ကမ္ဘာ့ဖလား၊ မောင်မာဃနှင့် မေလရဲ့ ဖတ်ရွေးဆုရှင်

Mr. MarGaJune 16, 20141min32666

ဇွန်လ……
မိုးရာသီထဲ ဝင်နေပြီဖြစ်သော်ငြားး မိုးမရွာချိန်တွင်တော့ ပူပါသေး၏။

မန်းမြေမို့ နေမင်းသည် သူ့အင်သူ့အားကို အစွမ်းကုန် ထုတ်လွှတ်ပေးနေသည်ကိုး။

ထို နေပူပူတွင် မောင်မာဃတစ်ယောက် လေပူအတိုးခံကာ ဆိုင်ကယ်ကို အသော့နှင်နေချေ၏။

လက်မှ နာရီကိုလည်း မကြာမကြာ ကြည့်နေပေသည်။

အတော်ကို ကသောကမျော ဖြစ်နေပုံ ပေါက်ပါ၏။

ထိုကဲ့သို့ ကသောကမျော ကပြာကယာ သွားနေရခြင်း အကြောင်းရင်းကို လင်းရမည် ဆိုပါလျှင်

ယမန်နေ့ညကို ပြန်လည်သွားရောက်ရချေမည်တမုံ့။

ယမန်နေ့ညက…...

မောင်မာဃ ကဘာ့ဖလားပွဲကြည့်ရန် အားတင်းနေချိန်မို့ စောစောအိပ်ရန်ပြင်နေမိသည်။နှစ်ပွဲဆက် ကြည့်မည်ဟု အားခဲထားသည်ကိုးး။

ထိုသို့ဖြင့် မှေးတေးတေး ဖြစ်နေခိုက်ဝယ်….
အနားမှာချထားသောဖုန်းက ထ. ကာ မြည်ပါတော့သည်
သို့ဖြင့် အိပ်ချင်မူးတူး ဖုန်းထကိုင်ချိန်ဝယ် တစ်ဖက်မှ ဆက်လာသူကား ဖတ်ရွေး ဥက္ကဋ္ဌကြီး မစ္စတာကြီးမိုက် ဖြစ်နေပေသည်။
အကြောင်းရင်းမှာကားးး

မောင်မာဃ ရွာတွင် စာမတင်ဘဲ ကွန်မန့်များသာ အားရပါးရ ထိုင်ပေးနေသည်ကို မျက်စိနောက်သည့်အတွက်
မေလ ဖတ်ရွေးပို့စ် တင်ရန် ဟု ဆိုပါ၏။

ရန်ကုန်ရောက်လျှင်…တစ်ဝိုင်းဟုလည်း ပြောသွားသေး၏။ (မနက်ဝိုင်းလား ညနေဝိုင်းလားတော့ အိပ်ချင်မူးတူးမို့ မမေးလိုက်ရချေ)

သို့ဖြင့် သို့ဖြင့်…….
လူက အိပ်ချင်မူးတူးဖြစ်နေသောကြောင့် ပြောသမျှကို “အင်း” လိုက်ကာ ဖုန်းချလိုက်ပါ၏။ အတိအကျမှတ်မိတာဆိုလို့
အပေါ်ကနှစ်ချက်သာရှိသည်။
သို့ဖြင့် ည တစ်နာရီခွဲတွင်ပြန်ထကာ ပြင်သစ်ပွဲ တစ်ခါကြည့်၊ ထို့နောက် အာဂျင်တီးနားပွဲပါ ဆက်ကြည့်ပြီးနောက်….
ဘောလုံးကွင်းကြီးထဲတွင် ချာချာလည်ကာ ပြန်လည်အိပ်စက်လိုက်လေသည်။

ယနေ့မနက်
ညက အားရပါးရ ထိုင်ကြည့်ထားသဖြင့် နေဖင်ထိုးမှ နိုးချေသည်။
နာရီကိုကြည့်ချိန်ဝယ် အိပ်ရေး မဝတဝ မျက်လုံးလေးတောင် ချက်ချင်းလက်ငင်း ပြူးလာချေ၏။ အလုပ်ချိန်နောက်ကျနေပြီကိုး။
သို့ဖြင့် မနက်ပြုဖွယ်ကိစ္စများကို ကသုတ်ကရက် ပြီးစေကာ စီးတော်ယာဉ် မော်တော်ဆိုင်ကယ်ကိုဆွဲလျက် အပေါ်မှ မြင်ကွင်းအတိုင်း
မောင်မာဃ အသော့နှင်နေခြင်း ဖြစ်ပေသည်။

သို့ဖြင့် ရုံးသို့ ရောက်အလာ…. နောက်ကျရခြင်း အကြောင်းရင်းကို ထုချေလွှာ တင်ပြီး၍ လိုင်းပေါ်သို့ တက်လိုက်သောအခါဝယ်….

ဥက္ကဋ္ဌကြီး၏ ပေးစာက အခန့်သား ထိုင်စောင့်နေပါ၏။
ထိုစာကိုမြင်မှပင် ညက အိပ်ချင်မူးတူးနှင့် “အင်း” လိုက်ခဲ့သော အကြောင်းအရာများကို ပြန်လည်သတိရမိတော့သည်။
ဖတ်ရွေးအဖွဲ့ဝင်များ ဘယ်အချိန်ကတည်းက ပို့စ်ကို စောင့်နေမည်မသိ။ မေတ္တာထိုင်ပို့နေကြဖို့ကတော့ အတော်သေချာသည်။
လူကလည်း အိပ်ချင်စိတ်က မပြေသေး။ ဒီနေ့မတင်လျှင်လည်းမဖြစ်တာမို့ အိပ်ချင်မူးတူးနှင့်ပင် ဤစာရင်းကို တင်လိုက်ပါသည်။
အိပ်ချင်မူးတူးမို့ အလွဲအမှားများ ရှိပါက ထောက်ပြကြပါကုန်…….

အောက်ပါပို့စ်များမှာ ဧပရယ် + မေ နှစ်လအတွက် ဖတ်ရွေးအဖွဲ့မှ ရွေးချယ်ထားသော ဆန်ခါတင်စာရင်း ဖြစ်ပါသည်။

 

မွေးမေလေ့!!——————————————————–ကေဇီ

အပြောင်းအလဲကို ကြိုဆိုလိုက်ကြပါစို့———————————–လင်း

အိုဘယ့်…. ရခိုင်ပြည်…———————————————–ကြောင်ဝတုတ်

အမှား…။————————————————————black chaw

အနာဂတ်ကလူငယ်တွေရဲ ့လက်ထဲမှာ———————————–lu lu

သူတောင်းစား——————————————————-etone

ဖျက်ဆီးခံရသောမြန်မာတို့၏စိတ်—————————————kogyi mind

ဒုတိယမြောက် ကော်ဖီပုံပြင်——————————————-aung moethu

တို့တစ်​​တွေ မတိုးတက်​တာ စနစ်​​တွေ​ကြောင်​့လဲပါတယ်​——————–naywoon ni

တဂျီး အတွက် ကလောင်၊ ကလင်၊ ကလက်——————————ကေဇီ

စိတ်ကူးလေးနဲ.ပြင်ကြည့်မယ်…—————————————-ရွှေတိုက်စိုး

ငရဲကြီးသလော၊ မကြီးသလော—————————————–Dr. Yi (ဆေး ၁)

ကျွန်မရဲ့ ဆယ်တန်းဘဝ (သို့မဟုတ်) ဘဝတစ်ဆစ်ချိုး ဖြတ်သန်းမှု —–လုံမလေးမွန်မွန်

ကာဗာလေးများ-သော်ဇင်(လွိုင်ကော်)———————————–သော်ဇင် (လွိုင်ကော်)

`ညှော်မယ်ဗျို့ ´—————————————————–padonmar

 

ဗုဒ္ဓဟူးနေ့တွင် ဆုရရှိသူကို ဤပို့စ်ထဲတွင် ထပ်မံထည့်သွင်း ကြေငြာမည် ဖြစ်ပါကြောင်း………………..

 

ထပ်မံဖြည့်စွက်ခြင်း

+++++++++++++++++++++++++++++++++++++++++++++++++++++++

ထို ဆန်ခါတင် တစ်ဆယ့်ငါးပုဒ်ထဲတွင်မှ

ယခုတစ်ပတ် ဖတ်ရွေးအဖွဲ့၏ အကြိုက်ဆုံးစာမူ အဖြစ် ညီတူညာတူ ရွေးချယ်လိုက်သော ပို့စ်မှာ

.

.

.

.

.

.

.

.

.

.

.

.

.

ကိုကြီး မှိုင်း ၏ ပို့စ် ဖြစ်သော

 

ဖျက်ဆီးခံရသောမြန်မာတို့၏စိတ်  ဖြစ်ပါကြောင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

Congratulations! ပါ ကိုကြီးမှိုင်းခင်ဗျ။  🙂 🙂 🙂 🙂 🙂 🙂 🙂 🙂

 

လေးစားစွာဖြင့်

ဦးမာဃ (ခေတ္တ လူ့ပြည်)

 

66 comments

  • မဟာရာဇာ အံစာတုံး

    June 28, 2014 at 12:25 pm

    မင်္ဂလာပါဗျာ
    လတစ်လအတွက် ပြောင်မြောက်တဲ့ အရေးအသားနဲ့
    ကိုကြီးမှိုင်းကိုလည်း ကွန်ဂရက်ကျူလေးရှင်းပါဗျာ
    နောက်ကျတဲ့အတွက် ခွင့်လွတ်ပါဗျို့ …

  • ဟို ဒင်း

    June 30, 2014 at 12:21 am

    ုဟိုဒင်းလေ – ဆြာမှိုင်း အတွက် ဂုဏ်ယူပါဂျောင်း – သတင်းပို့ပါဒယ်

Leave a Reply