အသံများနှင် ့က ခုန်ခြင်း

သုရွင္June 12, 20141min33365

အသံများနှင် ့က ခုန်ခြင်း

သူများပြောတဲ့အသံအတိုင်းလိုက်ခံစားနေရင်
ကိုယ့်ဘဝက သူများလက်ထဲမှာလမ်းဆုံးတော့မပေါ့။ ( ဦးဇောတိက-မဟာမြိုင်တောရ)

အတိုက်အခံငြင်းခုံပြောဆိုနေကြတဲ့ကြားထဲ ဖတ်ရမှတ်ရတဲ့ ပြည်သူတွေထဲက ပြည်သူ တစ်ယောက်အနေနဲ့ အနည်းနဲ့အများတော့ စိတ်ရှုပ်မိမှာအမှန်ပါပဲ။ ကိုယ်ဖြစ်စေချင်တာ၊ လက်ရှိဖြစ်နေတဲ့ အခြေအနေက ကွာဟလာတဲ့အခါ တောက်တစ်ခေါက်ခေါက် ဖြစ်ချင်ဖြစ်လိမ့်မယ်။ ဟိုးတုန်းကလို အားလုံးက တစ်သံတည်းထွက်နေတာ မဟုတ်တော့ ဘူးမဟုတ်လား။

အရင်တုန်းက အစိုးရသတင်းစာတွေ ဖတ်ပြီးရင် တော်တော်စိတ်ပျက်လက်ပျက်ဖြစ်တဲ့ အထဲမှာ ကျွန်တော်တို့ပါဖူးပါတယ်။ ဘာမှသတင်းမဟုတ်သည်ကို သတင်းလုပ်ရေး နေသည် ဟူ၍လည်းကောင်း။ တစ်ခါလာလည်း ဒါချည်းပဲ ဟူ၍လည်း ကောင်း ၊ ဝေဖန်ခဲ့ ဖူးပါသည်။ ယခု သတင်းမီဒီယာများကို လွတ်လပ်ခွင့်ပေးလိုက်သောအခါ အစပိုင်းတော့ ဟုတ်သလိုလိုဖြစ်နေပေမယ့် ကြာတော့လည်း စိတ်ပျက်လာရပြန်ပါတော့သည်။

သတင်းတစ်ခုဖြစ်တည်မှုတွင် မူလ ဖြစ်ပေါ်လာသည့် အကြောင်းရင်းခံအချက်အလက် များကို မိမိတို့အယူအဆ ( အထူးသဖြင့် အယ်ဒီတာ ဆိုသူတို့ ၏အယူအဆကို ) ဦးစားပေးပြီး မိမိတို့ အားပေးထောက်ခံရာကိုသာ ဦးစားပေးဖော်ပြမှုက လွှမ်းမိုးသွားသောအခါ သတင်း၏ သိက္ခာကျဆင်းလာတော့သည်။ သတင်း၏ အမှန်တရား ယိမ်းယိုင်သွား တော့သည်။ ထိုသတင်းမျိုးကို မည်သို့ အားကိုးအားထားပြုပြီးဖတ်ရှုရမည်နည်း။ မြန်မာနိုင်ငံရှိ မီဒီယာအားလုံးသည် ထိုကဲ့သို့ဖြစ်နေပေတော့သည်။

ပြည်ပဖိအားကလည်း အထူးပင်အရေးပါလှပါသည်။ ဧရာဝတီသတင်းများကိုဖတ်ကြည့် ပါက အနောက်တိုင်းအကြိုက်လိုက်ရေးနေသည်ကို တွေ့နိုင်ပါသည်။ မိမိတု့ိ လက်ခံ ရ ရှိသော အချက်အလက်များကို အနောက်တိုင်းအမြင် ( အထူးသဖြင့် နာမည်ကြီးသတင်း ဌာနများ၏ အာဘော်ကို တတ်နိုင်သလောက် တု၍ လိုက်ရေးနေသည်ကို စာဖတ်များ သူ တိုင်းသိနိုင်ပါသည်။

တိုင်းသူပြည်သားစာဖတ်သားတို့အနေဖြင့် အရင်က မိမိတို့လက်လှမ်းမမီသော သတင်း များကိုု ဖတ်မှတ်နေရ၍ ဗဟုသုတ တိုးပွားရသည်က တစ်ကဏ္ဍ၊ မိမိတို့လိုရာ ယိမ်း၍ ရေး ထားသော သတင်းစာများကို ဖတ်ရှု၍ အကုသိုလ်များရသည် က တစ်ကြောင်း ကောင်း ကျိုးရော ဆိုးကျိုးပါရရှိနေကြသည်ဟု မြင်ပါသည်။

သတင်းများကို ဖတ်ရှု ခြင်းသည် သတင်းရေးသောသူများ၊ အယ်ဒီတာများ၏ ပြောစကား များကို မျက်စိမှိတ်ယုံကြည်နေဖို့မဟုတ်ကြောင်းကိုတော့ သတင်းဖတ်သူအားလုံး သိရှိသင့်ပါသည်။ မိမိတို့ အယူအဆ လွှမ်းမိုးနေသောသတင်းဌာန များ၏ အရေးအသား များကို ဖတ်ရှုပြီး သော်လည်းမိမိ၏ အယူအဆကို စွဲမြဲစွာ ဆုတ်ကိုင်ရပ်တည် နိုင်ဖို့လည်း လိုအပ်သည်။

မတိမ်းမယိုင်သော စိတ်ဓါတ်၊ရင့်ကျက်သော စိတ်ဓါတ်ဖြင့် မည်သူတွေ ဘာရေးရေး ၊ ဘာပြောပြော မိမိအသိဉာဏ်ဖြင့် ဆင်ခြင်သုံးသပ်၍လည်းကောင်း အခြားသတင်း ရ န်ုိင်သော အရင်းအမြစ်များကို လည်း ရှာဖွေ၍ လည်းကောင်း ၊ မိမိကိုယ်တိုင် အတည်ပြု နိုင်သည်အထိ လေ့လာဖို့လိုပါသည်။

ထိုမျှသာမက မိမိ၏ဆန္ဒအရေးပါလာချိန်( ဥပမာ။ ။ မိမိ၏ မဲတစ်ပြားသော်လည်းကောင်း၊ မိမိ၏ လက်မှတ်တစ်ခုသော်လည်းကောင်း) တွင်မူ သေသေချာချာဆုံးဖြတ်ချက်ချ၍ ၊ မိမိ ဘယ်သူ့ကို ထောက်ခံသည်၊ ဘယ်သူ့ကို ကန့်ကွက်သည်ကို ပင် လူအများကို ပြောပြ နေစရာမလိုဘဲ ထိထိရောက်ရောက်မှန်မှန်ကန်ကန်အသုံးချသင့်ပါတော့သည်။

သုရှင်( ၁၂-၆-၁၄)

5 comments

  • black chaw

    June 13, 2014 at 11:11 am

    သတင်းများကို ဖတ်ရှု ခြင်းသည် သတင်းရေးသောသူများ၊ အယ်ဒီတာများ၏ ပြောစကား များကို မျက်စိမှိတ်ယုံကြည်နေဖို့မဟုတ်ကြောင်းကိုတော့ သတင်းဖတ်သူအားလုံး သိရှိသင့်ပါသည်။

    ဖတ်သွားမှတ်သွားပါတယ် သုရှင် ရေ…။
    အသိတွေ ဝေမျှပေးတာ ကျေးဇူးပါဗျ…။
    ချစ်ခင်လေးစားတဲ့…
    ဘလက်ချော…။

  • Mr. MarGa

    June 13, 2014 at 11:19 am

    ကာလာမသုတ်ပဲ နာနာရွတ်နေတယ်ဗျို့
    (အကျယ်ကို သဂျီးမြင်ရင် လာရှင်းလိမ့်မယ်)

  • kyeemite

    June 13, 2014 at 11:23 am

    မည်သူတွေ ဘာရေးရေး ၊ ဘာပြောပြော မိမိအသိဉာဏ်ဖြင့် ဆင်ခြင်သုံးသပ်၍လည်းကောင်း အခြားသတင်း ရ န်ုိင်သော အရင်းအမြစ်များကို လည်း ရှာဖွေ၍ လည်းကောင်း ၊ မိမိကိုယ်တိုင် အတည်ပြု နိုင်သည်အထိ လေ့လာဖို့လိုပါသည်။
    ဒီအချက်ကိုထောက်ခံပါတယ်…စာစောင်တစ်ခုမှာပါလာရုံနဲ့တော့ယုံမှတ်၍မရနိုင်ပါကြောင်း

  • alinsett (gazette)

    June 13, 2014 at 12:44 pm

    ကြေးမုံနဲ့ ုမန်မာ့အလင်းကိုဖတ်မိတိုင်း
    ဖတ်ရသမျှတော်တော်များများကို ဖတ်ပြီး ရီပဲရီမိတယ်
    မဲ့ရီ ရီရတာလေ

    :mrgreen:

  • kai

    June 14, 2014 at 3:08 pm

    စာဖတ်သူတွေကိုရွေးချယ်ခွင့်ပေးထားတာပဲလေ..။
    မီဒီယာတွေများများထွက်.. များများရွေးချယ်ခွင့်ရှိတာပေါ့..။
    .. မကြိုက်မဖတ်နဲ့..။ မဝယ်နဲ့..။
    မဝယ်တာကနေ.. မီဒီယာရဲ့ဝင်ငွေကျလာမှာကြောင့်.. မီဒီယာ..အယ်ဒီတာတွေရဲ့.. လမ်းကြောင်းပေါ်လစီပြောင်းရမှာပေါ့..။
    ဒါက.. မီဒီယာတွေရဲ့ရပ်တည်မှုကိုပြောင်းသွားစေနိုင်တာပဲ..။

    ချက်ခ်အနေဘဲလန့်.. အပြန်အလှန်ထိန်းညှိမှုရှိနေတဲ့ အလုပ်/လုပ်ငန်းမို့.. ဒီမိုကရေစီရဲ့အနှစသာရ.. လွတ်လပ်စွာရေးသားစည်းရုံးပြောဆိုခွင့်ရဲ့ ထွက်ပေါက်.. မီဒီယာမှာ.. ပြသနာရှိတယ်လို့မထင်ပါကြောင်း..။ :mrgreen:

Leave a Reply