မူးယစ်ဆေးစွဲသူ

zaw winJune 13, 20141min1275

ရီဝေဝေ ယစ်မူး
ငါဟာ သေမထူး နေမထူး
လူသားတယောက်ဖြစ်တဲ့ ငါ့မှာ
ဘဝအတွက်
ပတ်ဝန်းကျင်အတွက်
ကောင်းကျိုးမပြုနိုင်ပါ၊
ငါချစ်ခဲ့တဲ့
အဖေ
အမေ
ချစ်တဲ့သူအပေါင်း
စိတ်ဆင်းရဲ ဒုက္ခ ပင်လယ်ဝေကြရတာ
တဘဝစံငါဟာ
အပါယ်ငရဲသို့ သွားရမှာ။

မင်းသုတ
9:50 A.M
13.6.2014

5 comments

  • myatpone nya

    June 14, 2014 at 11:02 am

    စိတ်​သာရှင်​​စော ဘုရား​ဟော

  • kai

    June 14, 2014 at 4:36 pm

    ဆေးစွဲသူက.. ဘာဖြစ်နေမနေတော့မသိ..။
    ယူအက်စ်ကတော့.. မူးယစ်ဆေးတိုက်ဖျက်ရေးကို.. စပြီးအရှုံးပေးနေပါပြီ..။
    မူးယစ်ဆေးတခုဖြစ်တဲ့ဆေးခြောက်ကို တရားဝင်အသိအမှတ်ပြုလိုက်တာပါ..။
    အခုလောလောဆယ်.. ပြည်နယ်၂ခုက.. တရားဝင်.. ဝင်ငွေနဲ့အလုပ်အကိုင်သစ်တွေ ထွက်လာတာမှ.. သောက်သောက်လဲ..။
    ဘီလီယန်ချီ..။
    တခြားပြည်နယ်တွေလည်း.. တန်းစီလိုက်ဖို့ပြင်နေပြီပေါ့..။
    ဖယ်ဒရယ်ကတော့..No..No.. လုပ်နေဆဲ..။

    ဆိုတော့..
    မြန်မာပြည်မယ်.. ဆေးခြောက်တရားဝင်ဆိုရင်..တိုးရစ်ဇင်နဲ့.. စီးပွား.. တက်လာကြမယ်… ထင်..။ :mrgreen:
    =

    America Losing the Drug War?

    It is the longest war in American history and some who fought in the front lines are calling it a disaster.
    The war on drugs started in the 1970s.
    Billboards calling for legalization and regulation of illegal drugs are popping up across the area.
    Jack Cole spent his career fighting the war on drugs in New Jersey.
    For 14 of his 26 year career, he was an undercover narcotics officer.

    After retiring, he and other officers realized they were fighting a war that couldn’t be won.
    “It is a constantly expanding policy disaster,” Cole said.

    According to Cole, legalization and regulation would take the criminal element out of the drug business.
    Then authorities can focus on treating and retraining drug addicts instead of incarcerating them.
    http://www.mpp.org/states/nebraska/news/america-losing-the-drug-war.html

    • အရီးခင်

      June 14, 2014 at 5:13 pm

      သို့ပေသည့် ကြားဖူးတာတော့ အဲဒီ လုပ်ငန်းက ရလာတဲ့ ငွေ တွေ ကို ဘယ်ဘဏ် တွေကမှ လက်မခံလို့ ငွေထုတ်ကြီးတွယ် ကို ဂိုထောင်တွေထဲ ထည့်ပြီး ကိုယ်ပိုင် စစ်တပ် လိုတောင် ထားနေရတယ် ဆိုလား။
      သဘောကတော့ လုပ်နေတာ ဥပဒေ တွေ စည်းမျဉ်းတွေ က ကာရန်မညီ တဲ့ သဘောပေါ့။
      နောက်ပိုင်း ပိုပြီး ဇာတ်ရှုပ်လာမယ် ထင်ရဲ့။

      • kai

        June 14, 2014 at 5:33 pm

        ဖယ်ဒရယ်က သဘောမတူသေးဘူးလေ..။
        ဆိုတော့.. ကက်ရှ်ဘစ်ဇနက်ဖြစ်နေရတာပါ..။ မကြာခင်ညှိလို့ရသွားမယ်ထင်ပါတယ်..။
        အဲဒီလိုလုပ်လိုက်တာ.. မက်ဟီကိုက ဂိုဏ်းတွေတော်တော်ဒုက္ခရောက်ကုန်တယ်တဲ့..။ သူတို့ဆီမှာ ဆေးခောြ်က.. ကိုကင်းတွေစိုက်ပြီးယူအက်စ်သွင်းနေတာ.. ဘီလီယန်ချီဒေါ်လာရတာမို့ အဲဒီငွေနဲ့.. ကြီးပွားပြီး ဒုစရိုက်မျိုးစုံလုပ်ကြတာကိုး..။

        မြန်မာပြည်မယ်.. ယိုးဒယားနယ်စပ် ဥပမာ။ ကယားပြည်နယ်လိုမှာ ပြည်နယ်ဥပဒေပြဌာန်းခွင့်ပြုလိုက်ရင်.. ငွေတွေ..အလုပ်တွေ..အကုန်ကယားပြည်ထဲဝင်လာမှာ..
        ဖွံ့ဖြိုးမှုနောက်ကျပြီး.. ကိုယ့်ဆီကလုပ်အားတွေဆုံးရှုံး.. ဂုတ်သွေးစုတ်နေတဲ့ဘဝတွေ
        လျှော့ပျောက်ကုန်မယ်ပေါ့..။

  • alinsett (gazette)

    June 15, 2014 at 10:37 am

    ကျနော်တို့ဟာ. . .
    ကိုယ်တပ်မက်တဲ့ . . .အရာတွေနဲ့
    တစ်မျိုးစီ ယစ်မူးရီဝေနေကြတာပါ ။

    😆

Leave a Reply