့်ပြီး old fashioned ခွက်လေးထဲမှာ…လှုပ်သောက်ရတာ… အတော်လေးကို အစာကြေ ရင်ချောင် အိပ်ပျော်စေမယ့် cocktail တစ်ခုပါ…
အရီးလတ် မမ အာတီဒုံ ကိုနေးချား ကိုပေါက် စတဲ့..လူငယ်လေးတွေ သောက်တာမျိုး..ခိခိခိ

 

3)Scorpian Brandy, Dark rum, white rum, Tirple see, orange, lime …. ကင်းမြီးကောက်လို ဇောက်ထိုးဖစ်သွား စေမယ့် cocktail တစ်မျိုးပါ….သူ့ အားသာချက်က ရမ်အဖြူ အနီ နှစ်မျိုးလုံးကို ဘရန်ဒီနဲ့ ရော တာ…သံပုရာ လိမ္မော် အနံ့တွေ နဲ့ ဆိုတော့ပြင်းမှန်းမသိသာပါဘူး ………. ရေခဲနဲ့ ရှိက်ခ်လုပ်ပြီး cocktail glass မှာ သံပုရာသီး ပုသိမ်ထီးတို့နဲ့ အလှဆင်လိုက်… မယုံသောက်ကြည့် ဖင်ဘူးတောင်း မထောင်ရင် ဗေတားကို အာဘွားပေး… ဘီအီးကြိုက်တတ်သော အဘပု ဗိုက်ဗိုက် ဂဂ တို့ကို တိုက်လိုက်ချင်တာ…
3) Scorpian
Brandy, Dark rum, white rum, Tirple see, orange, lime ….
ကင်းမြီးကောက်လို ဇောက်ထိုးဖစ်သွား စေမယ့် cocktail တစ်မျိုးပါ….သူ့ အားသာချက်က ရမ်အဖြူ အနီ နှစ်မျိုးလုံးကို ဘရန်ဒီနဲ့ ရော တာ…သံပုရာ လိမ္မော် အနံ့တွေ နဲ့ ဆိုတော့ပြင်းမှန်းမသိသာပါဘူး ……….
ရေခဲနဲ့ ရှိက်ခ်လုပ်ပြီး cocktail glass မှာ သံပုရာသီး ပုသိမ်ထီးတို့နဲ့ အလှဆင်လိုက်…
မယုံသောက်ကြည့် ဖင်ဘူးတောင်း မထောင်ရင် ဗေတားကို အာဘွားပေး…
ဘီအီးကြိုက်တတ်သော အဘပု ဗိုက်ဗိုက် ဂဂ တို့ကို တိုက်လိုက်ချင်တာ…

 

ကဲ မမ ဇီဇီ ရေ..ဗေတား အကြမ်းဖျင်းပြောချင်တာကတော့ ဒါတွေပါပဲ..နောက်ထပ်လည်း အများကြိးရှိပေမယ့် အကုန်တော့ ပြောမရဘူး..သိပ်ကျယ်ပြန့်လို့..ဒိလောက်ဆိုရပြီလား…….
အေး …ရလောက်ပါပြီ.. ကျေးဇူးပါဟာ…
ဒါဆိုဗေတား အတွက်…..ဟို..ဟို..အကြီးတစ်လုံးဆို..တာ…လေ…..
မရှိတော့ဘူး…
ဂျာ….(ကုလား နော် အာကြီးကြီး ဒေါသထွက် သွားဒယ်…)
မမနော် မညာနဲ့ …ပြောတော့..နှစ်လုံးတောင် ရှိတာဆို…ပြောတုန်းကပြောပြီး…
ခုရှိတော့ဘူးဟ…  :mrgreenn: (သွားကြီးဖြီးလျှက်)…နှစ်လုံး စလုံး အသိမ်းခံလိုက်ရလို့ပါသွားဘီ…ခိခိ။ နင်လိုချင်ရင်တော့..ဒွင်းသီးနှစ်လုံး ကျန်ဦးမလားပဲ..ဟိးဟီး
(ကုလားလေးမျက်ရည်ဝဲ လျှက်)..နေပါစေတော့ဗျာ..နံလည်းနံ..ဆူးလဲဆူး ဒိကြားထဲ ဟိုထုလိုက်မယ် ဒီထုလိုက်မယ် ..တကဲကဲ နဲ့…ရတယ် ..ရွာထဲက ကဇော်တွေ သောက်ချင်တယ် ဆို..ကိုယ့် ပလာတာ ကိုယ်ရှင်း..
ဟဲ့ ..ဒီလိုတော့လုပ်နဲ့လေ…
သိဘူး…ပြေးဘီ..ဘိုင့်…
ဟဲ့ကူးမားရ်…နေဦးလေ…ဟဲ့….ဗေတားလေးး…@#$%&*@…ကုလားစုတ် ..နင်တော့လားတွေ့မယ်..

စင်္ကပူလူမိုက် ဇီဇီတစ်ယောက်..တရုပ်ခေါက်ဆွဲဆိုင်မှ ဘဲကင် တစ်ကောင်၏ ခန့်ညားခြင်းမျိုးဖြင့် စကတ် ကို လက်နှစ်ဘက်ဖြင့်မကာ..တစုန်စုန်ခွေ့ ကျန်နေခဲ့ တော့ သည်…….

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~`

 

ပုံထဲ က စာတွေကို သေချာဖတ်နော။

ရွာထဲက လူတွေကို ဘေတားးး က ကောက်တေးတိုက်ထားတယ်။
သတိတော့ ထားသောက်ပေါ့နော့

:mrgreen:

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~`

 

ဒါနဲ့ စကားစပ်လို့ ပြောစရာ ရှိတာ။ ကော့တေး(လ) ပိုင်းမှာ ဖန်ခွက်လေးတွေ အကြောင်းးး ပြောသွားတာ တွေ့မယ်ဖတ်မိမယ်ထင်ပါရဲ့။
အဲဒါ ရှာထားတဲ့ ဖန်ခွက်ပုံလေးတွေပါ ထည့်ပေးထားပါတယ်။
ဂီ ဆီ က တစ်ပုံယူထားတယ်။

😀

 

 

glasses_13
1

 

 

1
2

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

နောက်တစ်ခုကတော့ ဦးကျောက်ရဲ့ နည်းးးး
ဘာကောင်းတုန်းတော့ သူ့ပဲမေးးးး

:kwi:

 

ပါတာတွေက အပေါ်ကပုံထဲမှာ။ နုတ်နုတ်စဉ်း ဗလန်ဒါနဲ့ကြိတ် ၊ ပိတ်စိမ်းပါးနဲ့ အရည်စစ် ၊ သံပုရာသီး တစ်လုံး (သေးရင် ၂လုံး) အရည်ညှစ်ပြီးထည့် ။ ဂလုလိုက်ရင် ပန်ခရိယက အစာဟောင်းတွေရဲ့ အဆိပ်တွေ ပြေပြီး ဝိတ်ကျပါတယ်... အဲ ပန်းသလားမေပျိုကတော့ ၅ရက် ၆ရက်လောက် ဒချိလိမ့်မယ်... အဟိ :mrgreenn:
ပါတာတွေက အပေါ်ကပုံထဲမှာ။
နုတ်နုတ်စဉ်း ဗလန်ဒါနဲ့ကြိတ် ၊
ပိတ်စိမ်းပါးနဲ့ အရည်စစ် ၊
သံပုရာသီး တစ်လုံး (သေးရင် ၂လုံး) အရည်ညှစ်ပြီးထည့် ။
ဂလုလိုက်ရင် ပန်ခရိယက အစာဟောင်းတွေရဲ့ အဆိပ်တွေ ပြေပြီး ဝိတ်ကျပါတယ်…
အဲ ပန်းသလားမေပျိုကတော့ ၅ရက် ၆ရက်လောက် ဒချိလိမ့်မယ်… အဟိ (credit to Kyauk)

 

သောက်စရာရော….

သောက်နည်းရော…..

ဆေးနည်းရော… စုပေးပြီပြီနော်။

ကျန်တာ ကိုယ့်ဒေါသနဲ့ ကိုယ်။

ဓာတ်ပုံးများကို Google  မှ မစ်တာဖြင့် ကူညီပါတယ်၊

 

 

:s:

 

99 comments

  • surmi

    June 16, 2014 at 10:01 am

    ဗေတားကိုပြောပေးပါဗျာ …
    ကျုပ်အတွက် ၁၉၈ဝ သံဗူးဖျော်ရည်တစ်ခွက်လောက် လို့
    :mrgreen:
    သောက်တာမသောက်တာအပထား တော်တော်လေးကိုသိမှတ်စရာလေးတွေပါဗျို့ ။
    တကယ့်ကို ပညာရှင်ပီသပါပေတယ်
    တစ်ခုလောက်လည်းမေးပါဦးမယ်
    ဖန်ခွက်ကို ကဒ်ပြားတစ်ခုနဲ့အုပ်ပြီး ဗြောင်းးး ကနဲ
    ခုံနဲ့ဆောင့် ပြီးတော့ ဂွက် ကနဲ မော့သောက်တာ ဘာကောက်တေးလဲခင်ဗျ :kwi:

    • ဇီဇီ

      June 16, 2014 at 12:58 pm

      ပြောထားတယ်။
      လာလို့မရဘူးးး ကွန်ကျနေလို့။
      ဆာဆာ ကွန်မန့်ကို ပြန်ဖို့ ၃ ခေါက်ပြန်ရေးရလို့တဲ့ ဒေါခီးပြီး မုဒ်ပျောက်သွားသတဲ့။
      ခုတော့ လူပါ အွန်လိုင်းကပျောက်သွားပြီ။
      လာပါလိမ့်မယ်။

      😀

    • ကူမားရ်

      June 16, 2014 at 1:14 pm

      ကိုဆာ
      သံဗူးက ခုဆို ဝယ်လို့ရလောက်တော့ဘူးထင်တာပဲ.
      ဇီး၊ဘာလီ၊ သစ်ခွနဲ့ သံပုရာရောရင် သံဗူးဖြစ်ပါတယ် ယခင် coca cola ရှားပါးတုန်းက နီးစပ် ဆုံးတုပရင်း သံဗူးလို့ ဖြစ်လာသတဲ့..ကြားဖူးတာပြောတာနော..
      ကိုဆာပြောတဲ့ ဟာဖြစ်နိုင်ခြေရှိတာကတော့
      B52 ဆိုတဲ့ shooter ဖြစ်နိုင်ခြေရှိတယ်..shot glass ထဲမှာ သုံးရောင်ချယ် ဖြစ်အာင် ဇွန်းကလေးနဲ့ ခံပြီး ထည့်.ပြီး သောက်ခါနီးမှ..costa နဲ့ပိတ် ဒိုင်းကနဲဆောင့်လိုက်တော့ mix ဖြစ်သွားပြီးမှ တရှိန်ထိုးမော့ ရတဲ့ ဟာထင်တာပဲ…
      B52
      Bailey’s ( ဝီစကီ ပါတဲ့ ကော်ဖီအရသာ နို့ ခရင်မ် လစ်ခ်ကာ)
      Kahlua (ကော်ဖီ အရသာ ခရမ်မပါ လစ်ခ် ကာ)
      Grand Marnier (လိမ္မော် လစ်ခ်ကာ)

  • black chaw

    June 16, 2014 at 10:04 am

    အဲဒါသာကြည့်တော့ဗျာ…။
    ဘလက်ကြီးတို့ အောင်မြင်နေပုံပြောပါတယ်…။
    နယ်စည်းမခြားအရက်သမားလေးများ အဖွဲ့ထဲ ဝင်ထားမိပြီဆိုတော့
    ဒီလောက်တော့ ရှိမှာပေါ့လေ…။ ဟေးဟေး…။
    ဆိုတော့…
    မွေးနေ့ မဟုတ်ပေမယ့် မွေးနေ့လက်ဆောင် ရသလို ကျေနပ်ပျော်ရွှင်မိတယ်ဆိုတဲ့ အကြောင်း…။
    အပြင်မှာ တကယ်ကြီးတိုက်မယ်ဆိုရင် ပိုကျေနပ်မယ်ဆိုတဲ့ အကြောင်း…။
    ကျွန်တော့်လို အရက် ကို ချစ်ခင်နှစ်သက်စွဲလန်းမက်မောမြတ်နိုးတွယ်တာ ကြသူများအနေနဲ့
    ဒီပို့စ်လေးကို ဒေါင်းလုတ်ဆွဲ လမ်းညွှန်တစ်ခုအနေနဲ့ ကိုင်စွဲထားသင့်တဲ့အကြောင်း…။
    မားဆွေရဲ့ ကောက်တေး လမ်းညွှန်လေးကလည်း
    အင်မတန်မှ စွဲဆောင်နိုင်စွမ်းမြင့်မား တယ်ဆိုတဲ့အကြောင်း…။
    တကယ်လို့များ မားဆွေဖန်တည်းတဲ့ ကောက်တေး လေးတွေကို မြည်းစမ်းဖို့
    ဖိတ်ခေါ်ချင်တယ်ဆိုရင် ဖြင့် အချိန်မရွေးအသင့်ဖြစ်နေပါကြောင်း…။
    ကျွန်တော်အကြိုက်ဆုံးကတော့ ဘရန်ဒီ ဖြစ်ပါကြောင်း…။
    ကျွန်တော့်အတွက် ရယ်လို့ နာမည်တတ်ထားတဲ့အတွက်
    ပို့စ်ပိုင်ရှင် အန်တီဇက်ဇက် ကို ကျေးဇူးအထူးတင်ရှိပါကြောင်း…။
    ပဏာမအမှု နဲ့ ဂါရဝပြု ရင်း ပထမအကြိမ်ကွန်းမန့်လေး ဝင်ရေးသွားပါတယ်ဗျာ…။
    ဒုတိယ…တတိယတွေလည်း လာဦးမယ်ဆိုတဲ့ အကြောင်း…။
    :mrgreen:
    ချစ်ခင်လေးစားတဲ့…
    ယာမကာလုလင်လေး ဘလက်…။
    :s:

    • ဇီဇီ

      June 16, 2014 at 1:02 pm

      အေးလေကွယ်။
      ပထမ ဘီယာပို့(စ) က ရေးပြီးမှ မကြိုက်ဘူး ဆိုလို့ ဒီ ပို့(စ) ကို နာမည်တတ်ပြီး သေချာပြန်ရေးလိုက်တာ။

      အဲ!!
      ဝိုင် အကြောင်း ကို ဘယ်သူ့ ခေါင်းစဉ်တတ်ရပါ့။

      :s:

      • ကူမားရ်

        June 16, 2014 at 1:20 pm

        ဇီဇီရေ..
        ဝိုင်က..သကြီး..အီးတုန်း. ကကျောက်..နှင်း .နဲ့ ကိုယ်တိုင်ကို တပ်..
        😛

        • ဇီဇီ

          June 16, 2014 at 1:26 pm

          တစ်ယောက် ဆို တော်ရောပေါ့။
          ဆန္ဒရှိတဲ့သူပဲ တပ်ပါရစေ၊.
          😀

  • ဦးကျောက်ခဲ

    June 16, 2014 at 10:07 am

    Liquors and Cocktails ဆိုတော့ ကျောက်စ်လည်း ခေါင်းထောင်လာတာပေါ့…
    ဒါပေသည့် ဘဝပေးအခြေအနေက အရင်လိုမဟုတ်…
    “ကပြချင်ပါသော်လည်း… ကျန်းမာရေးက မကောင်း…
    ကျန်းမာရေးက ကောင်းပြန်တော့ အခြေအနေက မပေး”… အဲဂလိုဖြစ်နေရယ် ခင်ဗျ…
    သိသလောက် သုရာကျမ်းကို လှစ်ဟပြရရင် ချစ်ဇနီးက အိမ်တံခါးဖွင့်ပေးတော့မှာ မဟုတ်…

    အဲသည်တော့ အဆိပ်ဖြေ ပန်ခရိယဖျော်ရည်ဘက် လှည့်ကြတာပေါ့ဗျာ…
    ပန်ခရိယဆိုတာ စားသမျှ သောက်သမျှ သူ့ဆီအရင်ဖြတ်ရတာဆိုတော့…
    အဲဒါလေးမှ မကောင်းရင် စတိဗ်ဂျော့တို့ ကုသိုလ်တို့လို ဂိန်းမှာပေါ့…

    ဖျော်ရည်နည်းကတော့ ပို့စ်ထဲက ပုံမှာ ညွှန်းဆိုတဲ့အတိုင်းပါပဲ …
    အဲသည့်ဖျော်ရည်ကို သောက်ဖို့ညွှန်းတာကတော့ ဟောင်ကောင်က သမားတော်ကြီးတစ်ဦးပါခင်ဗျာ…
    ခက်တာက အလေးချိန် အချိုးအဆ အတိအကျ မရှိသလို အော်ဂဲနစ် အသီးအနှံဆိုရင် ပိုစွမ်းပါသတဲ့…
    ကျောက်စ်ကိုယ်တိုင် နဲ့ ချစ်ယောက်ဖကြီးတော့ သောက်ပြီးသွားပါပြီ…
    Beet က စိမ်းစားဥလိုမျိုးမို့ မြေကြီးနံ နံပါတယ် ၊ အရသာကတော့ မဆိုးပါဘူး…
    သောက်ပြီးရင် ဝမ်းနှုတ်ဆေးလို ဗိုက်ရစ်ပြီးမနာပေမည့် ၊ ဝမ်းအတော်သွားပါတယ်…
    ဝမ်းသွားရင် နုံးချိမသွားပဲ အတော် ပေါ့သွားတာတော့ သိသိသာသာပါပဲ… (ကျောက်စ် ၆ရက် ဂိုး၏)
    အစာထဲကအဆိပ် ၊ အရက်ချိုးတွေကျတာမို့ ဝမ်းကတော့ အရောင်စုံပါပဲ (အစိမ်းနုလေး… ဟီဟိ)…
    စိတ်ပူစရာတော့ မလိုပါဘူး ၊ အချိန်တန်လို့ ဝမ်းစင်သွားရင် ရပ်သွားပါတယ်…
    အသားအရည် စိုပြေပြီး ကိုယ်ရည်စစ်လို့ ဗိုက်ကလေးလည်း ချပ်သွားတယ် ခင်ဗျ…
    ပြောရရင်… အဲသည့်ဖျော်ရည်သောက်ပြီး အရက်သောက်ချင်စိတ် မရှိသလောက် လျော့သွားပါတယ်…
    ဟီ ဟိ… ကိုယ်ဖြစ်ကိုယ်ခံ ၊ မယုံရင် စမ်းကြည့်ပါလို့ တိုက်တွန်းပါရစေ… အား ဟိ 😀

    • ဇီဇီ

      June 16, 2014 at 1:09 pm

      အဲ့ ဆေးနည်းကတော့ ရုံးပိတ်ရက်ရှည်မှ စမ်းရမယ်။
      သမီးက လူကောင်သေးသေးလေး ဆိုတော့ (အဟွတ်) မြော့နေမှ ဒွတ်ခ။

      😀

    • ကူမားရ်

      June 16, 2014 at 1:53 pm

      ကကျောက်..
      အချွန်နဲ့ မပြန်ဘီနော်..
      ဗေတား ထောက်ခံပါတယ်..သူ့ဆေးကောင်းတာ..၅ရက်လောက်..အီတွန့်ပွမ်သွားတယ်..
      အရက်အကြောင်းလေးလည်းနဲနဲ ဝင်ရေးပါဦး..မတူတဲ့ ဗဟုသုတ ပေါ့..

  • Wow

    June 16, 2014 at 10:11 am

    နံလဲနံ ဆူးလဲဆူးတာတောင် လက်မလယ်ဝူးအေ့ ဒူးရင်းသီးတွေရောင်းကောင်းတာပေါပါဒယ် :mrgreen:
    နာတို့တိုက်တဲ့ Gin FizzCocktail က မျက်စိပသာဒမရှိလိုက်တာအေ တခြားဟာလေးများ တိုက်ပါလား :kwi:

    • ဇီဇီ

      June 16, 2014 at 1:12 pm

      ပေါပလိုက်ဇမ်းဘာ့။
      ဒီ ဒူးရင်းသီးကို ပြိုင်ဘက်မရှိရချင်တဲ့ နာ့ အကိုကတော့ နာ့ ကို သူပြိုင်ဘက်တွေကို ကြံပေးပါတဲ့။
      နာ ကြံလို့ ခြောက်သွားရင် သူ့ အတွက်ပဲတဲ့။
      တစ်ယောက် လုံခြည် တစ်ကွင်းဆိုလို့ ခု လူ ရေတွက်နေတယ်။
      အဟေးဟေးဟေးးး

      :mrgreen:

  • ဦးကျောက်ခဲ

    June 16, 2014 at 10:32 am

    အဟိ… ကြားဖူးတဲ့ တကီလား သောက်နည်းကတော့…
    မက်ဟီကန် စားပွဲထိုးအမျိုးသမီးရဲ့ ရွှေရင်အစုံကြားက အရက်ထည့်ထားတဲ့ဖန်ခွက် အသေးကို…
    လက်နဲ့ မကိုင်ပဲ သွားနဲ့ကိုက်ပြီး တကြိုက်ထဲမော့ ၊ ရွှေလည်တိုင်က ဆားချွေးတွေကို…
    “ပလပ်” ကနဲ လျက်ပြီးမှ နှုတ်ခမ်းနှစ်လွှာကြားက သံပုရာသီးစိတ်ကို…
    “ပြွတ်” ကနဲ စုတ်ယူ ဝါးစားရပါသတဲ့… ဂွီ
    အဟဲ…စားပွဲထိုးက Salma Hayek လို မက်ဟီကန် မင်းသမီးချောတော့ ဟုတ်ချင်မှဟုတ်မယ်…
    ကောင်းဘွိုင်ဓာတ်ရှင်ထဲကလို… ဝတုတ်ပြဲကြီးတွေဖြစ်ဖို့တော့ သေချာတယ်… အဟိ
    😀

    • black chaw

      June 16, 2014 at 11:34 am

      ဟယ်…ကိုကျောက်ကြီး…ဘာတွေပြောနေတာပါလိမ့်…။
      စိုးလွင်လွင် သီချင်းလေးသွားသတိရတယ်…။
      ကိုယ့်အတွက်လည်း…
      တစ်ခွက်လောက်တော့ တိုက်ကြည့်သင့်ပါတယ်…
      ပေါ့…။
      တကီလာ…တကီလာ…
      ဟင်းဟင်း…ကြုံရင်တော့လား…
      ဟယ်…ငါဘာတွေပြောနေမိပါလိမ့်…။
      😀

    • ဇီဇီ

      June 16, 2014 at 1:14 pm

      ဟယ်။ ဟယ်။
      ကျောက် ကြားဖူးတာတော့ မဖြစ်နိုင်ဘူးးး
      လက်တွေ့ လုပ်ဖူးတာမဟုတ်လားးးး
      နှင်းရေ။ နှင်းရေ။
      ဟော ……………………….. ဒီ ……………………….. မှာ……………………

      :mrgreen:

  • kyeemite

    June 16, 2014 at 11:17 am

    အောင်မငီး…အားရပါရကြီးကိုရေးထားတာပဲ..ဖတ်ရင်းနဲ့ မူးတောင်သွားတယ်
    ညနေတစ်ခေါက်ထပ်ဖတ်အုံးမယ်…အရက်ဖိုးသက်သာအောင်လို့..ခိခိ 😀

    • ဇီဇီ

      June 16, 2014 at 1:16 pm

      ဖတ်တဲ့သူမပြောနဲ့။
      ရေးတဲ့ သူတောင် မူးမူးနေလို့ ဒီ ပို့(စ) ကို မနှစ်က အောက်တိုဘာကတည်းက ရေးတာ ဒီ နှစ် ဇွန်မှ တင်နိုင်တာ စဉ်းစားသာကြည့် မိုက်မိုက်။
      :mrgreenn:

  • kyeemite

    June 16, 2014 at 11:26 am

    ရင်ထဲက အမှန်အမှန်တိုင်းပြောရရင်…cocktail တစ်ခါမှ မသောက်ဖူးသေးဘူးဗျာ…
    တစ်ယောက်ယောက်ကများ ဖိတ်ပြီး မတိုက်ချင်ကြဘူးလားဟင်..ဂလု 😀

    • ကူမားရ်

      June 16, 2014 at 2:34 pm

      ကိုမိုက်
      နာ့ အကိုပြောတံ ကြားပြီး စိတ်တောင် မကောင်းဖစ်တွားပြီ
      ဗေတားတကယ်ဂျီးကို တိုက်လိုက်ချင်တာ….တွေ့ဦးမှာပါ..
      တစ်ကယ်ကိုတိုက်မယ် မကြာခင်..ကို ..
      လောလောဆယ်..ကကျောက်ဆေး အရင်သောက်တားလိုက် ဦး..

      • kyeemite

        June 16, 2014 at 3:23 pm

        တစ်ရက်ဆုံမှ ဗေတားကို cocktail စပ်ခိုင်းပြီးသောက်ရမယ်..ဂယ်ကြီးကိုမသောက်ဖူးတာ
        အင်း..ဒါပေမဲ့ ..ပေါက်ကရ cocktail တော့ ဖေါင်ကြီးသင်တန်းဆင်းတုန်းကသောက်ဖူးပါရဲ့
        ဘားတိုက်ထဲက လူတွေ ကိုယ်ပါတာကိုယ်သွန်ဆိုပြီး ပလပ်စတစ်ရေပုံးမှာ ဝိုင်းလောင်းကြတာ..
        ဘီအီး၊ ချက်ကြီး၊ မန်းလေးရမ်၊ အာမီရမ် စုံလို့..နောက်တော့ အဲ့ထဲ ဖရဲသီးတွေ တောက်တောက်စင်းပြီးထည့်ဖျော်တာပဲ…အဲဒါသောက်ပြီး မူလိုက်ကြတာဘာပြောကောင်းမလဲ..နောက်နေ့ သင်တန်းဆင်း ပရိတ်ဒ် မနဲလျှောက်ရတယ်..ဟီဟိ
        😀

  • ကြောင်ဝတုတ်

    June 16, 2014 at 11:39 am

    အဟမ်း…. အဟမ်း….
    အေ့… ငါမူးနေပြီကွ…

    ခင်မင်လျက်-
    ဖက်ဖက်ကက်

    • ဇီဇီ

      June 16, 2014 at 1:21 pm

      အမူးပြေရင် ကတိပေးထားတဲ့ လစ်ဘရယ် ထမင်းဝိုင်းလေးးး စပါဦးးး

      :s:

  • alinsett (gazette)

    June 16, 2014 at 11:57 am

    အိုးးးးးးး
    ဒီပိုစ့်တစ်ပုဒ်နဲ့တင်
    ရက်ရက်ဆိုင်ရာ ဗဟုသုတတွေရော
    မြင်ရုံနဲ့ ဂလုချင်စရာ ပုံတွေရော
    အရသာ အစုံ ရလိုက်တယ်
    ဂလု
    ဂလု
    :mrgreen:

    • ဇီဇီ

      June 16, 2014 at 1:19 pm

      ဆက်ဆက်က အသက်ငယ်သေးတယ်။
      ဘီယာပဲ သောက်ဦးးး
      ဒါက ဟိုလူဂျီးတွေ အတွက် ရေးတာမို့။

      :kwi:

      • ကူမားရ်

        June 16, 2014 at 2:37 pm

        ဟာ ဇီဇီ ကလည်း…မတရားတာ…
        သားလေး..ဆက်ဆက်..မားဆွေ တိုက်မယ်..သိရား…ဟိုကောင်မ ..မားစည် ကိုလဲ ခေါ်လိုက်မယ်..
        သူကပိုအောင်တယ်…နို့..ခိခိခိ

        • alinsett (gazette)

          June 16, 2014 at 6:14 pm

          အောင်မငီးးးးးးးး

          သားဂ အညှာ လွယ်တယ်ဂျ

          :mrgreen:

  • nozomi

    June 16, 2014 at 12:59 pm

    ပို့စ် က တော်တော်စွမ်းတယ် အထဲက အရက်တွေတောင် မသောက်ရသေးဘူး ဖတ်ရုံနဲ့ မူး နေပြီ
    ဖတ်ပြီးတော့ သိလာတွေ လဲ အများကြီး သိချင်လာတာတွေလဲ အများကြီး မို့ မေးကြည့်ပါရစေ
    – မမူးအောင် သောက်လို့ ရတဲ့ နည်းလေးများ မရှိဘူးလား
    – အရက် အတု နဲ့ အစစ် ကို ဘယ်လိုခွဲလို့ ရမလဲ
    – မူး စေတဲ့ အရည်တွေ နဲနဲ သောက်လိုက်မိရင် အိမ်က မိန်းမ ပိုချောလာတယ်လို့ ထင်ရတာ ဘာကြောင့်ပါလဲ
    – ရှင်းပြတာ စုံပေမဲ့ အရက်သောက်လို့ ရမဲ့ အကျိုး အပြစ်လေးတွေကိုလဲ ရှင်းပြပေးပါ
    – အပေါ်က ဟာတွေ အားလုံး အလကားတိုက်ဘို့ အစီအစဉ် ရှိပါသလား
    – ရှင်းပြတဲ့ ဗေတား ဆိုတဲ့ လူကြီး က ရောက်တဲ့နေရာ မှာ သောက်ပြီး ရင် တွေ့တဲ့ လူနဲ့ မှားတတ်တယ် ဆိုတဲ့ သတင်းက အမှန်လား ဆိုတာလေး တွေ ရှင်းပြစေလိုပါတယ်

    သဂျီး အကြံပေး မောင်နို ( ကိုယ်တိုင်ခန့်)

    • ဇီဇီ

      June 16, 2014 at 1:18 pm

      အဲလာတော့ ကျုပ်ကို မမေးနဲ့လေ။
      သောက်ဖော် သောက်ဖက်တွေကို မေးးးး
      မိုက်
      ဘက်
      မတ်
      ဆွေ
      ရဲ

      ကမ်း
      :mrgreen:

      • ကူမားရ်

        June 16, 2014 at 3:01 pm

        ဟို အပေါ်က ဦးကြီး နို့စို့မှီ..

        ဗေတားပြန်ဖြေမယ် နော်..
        -အရက် ကို မမူးအောင်သောက်တဲ့နည်းကတော့..ကိုဘလက်ချော နဲ့ ကိုမိုက်ဆီမှာ ရှိပါတယ် သူတို့ကိုမူးအောင်တိုက်ပြီး မေးရင် လုံးဝမထိမ် မချန်ပြောပြပါလိမ့်မယ်..(ဗေတားလဲခေါ်နော်)
        -အရကိမှာ အတုဆိုတာမရှိပါဘူး..သောက်လို့မူးရင် အရက်ပါပဲ..အဲ..နိုင်ငံခြားကလာတဲ့ ပုလင်းခွံထဲ မှာ ပြည်တွင်းဖြစ်လေးတေ ထည့်ထားတာဒေတော့ ရှိတတ်တာပေါ့..ခိခိ
        -မူးလာရင် အိမ်က မိန်းမပိုချော မချောကိုတော့..လှည်းတန်းကတစ်ယောက်နဲ့ ယှည်ကြည့် သင့်ပါတယ်..
        – အရက်သောက်တဲ့ အကျိုးကတော့.ငွေကုန်ပါတယ် မူးပါတယ်..နောက်လှည်းတန်းရောက်ပါတယ်..အိမ်ညပန်ရောက်ရင် အျနွာခံရပါတယ်…နောက်မလုပ်တော့ပါဘူးလို့နောင်တရပေမယ့် ..ပြန်ပြန်ဖြစ်ပြီး ဝလချီးလည်နေ တတ်ပါတယ်..
        – အပေါ်က ဟာတွေ အလကားတိုက်ဖို့ အစီအစဉ်လည်းရှိပါတယ်..ဇီဇီ မင်္ဂလာဆောင်ရင်..သောက်ရပါပြီ..
        -ဗေတားက ရောက်တဲ့နေ ရာမှာ မသောက်ပါဘူး..ချိန်းတဲ့နေရာကို ပဲ အရောက်သွားပြီး သောက်ပါတယ်..တွေ့တဲ့ လူနဲ့လည်းမမှားတတ်ပါဘူး..မှားတတ်တဲ့ မမဇီဇီ တို့ ဒွင်းသီးတို့ ကို မေးပါ..အလီဘာဘာတို့ လှည်းသားငါးရာတို့ က ဝါကျွတ်တိုင်းကန်တော့ ရတယ် ဆိုပဲ..ခိခိ

        • ဇီဇီ

          June 16, 2014 at 3:12 pm

          နာ့ ကို ချောက်ချနေပြန်ပြီ။
          မင်ဂါဆောင်တော့ဝူးးးး
          အယ်(လ) တီပဲ။ :mrgreenn:
          ကော့တေး(လ) တိုက်နေရမစိုးလို့။

          ဟုတ်တယ် ကိုနို။
          ကူးမားကိုတောင် အလီဘာဘာ ၄ဝ ထဲက စိတ်ကြိုက်အတွေ့ဆုံးမို့ ခေါ်လာတာ။ (စာရေးတာပြောပါတယ်)

          :mrgreen:

        • Wow

          June 16, 2014 at 3:24 pm

          သူမို့မကြောက်မရွံ့ နာတို့ကို မှန်းရဲတယ်… လှည်းသားငါးရာ ဝိုင်းရင် ဗေတားကော့တေး လက်မလယ်ဖြစ်မယ် (ဖျော်တိုက်ခိုင်းဂျမှာ ပြောပါဒယ်) :mrgreen:

  • JackSkellington

    June 16, 2014 at 1:27 pm

    အော် ရေးထားတာလေးတွေ ဖတ်မိပြီး ကော့တေးလ် လေးတောင် သောက်ချင်လာဘီ။
    ကလပ်ကီး လစ်ဦးမှပါ ဟိဟိဟိ။
    Hard liquor တွေကတော့ သိပ်မလုပ်ရဲတော့ဘူး။
    သောကြာည က အာဂျင်တီးနား ဝိုင်ဆိုလား လက်လေးလုံးလောက် သောက်မိတာ ခုထိ အလာ့ဂျစ် ဖြစ်နေတုန်း။
    ဒါနဲ့ အဲ့ဒီ အလာ့ဂျစ်တွေ ကိုရော ဘယ်လို ကုလဲဗျ။
    ပြီး james bond ရဲ့ vodka martini shaken not stirred လေးလဲ ရှင်းပြပေးပါဦးဗျ။ 🙂

    • ဇီဇီ

      June 16, 2014 at 1:31 pm

      ဗျ။
      ကိုဂျက် က စလုံး မှာလားးးး?
      အလာဂျီကတော့ အရက်ကြောင့် ဆို အလာဂျီပျောက်တဲ့ ဆေးသောက်လို့ ရဝူးရယ်။
      ၂ ရက်လောက်နေမှ သက်သာမှာပဲ။
      ကော့တေး(လ) ကတော့ ဗေတား လာရှင်းပြလိမ့်မယ်။

      🙂

      • JackSkellington

        June 16, 2014 at 1:35 pm

        ဟုတ်ပါတယ်ဗျ။
        အဟင့် ဒါဆိုရင်တော့ ယမကာ လုလင် ဘွဲ့ မရတော့ဘူူး နဲ့တူတယ်။
        သောက်ရတာ နဲ့ ခံရတာနဲ့ တန်ကို မတန်တာ။ကုတ်ချည်းနေရတယ်။ 🙂

        • ဇီဇီ

          June 16, 2014 at 1:41 pm

          အာဗျာ။
          သွေးမတည့်လို့ နေမှာ။
          ဇွတ်မသောက်နဲ့လေ။
          ဘယ်နဲ့။
          😀
          ဒါမျိုးက ကုသိုလ်နဲ့ (အဲလေ ဟုတ်ပေါင်) အကုသိုလ်နဲ့ လာတာဗျ။
          အနော်ဖြင့် အစားရော အသောက်ရော မတည့်တာမရှိပေါင်….
          :mrgreenn:

    • ကူမားရ်

      June 16, 2014 at 3:24 pm

      ကိုဂျက် ခင်ဗျား
      James bond သောက်တဲ့ cocktail original က Vesper martini လို့ခေါ်ပါတယ်..
      Vodka, Dry martini and Gordon gin သုံးမျိုးစပ်တဲ့ ကောက့်တေးလ်ပါ..James Bond movie တွေမှာ ပါရင်းနဲ့ သူ့နာမည် တွင်သွားပါတယ်..
      ထူးချားမှုက vermouth ကိုမသုံးပဲ Kina littet ( ကင်နာလီလေး လို့ အသံ ထွက်ပါတယ်) dry martinin ကိုသုံးထားတာပါ..
      shake နဲ့ stir မတူတာက သူက အဆီမိုု့ မွေရင် သေချာ မရောပါဘုူး shake လုပ်မှ သေချာရော စပ်ပြီး အရ သာ ကောင်းပါတယ်
      ်ရေခဲ တုံးမထည့်ရတဲ့ အတွက် shaker ထဲမှာ ရေခဲ နဲ့ သေချာ shake လုပ်မှ အေးတာလည်းပါတယ်.

  • Crystalline

    June 16, 2014 at 1:33 pm

    အရက်တော့ အနံ့တောင်မခံနိုင်လို့ ဘာဆိုဘာမှမသိ.. :mrgreenn:
    အောက်က ခွက်လှလှလေးထဲက အရည်တွေတော့ သောက်ချင်သား… ရင်းရမှာများတယ်.. ကိုယ်တိုင်လုပ်လည်း သိပ်အချိုးကျမယ်မထင်… ဝယ်သောက်တာပဲကောင်းမယ်… ဘဆွေတစ်ယောက် ရွာကလူတွေကို ကောက်တေးစုံ ချောင်းစီးတိုက်ဖို့အစီစဉ်မရှိဘူးလား… အားပေးချင်လို့ပါ.. :mrgreenn:

    • ဇီဇီ

      June 16, 2014 at 1:39 pm

      ဒီမှာတော့ အနံ့အတွက် အမျိုးစုံ ရှိတယ်။
      အချိုးမကျမှာပဲ ရှိမှာရယ်။
      အဟီးဟီးးး
      😀
      ရွာကလူတွေကို ချောင်းစီးတိုက်ဖို့ အစီအစဉ်ရှိတယ်။
      ဘယ်အချိန်ကျမှ ဆိုလားပဲ။
      မနက်ကတော့ ပြောနေတယ်။

      :s:

      • ကူမားရ်

        June 16, 2014 at 5:42 pm

        အော်..မဂျိုးက ..အရက် ကို အနံ့တောင်ခံလို့ မရဘူးလာ.းးး…..
        အဲ့ ဒါမျိုးမျ သဘောကျတာ…
        ဗေတားလက်ရာသောက် လိုက်ရင်..ဆွေမျိုးတွေ ..ရည်းစားဟောင်းတွေပါမေ့ပြိး..
        အရက် ပုလင်းမြင်တိုင်း လက်ညှိုး ထိုးနေမှာ မြင်ယောင်မိသေးတယ်..

        “”ရွာကလူတွေကို ကောက်တေးစုံ ချောင်းစီးတိုက်ဖို့အစီစဉ်မရှိဘူးလား… အားပေးချင်လို့ပါ.”
        အဲဒီအတွက်ကတော့ ..ဗေတား စဉ်းစားနေပါတယ်…စကားမစပ်..အိမ်ထောင်ရှိလား ဟင်… ပြုမယ်ဆိုပြော..
        လာစီစဉ်ပေးမို့ပါ.. ..ခိခိခိ

  • snow smile

    June 16, 2014 at 2:09 pm

    အောက် က ခွက် က တော့ အိ န္ဒြေ ရ ရ ပါ ဘဲ
    အ ပေါ ် က ခွက် မှာ အဲ့ ဂျ ပန် မ ကို ဖြုတ် ရင် ဖြုတ်
    မ ဖြုတ် ချင် ရင် နာ တို ့ ကို ခွက် ပြောင်း ပေး
    ဘယ် လောက် တောင် နာ တို ့ ကို အ မြင် ကပ် နေ လဲ မ သိ
    ( ကက် ကက် လန် အောင် ရန် တွေ့ ခြင်း )
    စ ကား မ စပ် – မိ အေး က ဘယ် သူ လဲ

    • ဇီဇီ

      June 16, 2014 at 2:11 pm

      အနော့ ယောက်ခမွ မသဲနုအေးး
      :s:

    • ကူမားရ်

      June 16, 2014 at 6:03 pm

      မွပြုံး…(ခ)ဗေတားမမကြီး ပြူး (ခ) ဘရိတ်ကူမားရ် ရဲ့ ရွှေအိမ်စနိုး (ဖားထားရတယ် ..စလုံးလာရင်မုန့်ကြွေးမှာတဲ့ခိခိ)
      ဗေတား အပေါ်ခွက်မှာ ….ဘာလုပ်မိလို့ လဲ ဟင်…
      အောက်ခွက် က လည်း သောက်ကောင်းပါတယ်..
      အပေါ်ခွက်ကလည်း တစ်ကယ်ကောင်းလို့ တိုက်တာပါ.. သူများဒေဆို တခွက်ပဲ…နာ့မမကြီးကို နှစ်ခွက်တောင်တိုက်တာ..ကို
      တားကို အငြင် ကတ်လို့ လုပ်တယ်ထင်နေဒယ်…ဗေတား အရမ်း ဝမ်းနည်းတာဘဲ..အိအိ..ရွှတ်..(ကုလားလေး မျက်ရေလယ်နေပြီ)
      ဗေတားက ….မွပြုံး မူးမှ လုပ်ကြံ …အဲအဲ..များများတောက်ရအောင် လို့ ၂ခါတောင်ထည့်ပေးထာားတာ..
      ဟို ..ဂျပန်မကလည်း..ဗေတားနဲ့ ကင်းပါတယ်…မွပြုံးမယုံရင် သစ္စာ ဆိုပြမယ်..(အရှင်ဘုရား ထိုဂျပန်မသည် ဂျပန်ပြီမှ ဖြစ်ပါသည် ၏မှန်သောသစ္စာစကားကြောင့် မွပြုံး .ယုံကြည်ပါစေဖျား) ..တွေ့လား…
      ဗေတားကို( ကက် ကက် လန် အောင် ရန် တွေ့ ခြင်း ) မလုပ်နဲ့နော် ..အော်ငိုကျစ်ရိုက်မှာ..ခိခိခိ..

      • snow smile

        June 16, 2014 at 7:41 pm

        ဂျ ပန် မ နဲ့ ကင်း လား မေး တာ မ ဟုတ် ဘူး ဗေ တား ရဲ့
        ဂျ ပန် မ လဲ တဲ့ ခွက် ကို မှ နာ တို ့ ၂ ယောက် ကို သောက် ခိုင်း
        ထား လို ့
        အ ဖွား ကြီး တွေ သောက် တာ လောက် ဘဲ လုပ် ပါ အေ

        • ကူမားရ်

          June 16, 2014 at 11:10 pm

          အာ မရဘူး..
          မိအေးရော.. မွပြုံးရော ..ဒါပဲသောက်ရမယ်…နှစ်ယောက်လုံးက ဘောစိတွေ ဆိုတော့..ပိုက်ပိုက် များများကြီးရှိတယ်လေ…….မူးနေမှ ဗေတား က အလစ်သုတ်လို့ ရမှာ ဆိုတော့ နှစ်ခါပြန်တောင်တိုက်ထားရတာ…..ကောက်တေးဖိုးလေးကျေအောင်တော့ ..ကြံရမှာ ဘဲ…တိုက်တာ သောက်..ပြိးရင်မူးပြီး..ပါတာ ကို အသာတကြည်ပေးလိုက်..မဟုတ်ရင် ပြန်ပေးပါ ဆွဲခံရမယ်…
          ရေကျော်လူမိုက် ကူမားရ် ဆိုတာ မကြားဖူးဘူးလား..ငိငိ..

  • Foreign Resident

    June 16, 2014 at 2:53 pm

    ဟဲ့ ၊ ပလုတ်တုတ် ။
    ဒီလို ( အရက် ) ပိုစ့် မျိုးကျတော့လည်း ၊ နေ့ဝက် မကျိုးခင်မှာတင် ၊
    Comment က ၃ဝ ကျော်သွားပေသကိုး ။ မြန်ထှာ ။ 🙂

    Comment ၃ဝ ကျော် ဆိုတော့
    အရင်က ငါ မဖတ်ဖြစ်ခဲ့ဘဲ လွတ်သွားတဲ့ ၊
    ပိုစ့် အဟောင်းများလား ဆိုပြီး ၊
    ရက်စွဲ ပြန်ကြည့်ရသေးတယ် ။
    တကယ်ပြောတာ ။

    • ဇီဇီ

      June 16, 2014 at 2:57 pm

      Like တဲ့လူလည်း ကြည့်ဦး ဘဖောရဲ့။
      အကြိုက်များတာနော်……
      ဒါမျိုးကျ။။ :mrgreenn:

      သများ ရေနွေးဖြစ်ကဗျာလေးတွေကျ လူမရှိ။
      :hint:

    • black chaw

      June 16, 2014 at 3:05 pm

      မသောက်တတ်ပဲ တိုက်တတ် ပြီး…
      မမူးပဲနဲ့ မူးတဲ့လူတွေကို ရစ်တတ်တဲ့ ဘဘဖေါကို
      တားတို့ အရမ်းလွမ်းတာဘဲ တိယား…။
      😀

      • Foreign Resident

        June 16, 2014 at 3:23 pm

        ဟဲ ဟဲ ။ ကို ဘလက် ရဲ့ ။
        ရှေ့လ ဇူလိုင် မှာ ပြန်လာမှာပါကွယ့် ။ 😛

        • kyeemite

          June 16, 2014 at 3:31 pm

          ဒါဆိုတောက်ရချည်သေး..ခိခိ 😀

  • Foreign Resident

    June 16, 2014 at 3:19 pm

    အင်း ၊
    ဘရန်ဒီ အကောင်းစားဟာ ကော့ညက် ဖြစ်တယ် ဆိုတဲ့ အချက်ရယ် ။
    ဝိုင် အကောင်းစားဟာ ရှန်ပိန် ဖြစ်တယ် ဆိုတဲ့ အချက် ကျန်ခဲ့တယ် ။

    နောက်ပြီး Scotch Whiskey အကောင်းစား စာရင်းထဲမှာ ၊
    Johnny Walker နှင့် Chivas Regal လဲ မပါပါလား ။

    • ဇီဇီ

      June 16, 2014 at 3:29 pm

      စိမ်းလိုက်ပြီ။
      ပြီးမှ ပြန်ဖြည့်လိုက်မယ် ဘဖော.. 😀

    • ဇီဇီ

      June 16, 2014 at 3:45 pm

      အဲ။
      ဘဖော ….
      ဝိုင် က ဒီမှာ မပါဘူးလေ။
      သပ်သပ်လာမှာရယ်။
      😀

  • Mr. MarGa

    June 16, 2014 at 3:29 pm

    မြတ်စွာဘုရား!!!!!!
    တစ်ရက်ပဲရှိသေးတယ် ကွန်မန့်လေးဆယ်ကျော်နေပြီ…
    အခု ဒါပါမန့်လိုက်ရင် လေးဆယ့်ငါး တဲ့
    ကြိုက်တတ်ကြပုံများ
    cock tail ကို ကြားရုံပဲ ကြားဖူးရာကနေ အခု သိပါသိသွားပြီဗျာ….
    ကြည့်ရုံနဲ့တင် သောက်ချင်စရာလေးတွေ…
    လောလောဆယ်တော့ အကုန်ဖတ်ပြီး…
    မူးတယ်… ဂေ့…
    😀

    • ဇီဇီ

      June 16, 2014 at 3:33 pm

      အငွေ့နဲ့ တင်မူးတယ်လာ့?
      နာ့ မောင် မပီသလိုက်ချက်။

      😀

      • Mr. MarGa

        June 16, 2014 at 3:48 pm

        နတ်တို့ သနင်း သိကြားမင်း ဆိုတော့
        အငွေ့နဲ့တင် လုံလောက်တယ်ဗျ
        :mrgreen:

  • Myo Thant

    June 16, 2014 at 3:33 pm

    အးလုံးဖတ်အပြီးဆုံးမှာ

    ကချင်မီးတောက်တစ်လုံး သောက်လိုက်ရသလို

    အမူးကြီး မူးရပါကြောင်း

    • ဇီဇီ

      June 16, 2014 at 3:35 pm

      ဟယ်။
      ရိုးရာ အရက်တွေ မေ့ခဲ့ပြီ။
      ခွေးလွှတ်ပါ ပိတ်သတ်ကြီးးးး
      နောက်တစ်ပို့(စ) မှ ရေးပါ့မယ်။

      ရိုးရာ အရက်ရယ် နိုင်ငံတစ်ခု စီရဲ့ စစ်နေချာ အရက်ရယ်။
      ခုခိ ခုခိ

      :mrgreen:

  • black chaw

    June 16, 2014 at 3:41 pm

    အရက် ဆိုတာကြီးကို သီချင်းတွေထဲ ထည့်ရေးခဲ့ကြပါတယ်…။
    စိန်ဝင်းထွန်းတို့ခေတ်ကတည်းက

    အရက်ကိုကြိုက်လို့သောက်တဲ့သူ
    စိတ်ပျော်တတ်လို့ သောက်တဲ့သူ

    လို့ ထည့်ဆိုတယ်ပေါ့ဗျာ…။
    နောက် သန်းနိုင်ခေတ်ကျတော့

    သေရည်အရက်ကိုမုန်းခဲ့တယ်
    မင်းကိုငါချစ်လို့
    ဒါဟာပိုမူးပေ့ါအချစ်လေး

    လိုပ ထည့်ဆိုပြန်ရောဗျို့…။
    စိုင်းခမ်းလိတ်ကြီးကလည်း

    ငါအရက်သောက်တာ မင်းမကြိုက်ဘူး
    မကြိုက်မှန်းတော့ ပြောတတ်တယ်

    လို့ ထည့်ရေးခဲ့တာပါပဲ…။
    အရက်ကို သီချင်းထဲထည့်ရေးခဲ့တဲ့ အထဲမှာ
    မော်ဒန်အကျဆုံးနဲ့ ကျွန်တော်အခိုက်ဆုံးစာသားလေး တစ်ခုရှိပါတယ်…။

    ကြယ်တွေဆီမှာ ကြိုကာချက်တဲ့ အချစ်ရဲ့ အရက်

    တဲ့…။ အဲဒီစာသားကို ဝင်းမင်းထွေးကြီးက
    ချစ်ကောင်းသီချင်းတစ်ပုဒ်မှာ ထည့်ရေးသွားတာပါ…။
    အရက်တောင် ကြယ်တွေဆီမှာ ကြိုကာချက်တဲ့ အချစ်ရဲ့ အရက်…တဲ့…။
    အဲဒါ ဘယ်သီချင်းဆိုတာလေး အပျော်သဘောပေါ့ဗျာ…။
    ပဟေဌိ အဖြေညှိ…။
    အရင်ဆုံးမှန်အောင်ဖြေနိုင်သူ ကို ကိုဆွေ ရဲ့ အာဝါး ချီးမြှင့်ပါမယ်ဗျာ…။
    😀

    • kyeemite

      June 18, 2014 at 3:53 pm

      အရက်သီချင်းဆိုလို့..ဒီတစ်ပုဒ်ကျန်သေး..ရဲဘော်ဘလက်ရ
      ♪♫ အကြီးတစ်လုံး ♪♫အသေးတစ်လုံး ♪♫ ကမာ္ဘကြီးမူးအောင်သောက်လိုက်မယ်..မူးမယ်..ဟိုနားသွားလဲ
      ဒီနားသွားလဲ ♪♫ကိုယ်ကမူးအောင်သောက်မယ်♪♫”…..ကျုပ်ဂီတာတီးသင်တဲ့သီချင်းလေးပေါ့…
      ငယ်ငယ်ထဲကသင်လာတာ…ခုချိန်ထိ ..အဲ့တစ်ပုဒ်ပဲတီးတတ်တယ်..ခိခိ 😀

  • ကူမားရ်

    June 16, 2014 at 3:54 pm

    ချစ်ကောင်းရဲ့ သီချင်းပါ နံမည်မေ့နေ တယ် ( အချစ်ဝိုင် လား အိပ်မက်ဝိုင်လား မကွဲဘူး)

    ပြန်လာမယ်
    …အဝေးဆုံး အပြေးဆူံး သွေးဆဲလ်တွေ လှည့်ပါတ်နေတယ်….

    • black chaw

      June 16, 2014 at 3:59 pm

      တော်တော်ကြီး နီးစပ်ပါတယ် ညီမလေးရယ်…။
      သီချင်းကတော့ ဒက်ထိကြီးကို ဟုတ်ပါတယ်…။
      ဒါပေမယ့် သီချင်းနာမည်မပါတော့ အာဝါးမပေးနိုင်ပါဘူးကွယ်…။
      😀

  • ကူမားရ်

    June 16, 2014 at 3:59 pm

    အချစ်ဝိုင်ပါ ခညာ..
    ကော်ဖိ ခါးခါး စီးရိးထဲကပါ..ငိငိ..

    • ဇီဇီ

      June 16, 2014 at 4:04 pm

      ကိုယ့် ဆု ကို ပြန်ယူသွားတာတဲ့။
      ညံ့ပါ့။

      :kwi:

  • black chaw

    June 16, 2014 at 4:02 pm

    ကဲကြည့်…အာဝါးလိုချင်လို့…ကြိုးစားဖြေနေတယ်ပေါ့…။
    သီချင်းကတော့ မှန်ပါတယ်…နာမည်သာလွဲနေတာပါ…။

    အလွမ်းလား အနမ်းလား မေးခွန်းတွေသိတ်ခက်နေတယ်
    အပျင်းဆုံး အချစ်ဝိုင် ကြယ်တွေဆီမှာ ကြိုကာချက်တဲ့ အချစ်ရဲ့အရက်တဲ့

    နောက်တစ်ကြိမ်ထပ်ဖြေကြည့်လိုက်ပါဦး ညီမလေးရယ်…။
    😀

  • ကူမားရ်

    June 16, 2014 at 4:18 pm

    ဇီဇီ့ အဖြေ မှန်ပါတယ်ကွယ်..
    လာညီမလေးဒီနား…အာာာာာာ…ဘွားးးးးးးးးးးးးးးးး
    ကိုချော ရေ……မှန်မှန် မ မှန်မှန် ဟုတ်ဟုတ် မဟုတ်ဟုတ် ကျနော်တော့ ကြမ်းပလိုက်ပြီ….ကျန်တာ ကိုယ့် ပလာတာ ကိုယ်ရှင်း..

    • ဇီဇီ

      June 16, 2014 at 4:25 pm

      ဟဲ့ ဟဲ့။ နာ ဖြေတာဟုတ်ဘူးလေ။
      သူ့ အဖြေကို မှန်ကြောင်းးးး လည်းးး သက်သေပြရသေးတယ်။

      :hint:

  • black chaw

    June 16, 2014 at 4:35 pm

    အဖြေက မှားနေသေးတယ်လေကွယ်…။
    ဆုချချင်တဲ့လူကလည်း အတင်းကြီးကို အာဘွားနေတော့တာပါပဲ…။
    😀

  • black chaw

    June 16, 2014 at 4:42 pm

    မားဆွေရေ…အချစ်ဝိုင် ဝုတ်တယ်ဗျ…။
    ကိုယ့်ဟာကိုယ်သာပြန်နမ်းပေတော့ဗျို့…။
    😀

    • ဇီဇီ

      June 17, 2014 at 11:53 am

      မောင် လာတာ နောက်ကျတယ်။

      :s:

  • ROssI

    June 17, 2014 at 5:51 am

    မတ်ယိုင်းထှာ
    သများကို တာကီလာ သမားတဲ့ ….

    သောက်ဖူး …
    ဘာအရက်မှ မသောက်ဖူး…
    စိကလက်တောင် သောက်ဖူး…
    ဟိုနှုတ်ခမ်းဖူးဖူးလေးတွေကို အာ့တေ သောက်ပီး မနမ်းရက်တော့လို့…

    အာဟိ…

    (ရယ်မီမာတင် တလုံး ဂါရင် ပြန်ဆင်းဆားမယ်…)

    • ဇီဇီ

      June 17, 2014 at 11:52 am

      မတမ ရွစီ။
      ဘာမှ ဆင်းစားမနေနဲ့တော့။
      ဘေတားရော ကျောက် ရော သောက်နည်းပြောသွားပြီးပြီ။
      လုံးးးးးးးဝ မဂါနိုင်ဘူးးး

      😀

  • Kaung Kin Pyar

    June 17, 2014 at 8:40 am

    မနေ့က ကိုယ့်မိုးနဲ့ကိုယ် ချာချာလည်နေလို့ ဒီပိုစ့်ကို ဒီမနက်မှပဲ မြင်မိတယ် မဇီဇီရေ…..။
    ယမကာတွေအကြောင်း တော်တော်စုံစုံလင်လင်ကို သိသွားပါတယ်…။
    ကောင်းကင်ပြာလဲ Tipsy လေးနဲ့ ငြိမ့်သွားပါတယ်….။…..။
    🙂

    • ဇီဇီ

      June 17, 2014 at 11:49 am

      အာ။ ချာချာလည်ချင်းလည်ရင် မိုးနဲ့တော့ မလည်ပါနဲ့ကွယ်။
      tipsy လေးနဲ့ပဲ လည်လိုက်ပါ။

      :mrgreen:

  • TNA

    June 17, 2014 at 11:07 am

    ပလုတု အရက်ပိုစ့်မို့ချက်ချင်းမဝင်ဖြစ်လိုက်တာ ရွစိဗေတား လုပကြံထားဒယ်ကြားဒယ်။ ရွစိအစင်လေးပစ်ပါဇီတော် :mrgreen: ဘယ့်နှယ့်ဂျပန်မတောင်မူးမှတော့ နာဒို့နှစ်ယောက် အိမ်ပေါ်ကဇောက်ထိုးကျတော့မပေါ့အေ :byee:

    • ဇီဇီ

      June 17, 2014 at 11:48 am

      အာ။ မငိုနဲ့လေ ချစ်သဲ ရဲ့ တိတ်တိတ်။
      ဒီမှာ ချွေးမွလေးတစ်ယောက်လုံးရှိတာကို မွမွတို့ ၂ ယောက်ကို ဂလိုအဖြစ်ခံပါ့မလားးး
      ဘေယောင်ဂျွန်းလေးနဲ့မှ ဂျွန်းပြန်အောင်သောက်ကြတာပေါ့။
      ခိခိ

      😀

  • Nyo Win

    June 17, 2014 at 2:34 pm

    အောင်မြတ်လေး..ကိုးနတ်ရှင်ကောင်းချက်..တော်တော်လေးဝင်ယူရတယ်…
    အသောက်သမားအတွက် သောက်စရာဗဟုသုတတော်တော်စုံလင်သွားသမို ့…
    ဆေ့ဗ် လုပ် အလွတ်ကျက်ပြီး ဘော်ဘော်တွေ(သောက်ဖော်သောက်ဖက်)ရှေ့ ဆရာကြီးလုပ်ရင်း..
    .
    .
    .
    .
    တိုက်ခိုင်းရမယ်…..ခွိခွိ

    • ဇီဇီ

      June 17, 2014 at 2:41 pm

      ဟယ်။
      သများ ပုံတွေကို လျှော့ထားတယ် အကိုညိုဝင်းရဲ့။
      ရအောင် ဝင်လာပြီး အားပေးသွားတာကို ကျေးဇူး အကြီးကြီးတင်ပါတယ်။

      :s:

  • TNA

    June 17, 2014 at 5:59 pm

    ဘေယောင်ဂျွန်းလေးနဲ့မူးရမယ်ဆို တောက်အုံးမှာ :mrgreen:

  • နောင် ရိုး

    June 18, 2014 at 3:36 pm

    မန့်ဖို့တောင် အတော်ဆွဲချရတဲ့ ပိုစ့်ပဲဗျာ…။
    အချိန်ယူပြီး ဖတ်ပါအူးမယ်…။ ဝါသနာရှင်ကျော်က ဒါမျိုးတော့ အလွတ်ပေးလို့မဖြစ်…
    ဒေါ်ဇီဇီ…မှီတဲ့နေရာက ဒိုင်ဗင်ပစ် ဝင်လာပါတယ်ခင်ည..
    နောက်ဒါမျိုးတိုက်မယ်ပြင်ရင် ကျော့်နာမည်ပါ ထည့်ပေးညှော်…တိရားးးး

    • ဇီဇီ

      June 18, 2014 at 3:42 pm

      အာ့ကြောင့် သများ ပို့(စ) လေး လူမဝင်တာနေမယ်။

      :hint:

      ဆပ်ကြေးကြောက်လို့ လာလာ။ ဝါသနာပါလို့ လာလာ။ လာတာကို ကျေးဇူးပါ။

      😀

  • pooch

    June 18, 2014 at 4:55 pm

    ဒေါင်း ယူထားတယ် ။ ဘော်ဒါများ စုံတဲ့အခါ တမျိုးခြင်း နှစ်သက်ရာလေးတွေ မြည်းမလို့ ။
    တခါလား ပဲ မြည်းဖူးတယ်။ မကြိုက်ဖူး။ အခုဟာလေးတွေတော့ မသိဘူး။

  • ဇီဇီ

    June 18, 2014 at 5:07 pm

    @pooch,
    If you want, I can send you soft copy. :s:

    • ဇီဇီ

      June 19, 2014 at 12:37 pm

      လောက်ပေးးး
      သောက်ချင်ရင် ဘရန်းဒက် အရက်ပဲ ရမယ်။
      သများကကောက်တေး မဖျော်တတ်ဖူးလေ။
      စိတ်ပဲ ကောက်တတ်တယ်။

      😀

  • အရီးခင်

    June 19, 2014 at 2:24 am

    ဟေ့ ကဘချော
    ဒီမှာ နောက် တစ်ပုဒ်ဗျို့။
    {{{
    စတော်ရီ ချယ်ရီ ရောရင် တော်တန်ရုံလူပင် ဘုံကမ္တာ ရဆင့် အမြင့်ကို မြင်ယောင် သလိုလိုပင်။
    ….
    ရီဝေဝေကိုယ့်ခေါင်းထဲမှာ ချာချာလည်နေတယ်။

    သူအခါခါ အထပ်ထပ်ထည့်တာ မြင်ယောင်တယ်။
    …..
    ဒီ အချိန်မှာ အမှတ်ရဆုံးဟာ စတော်ဘယ်ရီ ချယ်ရီ ရွှေကိန္နရီ လေးများလားလားကွယ် မြင်ယောင်တယ်။
    }}}

    သောက်စရာ မလို မှတ်ချက် တွေဖတ်ရင်း ချာချာလည် မူးသွားတာတော့ အမှန်ဘဲ။
    ဘရာဗို ပါ ဇီ ကလေးရေ့။ :-))))

    • ဇီဇီ

      June 19, 2014 at 12:43 pm

      အဟီးဟီးးး
      သောက်စရာမလိုပဲ မူးတော့ အရက်ဖိုးသက်သာအောင်ပါ အရီးရယ်။
      :mrgreenn:

  • ဇီဇီ

    July 16, 2014 at 6:11 am

    နေ ့လယ်အရက်သောက်ခြင်းရဲ့ ဆိုးရွားတဲ့ အန္တရာယ် ၅ ချက်

    တစ်ချို ့လူတွေက နေ ့လယ်နေ ့ခင်းလည်း မရှောင် အရက်သောက်တတ်ကြပါတယ်။ မွန်းတည့် အစာစား တုန်း cocktail လေး တစ်ခွက်လောက် သောက်တာမျိုးဖြစ်ဖြစ်၊ ဘီယာလေးတစ်ခွက်နှစ်ခွက်လောက် သောက်တာ ဖြစ်ဖြစ် လုပ်တတ်ကြပါတယ်။ ဒါပေမယ့် ဒီတစ်ခွက်လေးကပဲ လေးနာရီလောက် မူးနေတာမျိုး ဖြစ်သွားတတ် တယ်နော်။ နေ ့လယ်ဘက် အရက်သောက်ခြင်းကလည်း သူ ့ဆိုးကျိုးတွေ သူရှိပါတယ်။ အထူးသဖြင့် ဆိုးရွားတဲ့ နောက်ဆက်တွဲအကျိုးဆက်တွေ ဖြစ်လာနိုင်ပါတယ်။

    ၁။ ဒါဟာ အကျင့်တစ်ခု ဖြစ်လာနိုင်တယ်

    နေ ့လယ်ဘက်မှာ cocktail လေးတစ်ခွက်ဖြစ်ဖြစ်သောက်တာကလည်း အားလပ်ရက်တိုင်း အယ်ကိုလ်ဟော သောက်ချင်စိတ်ကို အလွယ်တကူဖြစ်စေပါတယ်။ နေ ့လယ်ဘက် အရက်စပ်ထားတဲ့ ဖျော်ရည်ယမကာလေးတွေ သာက်တာဟာ ခေတ်စားလာတဲ့ အပြူအမူတစ်ခုဖြစ်ပြီး သိပ်အန္တရာယ်မရှိဘူး၊ ပုံမှန်ပါပဲလို ့ထင်ရပေမယ့် ဒါဟာ အရက်သောက်နေတာပဲ ဆိုတာ မမေ့ပါနဲ ့။ ပြီးတော့ အရှိန်ရသွားရင်လည်း ညဘက် အရက်သောက်တာထက် ပိုသောက်မိတတ်ပါတယ်။

    ၂။ ရေဓာတ်မြန်မြန် ခန်းခြောက်နိုင်တယ်

    နေ ့လယ်ဘက် အပူချိန်ကြီးမှာ အရက်သောက်တာက သင့်ကို ရေဓာတ်မြန်မြန်ခန်းခြောက်စေနိုင်တယ် ဆိုတာ ပြောဖို ့တောင်မလိုပါဘူး။ ခင်ဗျားခန္ဓာကိုယ်က ပိုတက်ဆီယမ်ပမာဏ လျော့ကျမယ်။ မဂ္ဂနီဆီယမ်ပမာဏတွေ အပြောင်းအလဲဖြစ်ပြီး သင့်ကို နှလုံးနဲ ့ပတ်သက်တဲ့ အန္တရာယ်တွေ ဖြစ်စေနိုင်ပါတယ်။ တခြား ကျန်းမာရေး ဆိုးကျိုးတွေလည်း ရစေနိုင်ပါသေးတယ်။

    တကယ်လို ့နေ ့လယ်ဘက်အရက်သောက်ကိုသောက်မယ်ဆိုရင်တော့ H20 နဲ ့ရေဓာတ်ခန်းခြောက်တာကို အမှီလိုက်ဖို ့ပြင်ထားပါ။ “ နေ ့ဘက်ဖြစ်ဖြစ်၊ ညဘက်ဖြစ်ဖြစ် အရက်တစ်ဖန်ခွက်သောက်တိုင်း ရေတစ်ဖန်ခွက် ပြန်သောက်ပေးသင့်တယ်လို ့ ကျွန်တော် အမြဲအကြံပြုခဲ့ပါတယ်” လို ့ခန္ဓာကိုယ်အာဟာရဓာတ်အထူးပြု သမားတော် Melina Jampolis က ပြောကြားခဲ့ပါတယ်။

    ၃။ ထင်ထားတာထက် ပိုသောက်ဖြစ်လိမ့်မယ်

    နေ ့ဘက်အရက်သောက်တာက ညဘက်အရက်သောက်တာထက် အချိန်အကြာကြီးပိုသောက်ဖြစ်ပါလိမ့်မယ်။ နေ ့ဘက်ဘက် ပူတာကြောင့် ရေဆာတာလေးကို ဖြေဖို ့ဘီယာဆိုင်ထဲဝင်သွားပြီးရင် ပြန်ထွက်ဖို ့အချိန်က ကြာတတ်သလို ပိုပြီးလည်း မြန်မြန်နဲ ့များများသောက်တတ်ပါတယ်။

    ၄။ နေလောင်ရောဂါကို ဖြစ်စေနိုင်တယ်

    ဗြိတိသျှအရေပြားရောဂါဂျာနယ် မှာ ဖော်ပြခဲ့တဲ့ လေ့လာမှုတစ်ခုအရ နေ ့ဘက်မှာ အရက်လေး တစ်ခွက်သောက်တာဟာ အရေပြားကင်ဆာကို ဦးတည်နိုင်တဲ့ melanoma ကျူးမား ဖြစ်နိုင်ခြေအန္တရာယ် မြင့်မားစေနိုင်တယ်လို ့ဆိုပါတယ်။ ဒါဟာ အယ်ကိုဟော acetaldehyde ကွန်ပေါင်းအတွင်း ဓာတ်ပြုမှုကြောင့် ဖြစ်နိုင်ပြီး ခန္ဓာကိုယ် ကို ခရမ်းလွန်ရောင်ခြည်တွေနဲ ့ပိုမို ထိတွေ ့စေပါတယ်။ ဒါကြောင့် နေ ့လယ်ဘက် အရက်သောက်သူတွေဟာ ကာလတိုအားဖြင့် နေလောင်ဒဏ်ရာရနိုင်ပြီး ကာလရှည်ဆိုရင်တော့ ကင်ဆာ ကိုပါ ဦးတည်နိုင်ပါတယ်။

    ၅။ မတော်တဆမှုကြုံတွေ ့နိုင်ဖို ့များလိမ့်မယ်

    နေ ့လယ်ဘက်အရက်သောက်ခြင်းရဲ့ ခန္ဓာကိုယ်အပေါ် တိုက်ရိုက်ဆိုးကျိုးတွေသာမက တစ်ဆင့် ဆိုးကျိုး တွေကိုလည်း သင် ရှောင်နိုင်ဖို ့လိုပါတယ်။ အရက်ဟာ သင့်ရဲ့ သတိရှိတဲ့အသိဉာဏ်စိတ်ကို နှောင့်ယှက်ပစ် တဲ့အတွက် နေ ့လယ်ဘက်အရက်သောက်ပြီး အိမ်ပြင်ဘက်ထွက်ရမယ်ဆိုရင်တော့ တော်တော် အန္တရာယ်ရှိ နိုင်ပါတယ်။

    အရက်ဆိုတာ ရှောင်နိုင်ရင်ရှောင် ၊ မရှောင်နိုင်ရင်တော့ နည်းနည်းပါးပါး ကစ်တာ အကောင်းဆုံးပါပဲ။

    Ref: womenshealthmag.com

    Trend Myanmar
    http://www.trend.com.mm/2014/07/09/health-3608

    • နှူးဘာ မိဂီ

      July 16, 2014 at 8:38 am

      ကျော် ညီမလေး လည်လည်လာတုန်းက မာဂရီတာ သောက်ဖြစ်တယ်
      ဂစ်ဂစ်..

  • ဇီဇီခင်ဇော်

    October 23, 2015 at 11:43 am

    ရောစပ်ပြီး တွဲဖက်သောက်သုုံး၊ စားသုံးသင့်သည့် အရက်များ
    (Credit to တင်အောင်လွင်)
    ~~~~~~~~~~~~~~~~~~~~~~~~~~~

    “Whiskey Series”
    ==============
    “Johnnie Walker Series”
    ရောစပ်ရန် ။ ။ Water, Whiskey Soda
    တွဲဖက်ရန်အမြည်း ။ ။ Cheese, Chips, Bacon, Sausage

    “Chivas Regal Series”
    ရောစပ်ရန် ။ ။ Water, Whiskey Soda
    တွဲဖက်ရန်အမြည်း ။ ။ Cheese, Chips, Bacon, Sausage

    “Jack Daniel’s Series (Especially Bourbon)”
    ရောစပ်ရန် ။ ။ Water, Coke, Lemon or Lime, Honey
    တွဲဖက်ရန်အမြည်း ။ ။ French Fries

    “Gin Series”
    ==========
    ရောစပ်ရန် ။ ။ Lemon or Lime, Tonic Water or Gin Soda, Sugar, Peppermint Leaves
    တွဲဖက်ရန်အမြည်း ။ ။ Cheese

    “Vodka Series”
    ============
    ရောစပ်ရန် ။ ။ Lemon or Lime, Sparkling
    တွဲဖက်ရန်အမြည်း ။ ။ Bacon, Sausage

    “Tequila Series”
    =============
    ရောစပ်ရန် ။ ။ Lemon or Lime, Salt, Tequila Worm
    တွဲဖက်ရန်အမြည်း ။ ။ Lemon or Lime, Salt, Tequila Worm

    “Chinese Alcohol Series”
    =====================
    ရောစပ်ရန် ။ ။ အနံ့ပြင်းလို့ Lemon Sparkling နဲ့ရောပါ။
    တွဲဖက်ရန်အမြည်း ။ ။ ဝက်သားကို နည်းမျိုးစုံဖြင့်ချက်၍ မြည်းနိုင်သည်။

    “Thai Rum Series (Especially Mekhong)”
    =================================
    ရောစပ်ရန် ။ ။ M-150, Lipo, Red Bull
    တွဲဖက်ရန်အမြည်း ။ ။ သင်္ဘောသီးထောင်း။

    “မြန်မာပြည်ဖြစ် ချက်အရက်၊ ဘီအီး Series”
    ===========================
    ရောစပ်ရန် ။ ။ ရရာအချိုရည်မျိုးစုံ
    တွဲဖက်ရန်အမြည်း ။ ။ လျက်ဆားမှစ၍ စားလို့ရတာအကုန်။

    “ထန်းရည်၊ ဓနိရည်၊ ခေါင်ရည် Series”
    ========================
    ရောစပ်ရန် ။ ။ မလိုပါ။ အနည်စစ်ပြီး တန်းမော့ရုံပါ။
    တွဲဖက်ရန်အမြည်း ။ ။ ပဲကြီးလှော်၊ လယ်ကြွက်ကြော်၊ ကြက်ကြော်၊ ဗယာကြော်၊ ငါးကြော် မှစ၍ လက်ဖက်သုပ်ကဲ့သို့သော ဒေသထွက်အစားအသောက်များ။

    Ps : Single Malt Whiskey အုပ်စုကတော့ အနံ့ကမထုတ်ထားတော့ အနံ့ပြင်းလို့ သေချာမစမ်းသပ်ရသေးဘူး။

    ကိုယ်တွေ့မြည်းစမ်းသည့် တင်အောင်လွင်

    • kai

      October 23, 2015 at 12:34 pm

      ကျုပ်က.. ဒီလဆေးစစ်တာမှာ.. ကျောက်ကပ်ရဲ့..ဘာဆိုလား.. ၉ဝကျော်ရှိရမှာ.. မနှစ်က ၇ဝကျော်.
      ဒီနှစ် ၅ဝကျော်မို့.. အခြေအနေမကောင်း.. မသောက်ရဆိုတာပဲ..။
      အဲဒါနဲ့.. စာရေးဆြာတွေလာတုံးလက်ဆောင်ပေးတာ.. မယူသွားတဲ့တယောက်.. ကျန်နေတဲ့.. ဘလူးကို.. ရီတန်းမလုပ်.. သောက်မလို့.. မသောက်မလို့.. ဝေခွဲမရဖြစ်နေတာ…။
      ဒါကပြန်တက်လာတော့.. သောက်လိုက်မှနဲ့တူတယ်..။
      သေချင်သေ..။ :k:

      • ဇီဇီခင်ဇော်

        October 23, 2015 at 12:42 pm

        ဟယ်။
        သောက်ရုံအပြင် အမြည်းပါ ပါရင် ပိုဆိုးမှာ။
        စိတ်လျှော့ပါ တဂျီးရယ်။
        ဒီ ဆိုက် ကို အမွေပေးခဲ့တော့မို့လား ငင်???

        :k:

  • ムラカミ

    October 23, 2015 at 1:19 pm

    ဘုရားမကြိုက်နတ်မကြိုက်တေဗျာ…
    ဘုရားတွေ နတ်တွေ ဂုမစိုက်ရင်တောင် မွေးသမိခင်တွေ အသဲနာမယ့် အရာတွေဗျ…
    ချဉ်ထှာ…

    • ဇီဇီခင်ဇော်

      October 26, 2015 at 12:02 pm

      အေးဆို။
      ဘူ့မာမီလည်းမသိ ငိုနေရဒါ
      သားဆိုးအမေ တဒေဒေ

      😥

  • Shwe Ei

    October 23, 2015 at 4:55 pm

    -အခုမှ လုံးစိပတ်စိ ပြန်ဖတ်ဖြစ်တယ်..
    -ပီးတော့ ကိုယ်တိုင် cocktail စပ်ကျိချင်တယ် 🙂

    • ဇီဇီခင်ဇော်

      October 26, 2015 at 12:01 pm

      ဟိ။
      စပ်ကြည့်ပါလားး စမ်းကြည့်မယ်လေ။
      :k:

  • Alinsett @ Maung Thura

    October 23, 2015 at 8:12 pm

    ဟွှာလေ
    အခု အရက်ဆိုင် ဖွင့်ချင်နေတယ် သပ်လား။
    အရက် လာသောက်တဲ့သူတွေကို ရစ်ချင်နေလို့။
    :mrgreen:

    • ဇီဇီခင်ဇော်

      October 26, 2015 at 12:01 pm

      အရက်ဆိုင်ဖွင့်ချင်ရင် နယ်မြေပိုင် ရဲ ကို ပိုင်ရဒယ်ကွဲ့။

      :k:

Leave a Reply