ဘယ်က စ ရ မလဲ? (ရန်ကုန်နဲ့ ရေဘေးဒုက္ခ)

Ma MaJune 13, 20141min18917

မနေ့ကတော့ ရန်ကုန်မိုးနဲ့ ရေကြီးခြင်း ကားလမ်းတွေ ပိတ်ခြင်းတို့က …
ကမာ္ဘကြီးဟာ ရွာကြီးတစ်ရွာဖြစ်နေတဲ့ ခုခေတ်မှာ…..
နိုင်ငံတကာမှာ ရောက်ရှိနေကြတဲ့ ရွှေမြန်မာတွေအားလုံး ဖတ်ရှု့မြင်တွေ့ ကြရမှာပါ။

ပင်လယ်ပြင်မှာ နွားလှည်းကြီးတွေ မောင်းလိမ့်မယ်။
ပင်လယ်ပြင်မှာ နွားလှည်းကြီးတွေ မောင်းလိမ့်မယ်။

မိုးရွာလို့ ရေကြီးတာပဲ ဖြစ်ဖြစ်
လပြည့်ရေကြောင့် ကြီးတာပဲဖြစ်ဖြစ်
အဲဒီရေကြီးတဲ့ ဒုက္ခကို လူအတော်များများ ခံစားခဲ့ကြရပါတယ်။

 

ကျောင်းမပျက်ချင်ဘူးးး
ကျောင်းမပျက်ချင်ဘူးးး

 

အကောင်းဖက်က တွေးရင်တော့ ခါတော်မီ စီးပွားရေးလုပ်ငန်းတွေလည်း အများကြီး စီးပွားဖြစ်သွားတယ်။

စက်ပစ္စည်းတွေ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေ တင်သွင်းတဲ့အခါ ကွန်တိန်နာထဲမှာပါလာတဲ့ သစ်သားကဒ်တစ်ကဒ်ကို အရင်က ၂၅၀ဝ ကနေ ၃၅၀ဝတောင် လိုသလောက် ဝယ်မရ။

ရပ်ကွက်တွေမှာ အိမ်ထဲကနေ ရေခပ်ထုတ်ဖို့ စက်ငှားတဲ့လုပ်ငန်းကလည်း တစ်အိမ် ၅၀၀ဝ ကျပ်ကို လက်မလည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကိုယ်နဲ့ ကိုယ့်ပတ်ဝန်းကျင်အရ ပြောရရင် မိုးများတိုင်း ရေကြီးရေလျှံတာ တစ်နှစ်ထက်တစ်နှစ်ပိုဆိုးလာတယ်လို့ ခံစားမိတယ်။

လူတွေအမှိုက်ပစ်လို့၊ စည်ပင်က မြောင်းမရှင်းလို့ဆိုပြီး လက်ညှိုးထိုးရင်း စက်ဝိုင်းတစ်ပတ်လည်သွားမယ်။ :p:

 

သဂျီးပြောတဲ့ အချင်းချင်း အပြန်အလှန် ထိန်းညှိတဲ့စနစ်ဆိုတာ……..

အရက်ဆိုင်ထဲဝင်လို့မရတဲ့ အင်္ဂလန်မြို့တော်ဝန်လိုမျိုး

http://www.phothutaw.com/2014/06/blog-post_8242.html

သာတူညီမျှရှိမှသာ အဆင်ပြေ အကျိုးရှိနိုင်ပါတယ်။

 

 

ရှေ့ဆောင်နွားလား ဖြောင့်ဖြောင့်သွားတော့ နောက်နွားတစ်သိုက် ဖြောင့်ဖြောင့်လိုက်၏  တဲ့။

 

အမှိုက်သိမ်းဖို့၊ ရေမြောင်းရှင်းဖို့ ဘယ်က စ ရမလဲ။

စည်းမဲ့ကမ်းမဲ့အမှိုက်ပစ်တာကို အသိပညာပေးဖို့ ဘယ်က စ ရမလဲ။

လူတစ်ဦးချင်းစီ အသိစိတ်ဓာတ်ရှိလာအောင် ဘယ်က စ ရ မလဲ။

 

ပုံ/

ဆပ်ပြာသည် မမ

:boss:

 

17 comments

  • Mr. MarGa

    June 13, 2014 at 10:54 am

    အမှိုက်သိမ်းဖို့ ရေမြောင်းရှင်းဖို့ကို စည်ပင်ကို တွန်းအားပေးပါ (အကုန်လုံး ကိုယ်တိုင်ပဲလုပ်နေရရင် သူတို့တွေ ဖြုတ်ဖို့ပဲရှိတော့တယ်)
    စည်းမဲ့ကမ်းမဲ့ အမှိုက်ပစ်တာကို အသိပညာပေးဖို့ နာရေးကူညီမှုအသင်း (ရန်ကုန်) တို့ လုပ်နေတာတွေကို အားပေးပါ (ကိုယ်တိုင်လည်း တစ်တပ်တစ်အား စည်းရုံးရုံပေါ့လေ တကယ်တော့ ဒါလည်း အဲ့ စည်ပင်တွေ လုပ်သင့်တဲ့အထဲ ပါတာပဲ)
    လူတစ်ဦးချင်းစီ အသိစိတ်ဓာတ်ရှိလာအောင် ကိုယ်တိုင်က စ ပါ။ အဆိုးရဘက်ကလည်း ပညာပေးတွေ (တကယ် ထိရောက် အကျိုးရှိတဲ့ပုံစံနဲ့) များများ လုပ်ပါ (သီချင်းလေးလွှင့်ပေးတာလောက်၊ ဇာတ်လမ်းလေးရိုက်တာလောက်ကတော့ အတော်များများက လိုင်းပြောင်းကြည့်နေကြ ကျော်ကြည့်နေကြပြီရယ်)

    ဆိုတော့ နောက်ဆုံးမှာတော့ အဲ့ သဂျီးပြောတဲ့ ချက်ကင်ဘေးလန့် (check & balance 😛 ) နဲ့ တကယ် ထိန်းနိုင်ဖို့ ဖော်ဆောင်ကြမယ်ဆိုရင်….
    ဒီမြို့ကြီးဟာ…. သာသာယာယာ.. :mrgreenn:

  • black chaw

    June 13, 2014 at 10:55 am

    ဒီလို မိုးမျိုး ၃ ရက်လောက်သာ ဆက်ရွာလိုက်ရင်…။
    မတွေးရဲဘူးဗျို့…။
    ခေါင်းဆောင်ကို မျှောနေကြတာဗျ…။
    ဘယ်သူခေါင်းဆောင်ပြီး ရေမြောင်းကိစ္စတွေ ဆောင်ရွက်မလဲဆိုတာ…။
    ခေါင်းဆောင် တစ်ယောက် ရှိရင် မြန်မာတွေက
    လိုက်လုပ်ကြဖို့ ဝန်မလေးကြပါဘူး…။
    ခေါင်းဆောင် မရှိတာ ပြသနာပါ…။
    စည်ပင်ကိုတော့ ခေါင်းမဆောင်ခိုင်းနဲ့…။
    သူတို့အားကိုးနေရင် ရန်ကုန်မြို့ကြီး ရေအောက်ရောက်သွားလိမ့်မယ်…။

  • ခင် ခ

    June 13, 2014 at 1:06 pm

    နိုင်ငံခြားသင်္ဘောကပ္ပတိန်က ရန်ကုန်မှာရှိတဲ့သူဇနီးဆီဖုန်းဆက်တာ
    ” မိန်းမရေ ဘေးပတ်လည်ပင်လယ်ရေပြင်ကြီးကြည့်ပြီး မင်းကိုလွမ်းလိုက်တာကွာ”
    အဲဒီမှာဇနီးပြန်ပြောလိုက်တာက
    ” ကျုပ်လည်း ဘေးပတ်လည်ရေပြင်ကြီးကြည့်ပြီး ရှင့်ကိုသတိရနေတာပါနော်”
    ယောက်ျားဖြစ်သူပြာပြာသလဲနဲ့
    ” ဟေ့မိန်းမ မင်း ငါမရှိတုန်းဘယ်လျှောက်သွားနေတာလဲ မှန်မှန်ပြောစမ်း ငွေဆောင်မှာလား ချောင်းသာမှာလား”
    မိန်းမဖြစ်သူရယ်လျက်ပြန်ပြောလိုက်တယ်
    ” အိမ်မှာပါရှင်ကလည်း”
    ကပ္ပတိန်ကြီးခဗျာ ဖုန်းကိုင်ရင်း ခေါင်းကုတ်ကာ ဘာပြန်ပြောရမှန်း မသိဖြစ်နေလေရဲ့။
    (ဪ ရန်ကုန်ရေကြီးသောနေ့မှ ဖုန်းဆက်မိတော့ တိုက်တိုုက်ဆိုင်ဆိုင်ပေါ့)

  • kai

    June 13, 2014 at 3:29 pm

    ကြည့်ရတာ.. ကမ္ဘာကိုကအခြေအနေမကာင်းတော့တာ…
    ရာသီဥတုကမောက်ကမနဲ့..

    ဆိုတော့..
    လူ့စွမ်းအားနဲ့ပြင်ရင်.. ပိုက်ပိုက်မတရားကိုကုန်မယ့်သဘောရှိပါတယ်..။
    အဆင်သင့်တည်ထားပြီးဖြစ်တဲ့.. နေပူတော်မြို့ကိုပြောင်းကြပါလို့…. :mrgreen:

  • pooch

    June 13, 2014 at 3:39 pm

    မမရေ
    အခု ကျမတို့လမ်းလည်း ခင်းမယ်ဆိုပြီး ဘူဒိုဇာတွေနဲ့ကော်ထားတာ တလမ်းလုံး မြေပုံတွေနဲ့ ကော်ထားတဲ့ နေရာက ချိုင့်ဖြစ်ပြီး မိုးက ပြီးခဲ့တဲ့ ရက်ပိုင်းက ရွာထားတော့ အခု ရေအို်င်ဖြစ်နေပြီ ။ လမ်းသွားလမ်းလာတွေ ကားကြီးတွေနဲ့ တွေ့ရင် ပွဲသိမ်းရောပဲ။
    ကိုယ်ထူမှ ကိုယ်ထရတော့မဲ့ ပုံ။
    လောလောဆယ် ကိုယ့်အိမ်ရှေ့ကိုယ် အရင်ရှင်းထားတယ်။

  • တိုး တက်လာ တဲ့ လူ ဦး ရေ နဲ့ လိုက်ဖက် တဲ့ အမိူက်သိမ်း စံ နစ် ရေဆိုးမြောင်း စံ နစ် မရှိ လို့ ပါ.

    လူ တွေက စည်ပင် သာ ယာ အ လုပ် မ လုပ် ဘူး လို့ ပြော တယ်
    (ကိုယ်တိုင်အမိူက်တွေ ရေ ဆိုး တွေ ထင် သလို လုပ်ချလိုက်တာ မပြောဘူး)

    စည်ပင်ကလဲ လူ တွေ က စည်း မဲ့ ့ကမ်း မဲ့ လုပ်တော့ ဝန်ထမ်းအင်အာနဲ့ ဘယ် နို်င ် မ လဲ လို့ ချေ ပတယ်
    ( သူတို့ ကိုယ်တိုင် အလုပ် ကို ဖိဖိ စီး စီး ကြိုး ကြုးိ စား စား မလုပ် တာ ကို ထည့် မပြော)

    ထို့ ကြောင့်…………………………….

    • Ma Ma

      June 13, 2014 at 8:28 pm

      ကိုယ်တိုင်လည်း စလောင်းရွဲ့ဖြစ်နေလို့ ကြေးညှော်အထပ်ထပ်နဲ့ ဆပ်ပြာရောင်းတဲ့ ဆပ်ပြာသည်နဲ့ နှိုင်းလိုက်တာ။ :s:

      အဲဒီအကြောင်းကို ကိုပေါက်လက်ရာလေးများ ထွက်လာရင်….
      အကြောင်းအရာစုံ၊ ရှု့ထောင့်စုံနဲ့ စဉ်းစားစရာတွေ အများကြီး ထပ်ထွက်လာနိုင်တယ်။ 🙂

  • ကေဇီ

    June 13, 2014 at 8:30 pm

    ဘယ် က စ ရမတုန်းဆိုတော့ ခု အစိုးရကို ဖြုတ်ချရေးက အရင်စရမှာပဲ။။
    သူတို့ တွေ မပြုတ်မချင်း ဘယ်သူဘယ်လောက် စစ ဆုံးအောင် ကောင်းမှာမဟုတ်ဘူးးး

    😀

  • padonmar

    June 13, 2014 at 9:49 pm

    လူတိုင်း ကိုယ့်နေရာက စရပါမယ်။
    သူများစလုပ်မလားလို့ စောင့်မကြည့်ပါနဲ့။
    …………….
    ပျော်ပွဲ ရွှင်ပွဲအတွက် ရွာထိပ်က အိုးကြီးထဲ အရက် ၁ပုလင်းစီ ယူလာခဲ့ရမယ်လို့ ရွာသူကြီးက အမိန့်ထုတ်တယ်။
    ရွာသားတယောက်က ငါ့၁ပုလင်းနဲ့တော့ မသိသာပါဘူးလေ ဆိုပြီး ရေပဲယူသွားတယ်။
    အားလုံးစုံလို့ သောက်ကြည့်တော့ ရေချည်းပဲ ဖြစ်နေတယ်။
    အဲဒါ သာမာန်လူ ၈၀% ရဲ့ အတွေးပါ။
    ၁၀%ကတော့ ရေတောင်ယူမသွားဘူး။သူများယူလာတာပဲ သောက်မယ်တဲ့။
    နောက်၁၀% ကတော့ ဘယ်သူမကောင်းမကောင်း
    ငါကောင်းမယ်လို့ ဆိုပြီး အရက်အစစ်ယူသွားတယ်။
    ကိုယ်ဘယ်အတန်းအစားထဲပါချင်လဲ။
    (စွယ်တော်ရွက်စကားယူသုံးရရင်
    ဂဇက်ရွာသား ဖြစ်တဲ့ အတွက် ညံ့ခွင့်မရှိပါတဲ့)

    • Ma Ma

      June 13, 2014 at 10:43 pm

      ရွာသူားတွေ ပျော်ပွဲရွှင်ပွဲအတွက် အရက်ယူလာပေးပါဆိုရင် အရက်ယူလာပေးတဲ့အထဲမှာ ပါလိုက်မယ်။
      (ကိုယ့်တာဝန်ကိုယ်ကျေချင်တယ်။)
      အမှိုက်ကားမလာတာ ၂ပတ်ရှိပြီဆိုတဲ့နေရာမှာတော့ အမှိုက်ကားလာမှကို ဖြစ်မယ်။
      (သူ့တာဝန်လည်း ကျေ ပါစေ။)

      သူ့တာဝန်မကျေပဲ ကိုယ့်ကိုချည်းတာဝန်ပေးနေမယ်ဆိုရင်တော့…..
      အိုးရွဲ့နဲ့ စလောင်းရွဲ့ တွေ့ကြရအုံးမှာပဲ။ :buu:

  • Crystalline

    June 14, 2014 at 6:15 am

    ကိုယ်ကတော့ အရိုးအရင်းလေးတောင် အိမ်နောက်က ခွေးတွေကြောင်တွေ ပက်မကျွေးဖြစ်ဘူး… ပတ်ဝန်းကျင်ဒါဏ်တော့ အလူးအလဲခံစားရတာလား… :(( အိမ်ထဲရေမဝင်စဖူးဝင်တာ ၂ခါရှိပြီ… လောလောဆယ်တော့ ရေမတော်တဆတက်လာရင် သိမ်းဆည်းရသက်သာအောင် ကြိုတင်ပြင်ဆင်ထားတယ် :p:

  • TNA

    June 14, 2014 at 3:08 pm

    အောင်မယ်လေး ပုံတောင်မမြင်ချင်တော့ပါဘူး မမရေ။ အဲ့နေ့က ပင်ပန်းချက်ကတော့။ ဒီအစိုးရဖြုတ်ချဖို့ အရင် ၄၃၆ ကိုပြင်ကြစို့

  • အရီးခင်

    June 14, 2014 at 4:25 pm

    ခေါင်းစဉ်ကြည့် ပြီး စ ရရင်
    ရေမြောင်းတွေ ရှင်းဖို့ ပြုပြင်ဖို့ က နဲ့ စရပါမယ်။
    အဲဒါတွေ ကို ဘယ်သူပြင်မှာလဲ၊ ဘယ်သူ့တာဝန်လဲ လို့ မေးရမလားတော့ မသိ။

    တာဝန်ယူသူမရှိရင် ဒီ ရွာ က တာဝန်ယူပလိုက်မယ် နော်။
    ဘာမှတ်လဲ။
    ရွာထဲ အင်ဒုံနီယာ တွေ အညားကြီး ( ဒီ Post ပိုင်ရှင် အပါအဝင်) ထဲ တစ်ယောက်လောက်တော့ ရေမြောင်းဖော် တတ်မှာပါ။
    အဟိ။
    ချစ်ရို့ စတာ ရွာ့ အင်ဒုံနီယာများ ရေ့။
    :-))))

  • ဝင့်ပြုံးမြင့်

    June 15, 2014 at 12:22 am

    ဓာတ်ပုံမြင်ပြီး တော်တော်လန့်သွားတာ အန်တီမမရေ။ ဒီလောက်ထိ ဆိုးနေမှန်း မသိဘူး။ ရန်ကုန်မြို့ ကြီးကလည်းနေချင်စရာ မ ရှိပါဘူး။

  • ဦးကြောင်ကြီး

    June 15, 2014 at 12:45 pm

    လူဒွေ လောဘများလျင် ရေကြီးဒယ်ဆိုလား… အမ်တီမမတို့ ပွဲယုန်လည်း သိပ်ဈေးတင် မရောင်းနဲ့ပေါ့စ်

Leave a Reply