၅-၁ ၂-၁

ムラカミJune 15, 20141min1728

 

 

 

ကနေ့ ဒုတိယနေ့ ဖြစ်၏။

မက်ဟီကို ကင်မရွန်းပွဲတွင် ..ပိုပြောင်မြောက်သည့် မက်ဟီကို နိုင်သွားသည်။ ပြောစရာဖြစ်သည်က ဒေါ့စ်ဆန်းတို့စ်…။

တချိန်က တောက်မယ့်မီးခဲလေးဟဲ့ ဆိုပြီး ဘာကာ က ခေါ်ဥသည်။ နောက်ပိုင်း သိပ် စွံဟန်မထင် ဟု သတ်မှတ်ကာ

စပါး ကိုရောင်းသည်။ အပြောင်းလဲများသည့် စပါးမှ သူလည်း လွင့်ထွက်သွားသည်။ သို့သော် ဒီပွဲတွင်တော့ …သူက မင်းသား။

ပထမပိုင်း ၂ဂိုး သွင်းသည်။ ဒိုင်က ခွင့်မပြုခဲ့ ။ ခွင့်ပြုခဲ့လျင် နေးမား နှင့် စံချိန်တူတော့မည်။ တပွဲကစား ၂ဂိုးသွင်း။

(ခွင့်သာပြုခဲ့လျင် ပိုအားတက်ပြီး ) ဒုတိယပိုင်း တတိယဂိုးပါသွင်းပြီး ၂၀၁၄ ကမာ္ဘ့ဖလား၏ ထိပ်ဆုံး ဟက်ထရစ်ရှင်ပင်

ဖြစ်လိမ့်မလား မည်သူမှ မပြောနိုင်ချေ။ ထားပါတော့… သူ့အကြောင်း…။ အဆုံးသတ် ပြောရလျင် ပိုကောင်းအောင် ကစားနိုင်သော

မက်ဟီကို လိုအပ်သော အနိုင်တဂိုး ရသွားသည်။ နိုင်သွားသည်။ နောက်ပွဲ ခရိုအက်တွေ နှင့်ကစားဖို့ လုံလောက်သော အားဆေးဖြစ်လိမ့်မည်။

နောက်တပွဲ ဆက်ကြည့်မိသည်။ ဒုတိယနေ့၏ အထင်ကရ ကစားပွဲ ဖြစ်သည့် … စပိန် – ဟော်လန်။ ခရမ်းချဉ်သီး နှင့် လိမ္မောသီးပွဲဖြစ်သည်။

Spain-v-Holland-001
သည်ပွဲကတော့ Upset တည်း။ မေးရိုး ကြမ်းပြင်ရိုက်သည့် ရလာဒ်ထွက်လာသည်။ ကမာ္ဘ့ချန်ပျံ စပိန် ၁-၅ နှင့် အတီးခံရသည်။

တီးသည့်အသင်းက ၂၀၁ဝမှာ ဗိုလ်လုပွဲမှာ သူရို့ နှိပ်ကွပ်ခဲ့သည့်အသင်း။ ရှုံးတာ မထူးဆန်းပါ (၁-၂… ၂-၃ လောက်ဆို မအံ့ဩသေး)

သည်လောက် ဂိုးပြတ်ရှုံးတော့ အံဩရပြီ…။ (ဒါ ကမာ္ဘတမ်း ဖီနော်မီနမ် တခုသဖွယ်)

ဆောင်းပါးတွေ ပြန်လှန်သည်။ ဘောဆြာတွေ အတော်များများကွဲ၏။ သူတို့ ညံ့လို့လည်းမဟုတ်ပေ။

ပြောပါတယ် ကမာ္ဘတန်း မေးရိုးကြမ်းပြင်ရိုက်တာပါဆို။ လက်တလော စာတွေထက် နည်းနည်း ဟောင်းတာတွေ

ပြန်ရှာမိသည်။ (ပေါက်မှတော့ ဖော်ရမပေါ့) ပေါက်ဖော်လုပ်ပါမည်။ (သည်စကားကြောင့် စိန်ပေါက်ပေါက်ကို ပင် သတိရမိသေး)

စပိန်နည်းပြကြီးက ဗျူးတခုတွင် တီကီတာကာ တာလီဘန် (ဆိုလိုသည်မှာ ပိုဇစ်ရှင် ကစားနည်း ကို တလမ်းသွားကျင့်သုံးမည်)

မဟုတ်ဟု ဆိုထားသည်။ ကွင်းလယ်ဗိုလ်ချုပ် ဂျာဗီး ကတော့ အသားအကျဆုံး အအောင်မြင်ခဲ့ဆုံး ကစားဟန်မို့

ဆက်လက်၍ ကစားမည်ဟု ဆိုပြန်သည်။ အဲ့သည့်မှာပဲ ရှေ့နောက် မညီတော့…။မြစ်တခုမှာ ၂ခါ ရေမချိုးနိုင်တာတော့ သူတို့မေ့သွားပုံရသည်။

သည်ကစားပေါက်ကို မျိုးစေ့ချ ခဲ့သူက သူတို့ တီးခဲ့သည့် ဟော်လန်အသင်းကို ကိုင်နေသည်။ ရေရှည် သုံးလာခဲ့သည့် ပုံစံ တခုသည်

အဆင့်မကွာသည့် အသင်းအချင်းချင်းကြားတွင်တော့ ကျက်မိဖို့ လွယ်ကူစေသည် မဟုတ်လား ..။nothing last forever ကိုပဲ ပြန်ပြောရမည်။

လွန်ခဲ့သော ၁ဝစုနှစ်ကိုပြန်ကြည့်လျင် ယူရို ၂၀၀၄မှာ ဂရိ ဗိုလ်စွဲတာနဲ့အတူ ဒီဖန့်ဇစ် ဖွတ်ဘော ကသာအမှန် ဖြစ်ခဲ့တယ်။

(အန်တီဖွတ်ဖော ခေါ်ခေါ် ၄-၆-ဝ ခေါ်ခေါ်ပေါ့) ၂၀၀၆မှာ အီတလီ ဖလားရတော့ တိုက်စစ်မှူးမှ ဂိုးသွင်းရတာမဟုတ် ဟာမိုနစ်ဇမ်သာ

ပဓါန ဝါဒ ထွန်းကားခဲ့သေးတယ် .. ၂၀၀၈ ကနေ ၂၀၁၂ထိကတော့ တီကီတာကာ ခေတ်ပေါ့ဗျာ..။

 

v

 

ဆိုတော့ သည်ကာလဟာ စနစ်တခု ကျဆုံးဖို့အချိန် …ဒါမှမဟုတ် စနစ်တခု အသစ်ပေါ်ဖို့အချိန် ဖြစ်မလား လို့ စဉ်းစားစရာပါ။

အထူးသဖြင့် စပိန် လွှမ်းမိုးထားတဲ့ခေတ် ကုန်မလား ဆိုတာ။ ကုန်မယ်ပဲ ထင်တယ် လို့ ပြောချင်ပါတယ်…။ nothing last forever ပါဆို

၂၀၁ဝ တုန်းက ထိပ်ဆုံးပွဲ ဆွစ်ဇာလန်ကို ရှုံးပြီး မှ ဖလားသိမ်းခဲ့တာနဲ့ မတူပါဘူး…။ စပိန်ပြန်လာမလား ဆိုတဲ့ စကား ကိုဖြေတဲ့အဖြေ

ဖြစ်ပါလိမ့်မယ် ။ အဲ့တုန်းက ခြေချော်လက်ချော်ပါ…။ ၁-၅ ကတော့ သည်လို လို့မထင်ဘူး။ ကနေ့မှ ဂိုးသမား ကာဆီးလက်ကလဲ ချာလွန်းနေ

သည်။ တဖက်က ရော်ဘင်ဘန်ပါစီ နဲ့ အာယန်ရော်ဘင်တို့ကလည်း ကောင်းလွန်းနေသည်။ ၅ဂိုး ၁ဂိုး ဆိုသော ရလာဒ်ကြောင့်

စပိန်တွေကို 5PA1N ဟုပင် ပြောင်ခေါ်နေကြပေပြီ
ထားတော့ မနက်က ပွဲအကြောင်း ဆက်သွားမည်။ နာမည်ကြီး အင်္ဂလန် နှင့် အီတလီ တို့ပွဲ ..။

 

englandvsitaly

 

ကစားနေကျ ပုံစံအတိုင်း ပင် ၂ဖက်စလုံး

ပွဲထွက်လာသည်။ အင်္ဂလန်က တောင်ပံ များမှ ဖောက်ဖို့ ကြိုးစားပြီး အီတလီ ကတော့ ကွင်းလည်ဘောလုံး ဖြန့်ဝေမှုနဲ့ ကစားနေသည်။

ကွင်းလယ်အဖျက်သန် ကစားသမား ၃ဦး(ဒီရော့စီ ပီယာလို ဗာရက်တီ) ထားပြီး ကွင်းလယ်ကို ချုပ်ကိုင် ကစားခဲ့သော ပရင်ဒယ်လီ ၏

နည်းဗျူဟာ မှန်ကန်ခဲ့သည်။ ပထမပိုင်း တဝက်လောက်ထိ ဝိန်းရူနီ ဆိုတာ ကွင်းလယ်အဖျက်ကစားသမားလား မေးရအောင် ဂျာရတ်ကို

ကူရင်း အလုပ်များခဲ့သည်။ ညာတောင်ပန် မှ အိုဗာလပ် လုပ်ကစားနေသော ဒါမီယန်း ကို အင်္ဂလန် နောက်ခံတွေ တောက်လျောက် မထိန်းနိုင်ခဲ့

ပထမပိုင်း dead ball မှ မာခီစီယို ခပ်လှမ်းလှမ်းမှ အပြင်း ကန်သွင်းသွားသည်။ ဒါကို ၂မိနစ်အကြာမှာ စတားရစ်ချ် ကချေပသည်။

ကျန်တာကတော့ အဝေးချိန်းခြောက်မှုများသာ …။ ကွင်းလယ်စိုးမိုးပြီး စိတ်ရှည်ရှည် နှင့် ကစားတတ်သော အီတလီ နှင့်

လူငယ်တို့၏ မြန်နှုန်း တိုးအား ဖြင့် ကစားသော အင်္ဂလန် တို့ ပွဲက စိတ်ဝင်စားဖို့ ပိုကောင်းလာသည်။

ပွဲ၏ အပြောင်းအလဲ ကဒုတိယပိုင်း အစ ဖြစ်သည်။ မထိန်းနိုင်သော ညာတောင်ပံ ခံစစ်နေရာမှ ကန်ဒရီဗာ ကွက်တိ တင်ပေးသည်ကို

ဘာလိုတယ်လီ အပိုင် တိုက်သွင်းသွားခြင်းဖြစ်သည်။ အဲ့သည်မှာ အီတလီ ဇာတိပြတော့သည်။ ဒီရော့စီ နောက်တန်း၂ယောက်ကြား

ဆင်းသွားပြီး ၅-၄-၁ ဆန်ဆန် ကစားနေသည်။ အင်္ဂလန်ကတော့ ချေပဂိုးရဖို့ ပိုမို ရုန်းကန်လာသည်။ပြေးလွှား ကစားရင်း

လောရင်း ပျက်ရင်း နှင့် ပွဲပြီးသွားသည်။ ပြောစရာဆိုလို့ ရူနီ ၁လုံး ဖြုန်းတီး တာရယ် ပီယာလို ဖရီးကစ် ဘားတန်းမှန်ခဲ့တာရယ်သာရှိသည်။

ခြုံငုံပြောရလျင် အီတလီကစားပုံ ငြိမ်သည်။ သို့သော် ချန်ပီယံ ခြေစွမ်းမဟုတ်။ အင်္ဂလန် တိုးတက်လာတာတော့ မှန်သည်။ သို့သော်

အတွေ့အကြုံ ပိုင်း နှင့် ရလာဒ် ပိုင်းအရ ဖိအားအောက်ရောက်သွားပြီဖြစ်သည်။ ဒုတိယပွဲ အဖြစ် ကော့စတာရီကာကို မထင်မှတ်ဘဲ

ရှုံးထားသော အသင်းကောင်းတသင်းဖြစ်သည့် ဥရုဂွေး နှင့် တွေ့မည် မဟုတ်ပါလား။ မချောင်။

သည်နေ့ညတော့ အာဂျင်တိုင်း ခြေကို ကြည့်မည်။ သို့သော် နက်ဖြန်ည ဂျာမနီ နှင့် ပေါ်တူဂီ တို့ပွဲ သာစိတ်ရောက်နေသည်။

တော်သေးဘီ…။

(နောက်ထပ် ပျော်စရာ တခု ရှိတာလည်း တခါတည်း ဝန်ခံထားရမည်။)

အားးဟိ

 

tumblr_n0e16oRdBM1s8tr1do1_500
ဒီဘီးကျဲ နားတော့မည် တဲ့

 

8 comments

  • alinsett (gazette)

    June 15, 2014 at 12:41 pm

    နိုးမှ ဆက် ဖတ်တော့မယ်
    အခု အိပ်နေတုန်းမို့. . .

    :mrgreen:

  • Wow

    June 16, 2014 at 8:54 am

    နေမာ၊ မက်ဆီ၊ ဒိုလေး၊ ဗန်ပါစီ တို့ပုံ လှလှလေးတွေတင်ပါအေ… ညီးဘောပို့စ် စိတ်ဝင်စားစရာကောင်းအောင် :mrgreen:

  • ဦးကျောက်ခဲ

    June 16, 2014 at 9:01 am

    မနက်ဖြန်ည ဂျာမနီ နှင့် ပေါ်တူဂီ ပွဲမှာ… ပေါ်တူဂီတွေ ရှုံးပါစေ…
    ဂျာမန်တွေကို မေတ္တာထားလွန်းလို့ မဟုတ်ရပါဘူး…
    ငဇင်ကာကို သမိုင်းကြောင်းအရ မုန်းလွန်းလို့ပါ… ဟီ ဟိ
    ၆၉၆ ကျောက်စ်ခဲပါ ခီည… ဘာမှလည်း မဆိုင်…
    😀

  • black chaw

    June 16, 2014 at 11:17 am

    ဂျာမနီ နဲ့ ပေါ်တူဂီ…။
    ပေါ်တူဂီက စီရော်နယ်ဒို ဆွဲအား နဲ့ ဖမ်းစားသည်။
    ဂျာမနီက အသင်းလိုက် စုစည်းမှု နဲ့ ဖမ်းစားသည်။
    ဂျာမနီ အနိမ့်ဆုံး သရေ ဟု ထင်ပါသည်။

  • ROssI

    June 17, 2014 at 7:11 am

    နာမည်ကြီးအင်္ဂလန်ကို အီတလီက အနိုင်ရခြင်း၏ အဓိကလျှို့ဝှက်ချက်တစ်ခုမှာ ဘောလုံးပေးပို့ရာတွင် တိကျမှုဖြစ်သည်။ အီတလီအသင်းက အင်္ဂလန်အသင်းကိုအနိုင်ရရှိခဲ့သောပွဲတွင် ဘောလုံးပေးပို့မှုပေါင်း ၆၀၂ ကြိမ်ပြုလုပ်ရာ၌ ၉၃ ဒသမ၂ရာခိုင်နှုန်းဖြစ်သော ၅၆၁ ကြိမ်မှာအောင်မြင်ခဲ့သည်။ ထိုစံချိန်မှာ ၁၉၆၆ ကမ္ဘာ့ဖလားပြိုင်ပွဲနောက်ပိုင်း အဂူရီသားတို့အတွက်အကောင်းဆုံး စံချိန်ဖြစ်သည်။အင်္ဂလန်မှာ ဘောလုံးပေးပို့မှု ၄၂၅ကြိမ်သာ အောင်မြင်အောင်ပြုလုပ်နိုင်ခဲ့သည်။

    အီတလီ ကွင်းလယ်ဗိုလ်ချုပ် ပီယာလိုက ဘောလုံးပေးပို့ရာတွင် ကျွမ်းကျင်မှုကို ကမ္ဘာ့ဘောလုံးပရိသတ်များအား ပြသခဲ့ပြီး သူတစ်ဦးထဲမှ ဘောလုံးပေးပို့မှု ၁၀၈ ကြိမ်ပြုလုပ်ရာ ၁၀၅ ကြိမ် အောင်မြင်ခဲ့သည်။ အင်္ဂလန်အသင်းခေါင်းဆောင်ဂျရတ်မှာ ၆ရကြိမ်သာဘောလုံးပေးပို့မှု ပြုလုပ်နိုင်ခဲ့ပြီး ၆၂ကြိမ်သာအောင်မြင်ခဲ့သည်။ ပီယာလိုနှင့်အတူ ဒီရော့စီနှင့် ဗာရက်တီတို့ကလည်း ၎င်းတို့၏ ဘောလုံးပေးပို့မှုကျွမ်းကျင်ခြင်းကို ပြသနိုင်ခဲ့သည်။ ဒီရော့စီမှာ ပေးပို့မှုပေါင်း ၁၀၅ကြိမ်တွင် ၉၉ ကြိမ်အောင်မြင်ခဲ့သည်။ အင်္ဂလန်ကွင်းလယ်ကစားသမား ဟန်ဒါဆန်မှာ အကြိမ် ၅ဝပေးပို့ရာတွင် ၄၄ ကြိမ်သာအောင်မြင်သည်။ မာချီစီယိုသွင်းယူခဲ့သော ဦးဆောင်ဂိုးတွင် ပီယာလိုက အင်္ဂလန်ကစားသမားများကိုလှည့်စားမှု ပြုလုပ်ပြခဲ့ပြီး ပွဲချိန်များစု တွင်လည်း ပညာသားပါသော အနုစိတ် ဘောလုံးပေးပို့မှုများ ပြုလုပ်ပြခဲ့သည်။ ပူပြင်းသော ရာသီဥတု အောက်တွင် ပီယာလိုဦးဆောင်သော အီတလီကွင်းလယ်ကစား သမားများက ပြေးလွှားခြင်းထက်ဘောလုံးပေးပို့မှုတွင် တိကျအောင်ပိုမိုဂရုစိုက်ခဲ့ပြီး လူငယ်ကစားသမားများသော အင်္ဂလန်က လျင်မြန်မှုနှင့် ပြေးအားပိုမိုအသုံးချခဲ့သည်။နိုင်ပွဲအတွက် အသင်းဖော်များ၏ ရဲရင့်မှုကို ပီယာလိုက ချီးကျူးခဲ့သည်။ ‘‘ကျွန်တော်က ရဲရင့်တဲ့ အီတလီ အသင်းရဲ့ အသင်းခေါင်းဆောင်ဖြစ်ခဲ့တယ်။ ကျွန်တော်တို့ စတိုင်ကျပြီးလှပတဲ့ဟန်နဲ့ အင်္ဂလန်ကိုအမြဲကစားပြချင်ခဲ့တာ။ ရာသီဥတုပူပြင်းပေမယ့် ကျွန်တော်တို့ကောင်းကောင်းကစားနိုင်ခဲ့ပါတယ်’’ဟု ပီယာလိုက ပြောသည်။ Dailymail/Goal/Fifa

    http://www.7daydaily.com/worldcup2014/13376

    အာဟိ

    ကွာဗါဒယ်ဆို

    • ROssI

      June 17, 2014 at 7:15 am

      အဲ …မေ့သွားလို့ …. ၂၀၁၂ကလေ… အဲ့ဗိုလ်ချုပ် တယောက်တည်း ဘောပေးပို့တာ အင်္ဂလန် ကွင်းလယ် ၄ယောက်ပေါင်းထက်များတယ်တဲ့ခည…

      မနိုင်တာလည်း မပြောနဲ့ …

      အားးးဟိ

  • naywoon ni

    June 18, 2014 at 8:02 am

    ဂီရယ်​ ညည်​း ​ဘောပြစား အဲ့ နီးပြလုပ်​စား လို့ရပီ

Leave a Reply