“ရွှေအိုရောင်ဒုက္ခများ”

“ရွှေအိုရောင် ဒုက္ခများ ”

 

 

လွန်ခဲ့တဲ့ တစ်လ  လောက်က ပေါ့။

နေ့လည်ပိုင်း မှာ ကျုပ်ရဲ့အိမ်က “ချုပ်ကြီး “ ဖုန်းဆက်လာပါတယ်။

သူဖုန်းဆက်ပြီးဆိုရင် သူ ဖြေရှင်းလို့မရ တဲ့ ပြဿ နာ တစ်စုံ တစ်ရာအိမ်မှာ

ဖြစ်နေပြီ ဆို တာ ကျုပ်အတတ်သိပြီးသား။

 

“ပြော ဘာဖြစ်လဲ”

“ ဟို ဟာ လေ  အိမ်က  အိမ်က ……… “

“ ပြောလေဟာ ညည်း ဆက်မှတော့ အိမ်က မှန်း သိတာ ပေါ့ “

“ နောက်ဖေး လေ  နောက်ဖေး “

“ ဘာလဲ နောက်ဖေးအိမ်က အမေကြီး ဘာဖြစ်လို့လဲ “

“  အော် ရှင်ကလဲ လော လိုက်တာ တာ ဒီက ဘာ စ ပြောရ မှန်း မသိတဲ့ဟာကို၊

ကဲ နား ထောင် ဖြတ်မပြော နဲ့ ၊

အိမ်က အိမ်သာ က ပြည့် ပြီး နောက်ဖေး တွေလျှံ ကျ မ လို ဖြစ ်နေတယ်

အဲ ဒါ  အိမ်ပြန်ပြီး လာကြည့် အုံး ၊

ကျမ တော့ ခေါင်း တွေ တောင် နောက်လာ ပြီ  ”

ဒီ တော့ မှ ကျုပ်လဲ ပြာ သွား ပါ တယ်။

ဒါ နဲ့ ဘဲ ဆိုင ်ကယ် လေး ထုတ် ပြီး အိမ ်ကိုအ မြန ်ပြေး ခဲ့ ရ ပါ တယ်။

 

*****************************************

 

ဆိုင် ကယ် မောင်း နေ ရင်း ကျုပ် နေ တဲ့ တိုက်ခန်း လေး အ ကြောင်း ကို

စဉ်း စား မိ  နေ ပါ တယ်။

 

ဒီ တိုက်ခန်းက ၁၉၉ရခုနှစ်လောက်မှာ မန္တလေး စည် ပင် သာ ယာ က

ဦး ဆောင် ပြီး ဆောက်ခဲ့ တာပါ။

တဲ ပေါ်က လူ တိုက် ပေါ် ရောက် ရေ းဆိုတဲ့ စီမံချက်ကြီး နဲ့ ပေါ့။

အဲ နား မှာ နေ  တဲ့ သူ တွေ ကို ဖယ် ခို်င်း ပြီး

တိုက်ခန်းတွေ ဆောက်။

အိမ် ထောင် စု ဇယား စာရွက်

ပြ နိုင် သူ ကု ိ တစ် ခန်း ပြန် ပေး ပ ါတယ်။

ငွေ ကို သုံးကြိမ် ခွဲ သွင်း။

တစ်ခန်း တစ် သိန်း ခွဲ။

(အဲ ဒီ အဖယ် ခံ ရ တဲ့ လူ တွေ  အ ခု နေ သေး လား မေးရင်

တော့ “ နိုးပါ  “လို့ ဘဲ ဖြေ ရ ပါ မယ်။

သူတို့  အ တွက် ရ တဲ့ တိုက်ခန်းလေးကို ရောင်း ပြီး

ဒီ ထက် နည်း နည်း ဝေ း တဲ့ ရာ မှာ တဲ ထိုး ပြီး သွား နေ ကြ လို့ ပါ)

 

စစ်ကိုင်းမန်းလေး သွား တဲ့ လမ်း နံ ဘေး

တက် သိမ်း အင်း ( အ ခု တော့ မန်း လေး  ကန် တော် ကြီး ပေါ့)အ ရှေ့ ဘက်ခြမ်း မှာ ဆောက် ထား တာ ပါ။

အချို့ နေရာ တွေ က ကန် ရေ ပြင်ကို မြေ ဖို့ ပြီး ဆောက်ထားတာလေ။

အဲ တော့ အောက်ခံ မြေသား ပျော့ ပါ တယ်။

အစ ကတော့ အောက်ခံ ဖောင်ဒေးရှင်းမကောင်းဘူးဆို ပြီး

ငြင်းပယ်ခံ ခဲ့ ရ တဲ့ နေရာ ပေါ့။

သူ တို့ ငြင်း မယ် ဆို လဲ ငြင်းစရာ။

မိုးတွင်းများ ဆိုရင် တိုက်ခန်း အောက် ခြေ က နေ ယာ ယီ စမ်းချောင်းလေးတွေ

တောင် စီး နေ သေး တယ်။

မိုး သ  မဲ မဲ ရွာ လို့ က တော့ ရွှေ တစ်ချောင်းရေလျှံ ရင ်

အနောက်ဖက်ခြမ်း က တက် သိမ်း အင်း ထဲ ရေ ပြည့် သွား ရင်

ကျုပ်တို့ နေ တဲ့  အင်း နဲ့ ကပ် လျက် မြောက်ဘက်လှည့် တဲ့

တိုက်ခန်းရှေ့ မှာ  ယာယီမြစ် တစ် စင်း ဖြစ်ထွန်း လို့

လာ ပါ လေ ရော။

အိမ်ထဲကို ရေ မဝင် အောင် အိမ်ရှေ့ လူဝင်ပေါက်ကို

၂ပေ အမြင့် လောက် အုတ်နဲ့ ပိတ်၊

သဲ အိတ် တွေ ချ၊

လူ ဝင် ချင် ရင် တော့ အဲ ဒီ အုတ်ရိုး ကိုကျော် ပြီး ဝင်ပေါ့။

စက်ဘီး တွေ ဆိုင် ကယ် တွေ က တော့ ရေ လွတ်တဲ့ အိမ်မှာအပ်ပေါ့။

မြန် မာ့ နည်း မြန် မာ ဟန် နဲ့ ကာကွယ်ရ တော့ တာ ပေါ့။

ထား တော့ ။

 

ကျူပ်တို့ တိုက်ခန်း က ရွှေ တချောင်းမြောင်းအ နောက်ဘက်ခြမ်း

တက် သိမ်း အင်း ကြီး ရဲ့အရှေ့ ဘက် ခြမ်းမှာ ဆောက်ထားတာပါ။

 

တစ်ထပ်ဆယ်ခန်း

သုံးထပ်၊

အဲတော့

တစ်ဆောင် အခန်း ၃ဝပါတယ်။

အဲလို

အဆောင် စုုစုပေါင်း  ၈ ဆောင် ဆို တော့

အိမ် ထောင်စုပေါင်း ၂၄ဝ နေနိုင်တယ်ပေါ့။

 

ကျုပ်က ဒီ နေရာ ကို ၂၀၀ဝခုနှစ် မှာရောက်လာတာပါ၊

အိုး ကျုပ် နေ စ တုံး က တော့ ဒီ နား မှာ နေ တဲ့ သူနည်းသေးတယ်။

အခန်း စေ ့ လူ မ နေ  ပိတ် ထား တဲ့ အခန်း တွေ များတယ်။

အိမ်နဲ့ မျက် နှာ ခြင်း ဆိုင် က လဲ အိမ် သုံးလေး လုံး ဘဲ ရှိ တဲ့ ခြံ ကျယ် ကြီး။

အဲ ဒီ အိမ် တန်း နောက်မှာက ငါး ကန်ကြီး။

သစ်ပင် တွေ နဲ့ အုပ် အုပ် ဆိုင်း ဆိုင်း ဆို တော့

မြို့ ထဲ ထက ်စာရင်  ရာ သီ ဥ တု လဲ အေး

နေ တဲ့ လူ လည်း နည်းေ တာ့ နား အေး ပါး အေး ရှိ ပါ တယ်။

ရေ က လဲ မီ တာ ရေ။

ကြိုက်တဲ့ အချိန် ဖွင့် တဝေါ ဝေါ ဘဲ။

အင်း လျှပ်စစ်မီးက တော့ လာ လိုက် ပျက်လိုက်။

“ သူ့ အလို အတိုင်း ပါ  “ဘဲ။

 

ဒါ ပေ မဲ့ ကျောခြင်းကပ် တိုက်နှစ် လုံးကြားကတော့

တို်က်ခန်း များ ထုံး စံ အတိုင်း အမိူက် က တော့ ရှိ တာပါဘဲ။

ဒီတို်က်ခန်း စ ဆောက်စတုံးက တော့ ရေဆိုး ထုတ် တာကို စနစ်တကျ လုပ်ထားတာပါ။

အခန်းတွေက သုံး လိုက်တဲ့ ရေ တွေက ပိုက်လုံး တွေ က တစ်ဆင့်

အိမ်အောက်က ပိုက်လုံးထဲကိုသွား။

အဲ ဒီက မှ တက်သိမ်း  အင်းထဲ ကိုသွားပေါ့။

ဖြစ်ချင် တော့ ငလျင် တစ် ခါ အကြီး အကျယ်လှုပ်တော့ တိုက်ခန်းက မဆိုစလောက်

လေ း နိမ့် ဆင်းသွားပါတယ်။

အဲ ဒီမှာ ရေ ဆိုး ထုတ်တဲ့ အပေါက်နဲ့ ပိုက်တွေ နေ ရာ လွဲ ကုန်ပါတယ်။

ဒီ တော့ အလွယ် တကူ ဘဲ အုတ်နံရံကိုဖောက်ပြီး

နောက်ဖေး ဘက် ကို ရေ ဆုးိ တွေ ထုတ်လို်က်ပါ တော့ တယ်။

အပေါ်ထပ် နေသူ တွေ များအ ချိန် မတော် ရေ သုံး ရင် ရေ ကျ သံ

တ ဝေါ ဝေါ  နဲ့ အိပ် ရေးများေ တာင် ပျက် ပါ တယ်။

အစ ပိုင်း က တက် သိမ်း အင်း ဘက် ကို ထွက် တဲ့ ရေ ထွက်ပေါက်ကကျယ်ပါတယ်။

ဒီ တော့ နောက်ဘေးဖက်မှာ ရေ သိပ် မအိုင်ပါဘူး။

တစ် ခါ သား မှာ တော့ လမ်း ပြင် ပါ တယ။်

လမ်းပြင် တဲ့ အချိန်မှာ တက်သိမ်း အင်းထဲကို ဖောက်ထုတ်ထားတဲ့

ရေ ထွက် ပိုက်ကိုအသစ်လဲ လိုက်ကြပါတယ်။

ရေ ထွက် ပိုက်မှာ ဇ ကာ မ တပ် မိ ဘူး ထင် ပါတယ်။

အမိူက် တွေက ဆို့ ပြီး ရေ က အရင် လို မစီး။

ဆို့ နေတဲ့ အမိူုက်ကို ထိုးရှင်းတော့ လဲ အဆင်မပြေ။

လမ်းက အရှည်ကြီး ကို ဗျ။

အဲ ဒီ အချိန် က စပြီး ရေက ခပ်ဖြည်းဖြည်းဘဲ စီး တော့

နောက်ဖေး လမ်း ကြား မှာရေ အိုင်ဖြစ်လို့ နေပါ တယ်။

 

တကယ် တော့ ဒီ နောက်ဖေးလမ်းကြား ရဲ့ အောက်ခံ က

အုတ်စီ ပြး အင်္ဂတေ ခင်းထား တာပါ၊

ဒါ ပေမယ့်  တိုက်ခန်း နေ သူ တွေက ရေ ဆိုး တွေ

အမိူက်တွေကို နောက်ဖေးဘဲ အလွယ် တကူ စွန့်ပစ်ကြပါတယ်။

အဲတော့ အဲဒ ီ အုတ် အပေါ်မှာရွှံနွံ တွေ က နှစ် ပေါင်းများ စွာ တင် နေတော့

အင်္ဂတေ ခင်း ထား မှန်း တောင် မသိ နိုင် တော့။

 

ကျုပ်ရောက်စ ကတော့ တစ်နှစ် ကို တစ်ကြိမ်နှစ်ကြီမ်လောက်တော့

နောက်ဖေး က အမိူက် တွေကို ရှင်း ကြ ပါတယ်။

အဲ ့ ဒီတုးံ ကတော့ နေ တဲ့ သူ နည်းတော့ ရှင်းရ တဲ့ အမိူက်ကလဲ နည်းပါတယ်။

လူနည်းတော့ ပိုက် ဆံ ကောက်ရ တာ လဲ လွယ်။

အမိူက်နည်းတော့ အမိူုက်ရှင်းပေးမယ့်သူခေါ်ရ တာလဲ လွယ် ပါတယ်။

အဲ့ တော့ ရှင်းဖြစ်တယ် ဆို ပါ တော့။

အခုနောက်ပိုင်း တော့ လူ များ လာ တော့ အမိူက်ကလဲ များ ပါတယ်။

အမိူက်ပစ်တဲ့ သူသာများလာ တယ် ပိုက်ဆံ ကောက်တဲ့အခါ မထည့်ချင်ကြတော့ဘူး။

“ကျမ တို့ က အမိူက် လုံး ဝ ပစ်တာ မ ဟုတ် ဘဲ ပိုက်ဆံ ထည့် ရ တာ နာ တယ်”

လို့ ဆိုသူက ဆို

“ မထည့် နို်င်ဘူး “ လို့ အတိအလင်း ငြင်းသူကငြင်း

“နောက်တစ်ခါက်လာ ခဲ့ “ လို့ ရက်ချိန်းပေးသူက ပေး ဆို တော့

အများ အတွက် ဦး ဆောင် လုပ် သူ တွေ က လည်း မလုပ်ချင် တော့ ပါဘူး။

ဒါ နဲ့ ဘဲ အမိူက်တွေက များ သထက် များ ပြီး  နံ စော် လို့ လာပါတယ်။

အဲ တော့ လဲ တိုက်ခန်း အနောက် ဘက် ပြူ တင်းပေါက်ဆိုတာ

အမိူက်ပစ်မယ် ရေ သွန် မယ် ဆို မှ သာ ဖွင့် ကြ ပါတော့ တယ်။

%%%%%%%%%%%%%%%%%%%%%%%%%%%%

အဲလိုဟိုတွေး ဒီ တွေး တွေး ရင်း ဆိုင်ကယ် စီး လိုက် တော့ သွားရတာ မြန် သွားသလိုပါဘဲ။

တွေးလို့တောင် မဝ သေး ခင် အိမ်ရောက်လာပါတယ်။

“ဘာ ဖြစ် တာ လဲ”

“ အခု တော့ရ သွား ပြီး အိမ်သာ က လျှံကျလာလို့”

“ ဘာ လုပ်လိုက်လဲ“

“ကောင် လေး တွေ ခေါ် ပြီး  တုတ် နဲ့ ထိုး ရေ များများ လောင်းလိုက် တော့ ကျ သွား တယ် “

အဲ တော့ မှ ကျုပ်လဲ စိတ်နည်းနည်းအေးသွား ပါ တယ်။

“မိလ္လာစုပ်ချင် ရင် စည် ပင် ကား ခေါ် လို ့ ရ တယ် ပြော တယ်”

လို့ “ ချုပ်ကြီး “က ဆက်ပြောပါ တယ်။

“အေးပါ ဒါ ဆို ငါ ပြန ်မယ် “ ပြော ပြီး ကျုပ်လဲပြန်လာခဲ့ပါတယ်။

ရုံးရောက်တော့ ကျုပ်ထဲမှာရှိတဲ့ စည်ပင်က အသိတစ်ယောက်ဖုန်းနံပါတ်

ရှာပြီး ဖုန်းဆက် အကျိုးအကြောင်းမေးကြည့် တော့ သူကဖုန်းနံပါတ်တစ်ခု

ပေးပါတယ်။

ဒါနဲ့ အဲ ဒီ နံပါတ်ဆက်မေးကြည့် တော့  ရုံးကို လျောက်လွှာတင်ရင်တော့

ကြာမယ် သုံးသောင်း ကျော်လောက်ဘဲကုန်မယ်။

ကားမောင်းတဲ့သူနဲ့ညှိပြး တစ်ရက်နှစ်ရက်အတွင်းမှာ ပြီးအောင်လုပ်ပေး မယ်။

ကားတစ်ခါ စုပ် ငါးသောင်းခွဲ ကျနော့် ကိုလည်းမုန့်ဘိုးကြည့်ပေး လို့ပြောပါတယ်။

အဲဒါနဲ့ဘဲ ကားသမားကိုငါးသောင်းနဲ့ဆစ်ပါ ခင်ဗျားက ငါးထောင်ယူလို့ပြောလိုက်

တော့ ဈေး တည့်သွားပါတယ်။

သူက လာပြီးလုပ်ပေးမယ်ဆိုရင်တစ်ရက်ကြိုပြောမယ်လို့ ပြောပါတယ်။

ဒါနဲ့ဘဲ မိလ္လာစုပ်ဘို့ကိစ္စပြီး သွားတယ်ဆိုပါတော့။

 

ညနေကျုပ်အလုပ်ပြန်ခါနီး တော့ “ချုပ်ကြီး”ဆီကဖုန်းလာပါတယ်

အလုပ်ပြန်တဲ့အခါ ဆားရိုုးရိုး  ငါးပိဿာလောက်ဝယ်ခဲ့ပါလို့မှာတာပါ။

ဘာလုပ်ဘို့မှာတယ်ဆိုတာမသိပေမယ့် သူ ဝယ် ဆိုရင်ဝယ်ပေးလိုက်ရုံပါဘဲ။

အိမ်ပြန်ရောက်တော့

“ ဆားတွေက ဘာ လုပ် ဘို့ လဲ“

“ အိမ်သာထဲ ထည့် ဘို့“

“ ညည်း အဲလို လုပ်ဘို့ ဘယ်သူကပြော လဲ “

 

“ အော် ကိုယ့် လို ကြုံ ဘူး တဲ့ သူ ကေ ပြာတာပေါ့ “

ဒါနဲ့ ဘဲ ဆားတွေကို အိ်မ်သာကြွေခွက်ထဲ သိပ်ပြီးထည့် ပါတယ်။
အဲဒီညကတော့ အပြင် ထွက် လက်ဖက်ရည်သောက်ရင်း

“အပြင်သို့စွန့် ပယ် ခြင်း” ကိစ္စကိုပြီး အောင်လုပ်ထား ခဲ့ ရပါတယ်။

မနက်မိုးလင်းတော့ အိမ်သာက ပြန် တက် လို့ ရသွား ပါတယ်။

အဲ တော့ မှ ဆေး မြီးတိုလေးကလဲ စွမ်း သား ဆို ပြီး လက်ခံရ ပြန်ပါတယ်။

နောက်ရက် ညေ နကျ တော့ စည်ပင်ကလူ ဖုန်းဆက်လာ ပါ တယ်။

နက်ဖြန် မနက် လာ လုပ်ပေးမယ် တဲ့။

သူပြောတဲ့ နေ့ က ဥပုဒ်ေ န့။

အဲ ဒီ နေ့ မှာ ပြင်ဦးလွင် က ကုန် သည် တစ်ယောက်ရဲ့ သမီး မင်္ဂလာဆောင်။

လာ မယ် လို့ ကပြော ထား ပြိး ပြီ။

နောက်ရက်ရွှေ့ လို့ မရ ဘူး လာ း ဆို တော့ မသေချာ အာမ မခံ နို်င်တဲ့။

ဒါေ တာင် ကြား ဖြတ် လုပ် ပေး ရတာ တဲ့။

သူတို့အဆင်ပြောတဲ့နေ့ဘဲ လုပ်ပေးနိုင်မယ်လို့ိုဆိုလာပါတယ်.။

ဒါနဲ့ ဘဲ ခင်ဗျားတို့အားတဲ့ နေ့ သာ ဖုန်းဆက်လိုက်ပါပြောလိုက်ရပါတော့တယ်။

ဒါ ပေ မယ့် လေး ငါး ရက် သာကြာ တယ်ပေါ်မလာ။

 

ဆား ထည့် တယ် ဆို တာကလဲ နှစ်ရက်ဘဲခံပါတယ်။

ပြီး တာ နဲ့ အရင် လို ပြန်ဖြစ်။

ရေ လောင် းလ ဲ အိမ်သာခွက်ကြီး က သာ ရေ တွေ နဲ့  ပြည့် လာ တယ်။

သူ တို့ က မာန ကြီး ကြီး နဲ့ အောက်ကို မဆင်း။

ရေ လောင်း ထည့် တုတ်တွေနဲ့ ထိုး မှ အိန္ဒြေကြီးစွာနဲ့ တရွေ ့ ရွေ့  သက်ဆင်းတော်မူကြပါတယ်။

 

အဲ လို ဖြစ် လာ တော့ အတော်ကို နေ ရ ထိုင်ရ တာ ဆင်းရဲပါတယ်။

အဲ လို့ မဖြစ် ချင် ရင် အစား မစား ဘဲ နေဆို လို့ကလဲ မဖြစ်နိုင်။

သိပ်စိတ်ပေါက်တဲ့ အခါ တော့ ဟိုလူကြီးပြော သလို  တစ် နေ့ ကို

တစ်နပ်ဘဲ စားပြီး  ၂ရက်မှာ တစ် ခါ ပါ ရင် ကောင်းမလား တောင် တွေးမိပါတယ်။

သူပြောသလို တစ်ရက်ကို တစ်နပ်ဘဲစားတယ် ဆို ရင်

မိလ္လာကျင်း အခု လို ခဏ လေး နဲ့ ပြည့်မှာမဟုတ်ဘူး။

 

အခု ချိန်မှာ တော့ သမ္မတကြီးရဲ့ နွားနို့ သောက်ပါ ဆို တာကို တော့

မ ထောက်ခံရဲဘူူး။

တော် ကြာနွားနို့သောက်ပြီး မှ “ပန်းဇယား”တွေဖြစ်လာရင်

အခက်တွေ့ မှာ စိုး ရ ပြန ်ပါတယ်။

သူများပြောတိုင်းလိုက်လုပ် လို့ မဖြစ် ဘူးလေ။

ကိုယ့်ဝမ်း နာ ကိုယ်သာသိ၊

ကိုယ့်အရပ် နဲ့ ကိုယ့်ဇာတ် ညီေ အာင် က နိုင် မှ ကိုးဗျ။

 

ဒီလိုဟာမျုးိ က သူ များ အိမ်သွား ပြီး စွန့် ဘို့ ဆို တာ ကလဲ အားနာ စရာ။

တရုပ်ပြည်ကလို  စိုက်ခင်းရှိတဲ့ အိမ်တွေ လို ဆိုရင်တော့ တစ်မျုးိပေါ့.။

အဲလို စိတ်ညစ် နေတုန်း “ ချုပ် ကြီး“က ပြောလာပါတယ်။

အိမ်သာကိုမြှင့်လိုက်ရင် ရ တယ် တဲ့။

ဟုတ်ရဲ့လား လို့ မေးတော့ ဟိုဘက် တိုက်ခန်းကလူတွေ အဲလို့လုပ်တာ

အဆင်ပြေ သွားတယ်လို့ပြောလာပါတယ်။

အဲဒါဆိုလဲလုပ်ကြည့် တာပေါ့လို့ဘဲ ပြော လိုက် ပါတယ်။

ဟုတ်တယ်လေ ကျုပ်ခေါ်တဲ့စည်ပင်က ကားလဲလာမှမလာတာ။

အဲဒါနဲ့ ပန်းရံ ဆရာကိုလိုက်ရှာရ တာပေါ့။

မိတ်ဆွေ တစ်ယောက်ကဆက်သွယ်ပေးလို့ ပန်းရံ ရလာ ပါတယ်.။

ပန်းရံဆရာက နက်ဖြန်လာမယ်ဆိုတော့ နည်းနည်းစိတ်အေးပါတယ်။

ဒါပေမယ့်လဲပန်းရံ ဆရာက ချိန်းတဲ့နေ့ မှာ မလာ။

အိမ်ကတော့ ဆား ရိုးရိုး ထည့် လိုက်ရေ လောင်းလိုက်နဲ့ဘဲ

စခန်းသွား နေရ တာ က အဆင် မပြေ့ တပြေ။

ချိန်းထားတာ နောက်ရက်မှ ပန်းရံဆရာအိမ်ရောက်နေတယ်ဆိုပြီး

ဖုန်းဆက်လာပါတယ်။

ဒီကအလုပ်လက်စမပြတ်တော့ ချက် ခြင်း မသွားနိုင်။

ကျုပ်လဲအိမ်ရောက်ရော ပန်းရံဆရာက မစောင့်နိုင်လို့ပြန်သွားပြီတဲ့။

လုပ်မယ်ဆိုရင် အိမ်သာကြွေအိုးအသစ်ဝယ်ရမယ်

ဘိလပ်မြေ ၂အိတ်လောက်ဝယ်ရ မယ်။

အုတ်နီခဲ လဲ ဝယ် ရ မယ် ပြော ပါ သ တဲ့။

အဲ ဒါ နဲ့ ပန်းရံ ဆရာကို ဖုန်းဆက် လိုက်တော့ ကျုပ် တို့ နဲ့ သိပ်မဝေးတဲ့

နား မှာ အလုပ်ဝင်နေတယ်ဆိုတာနဲ့

သူအလုပ်လုပ်နေတဲ့အိမ်ကိုလိုက်ရတော့ တာပေါ့။

အဲ့အိမ်ရောက်တော့ ပန်းရံ ဆရာနဲ့ တွေ့ မှ ကိုယ်လုပ်ချင်တာလေးပြောပြရ ပါတော့ တယ်။

သူ နဲ့ သေ သေ ချာ ချာ ပြော တော့ မှ

“ဒါဆိုရင် မလုပ် နဲ့ ပိုက်ဆံ အလကား ကုန် တာ ဘဲ အဖတ် တင် မယ်”လို့ ပြောပါတယ်။

သူပြောပြတာက တိုက်ခန်းတွေရဲ့ မိလ္လာကန် တွေက ခြောက်ခန်းတွဲ ပေါင်းထားတာ။

ကျုပ်တို့ ကမြေညီထပ်ဖြစ်နေတယ်။

အပေါ်ထပ်က သုံးသမျှ အောက်ထပ် မှာ လာ စု မှာ။

အဲ တော့ သူ မြင့် ပေးနိုင်ရင် လဲ ခြောက်လက်မထက် ပိုမြင့်လို့ မရ ဘူး။

ခဏလေးနဲ့ ဘဲ ပြန ်ပြည့် သွားမယ် လို့ ပြော ပါတယ်။

ကျုပ်က လော လော ဆယ်  အဆင်မပြေဖြစ်နေတာ ကို ပြော ပြ တော့

သူက ကျနော့် ဆီက ကလေး တစ်ယောက်ထဲ့ ပေးလိုက်မယ်။

မုန့်ဘိုးပဲဘိုး တော့ ကြည့် ပေးလ ိုက်ပေါ့။

“ရွှေတောင်ကြီး “တံ ဆိပ် ဆေးပုလင်း ဝယ်သွား။

နောက်ဝါးခြမ်းပြား တစ်ချောင်းပါရှာ ထားလို့ ပြော တော့

သူခိုင်းတဲ့အတိုင်းလုပ်ရ တော့ တာပေါ့။

ည နေ ဘက် အလုပ်ကနေအိမ်ပြန်ရောက်တော့ “ ချုပ်ကြီး” ကြည့် ရတာ နည်းနည်းစိတ်ချမ်းသာနေတဲ့ပုံ။

ကောင်လေးက သေသေချာချာကျကျနန လုပ်ပေးသွားတယ်။

အဲဒါနဲ့ ကောင်လေးကို မုန့် ဘိုး ၁၅၀ဝပေးလိုက်တယ်။

သုံးပြီးရင် ရေများ လောင်းချ။

ရွှေတောင်ကြီးကိုတစ်ပါတ်တစ်ခါ ထည့်ပေးလို့ မှာသွားတယ်။

ဒါဆိုရင်မပိတ်တော့ ဘူးလို့  ဆိုပါသတဲ့။

ဒါပေမယ့် ကျုပ်စိတ်ထဲမှာ ဒါက ယာ ယီ ဆို တာ သိ နေ တော့

စည်ပင်ခေါ်ဘု့ိ ဘဲ အား သန် ပါ တယ်။

 

နောက်နေ့ မနက်ရောက်တော့ ကျုပ် တို့ နဲ့ ဆိုင ်တဲ့ စည်ပင်ရုံးကိုလိုက်သွားတယ်။

မိလ္လာစုပ်ချင် တယ် လို့ ပြော တော့ ရ တယ် ဖောင်ဖြည့် ပေးပါလို့ပြောပါတယ်။

လေးလေး တစ် ကား ထဲ ဘဲ လား လို့ မေး တော့

ကျုပ်လဲ ဒီတစ်ခါဘဲလုပ်ဘူးတာ

အဲ တော့ တစ် ခေါက်ဘဲ အရင်စမ်းကြည့်မယ်ပြောလိုက်တော့

သုံးသောင်းတစ်ထောင် သွင်းရမယ်ပြော ပါတယ်။

ကျုပ်လဲပိုက်ဆံ ထုတ်ပေးရင် ဘယ်နှစ်ရက်လောက်နေရင်လာလုပ်ပေးမလဲမေးတော့

လေးလေး အလွန်ဆုံးတစ်ပါတ်ဘဲ လို့ပြောရင်း ကျုပ်အရင်က လျောက်လွှာတင်တဲ့လူရဲ့

ဖောင်ကို ကြည့် တော့ လေးလေး ဒီ တစ်ယောက်ဆို ငါးရက်နဲ့ ပြီး သွား တာပြောတော့

နည်းနည်းေ တာ့  စိတ်အပူလျော့ သွား ပါတယ်။

နောက် ကျုပ်ပြန်ခါနီးမှ သူက လူ နာမယ် နဲ့ ဖုန်းနံပါတ်လေးတစ်ခု ပေး ပါတယ်။

သူက စီ စဉ်ပေးတဲ့သူ လို့ဆိုပါတယ်။

သူ နဲ့ ဆက်သွယ် ပြီး မြန် မြန်လေး လုပ်ပေး ပါ လို့ ပြော ကြည့် ပါလို့

ပြောပါတယ်။

ဒါနဲ့ဘဲ နေ့ လည်ပိုင်း သူပြော တဲ့ နံ ပါတ်ကို ဆက် လိုက် ပါတယ်။

“ဘာကိစ္စလဲ”

“ ကျနော် မိလ္လာစုပ် ဘို့ ကိစ္စပါ“

“ရုံးဆက်လိုက်ပါ “

“ရုံးက ဒီနံပါတ်ပေးလိုက်လို့ပါ

××××××××××××××

××××××××××××××ד

ဘာမှ ပြန်ပြောသံ မကြားလို့ ဖုန်းကို ကြည့် လိုက်တော့

ကျနော်ကသာပြော နေ တယ် ဟိုဘက်ကလူက ဖုန်းချသွားပြီ။

နည်းနည်း တော့ စိ်တ်တိုသွားပါတယ်။

လူတစ်ယောက်ပြော တာဆုံးအောင်နားမထောင်နိုင်လောက်အောင်

ဘဲ အလုပ်များ နေသလား ။

မအားဘူးဆိုရင်တောင်မှ တစ်ဘက်လူ နားလည်အောင်ပြော

ပြသင့် ပါတယ်။

လမ်းခရီးမှာကားမောင်းနေရင် ဆိုင်ကယ်မောင်း နေတယ်ဆိုရင်လဲ

နောက်မှ ပြန်ဆက်ပါ လို့ ပြော သင့် တယ် ထင် ပါတယ်။

အဲ့ဒီမှာကျုပ်လဲ စိတ်ချဉ်ပေါက်သွားပါတယ်။

ဒါနဲ့ကျုပ်လဲ ဖုန်းနံပါတ်တစ်ခုကောက်နှိပ်လိုက်ပါတယ်။

“ဟယ်လို ..အောင်မောင်းပါဟ”

“ပြော ဘာလုပ်ပေးရ မလဲ”

“ ဒီလိုကွာ ငါ့ အိမ် မိလ္လာစုပ်ချင်တယ် ရုံးမှာ စာတွေဘာတွေလဲတင်ပြီး

ငွေ လဲ သွင်း ပြီး ပြီ  အဲ ဒါ“

“မြန် ချင် တာ မ လား ရတယ် ငါ ပြော ပေး ထားလိုက်မယ်“

 

နောက်တစ်နာရီလောက်ကြာေ တာ့

“ဦးအောင်မောင်းလား ခင်ဗျ”တဲ့

ကြည့်လိုက်တော့ အစော က စကား နား မ ထောင်ဘဲဖုံးချသွားတဲ့လူ။

နက်ဖြန် မ နက် ကျနော်တို့ အဖွဲ့လာခဲ့ ပါမယ် တဲ့။

အမယ်………ယဉ်ကျေး နေ လိုက် တာ များ အစော က

“ဘာကိစ္စလဲ” လို့ မေး တဲ့ လေသံ နဲ့များ တစ်ခြား စီ။

ထားတော့ ။

ကြွက်သေဘို့လိုရင်း။

ဘယ်ချိန်လာမလဲဆို တော့ မ နက် ပိုင်း လာ ခဲ့ ပါမယ်။

ဖုန်းဆက်လိုက်ပါမယ် လို့ ပြောပါ တယ်။

ဒါနဲ့ ဘဲ အိမ်ရောက် တော့ “ချုပ်ကြီး ” ကိုအကျိုးအကြောင်းပြောပြ ထား ပါတယ်။

သူ လဲ အတော် ဝမ်း သာ ပါ တယ်။

ကျုပ်က အပြင်မှာနေတဲ့သူဆိုတော့ “စွန့်ပစြ်ခင်း”ကိစ္စကို

အဆင်ပြေပေမယ့် အိမ်မှာဘဲ နေတဲ့ သူအဘို့ကတော့

ကိုယ်အိမ်သာသွားချင်တယ်ဆိုမှ ပိတ်သွားရင်ဒုက္ခဘဲလို့

တွေ့းရင်းစိတ်ဆင်းရဲနေမှာအမှန်ပါဘဲ။

တကယ်တော့ ရွှေ တောင်ကြိးလဲမကယ် နို်င်။

ဆား ရိုးရိုး လဲ မကယ် နိုင်ဖြစ်နေပါတယ်။

ကိုယ်လဲ ဘာမှ လုပ်နိုင်တဲ့ကိစ္စမဟုတ်တော့

မီးစဉ်ကြည့် ကရတာပေါ့။

 

*********************************************

 

နောက်နေ့ မနက် ကျုပ်တို့ အပြင်ထွက်မုန့်စားနေတုန်းဖုန်းဝင်လာပါတယ်။

“စည်ပင်ကပါ ဆရာကြီးတို့ တိုက်ခန်းကိုရောက်နေပြိ” ဆိုတာနဲ့

မုန့် ကမန်း ကတန်းစားပြီး အိမ်ပြန်လာခဲ့ရပါတယ်။

ကျုပ်အိမ်ရောက်တော့ တိုက်ခန်းနံဘေးမှာစည်ပင်ကားကြီးလဲရပ်ထားပါတယ်။

စည်ပင်ဝတ်စုံနဲ့ လူ က ကျနော့် ဆီက ငွေသွင်းကြောင်းလက်မှတ်တောင်းကြည့်ပါတယ်။

ပြောတာဆို တာယဉ်ယဉ်ကျေးကျေးပါဘဲ။

သူက မိလ္လာကန်က ဘယ်နားမှာလဲ လို့ မေးပါတော့။

ကျုပ်လဲမဖြေနိုင်။

အဲဒါနဲ့ အိမ်နောက်ဖက်ခေါ် ပြီး ပြူ တင်းေ ပါက်ဖွင့် လိုက်တော့ အနံ့ဆိုးတွေက

ထောင်းကန ဲ။

အမိူက်တွေရေဆိုးတွေနဲ့ပြည့်နေတဲ့နောက်ဖေးကိုကြည့် ပြီး

“ဒါဆို မိလ္လာကန်ရှာလို့ မလွယ် ဘူး”လို့ပြောပါတယ်။”

နောက် “မိလ္လာကန်နေရာက ကျနော် တို့ လဲ မသိ ၊

အခန်းက ဘယ်နှစ်ခန်းတွဲထားလဲမသိဘူး”လို့ပြောပါတယ်။

“ မင်းတို့တောင်မသိ မှ ကျုပ်တို့က ဘယ်သိ မ လဲကွာ“လို့ပြောလိုက်ပါတယ်။

“ ရုံးမှာရော တိုက်ခန်းတွေနဲ့ပါတ်သက်တဲ့ မြေပုံ မရှိဘူးလား“လုို့

ကျုပ်ကမေးတော့ ကောင်လေး က ခေါင်းရမ်းပြပါတယ်။

နောက်ကောင်လေး က ပြူ တင်းပေါက်ကိုကျော်ပြီးအပြင်ကိုထွက်

တုတ်တစ်ချောင်းတောင်းပြီး  အမိူက်ပုံထဲကိုထောက်ကြည့်ပါတယ်။

“အငွေ့ ထွက်ပိုက်ခေါင်းရှာ တာ အဲ တာေ တွ့ရင်ရိုက်ချိုးပြိးစုပ်မယ်လေ”

လို့ပြောပါတယ်။

ဒါပေမယ်ထုထည်ကြီးမားလွန်းတဲ့အမူိုက်တွေကြားထဲမှာ ပိုက်ခေါင်းကို သူရှုာလို့မတွေ့။

နောက်မှ သူက

“ မိလ္လာကန်တွေ့ ရင်တော့မှ စုပ်လို့ မရ လောက်ဘူး။

ဖွင့်လိုက်တာနဲ့ ရေ တွေဝင်လာမှာ။

ဒီအမိူက်တွေ ရေ တွေ ရှင်းပြီးမှ မိလ္လာစုပ်လို့ရမယ်” လို့ ပြောတော့

အတောလေးကိုစိတ်ဓါတ်ကျသွားပါတယ်။

နောက်သူက ဆက်ပြောတာက မိလ္လာကန်ရှာတွေရင်တောင်မှ

တစ်ကားထဲ နဲ့ မပြီးလောက်ဘူး တိုက်ခန်း သုံးခန်းကို တစ်ကန်လုပ်ထားတာ

ဖြစ်ဘို့များတယ်လို့ ပြော သွား ပါတယ်.။

“ဒီအမိူက်တွေကို ရှင်း ဘို စည်ပင်သာယာကိုဘယ်လိုပြောရမလဲ”လို့ကျုပ်က

ဆက်မေးတော့

“တိုက်ခန်းအမိူက်ရှင်းချင် ရင် ရုံးကိုစာသွားတင်ရတယ်။

သူတို့ကရက်ချိန်းပေးမယ်။

လူ လွှတ်ပေးမယ်။

ဒါပေမယ့်အမိူက်သယ်ဘို့ ကတော့ကိုယ့် ဘာသာ ကိုယ်စီစဉ်ရမှာ” လို့

ပြောတာကို ကြားလိုက်တော့ရင်ဆို့သွားပါတယ်။

စည်ပင်သာယာ ကို အမိူက်သိမ်းပေးဘို့ ခေါ် တာ ထွက်လာတဲ့အမိူ်က်ကို

ကိုယ့်ကားနဲ့ကိုယ်သယ် ရ မယ် ဆို တော့

ဘာပြောရမှန်းတောင်မသိလောက်အောင်ပါဘဲ။

သူုတို့ကလဲ မိလ္လာစုပ်ဘို့ အဆင်မပြေတော့ပြန်သွားကြပါတယ်။

အမိူက်သိမ်းပြီးလို့ မိလ္လာကန်ကိုမြင်ရပြီဆိုရင်လှမ်းခေါ်ပါလို့

မှာသွားပါတယ်။

 

 

ကျုပ်လဲ စည်ပင်သာယာကို သွာပြီး တိုက်ခန်းအမိူက်သိမ်းဘို့ပြောတာထက်စာရင်

ရပ်ကွက်ရုံးကို ပြော တာ က ပိုအဆင်ပြေမယ်လို့ တွေးမိပါတယ်။

အမိူက်တွေ တောင်ပုံရာပုံဖြစ်နေတာကိုလူကြီးတွေမျက်မြင်ကိုယ်တွေ့ဖြစ်နေတာကိုး။

အမိူက်သိမ်းပြီးမှဘဲ မိလ္လာစုပ်တဲ့ကိစ္စ ကို ဆက်လုပ်နို်င်မယ်လေ။

ညအလုပ်ကပြန်လာတော့ ကျုပ်လဲရပ်ကွက်ရုံးကိုသွားလိုက်ပါတယ်။

ကျုပ်နဲ့မျက်မှန်းတန်းမိနေတဲ့ရပ်ကွက်လူကြီးအဖွှဲ့ဝင်ကို တိုက်ခန်းကြားက

အမိူက်တွေသိမ်းပေးဘို့ ပြောရတာပေါ့။

အိမ်ကမိလ္လာကန်ပြည့်လို့စုပ်ချင်တာ လည်းထည့်ပြောပါတယ်။

သူက ဦးရှမ်းကို    တိုက်ခန်းနောက်ဖေးရှင်းဘို့

ပြောထားတယ် လို့ ပြော ပါ တယ်။

တစ်ရက်လာနိုး တစ်ရက်လာ နို်းနဲ့ စောင့်လိုက်တာ တစ်ပါတ်ကြာတဲ့အထိပေါါ်မလာ။

ဟိုးတစ်ရက်က ရပ်ကွက်က လူ ကြီးနဲ့တွေ့ တော့ အမိူက်သိမ်းဘို့ကိစ္စ

မေးကြည့် တော့ လုပ် မှာ ပါဘဲ ပြော ပါ တယ်။

အခုထက်ထိ ပေါ်မလာ။

ဒီတော့လဲ နက်ဖြန် စည်ပင်ရုံးကို ကျုပ်ကိုယ်တိုင်သွားပြီး

အမိူက်ရှင်းဘို့ကိစ္စ ကို သွား ပြီ း စာတင်ရတော့မှာပါဘဲ။

 

 

ကျုပ်တို့ တိုင်းပြည်က ခက် တော့ ခက် ပါတယ်။

ပြောလိုက်ကြ တဲ့လွပ်လပ်ခွင့် လွပ်လပ်ခွင့်။

ဒီလွပ်လပ်ခွင့် ဆိုတဲ့ စာလုံးနောက်ကွယ်မှာ

“သူတစ်ပါး ကို မထိ ခိုက်စေ ရ “ ဆိုတာ က ကပ် ပါ နေတယ်ဆိုတာကို

မသိချင်ယောင်ဆောင်နေကြတယ်။

လမ်ဒေါင့်မှာအမိူုက်ပစ်ဘို့ နေရာ ရှိ တယ်။

ဒါပေမယ့်အပေါ်ထပ်နေသူတွေကအောက်ဆင်းမပစ်ဘူး။

အလွယ်တကူဘဲ အိမ်နောက်ဘေးမှာ ပစ်ချလိုက်တယ်။

ကိုယ်အိမ်က အမိူက်ကို ကိုယ်ပစ်ချင်သလိုပစ် တယ်။

 

ဒီလိုစည်းမဲ့ ကမ်း မဲ့အ မိူက် ပစ်တဲ့သူကို ရပ်ကွက်တာဝန်ရှိသူများကလဲ

တားဆီးရမယ်  အပြစ်ပေးမယ် အရေးယူ မယ် ဆို တာမရှိ။

သူတို့ကိုပြောလိုက်ရင်

“အမိူက်ပစ်တဲ့သူတွေရင် လာ ပြော ပါ အရေးယူ ပါ မယ်”လို့တော့

ဆို ပါ တယ်။

ဘယ်သူ က ဘယ် အချိန်မှာ အမိူက်ပစ် မယ် ဆို တာကို ဘယ်သူကစောင့်

ကြည့် နေနိုင်ပါမလဲနော်။

 

စည်ပင်သာယာ က လူ တွေကလဲ ရပ်ကွက်တွေထဲမှာ

အမြဲ ရောက်နေတယ်။

အိမ်ခွန် မြေခွန် သန့်ှရှင်းရေးခွန် ကောက်ဘို့ရောက်တယ်။

စည်ပင်မှာေ ဆာက်မိန့် မတောင်းဘဲ အိမ်တွေပြင်နေလား ဆောက်နေသလားဆိုတာ

လိုက်ကြည့်ဘို့ ရောက်တယ်။

ဒါလောက်ဥဒဟို  ရောက်နေကြတာတောင်မှ

ဒီလောက်ပုပ်စော် နံ ဟောင် နေ မြင်မကောင်းအောင်ဖြစ်နေတဲ့ အမိူက်ပုံတွေကို

တော့ မမြင်ကြ ဘူးလား

ဒီလိုမြင်မကောင်းရူ့ မကောင်းဖြစ်နေတာတောင်မှ အမိူက်လာသိမ်းပါလို့

ရုံးကို စာ တင် မှ ဘဲ လာသိမ်း မှာ လား လို့ ကျုပ်ကမေး စမ်းချင်လှ ပါတယ်။

 

စည်ပင်သာယာ ဆိုတဲ့နာမယ်လေးကတော့ လှ ပါတယ်။

အဲဒီနာမယ်လေးနဲ့လိုက်ဖက်အောင် ရပ်ကွက်မြို့ရွာသန့်ရှင်းရေးကို ဦးစား ပေး

လုပ်ဆောင်သင့်တယ်လို့ ထင်မိပါတယ်။

သန့်ရှင်းရေးခွန်ကောက်တယ်။

မဖြစ်မနေကောက်တယ်။

အမိူက်သိမ်းတယ်ဆိုတဲ့ကိစ္စ ကိုတော့ ဘာလို့မဖြစ်မနေ မသိမ်းရတာလဲလို့

မေးချင်လှပါတယ်။

 

အဲတော့လဲအကြောင်းပြ ကြ ပါမယ်။

ဝန်ထမ်းအင်အားမလုံလောက်ဘူးတို့

လူတိုင်းက စည်းမဲ့ ကမ်း မဲ့ ပစ် နေ တော့လုပ်လို့ မနို်င်ဘူးလို့ပြောပါလိမ့်မယ.်။

ကျူပ်မနက်တိုင်းကန်ပါတ်လမ်းမှာလမ်းလျောက်ပါတယ်။

မနက်တိုင်း မနက်တိုင်း  တက်သိမ်းအင်း

ကန်ပါတ်လမ်းမှာစည်ပင်ဝန်ထမ်းတွေသန့်ရှင်းရေးလုပ်နေတာကိုတွေ့ရပါတယ်။

ဒါပေမယ့် အဲဒီလိုနေ့ တိုင်းသန့်ရှင်းရေးလုပ်နေတဲ့နေရာနဲ့ဘာမှ မဝေးတဲ့

တိုက်ခန်းတွေကိုတော့ တစ်ပါတ်တစ်ခါတောင်အမိူက်မှန်မှန်မသိမ်း။

အရင်ကဒီတိုက်ခန်းတွေအတွက်အမိူက်ပုံး သံကန်တစ်လုံးလာချထားပါတယ်။

တစ်လတစ်ခါတောင်အမိူက်လာမသိမ်းတော့အဲဒီသံကန်ကလဲ သံချေးတက်ပြီးဆွေး

သွားပါတယ်။

အဲ့ ဒီနောက်မှာ အမိူက်ပစ်စရာထားမပေးတော့ ဒီအတိုင်းဘဲအမိူက်တွေပုံရပါတယ်။

အဲလိုပုံထားတော့ အမိူက်ကောက်တဲ့လူက လာ ဖွ လိုက်၊

ခွေးတွေက ဝင် ဖွလိုက်

ဝက်တွေကဝင်ဆွလိုက်ဆိုတော့အမိူက်တွေကလမ်းမပေါ်မြင်မကောင်းအောင်

ပြန့်ကျဲလို့နေပါ တယ်။

အမြင်မတော်သူက ဝင်ပြီးအမိူက်တွေလှည်းပါတယ်။

စည်ပင်က လူ ကတော့ လာ သိမ်း တယ်ဆိုတာမရှိသလောက်။

အဲဒါနဲ့ပဲ အနီးအနားနေ သူ တွေပိုက်ဆံလိုက်ကောက် ပြီးအမိူက်ကန်လေး

တစ်ခုကိုအုတ်စီပြီးတည်လိုက်ကြပါတယ်။

အဲလိုအုတ်ကန်လေးသပ်သပ်ရပ်ဖြစ်သွားပေမယ့် စည်းကမ်း မရှိသူတွေကတော့

အမိူက်တွေကို ကန်ထဲရောက်အောင်မထည့် တော့ လမ်းပေါ်မှာအမိူက်တွေရောက်နေတုံးပါဘဲ။

စည်ပင်သာယာကလဲ အမိူက်ကို မှန် မှန် မသိ မ်းတော့ မြင် မကောင်းအောင်ပါဘဲ။

 

အင်း တောင်စဉ်ရေမရသာေ လျာက်တွေးနေမိ တယ် ကျူပ်အိမ်က

“ ရွှေအိုရောင် ဒုက္ခ”ကလဲပြီးဆုံးဘို့ဆိုတာ ဝေလာဝေး ဘယ်အချိန်ရောက်မှလုပ်ငန်းစနိုင်မယ်မသိဘူး။

အဲ တော့ ဒီကိစ္စ မပြီး မချင်း အနေ အထိုင်ဆင်ခြင်ရပါတယ်။

အိမ်ပြန်ရောက်ပြီဆိုရင် ထမင်းကို တစ် နပ်ဘဲ စားပါတယ်။

တစ်နပ်ဆိုတာတောင်မှ ဗိုက်မဆာရုံလေး ဘဲစားတာပါ။

တနင့် တပိုး မစားရဲသလို နွားနို့လဲ မသောက်ရဲပါဘူး။

ဝမ်းနူးစာမစားဘူး၊

အပြင်မှာရှိနေတုန်း သတိထား စွန့်ပယ်ခြင်းကိစ္စတွေကို ပြီးအောင်ရှင်းခဲ့ တယ်။

စား သတိ သွား သတိ ဆို တဲ့ စကား ကို အခု မှ သဘောပေါက် ပေါက်လာ တယ်။

လောလောဆယ်တော့ ရွှေ တောင်ကြိးတလှည့်  ဆားရိုး ရုးိ တလှည့် မှန် မှန် လေး

ထဲ့ ပေး နေရ တာ ပေါ့။

 

ကဲ ပြော နေကြာတယ် စည်ပင်ရုံးသွားပြီး အမိူု်က်သိမ်းပေးဘို့စာသွားတင်လိုက်ပါအုံးမယ်။

ဒါမှ ရွှေ အိုရောင် ဒုက္ခများကို အဆုးံ သတ်နို်င်အောင်လို့ပါ။

 

 

ကိုပေါ်က်လက်ဆောင် အတွေး ပါး ပါး လေး

15-6-2014

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

16 comments

  • ဇီဇီ

    June 16, 2014 at 1:43 pm

    လေးပေါက်
    ကတ် က မှားနေတယ်။
    ကော်ပီ ပေ့(စ) ကြီးဖြစ်နေတယ်။

    🙂

  • kyeemite

    June 16, 2014 at 3:12 pm

    တကယ့်ရင်မောစရာကြီးပါလားဗျာ…ကျုပ်လည်းရွှေအိုရောင်ဒုက္ခ ကြုံဖူးပါ့ဗျာ..လပိုင်းလောက် တော်တော်ခံလိုက်ရတယ်…မိလ္လာကန်က ကိုယ့်အိမ်နောက်တဲ့တဲ့..ကိုယ်ကလည်းအောက်ဆုံးထပ်ဆိုတော့ အနံ့အသက်တွေမခံနိုင်လွန်းတာနဲ့ နေ့ရွှေ့လရွှေ့လုပ်နေတဲ့ တိုက်သာယာရေးကော်မတီကိုမစောင့်နိုင်ပဲ ကိုယ့်ဟာကိုယ်ပဲ ပိုက်ပိုက်နဲ့ ရှင်းလိုက်ရတယ်…ဒွတ်ခ
    ♪♫ကိုယ်ချင်းစာ နာခဲ့ရပီလေ…♪♫♪♫

    • ကို မိုက်ရေ ဟိုဘက်မှာ ကိုပါ မန့်ထားသလို ဘဲ

      မခံ နိုင် တဲ့သူက လုပ် ကြေး ဖြစ် နေပြီ

      လူ မြင် တဲ့ နေရာမှာဘဲကောင်းအောင်လုပ်မယ်ဆိုတဲ့ အကျင့်ကို မပြင်သမျှ

      ကိုယ့် တာ ဝန ်ကိုယ် မသိ သ မျှ

      ဒီလိုဘဲဖြစ်နေပါမယ်

  • weiwei

    June 16, 2014 at 3:50 pm

    စိတ်ပျက်စရာကြီးပါလား ..
    အကောင်းဆုံး အကြံပေးကြည့်မယ် ….
    အောက်ဆုံးထပ်အခန်းကိုရောင်းပြီး အပေါ်ဆုံးထပ်ကို ပြောင်းလိုက်ပါ … ခေါင်မိုးလုံ မလုံ တော့ သေချာစစ်ပေါ့နော် ..
    🙂

    • ဝေဝေရေ

      အပေါ်ထပ် ဆို ပြန် တော့ လဲ ရေ မတက် တော့ ဝယ်သုံးရ တယ်။

      ဝယ်သုံးပြန်တော့ လဲ အပေါ်ထပ်ဆို ရေထမ်း သမား က မပို့ချင်ဘူး။

      ဒွတ်ခ

  • Mr. MarGa

    June 16, 2014 at 4:19 pm

    အင်း… ဒီဒုက္ခကလည်းး မသေးပါလားဗျာ………
    ကျနော်တို့တွေလည်းး ရှိသမျှ အကုန်လိုက်လုပ်နေရတော့ ဝန်ထမ်းတွေကို အလကား ပိုက်ဆံပေးထားသလိုဖြစ်နေတယ်

    • ကျနော်တို့ တစ် တွေကလဲ စည်း မဲ့ ကမ် း မဲ့ လုပ်
      ဝန်ထမ်းကလဲ အဖြစ် လုပ်

      အဲ တော့ ဒုက္ခတွေ က ကိုယ့် အပေါ်ပြန်ကျ လာတာလေ

  • ဝင့်ပြုံးမြင့်

    June 16, 2014 at 6:21 pm

    ရွှေအိုရောင် တဲ့လား။ ခေါင်းစဉ်လေးနဲ့တင် ကြွေသွားပြီ။ ဒါပေမယ့် ကြော်သာဆိုရင် အဲဒီတိုက်ခန်းရောင်းပြီး တဲထိုးနေတော့မယ်။

    • ဟုတ်မပြုံးရေ
      ကဗျာဆန်ကြည့်လိုက်တာ။

      အမလေး မလုပ်ပါနဲ့ ဗျာ

      တဲ ထိုးနေမှ ကျူး ဆို ပြီး ဖယ်ခံရ ရင် ဆိုင်းဘုတ်ကိုင်ပြီး လမ်းပေါ် ထွက် နေရ ပါအုံးမယ်။

  • Ma Ma

    June 16, 2014 at 9:04 pm

    fb မှာ မန့်တဲ့ ကွန်မန့်တစ်ခုမှာ ဆားပေါက်တတ်တဲ့ နာရီစင်လို ဓာတ်ခဲမျိုး ၆လုံး ၈လုံးလောက် ထည့်လိုက်လို့ပြောတာတွေ့လိုက်တယ်။
    ကျမလည်း အဲဒီဒုက္ခကြုံဖူးတယ်။
    မှတ်မှတ်ရရ အဲဒီတုန်းက Pooch က ရွှေတောင်ကြီးဆေး ထည့်ဖို့ ပြောလို့ ခုချိန်ထိ အဲဒါနဲ့ပဲ အဆင်ပြေနေတယ်။ 🙂

    • ဟုတ် မမ ရေ အခု တော့

      ရွှေ တောင် ကြီး ရွှေ တောင်ကြီး နဲ့ ဘဲ အဆင်ပြေ စ ပြု နေ ကြောင်းပါ ခင်ဗျာ

      အော် ကိုယ်စားလို့ ဖြစ ်ခဲ့ ရတဲ့ဒုက္ခဘဲလေ

      အခု မှ တနပ်လျော့ စား ပါ ပြော တာ ကို သဘော ပေါက် ပေါက်လာ တယ်

  • padonmar

    June 16, 2014 at 9:10 pm

    ဖတ်ပြီးမောလိုက်တာ ကိုပေါက်ရယ်။
    တကယ့်ကို လူမှုဒုက္ခကြီးပါလား။
    ကျမတို့ တတိုင်းပြည်လုံး အဲသလို ယာယီ၊ဖြစ်ကတတ်ဆန်း၊ပြီးပြီးရော၊သနပ်ခါးလိမ်း၊ခြစား၊တာဝန်မကျေ၊စေတနာမပါ၊အပိုင်းလေး ဆိုတာတွေနဲ့ အဖျက်ခံရ၊ပျက်လာရ၊ပျက်နေရ၊ပျက်နေကျ ကဘယ်တော့များမှ လွတ်မြောက်မှာပါလိမ့်။
    ရောက်ရာနေရာကနေ မြေလှန် ပြင်ဖို့ကြိုးစားကြပါစို့။
    ……..
    တကယ်ပဲ အစားလျှော့စားနေလားကိုကြီးပေါက်၊ချုပ်ကြီး စိတ်မကောင်းဖြစ်နေပါ့မယ်။

  • Foreign Resident

    June 17, 2014 at 12:32 pm

    တကယ့် စိတ်ညစ်စရာ ဒုက္ခ ပါဘဲဗျာ ။
    ဘာပြောရမှန်းတောင် မ သိတော့ပါဘူး ။

  • naywoon ni

    June 17, 2014 at 1:12 pm

    ဆာလဗျူရစ်​အက်​ဆစ်​ထည်​့ကြည်​့ပါလား ကို​ပေါက်​ရဲ့ တစ်​ပုလင်​း နှစ်​​ထောင်​​လောက်​ရှိမလားပဲ ။ ဘက္ကထရီထဲ ထည်​့တဲ့ အက်​ဆစ်​ ပဲ ။ အိုးအ​ဟောင်​းထဲက စွန်​့ပစ်​​တော့မဲ့ ဟာလဲ သုံးလို့ရတယ်​ ။ အိမ်​သုံး​တွေက​တော့ တစ်​နှစ်​ကို တစ်​လီတာ ဗူးနဲ့ ​ကြွေခုန်​ ​ချေး​ညှော်​​ဆေးချရင်​း သုံးတာ အဆင်​​ပြေတယ်​ ။

  • ပေါင်းမန်း လိုက်တော့ မယ်

    မ မာ ရေ လူ ဖြစ ်ရ တဲ့ ဒုက္ခထဲက တစ်ခု ပေါ နော်

    ကိုဖောရေ ဘယ် တတ် နိုင် မလဲနော်

    ကိုနေ အက်ဆစ်ထည့်မယ်ပြော တော့ အဆင်မပြေရင် ကန် စား ပြီး ပြို မယ် ပြော လို့ စောင့် ကြည့် နေပါတယ်

Leave a Reply