ရွှေမိုးတိမ်ရဲ့ အမှတ်တရ မိုး

ရန်ကုန်မှာရေတွေကြီးတယ် ကြားတော့ မန်းလေးမှာရေကြီးဖူးခဲ့တဲ့ နှစ်တစ်နှစ်ကို ပြန်သတိရတယ် ။

လွန်ခဲ့သော ရ နှစ် ကိုယ်က UFL ဒုတိယနှစ်ကျောင်းသူ ဘဝပေ့ါ ။ အဲ့နေ့ က နေ့လည်ပိုင်းလောက်ကစပြီး မိုးတွေတောက်လျှောက်ရွာတော့ ညနေကျောင်းဆင်းချိန်လည်းကျရော ရေတွေကြီးတာ ဒူးခေါင်းလောက်ရောက်ရော ။ ကျောင်းဝင်းထဲမှာလည်း ရေတွေအပြည့်ပေ့ါ ။ ကိုယ်ကလည်း ဆိုင်ကယ်စစီးတတ်တာမကြာသေးဘူး ဒီရေကြီးနေတဲ့အထဲမှာ ဘယ်လိုမှ ကိုယ့်ဖာကိုယ် ဆိုင်ကယ်မောင်းပြီး မပြန်ရဲဘူး ( ပြန်ရင်လည်း ဆိုင်ကယ်စက်ရပ်နိုင်ချေ က 90 ရာနှုန်းလောက်ရှိတာကိုးး ) ။ အိမ်ကို ဖုန်းဆက်တော့ ဖေဖေ က သူ ကား နဲ့လာကြိုမယ်ပေ့ါ ကျောင်းမှာပဲစောင့်နေဆိုပြီးပြောတယ်။ ဖြစ်ချင်တော့ ကိုယ့်ကို ပိုးနေတဲ့ ဆေးကျောင်းက ကောင်လေးတစ်ယောက်က ကျောင်းကိုလိုက်လာပြီး သူအိမ်ပြန်ပို့ပေးမယ် ဘာညာပေ့ါ (ဟိဟိ ) ကိုယ်ကလည်း မလိုက်ပါဘူး ။ အိမ် က လာကြိုမှာလို့ခပ်တည်တည်နဲ့ ပြန်ပြောတာပေ့ါလေ ။ သူကလည်း ဇွဲကောင်းတယ် မပြန်ဘဲ ပေကပ်စောင့်နေတာ။

ကျောင်းထိ်ပ်က တမာပင်တန်းကြီးအောက် က အုတ်ခုံလေးမှာ ကိုယ်ကဖေဖေ့ကို စောင့် ၊ သူက ဆိုင်ကယ်ဒေါက်ထောက်ပြီး ကိုယ်ကိုစောင့် …. မိုးသက်လေ လေးကတိုက်တော့ တမာပွင့်လေးတွေ က တဖြုတ်ဖြုတ်ကြွေ … အို ကဗျာတွေ ဆန်ချင်တိုင်း ဆန်နေတော့တာပေ့ါလေ ။ အဲ့……အချိန်မှာပဲ တဖုန်းဖုန်း တဒိုင်းဒိုင်းနဲ့စက်သံဆူဆူညံညံနဲ့ ထော်လာဂျီ တစ်စီးက ကိုယ်တို့ ကျောင်းဝင်းထဲဝင်လာပါရောလား။။ ဟင် ဘယ်ကထော်လာဂျီလည်းပေ့ါ ကျောင်းထဲဝင်လာတာ …. ရှေ့ခန်းကို ကြည့်လိုက်တော့ ….လားးးလားးး ဖေဖေရယ်လေ ထော်လာဂျီမောင်းတဲ့သူဘေးမှာ ပြုံးပြုံးကြီးထိုင်လိုက်လာတာ … ဖေဖေ့ ကား ၇၃ လမ်းမှာ ရေဝင်ပြီးပျက်သွားလို့တဲ့ ထော်လာဂျီငှားလာတာတဲ့ … ကျောင်းထဲကို ထော်လာဂျီဝင်လာတော့ သူငယ်ချင်းတွေကလည်း ဝိုင်းကြည့် ၊ ကိုယ့်လာရှိတ်တဲ့ တစ်ယောက်ကလည်း ပြုံးစိစိ နဲ့ကြည့် … ကိုယ်ကတော့ ဒါတွေအားလုံးကို မသိခြင်ထောင်ထောင်ပြီး ရုပ်တည်ကြီးနဲ့ စီးတော်ယာဉ် ထော်လာဂျီပေါါ်ကိုတက်ပေါ့ ။ ကျောင်းဝင်းအပြင်ရောက်လို့ အရှက်ပြေ ခေါင်းမော့ကြည့်ရုံရှိသေး ၇၃လမ်းတလျှောက် အဆောင်သူ သူငယ်ချင်းတွေက အဆောင်ရှေ့ထွက်ထိုင်ပြီး မန်းလေးမြို့ရေလျှှံတဲ့မြင်ကွင်းကို ရှုစားနေရင် း … သူတို့ မြင်ကွင်းထဲကို ကိုယ်နဲ့ထော်လာဂျီ ကြီးဝင်လာတိုင်း …… (((((ဟယ်……….ဟိုမှာ နှင်းရွှေရည်ဝင်း နှင်းရွှေရည်ဝင်းတော့ )))) ဆိုပြီး ဝို်င်းဝို်င်းအော် လက်တွေပြပြီး နှုတ်ဆက်ကြနဲ့ အိမ်ကိုဘယ်မျက်နှာနဲ့ပြန်ရောက်လာမှန်းကို မသိတော့ဘူး   😀

နောက်ရက်တော့ ကျောင်းမှာလည်း နာမည်ကြီး ၊ ဟိုဆေးကျောင်းက ဘဲလေးလည်း ပေါ်မလာတော့ဘူးပေါ့ကွယ် … ဒါပါပဲ ကိုယ့်ဘွရဲ့ မိုးနဲ့ပတ်သက်တဲ့ အမှတ်တရလေးကတော့ တော်တော့်ကို ခါးသီးခဲ့ပါတယ်ကွယ် 😛

15 comments

  • Mr. MarGa

    June 14, 2014 at 10:32 am

    အဲဒီ အတွေ့အကြုံဆိုတာ ရခဲတယ် ရယ်
    ပိုအမှတ်ရနေအောင် နားထဲ စွဲနေတဲ့ သီချင်းတစ်ပုဒ် ဖျက်ပြီး ဆိုပေးမယ်

    ♪♫♪♫♪♫♪♫♪♫ ဆိုင်ကယ်လေးကို စီးကာရယ် ကျောင်းကို သူလာတယ်….။ ♪♫♪♫♪♫♪♫♪♫
    ♪♫♪♫♪♫♪♫♪♫ မိုးမိချိန်ဝယ်….. ထော်လာဂျီစီးလို့ သူ ပြန်တယ်….. ♪♫♪♫♪♫♪♫♪♫♪♫

    :mrgreen:

  • ကေဇီ

    June 14, 2014 at 11:01 am

    ဟယ်။
    အသီးနာ စရာပဲ။
    ကျောင်းဆင်းတဲ့ချိန် မိုးသည်းထဲမှာ လွယ်အိပ်ကလေးနဲ့ ကောင်မလေးး ဇာတ်လမ်းမဖြစ်ခဲ့ဝူးပေါ့။

    😀

  • Myo Thant

    June 14, 2014 at 12:30 pm

    ဪ မိုး မိုး
    ရက်စက်ပါ့ မိုးရယ်

  • TNA

    June 14, 2014 at 3:42 pm

    ဖြစ်မှဖြစ်ရလေဟယ်။ မြင်ယောင်ကျိပြီးရီလို်က်ရတာဟယ်

  • အဲဒီနှစ် က ရေ ကြီး တာ တော့ မှတ် မိ တယ်
    ကျနော်လဲ ဆိုင် ကယ် စီးရင် ဆက် စီး မရ တော့ အသိအိမ်ထား ပြိး အိမ်ကို လမ်း လျောက်ပြန်ခဲ့ ရတာ အမှတ် တရ

  • Foreign Resident

    June 15, 2014 at 9:59 am

    ” ဟို ဆေးကျောင်းက ဘဲလေးလည်း ပေါ်မလာတော့ဘူးပေါ့ကွယ် ”

    ဟင် ၊ ဒါလောက် ကိစ္စလေး နှင့်များ ၊ ပေါ်မလာ ဇတ်ကား ရိုက်စရာလား ။
    ကိုယ့် အပေါ် ပိစိလေးလောက်တောင် မချစ်တဲ့သူ နှင့် ဝေးသွားတာများ ။
    အဲဒါ ကံ ကောင်းတယ် ခေါ်တယ်ဟ ။

  • ဦးကြောင်ကြီး

    June 15, 2014 at 12:24 pm

    မိုးတိမ်လေးဂို ခြစ်သလောက် မိုးတိမ်ဘဲကို သက်ချဉ်လည်

  • Kaung Kin Pyar

    June 16, 2014 at 10:00 am

    ရွှေမိုးတိမ်အဖေက သားသမီးအတွက် အချိန်ပေးတယ်နော်….။
    အားကျပါအိ….

  • surmi

    June 16, 2014 at 12:56 pm

    ဆေးကျောင်းက ဘဲနာလေးနှယ် ထော်လာဂျီစီးတာများအဆန်းလုပ်လို့ ဗျာ …
    မအူပင် တက္ကသိုယ်မှာတက်ရင်လေ အဲဒီထော်လာဂျီက ကျောင်းဖယ်ရီခင်ဗျ
    သူတို့က ဒိန်းဒေါင်း လို့ခေါ်ကြတယ်
    ဒီကောင်လေး ဆရာဝန်ဖြစ်မှ နယ်ဆေးရုံမှာ ကျွတ်စကီးပြသွားလိမ့်မယ် 🙂

  • ဦးကျောက်ခဲ

    June 16, 2014 at 1:19 pm

    ရွှေမိုးတိမ်နဲ့ ဒေါ်လှကြည်ကိုဖတ်ပြီးရယ်လိုက်ရတာ… ရေးလည်းရေးတတ်ပါ့…
    ♫ ♫ မိုးတွေရွာတိုင်း အသည်းအိမ်မှာလှိုင်း ရင်ခွာညှာရယ် အဆွေးကြီးဆွေးပြီ ♫ ♫
    ဟီ ဟီ… ဒေါ်လှကြည်စီးတာ ပဲ့တယ်လို့ထင်ရင်… ဝေးရာသွားပေါ့ ကိုဆေးဘဲရယ်…
    😀

  • Ma Ma

    June 16, 2014 at 5:09 pm

    အဖေများနေ့မှာ အဖေ့ကိုပေးတဲ့ အမှတ်တရပိုစ့်လေးပေ့ါ။
    မိသားစုတာဝန်ကျေပြီး သားသမီးကိုချစ်ခင်တန်ဖိုးထားတဲ့အဖေမျိုးရတာ ဘဝမှာ ကံအကောင်းဆုံးပဲ မိုးတိမ်လေးရေ။
    ထော်လာဂျီစီးလို့ စတိုင်ပျက်သွားတာထက် မဖြစ် ဖြစ်အောင်လာကြိုတဲ့ အဖေကို အဲဒီအကြောင်း ကြုံတိုင်းပြန်ပြောပြလေးလိုက်။ 🙂

  • padonmar

    June 16, 2014 at 10:17 pm

    ဟုတ်ပါ့တော်။
    ထော်လာဂျီစီးလို့ မကြိုက်တဲ့ ဆေးကျောင်းသားများ မလာတာအေးသေး။
    အော်မေ့ဂိုဏ်းဝင်မှာလားပြော။

    • surmi

      June 17, 2014 at 12:30 am

      အော်မေ့ဂိုဏ်းမှာလည်း တဖြည်းဖြည်းအင်အားနဲသွားပြီဆိုတော့
      : mrgreen:
      ဂိုဏ်းချုပ်ကိုယ်တိုင် စည်းရုံးရေးဆင်းနေရပါလား :kwi:

  • kyeemite

    June 17, 2014 at 3:47 pm

    ဇတ်လမ်းလေးက အမှတ်ရစရာပါပဲ…ဟာသပေါ့ဗျာ 😀

Leave a Reply