တိုင်​မင်​ (Timing)

naywoon niJune 14, 20141min1165

တစ်​ကယ်​​တော့ ငါတို့​တွေဟာ
ကမ္ဘာလုံးထဲမှာ ဆိုင်​ကယ်​စီးနင်​း​နေသူ​တွေပါ့
ဆိုင်​ကယ်​တစီးနဲ့တစ်​စီး
သွားရမဲ့လမ်​း​ကြောင်​း
​မောင်​းရမဲ့ အရှိန်​
အားလုံး တိုင်​မင်​ ကိုက်​ညှိထားပြီးသား ။
တစ်​စီးစီးက သွားရမဲ့အတိုင်​းမသွား
​နှေးသွား မြန်​ထားခဲ့ရင်​
အားလုံး ဝရုန်​းသုံးကား ပွဲပျက်​​တော့မှာ
လမ်​း​ကြောင်​း​ပြောင်​းမယ်​ဆိုရင်​လည်​း
အားလုံး တစ်​ညီတစ်​ညာထဲ
ဝမ်​း
တူး
သရီး
​ပြောင်​းမယ်​
တိုင်​မင်​ကိုက်​ပါမှ…….။

​နေဝန်​းနီ

5 comments

  • ဇီဇီ

    June 14, 2014 at 11:32 am

    ကိုနီ တိုင်မင် က Timing လို့ ပေါင်းတာလားလို့။
    ဟီးဟီးးး
    အနော်လွဲသလားမသိ။

    :mrgreenn:

  • Mr. MarGa

    June 14, 2014 at 11:38 am

    အဘနီ
    Timing ဟုတ်ဖူးလားဗျ
    တိုင်မင် ကိုက်ဖို့တော့ အတော်ကြိုးစားယူရမယ်ဗျို့
    မြန်မာတွေဗျ… တစ်ယောက်တစ်ပေါက်နဲ့…. 🙁

  • kyeemite

    June 17, 2014 at 11:50 am

    တိုင်မင်ကိုက်ဖို့ လိုတာပေါ့ဗျာ

  • alinsett (gazette)

    June 18, 2014 at 11:34 am

    အဘနီ ရဲ့ ကဗျာတွေကို အမြဲ ဖတ်ဖြစ်ပါတယ်

Leave a Reply