၂၀၁၄ ကမာ္ဘ့ဖလား ဆိုသည်မှာ – ၁

ムラカミJune 14, 20144min20823

ကမာ္ဘ့ ဖလားပွဲကား စပေပြီ … မနေ့ညက ဖွင့်ပွဲ ကြည့်မိခဲ့၏။

 

10468636_785502714827216_9016307515636426319_n

 

 

ဂျေလိုကြီး အရင်လို မတောင့်တော့တာ အမှန်။ သည့်ထက် ဆိုးတာက သူ့သီချင်းက

၁၉၉၄ ကမာ္ဘ့ဖလားတုန်းကလောက် သူကိုယ်တိုင် သီကျွေးခဲ့သော Let’s Get Loud ကို မမှီ …

အဲ့သီချင်းထက် ပိုပေါက်သော ၁၉၉၈ က Ricky Martin ကို ကမာ္ဘ့အဆင့် ဆွဲခေါ်ခဲ့သော

The cup of Life ကို ယှဉ်စရာမရှိ…။ အဲ့လို ဖြစ်မှတော့ … ကမာ္ဘကျော်ပြီးမှ World Cup သီချင်းဆိုသော

ပီကေး ကတော် ဟို ကိုလံဘီယာ ဘွားတော် ၏ ၂၀၀၆ နှင့် ၂၀၁ဝ ကမာ္ဘ့ ဖလား သီချင်းများနှင့် ယှဉ်ဖို့ရာပင်မသင့်။

(ခုလည်း သူ့ Ole Ola ထက် ပွဲနားနီးမှ ထွက်သော အနှီ ဘွားတော်၏ La La La က ပိုလန်းနေသယောင်)

10345819_785502851493869_8214343528666041060_n

 

 
ဖွင့်ပွဲ အခမ်းအနား ကြည့်တော့လည်း … တချို့ ကနေပူတော် ၏ ရွှေကျောင်းပြောင်ပြောင် ဆီးဂိမ်း လောက်ပင်

မခမ်းနားသယောင် ပြောကြရေးကြသည်။ ဉာဏ်မမီပါ…. သေချာတာက ဒါတွေက အပေါ်ယံများသာ….

ဘောလုံးဆိုတာ ပန်းသီးတလုံး ဆိုရင်… ဖွင့်ပွဲ အခမ်းအနားဆိုတာ လှီးထုတ်လိုက်တဲ့ အခွံ သက်သက်သာဖြစ်မည်။

သည်ညတော့ အခွံ လှီးမထုတ်ဘဲ ဝါးစားလိုက်မိသည်။ အရသာ နှင့် ဘာအာဟာရပါလဲ ဆိုတာတော့ နားမလည်ပါ။

 

c957c1ce-1910-44e9-aaa3-4d6a621163d9-620x372

 
ဖွင့်ပွဲအဖြစ် အိမ်ရှင် ဘရာဇီး နှင့် ခရိုအေးရှား ကန်ကြသည်။ ရလာဒ် ကတော့ သိတဲ့အတိုင်း အိမ်ရှင် 3-1 နဲ့ နိုင်သည်။

ဖွင့်ပွဲတိုင်းတွင် အိမ်ရှင် မရှုံးသေးသော အစဉ်အလာအရ ဘရာဇီး နိုင်တာ မဆန်းပါ ။ ဆန်းတာက နောက်ဆုံး ၆လအတွင်း

ခြေပြန်ကောင်းလာသော တချိန်က ကမာ္ဘ့အကောင်းဆုံး ကွင်းလယ် တိုက်စစ် ကစားသမား ကာကာ (၃၁နှစ်) ကို ပွဲစဉ်ပေါ်မှာ

သားလေး နှင့်အတူတွေ့သည်။ (၃၅-၆ အရွယ် ရော်နယ်ဒင်ဟိုကြီး ကိုပြန်မခေါ်တာ အပြစ်မပြောပါ…) ကာကာ ကတော့ခြားနားသည်။

 

br

 

 

တကယ်က သူ့အတွက် နောက်ဆုံး အခွင့်အရေး ရသင့်သည့် အခိုက်အတန့်လို့မြင်သည်။ ခုတော့ သူရသင့်သည့်

ကျောနံပါတ် ၁ဝ ကို နေးမား ဝတ်ပြီး တိုက်စစ်ကို ဦးဆောင်နေသည်။ ဘရာဇီးလို ကမာ္ဘ့အအောင်မြင်ဆုံး အသင်းမျိုးအတွက်

အသက် ၂၂ အရွယ် လူငယ်တဦးပုခုံးပေါ် သည်တာဝန်ကြီး အပ်ထားဖို့ရာ မသင့်လျှော်လို့ မြင်မိသည်။

သည်တော့ ဆက်တွေးကြည့်၏။ ကာကာ နှင့် နေမာ ကြားမှာ … ဘယ်သူတွေ ဘာဖြစ်ခဲ့သလဲပေါ့…။

 

Kaka+Brazil+v+North+Korea+Group+G+2010+FIFA+PmB6H4fIoc3l

 

ကမာ္ဘ့ အအောင်မြင်ဆုံး ဘောလုံးတိုင်းပြည် ဘရာဇီး သည် တိုက်စစ် ကစားသမားကောင်းများစွာ မွေးထုတ်ခဲ့ပါသည်။

သည်၂ယောက်ရဲ့ ခေတ်ကြားမှာလည်းပဲ …အက်ဒရီရာနို ရော်ဘင်ညို ပါလို တို့လို လူစွမ်းကောင်းတွေထွက်ခဲ့၏။

ခုချိန်တော့ အရွယ်မဟိုင်းသေးသော လူငယ်ခြေကျ တွေ ဖြစ်ကုန်ပြီ။ တဆက်တည်း မှာ နည်းပြ စကိုလာရီ ခေါင်းမာကြောင်း

ရေးကြ ပြောကြတာတွေ သတိရမိသည်။ ကာကာ ပါလာလျင် ဆိုတဲ့ စိတ်ကူးအရ ပုံဖော်ကြည့်လျင်… နေးမား ဘာကာ မှာ ကစားနေသလို

ဘယ်ခြမ်းထွက်-နောက်က မာဆယ်လို နှင့်တွဲ .. ကာကာ က ကွင်းလယ်ဗိုလ်ချုပ် အနေနဲ့ ကန်… ။ ခုတော့ … ၁ပူး ဖတ်မှ သတိထားမိသည်။

နေမာ အော်စကာ တို့ မွှေအားကောင်းတာကြောင့် တဖက်နောက်တန်း သတိလက်လွတ်ဖြစ်ပြီး ကစားပုံချောင်ခဲ့လို့ ဆိုတဲ့ အချက်ဖြစ်သည်။

 

 
ဟုတ်သည် ဘရာဇီး တိုက်စစ် သည် ခါတိုင်းထက် အားနည်း၏။ ဖရက်ဒ် နှင့် ဟော့ခ် သည် ထိပ်တန်း အဆင့်မရှိ။ အထူးသဖြင့်

၂၀၁၃ ကွန်ဖက်ဒရေးရှင်းဖလားမှာ ၅ပွဲ ကစား ၅ဂိုးသွင်းခဲ့သည့် မှတ်တမ်းပိုင်ဖူးသော ဖရက်ဒ် ၏ ခြေစွမ်း…။ ကနေ့

ဘရာဇီး ကွင်းလယ်၏ ကစားပုံမှာလည်း မစွံ ပါချေ။ ငယ်တုန်းက နှစ်သက်ဖူးသည့် ဇီကို လိုမျိုး အီမာဆင် နှင့် ဂျူနင်ဟိုလို ကစားသမားမျိုး

မမြင်ခဲ့ရ…။ ဆောင်းပါးတွေကလည်း ရေးကြသည်။ ခါတိုင်း ဖန်တီးအားကောင်းသော ကွင်းလယ် ထူးချွန်လွန်းသော တိုက်စစ် ကစားသမားများ

ပြည့်နေသည့် ဘရာဇီး အသင်း သည် ယခုတခါ စုဖွဲ့မှု က ဇောက်ထိုး ဆန်လွန်းသည်… လက်ရှိ ဘရာဇီးအသင်း၏ အကောင်းဆုံးသော

နေရာမှာ နောက်တန်းပါတဲ့ …။ ဖူးလ်ဘက် ၄နေရာတွင် ၃နေရာက ဆေးလ်ဗား ဒါးဗီး လူးဝီးစ် နဲ့ မာဆယ်လို ဖြစ်နေသည်။

ဒါတောင် မိုင်ကွန်ကြီး ဝင်မကစားသေး။ တဖက်မှာလည်း … ပွဲမဝင်ခင် ခေါင်းမာသူ နည်းပြကြီး စကိုလာရီ က ခံစစ်ကစစားပုံကို

အထပ်ထပ် လေ့ကျင့် ပြင်ဆင်နေသတဲ့ …။ အချက်အလက်နှင့် သတင်းက သိပ် မအပ်စပ်လှ…။ သို့သော် ပွဲကစားတော့ ရှင်းသွားသည်။

ဘရာဇီးနောက်တန်းက စုဖွဲ့မှု အပိုင်းမှာ အင်မတန် အားနည်းသည် နေရာလွတ်တွေ ပေါ်လွန်းသည်။ တကိုယ်ရည် စကေးလ်နှင့်

အရည်အသွေးပိုင်း မေးခွန်းထုတ်စရာ မလိုပေမယ့် ခြားနားတဲ့ ကစားပုံ ရှိတဲ့ ကလပ်တွေမှာ ခြားနားတဲ့ တာဝန်တွေ ယူထားရသူတွေမို့

သူတို့ စုဖွဲ့တဲ့အခါ… သဟာဇာတ ဖြစ်ဖို့ လိုနေသေးသည်မြင်၏။ အနှီ ၃ယောက်ကို ဘော်ဒါတယောက်ကတော့ ….

ချန်ပီယံလိဂ်မှာ -ဖင်အယားဆုံးသော နောက်တန်းကစားသမား ၃ယောက် ဘရာဇီး ကို ကိုယ်စားပြုပါသတဲ့ …။

 

image27

 

သူပြောလည်းပြောချင်စရာ ။ မာဆယ်လို က ကိုယ့်ဂိုးကိုယ်သွင်းသည်။ (သမိုင်းကြောင်းတလျောက် ဘရာဇီး အသင်းခွင့်ပြုခဲ့ရတဲ့

ထိပ်ဆုံးသော own goal) လူးဝစ်စ် က ရှေ့ တက်လွန်းသည်။ ဆေးလ်ဗား က ပြင်သစ်လိဂ် ချန်ပျံ ဖြစ်ခဲ့ပေမယ့်

သူကစားတဲ့ အသင်းက မိုးပျံနေတဲ့အသင်းဖြစ်ပြီး ရှင်သန်ရာ လိဂ်ကတော့ အဆင့်နိမ့်နေသည်။

တဖက် ခရိုအေးရှား အသင်းကတော့ အသင်းလိုက် ကြိုးစား သည် ကလွဲရင် အိုလစ် နဲ့ မိုဒရစ် ကလွဲရင်

ကျန်တာ သိပ်ပြောစရာမရှိ။ တခါတခါ ဘောလုံးမှာ အဲ့လိုဖြစ်တတ်သည်။ လူမညီတဲ့ ပါမောက္ခ ၁၁ယောက်ထက် …

လူညီတဲ့ ဘက်ချလာ ၁၁ယောက်က ပိုတောင် စိတ်ကျေနပ်စရာ ကောင်းတတ်သည်။ သည်ပွဲရဲ့ အလှည့်အပြောင်းက

ဂျပန် ဒိုင်လူကြီး ဖြစ်သည်။ ၁-၁ သရေ ကျနေချိန်မှာ မပေးလည်း ရသည်ဟု အတော်များများ လက်ခံထားသော ပယ်နယ်တီ တလုံး…

ဘရာဇီးအတွက် ပေးခဲ့သည်။ နောက်ဆုံး စိတ်ဓါတ်ကျသွားတဲ့ ခရိုအေးရှားကို အော်စကာ ၁လုံးထပ်သွင်းပြီး ၃-၁ နှင့် ပွဲသိမ်းစေသည်။

 

AP65591092811-1024x645

 

၂ဖက်အသင်း အားပေးသူများနှင့် နည်းပြများ လိပ်ထုံး နှလုံးမူပြီး မှတ်ချက်တွေချကြ၏။ ဖြစ်ချင်တော့ ဒိုင်က ဂျပန်လူမျိုး

နီရှီမူရ စံ ဟု သိရသည်။ သိတော်မူသည့်အတိုင်း လူမျိုးကြီး ဝါဒ ဂျပန်များ သည်လိုပွဲကို ဂျပန်ဒိုင် တာဝန်ယူခွင့်ရသည့်အတွက်

ဂုဏ်ယူကြ ရှဲကြသည်။ သို့သော် သည်ဖြစ်ရပ်အပီးတွင်တော့ … (ဘရာဇီးက လက်ခုပ်တီး ခရိုအက်ကဆဲ)

ဘယ်လို ခံစားရသည်မသိ…။ သိသည်ကတော့ ဘရာဇီးနှင့် ဂျပန် က အတော် ကောင်းမွန်သည့် ဆက်ဆံရေး ရှိသည့် တိုင်းပြည်၂ခုဖြစ်သည်

ပေါ်လက်တစ် ဘက်ရောက်တော့မည်… ။ ထားပါတော့…။

 

japanrefereereutersm

 

ခုသည်စာရေးနေချိန် အုပ်စုအေ မှ ကျန် ၂သင်းဖြစ်သည့် မက်ဟီကို (အူးခိုင်လေသံအတိုင်း) နှင့် ကင်မရွန်းတွေ့သည်။

 

အလယ်အလတ် အဆင့် လောက်ဟု သတ်မှတ်နိုင်သော မခေသည့် ၂သင်းတွေ့သည့်ပွဲဖြစ်သည်… မြိုင်မြိုင်ဆိုင်ဆိုင်နှင့်

ကြည့်ကောင်းသော ပွဲ တပွဲဖြစ်၏။ ဘရာဇီး ကို ရှုံးခဲ့ပေမယ့် ခြေမညံ့သော ခရိုအေးရှားနှင့် တန်းတူ ထားနိုင်မည့် အသင်း၂သင်းဖြစ်တာမို့

သည်ပွဲနိုင်လျင် အခြေအနေကောင်းနိုင်တာမို့ သူတင်ကိုယ်တင် ကစားကြသည်…။ မက်ဟီကို က ခြေသာသည် အပြတ်အသတ်တော့မဟုတ်

ဘယ်လိုပြောပြော သူက ကြောက်ရသည့် အသင်းတသင်းဖြစ်သည်။ ဖျက်မြင်း ဖြစ်လာနိုင်သည်။ ဘာကြောင့်လဲဆိုတော့

ကိုပါအမေရိက ဖလား သမိုင်းကြောင်းအရ … ဘရာဇီးရော အာဂျင်တီးနား ကိုပါ မကြောက်ဘဲ ယှဉ်ကစားနိုင်သည့်

ဒေသတွင်းပြိုင်ဘက် (အလယ်အမေရိက) အသင်းတသင်းဖြစ်သည်။ သည်ပွဲပြီးလျင် သူရို့ အိမ်ရှင် ဘရာဇီး နှင့် ကစားရမည်။

 

 

mexico-cameroon

 

သရေ ခံ ကစားနိုင်လျင် အတော်လေး ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့် ရမည်ဖြစ်သည်။

ဆိုတော့ အုပ်စု အေမှာ ပထမ ဘရာဇီး ဒုတိယ မက်ဟီကို လို့ မြင်သည်။ (ကျန်၂သင်း အတွက် ခက်ခဲလွန်းနေ၏)

ဖြစ်ခြင်းဖြစ်ရင် ..ပနဲ့ ဒု လွဲယုံသာ … ဒါကလည်း ဖြစ်နိုင်ခြေ အတော်ပါးလျပါသည်။

တဖက်မှာလည်း သတင်းဆိုး တခု ရှိသေး၏။ ကနေ့ မနက် ၁ခွဲ မှာ ကန်မယ့် အုပ်စုဘီ ကပွဲဖြစ်သည်။

(စပိန် နယ်သာလန် ချီလီ နှင့် အော်ဇီ ပါသောဂရု အဖွင့်) အဖြစ် စပိန်နဲ့ နယ်သာလန် ကန်မည်။

 

Spain-vs-Holland-2014-World-Cup-Group-B-Match-Wallpaper-3200x2400

 

 

စပိန်ဆိုတာ possession football နှင့် pass ‘n move ကစားဟန် (တီကီတာကာဖြင့်) ၁စုနှစ် တခုနီးနီး

ကမာ္ဘ့ ထိပ်ဆုံး ဆုတွေ သိမ်းပြီးပြီ …။ ဟော်လန် ဆိုတာကလည်း total football 2.0 ဖြင့် လျှော့တွက်မရသည့်အသင်း..

၂၀၁ဝ ကမာ္ဘ့ဖလား မှာ ဗိုလ်လုခဲ့သူများ မဟုတ်ပါလား …။ ရလာဒ်ကတော့ စပိန် သည် ကမာ္ဘ့ ချန်ပီယံ အသင်းသစ်ဖြစ်လာသည်။

(သူတို့ဖြစ်သင့်တာလည်း ကြာပြီလေ… ခုတကြိမ်တော့ တကယ်ဖြစ်သွားသည်ပေါ့)။ တဖက်မှာလည်း ဘရာဇီးကိုဖြိုပြီး ဖိုင်နယ်တက်လာတဲ့

ဒုတိယဆု ၃ကြိမ်မြောက် ရသွားတဲ့ နယ်သာလန် အသင်းကလည်း ပုံစံ သစ်နဲ့ ပြန်လာမည်ဖြစ်သည်။

စိတ်ဝင်စားဖို့ကောင်းတာက ၂၀၁၃ တိုက်ကြီးများ ဖလား ကအကြောင်းအရာ တချို့ဖြစ်သည်။

သိတဲ့အတိုင်း ဥရောပချန်ပီယံ ရော ကမာ္ဘ့ချန်ပီယံရော ၂ဆုလုံး ယူခဲ့တဲ့ စပိန်အသင်း က ပိုမြင့်တဲ့ ဆုအတွက်ပဲ

ကိုယ်စားပြုခဲ့ရတော့ … ဥရောပ တိုက် ဒုတိယဆုရတဲ့အသင်း က ဝင်ခွင့်ရခဲ့ခြင်းဖြစ်သည်။

(ကျနော်ကိုယ်တိုင် က အီတာလီယာ ပရိတ်သတ်ဖြစ်ပေမယ့် …၂၀၁ဝမှာ ကမာ္ဘ့ဖလား ဒုတိယရတဲ့ နယ်သာလန် က

၂၀၁၂မှာ ဥရောပ ဒုတိယ ရတဲ့ အီတာလီယာအသင်းထက် ပို ကြီးကျယ်မြင့်မားတာလက်ခံပါသည်)

သို့သော် စည်းမျဉ်းတွေအရ က ..ပိုမြင့်တဲ့ အရှုံးသမားထက် ပိုနိမ့်တဲ့ အရှုံးသမားက ဥရောပ ကိုယ်စားပြု ဝင်ကစားခဲ့သည်။

ကြေးတံဆိပ်ရခဲ့သည်။ ဒါကတပိုင်း… အသင်းစွဲခနထားလို့ ပြုပြင်ပြောင်းလဲ မှု လုပ်ထားတဲ့ လိမ္မော်သီး တွေရဲ့ အစွမ်းအစကို

၂၀၁၃ မှာ မမြင်ခဲ့ရတာကသာ ဆုံးရှုံးမှုတရပ်လို။ ပိုပြီး ခန့်မှန်းရခက်တဲ့အပိုင်းက …နယ်သာလန်တွေဟာ

ခြေစစ်ပွဲလိုမျိုး ဟေ့ ဆိုလျင် ခြေပြတ် ဂိုးပြတ်နဲ့ သမတတ်ပြီး စောစော ခြေစစ်ပွဲအောင်လေ့ရှိသည်

 

Spain-v-Holland-001

 

(ချွင်းချက်နှစ်တွေတော့ ရှိပါသည်) အသင်းငယ်တွေမို့ ခြေစွမ်းအစစ်အမှန်ကိုတော့ မမှန်းဆသာ…

သူတို့သည် ကိုယ်ပိုင် ကစားပုံနဲ့ ကောင်းကောင်း ဒုက္ခပေးနိုင်တဲ့ ထိပ်တန်း အသင်းဖြစ်တာတော့ ငြင်းမရပါ။

ကြည့်ဖူးတဲ့အထဲ အကောင်းဆုံး စုဖွဲ့မှု လို့ ထင်ဖူးတဲ့ ဟော်လန်အသင်းက ၁၉၉၈မှာ ပြင်သစ်ကို ဖလားအပ်လိုက်ရတဲ့

လက်ရှိချန်ပီယံ ဘရာဇီးကို နိုင်မလိုဖြစ်ပြီးမှ လက်မြှောက်လိုက်ရဖူးပါတယ်…။ သိပ်အထင်မကြီးခဲ့ပေမယ့် ၂၀၁ဝမှာတော့…

ဘရာဇီးကို အိမ်ပြန်ခိုင်းတာ သူတို့ပါ။ ကိုယ်ပိုင်ကစားဟန် ရွေ့လျားပုံ နဲ့ အပေးအယူ ကစားပုံက (တီကီတာကာ မပေါ်ခင်ထိတော့)

အလွန် ကစားပုံမြိုင်တဲ့ အခင်းအကျင်းလို့ အားလုံး သတ်မှတ်ကြတာပါ… နောက်တချက်က သူရို့မှာ အာဂျင်တိုင်းတွေနဲ့ တူတဲ့အချက်က

တောင်ပန်ကစားသမားကောင်းတွေ ပေါ်ထွန်းလေ့ရှိတာပါပဲ … (အပေါ်ကစာလိုပဲ ..တချို့ ကြယ်တွေလည်း အရွယ်မတိုင်ခင်ကြွေလွင့်ခဲ့ပါရဲ့)

စိတ်ဝင်စားဖို့ ကောင်းတာက …ဟော်လန်က ၄-၃-၃- အခြေပြု ကစားတယ်… total football ရဲ့ အမွေကောင်းအရက …

သူတို့မျိုးစုံ လူတွေကို ကစားကွက်တွေကို လှည့်ပြီး သုံးလို့ ရတယ် ဆိုတဲ့အချက်ပါ။ .. စပိန်ကတော့ တီကီတာကာမှာ

နောက်ပိုင်း false nine သုံးလာတာပါ။ စုဖွဲ့မှု အရတော့ စပိန် အတော် သာပါတယ်…။ သို့သော် မေ့မရမယ့် အချက်အလက်အရကတော့

အဲ့သလောက် ပြောင်မြောက်တဲ့ စပိန်အသင်းဟာ မနှစ်က တိုက်ကြီးများ ဖလားမှာ ဘရာဇီးလ် ကို ဂိုးပြတ်ရှုံးပါတယ်။

 

world-cup-20141
မြန်မာလို ဖတ်ဖူးတဲ့ စစ်သေနင်္ဂဂဗျူဟာ အရတော့ ..ခံစစ် တယောက် တိုက်စစ် တရာပါတဲ့ …

(အဲ့လို အလွန်အကျူး မဖွဲ့တောင်) သေချာတာက တိုက်စစ် ကစားသူဘက်က ခံစစ်သမားထက် ပိုပင်ပန်းတာသက်သေပါ…။

ဥရောပ တိုင်းပြည်တွေထက် ပိုပူတဲ့ ဘရာဇီး ရာသီဥတုဟာ … ပို ရင့်ကျက်လာပေမယ့် ပိုအသက်ကြီးလာတဲ့ စပိန်တွေ

ဘယ်လောက်ထိ ပိုင်ပိုင်နိုင်နိုင် ကစားနိုင်မယ် ဆိုတာ စိတ်ဝင်စားစရာပါ…။

စပိန်နဲ့မို့ အောက်သင်းအလိုလိုဖြစ်နေတဲ့ နယ်သာလန် အသင်းကတော့ …တန်ပြန်တိုက်စစ်နဲ့ တုန့်ပြန်မှာ သေချာပါတယ်..

သူ့ဆီမှာ သိပ်မြန်တဲ့ အာဂျန်ရော်ဘင် နဲ့ သိပ် အဆုံးသတ် သေချာတဲ့ ရော်ဘင် ဗန်ပါစီ ရှိတယ်မဟုတ်လား …။

နည်းစနစ်ပိုင်း အားပြိုင်မယ့် ပွဲလို့ မြင်မိပါတယ်…။ မနိုင်တဲ့အသင်းကတော့ အုပ်စု ဒုတိယ အနေနဲ့

တက်ရင် … ရှုံးထွက် အဆင့်မှာ အိမ်ရှင် ဘရာဇီးနဲ့ တွေ့မှာမို့ .. ။ နည်းစနစ်ပိုင်း အားပြိုင်မယ့် သည်ပွဲကို …

စိတ်လိုက်မာန်ပါ စောင့်ကြည့်ဖို့ …ပြင်ပါတော့မယ်ဗျာ…။

သည်စာ အဆုံးသတ်ချိန်မှာ ကစ်ကော့ဖ် စပါပြီ…။

 

2014-worldcup-football-fifa-football-worldcup-fifa-worldcup-football-worldcup-live-worldcup-2014-worldcup-live
အဆင်ပြေသလို အပ္ပဒိတ် တင်ပါ့မယ်
ခင်တဲ့

ဂီ

 

 

 

 

 

23 comments

  • အရီးခင်

    June 14, 2014 at 2:10 am

    အိမ်ရှင်နိုင်ငံ ကိုယ့်ဂိုးကို ကိုယ်စ သွင်းတဲ့ ပွဲ
    ပယ်နတီအပေးကြမ်းတဲ့ ပွဲ
    ဟီးရိုးတွေ အဝါကဒ် ရတဲ့ ပွဲ
    ဒိုင်တွေ အဖြူ ရောင် Spray သုံးတဲ့ ပွဲ
    :-)))))))))))

  • ROssI

    June 14, 2014 at 2:14 am

    သည်ပွဲလည်း ပယ်နယ်တီပေးပြန်တယ်…
    ၂လုံးစလုံးက ၅၀-၅ဝ အနေအထားမို့ …
    ချတွက်ရင် ပေးတဲ့ဘက်က ၂၀၀% အောင်မြင်နေသလို…
    ပိုကောင်းတဲ့အသင်းက ပိုမြင့်တဲ့အဆင့်သွားမှာပါ….
    ပယ်နယ်တီအပေးကြမ်းနေသယောင် ခံစားရတယ်…
    ဆက်ကြည့်တာပေါ့..

  • ROssI

    June 14, 2014 at 2:15 am

    အလွန်ဆိုရဲ့ ပယ်နယ်တီကို ဗန်ပါစီ ချေပခဲ့ပါပီ
    ငိငိ

  • ROssI

    June 14, 2014 at 2:40 am

    ရော့ဘင် နောက် တဂိုး ထည့်ပါတယ် ၅၃ မိနစ်ပါ

  • ROssI

    June 14, 2014 at 2:54 am

    နောက်တလုံးပါခည ဒီ ဗာ့ဂျ် လို့ ခေါ်ဘာဒဲ ….

  • ROssI

    June 14, 2014 at 3:00 am

    ရော်ဘင် ဗန်ပါစီ ပါခည ….
    နောက်တလုံး ရှုလိုက်ပါဘီ..

  • ROssI

    June 14, 2014 at 3:08 am

    အာယန် ရော်ဘင် ပါခီညာ ..
    5-1 ပါ ခည..

    😛

  • ROssI

    June 14, 2014 at 3:31 am

    ပီးပါဘီ … ချိုပါတယ် …
    5-1 ပါခည..

    😀

  • အရီးခင်

    June 14, 2014 at 3:50 am

    မောင်ဂီ
    တော်ချက်က။ လက်ဖျားခါပါ၏။
    ခန့်မှန်းချက်က ကွက်တိဘဲ။
    နရေတာ လုပ်စားလို့ရတယ်။
    (BTW သူ့ဆီမှာ သိပ်မြန်တဲ့ အာဂျန်ရော်ဘင် နဲ့ သိပ် အဆုံးသတ် သေချာတဲ့ ရော်ဘင်ဗန်ပါစီ လို့ ပြောတာမဟုတ်လား၊ နာမည်ထပ်နေလို့)

    အဲဒီ ဒတ်ချ်မန်နေဂျာကြီး က ဒီဖလားပွဲပြီးရင် မန်ယူ ကို သွားပြီတဲ့။

    • ROssI

      June 14, 2014 at 4:54 am

      ပြင်လိုက်ပါဘီ

      ကျေးကျေးပါ

      သည်တခါ သူရို့ စပိန်ကို တီးတာ အတော် ချိုပါတယ်…

      ခုလည်း ချီလီ က အော်ဇီ ကို ၂လုံး သိပ်ထားတယ်..

      ပွဲမှ မစသေးဘူး…

      ဟုတ်တော့ ဟုတ်နေပါပြီ

      😀

  • Crystalline

    June 14, 2014 at 5:48 am

    စပိန်ကို ဒီနှစ် အာရုံမလာပါဘူးဆို…. တော်ပြီ တောင်အမေရိကအသင်းတွေပဲ အားပေးတော့မယ် :((

  • Foreign Resident

    June 14, 2014 at 8:06 am

    ” သူ့ဆီမှာ သိပ်မြန်တဲ့ အာဂျန်ရော်ဘင် နဲ့ သိပ် အဆုံးသတ် သေချာတဲ့ ရော်ဘင် ဗန်ပါစီ ရှိတယ်မဟုတ်လား ”

    ဟီ ဟိ ၊ ဒီ နှစ် အားပေးမယ့် အသင်းတွေက နယ်သာလန် နှင့် ဂျာမဏီ ဘဲ ။
    ” အာဂျန်ရော်ဘင် ” ဆိုတဲ့ အဖိုးကြီးကို ချယ်လ်ဆီး မှာ ကတည်းက ကြိုက်တာ ။

  • we R one

    June 14, 2014 at 1:37 pm

    ဘာပဲဖစ်ဖစ်.. ၅-၁ နဲနိုင်တယ်…။ ၂၀၁၂ က အကြွေးကို အရင်းရော အတိုးပါပြန် ဆပ်လိုက်ပြီ ငှိငှိ…
    ကျေနပ်တယ်လေ… ကျေနပ်တယ်…။ 😉

  • TNA

    June 14, 2014 at 3:13 pm

    World cup ကတော့ အိမ်ထောင်ကျကတဲကဝေးတော့တာပါပဲဟယ်။ အပျိုတုန်းကတော့ ဘယ်အချိန်ဖြစ်ဖြစ် မအိပ်တန်းကြည့်တာပဲ။ နေ့ခင်းမှတနေ့လုံးအိပ်။ ငါ့ဘဝရဲ့နောက်ဆုံး World cup ကတော့ ၂၀၀၂ ကိုရီးယား ပဲအေရယ်။ နောက်ပိုင်းတော့ ငါနဲ့ ဘောလုံးပွဲက မဆိုင်တော့သလိုပါပဲဟယ်။ ပရီးမီးယားလိခ်လဲ အားပေးခဲ့ရတာ ၉၃ ကတဲက ခုတော့ဒါတွေနဲ့ အဝေးဆုံးကငါ 😥 :byee:

  • kyeemite

    June 16, 2014 at 2:39 pm

    ကျုပ်ကတော့ နားမလည်ပါဘု

  • အရီးခင်

    June 24, 2014 at 1:26 am

    ၂၀၁၄ ကမာ္ဘ့ဖလား ဆိုသည်မှာ ……
    ၂၀၁ဝ ချန်ပီယံ ပွဲဦးထွက် ပထမဆုံး အိမ်ပြန်ရတဲ့ ပွဲ။
    Bye Bye စပိန်။

  • အရီးခင်

    July 5, 2014 at 2:50 am

    အမေရိက အသင်းက ဂိုးသမား ဂိုးဖမ်း World cup record စံချိန်တင်တဲ့ပွဲ။
    US Hero Tim Howard Breaks World Cup Record For Most Saves In a Game
    US goalkeeper Tim Howard made an incredible 16 saves during the USA-Belgium Round of 16 World Cup game, which broke the record for the most number of saves in one World Cup match.
    http://worldsoccertalk.com/2014/07/01/us-hero-tim-howard-breaks-world-cup-record-for-most-saves-in-a-game-watch-post-match-interview-video/#wr4lMpiSPvAzl6FX.99
    (အဲဒီ ဂိုးသမားကို ကာကွယ်ရေးဝန်ကြီး တောင် ခန့်မလို့ ဆိုလားဘဲ ;-))))
    သမ္မတ ကိုယ်တိုင် က ဖုန်းဆက်ပြီး သူ့အသင်းကို ချီးကျူးးသတဲ့။)

    အဲဒီ ဂျာမဏီ နည်းပြ ကတော့ လွန်ခဲ့တဲ့ ၂နှစ် ကလဲ ဒီပုံ၊ လွန်ခဲ့တဲ့ ၄နှစ် ကလဲ ဒီပုံ၊ လွန်ခဲ့တဲ့ ၆နှစ် ကလဲ ဒီပုံ၊ လွန်ခဲ့တဲ့ ၈နှစ် ကလဲ ဒီပုံ၊
    မနာလိုစရာတော်။ ရုပ် မပြောင်းဘူး။
    မျက်မှန်တပ်မကြည့်လို့ လားမသိ။
    Bye Bye ပြင်သစ်။

    ဘရာဇီး မနိုင်ဘူး ထင်တာ တစ်ဂိုး စရနေပါရော့။
    သူကြီး အထင်သာ မှန်လို့ ကတော့ ပြသနာဘဲ။ 🙄
    တောက်(စ်) (ခွက်ဒစ် – ဂဂ)

    • အရီးခင်

      July 5, 2014 at 4:35 am

      လူဝီ စုတ်ဖွား ဘုရားရှိခိုးကောင်း လွန်းလို့ နိုင်တာ ထင်ရဲ့။
      နေမာလဲ နာနေပြီ။
      ဂျာမဏီ နဲ့ တွေ့ရင်တော့ ရှုံးမှာပါ။
      Bye Bye ကိုလံဘီယာ။

      • နှူးဘာ မိဂီ

        July 5, 2014 at 5:56 am

        ဗိုလ်ချုပ်တို့ အိမ်ပြန်သွားကတည်းက ကျော့် အတွက် ကမာ္ဘ့ဖလား ပီးနှင့်သွားပါဘီဂျာ
        ချစ်ချစ်က အိပ်ပျက်ခံပီး နေမကောင်းဖြစ်တာ စိတ်မကောင်းလို့ ဘောပွဲ ညည့်နက်သန်းခေါင်
        မကြည့်တော့ပါဘူး
        နေ့လည်မှ ရီပလေး ပြန်ကျိတယ်…

        အားးးဟိ

  • အရီးခင်

    July 6, 2014 at 5:19 am

    Revenge !!!
    Thanks ဟော်လန်။ :-)))
    Bye Bye Costa Rica!
    Bye Bye Belgium!

  • kai

    July 7, 2014 at 7:01 am

    …. ၂၀၁၄ ကမ္ဘာ့ဖလား ဘောပွဲအနှစ်ချုပ်စာတန်းလေး.. သတင်းစာအတွက်လိုချင်တယ်ဗျို့…

    • နှူးဘာ မိဂီ

      July 7, 2014 at 9:21 am

      ဝုတ်ကဲ့ခီည
      ကနေ့ ဆီမီးအတွက် အသစ်ရေးဖြစ်မယ် ဖစ်ပါကြောင်း

      • အရီးခင်

        July 7, 2014 at 2:16 pm

        တောက်စ် (မူ – ဂဂ)
        သူ့ သူကြီး ပြောတော့ အသံချိုချိုလေးနဲ့။
        {ဝုတ်ကဲ့ခီည} တဲ့။
        “- – -” :—–

        ဒီနေ့ မဆီမီး သေးပါဘူး။
        နက်ဖြန်မှဟာကို။

Leave a Reply