အဘဖေါ ရဲ့ နယူးဇီလန်သွား Cruise တောလား – ၁၆ ( Hobart, Tasmania ) ။

Foreign ResidentJune 16, 201417min16813

အဘဖေါ ရဲ့ နယူးဇီလန်သွား

Cruise တောလား – ၁၆ ( Hobart, Tasmania ) ။

 

၂ဝ – ၁၂ – ၂၀၁၃ ။

 

ဒီနေ့ မနက်မှာတော့ ဩစတေလျှ နိုင်ငံ ရဲ့ တောင်ဘက်စွန်း က ၊

Tasmania ကျွန်းကြီး / Tasmania ပြည်နယ် ရဲ့ မြို့တော် Hobart ကို ရောက်ပါတယ် ။

 

16 ဩစတေလျှ နိုင်ငံ ရဲ့ တောင်ဘက်စွန်း က ၊ Tasmania ကျွန်း / ပြည်နယ် ရဲ့ မြို့တော် Hobart ။

16 ဩစတေလျှ နိုင်ငံ ရဲ့ တောင်ဘက်စွန်း က ၊ Tasmania ကျွန်း /  ပြည်နယ် ရဲ့ မြို့တော် Hobart ။
16 ဩစတေလျှ နိုင်ငံ ရဲ့ တောင်ဘက်စွန်း က ၊ Tasmania ကျွန်း / ပြည်နယ် ရဲ့ မြို့တော် Hobart ။

 

16 အဘတို့ သင်္ဘောကြီး Hobart ဆိပ်ကမ်း မှာ ကပ်ထားစဉ် ။

16 အဘတို့ သင်္ဘောကြီး Hobart ဆိပ်ကမ်း မှာ ကပ်ထားစဉ် ။
16 အဘတို့ သင်္ဘောကြီး Hobart ဆိပ်ကမ်း မှာ ကပ်ထားစဉ် ။

 

16 Hobart ဆိပ်ကမ်း ( ရာသီဥတုကတော့ မိုးနှင်း နဲနဲကျနေတော့ မြင်ကွင်းက သိပ် မရှင်းလှပါဘူး )

16 Hobart ဆိပ်ကမ်း ( ရာသီဥတုကတော့ မိုးနှင်း နဲနဲကျနေတော့ မြင်ကွင်းက သိပ် မရှင်းလှပါဘူး )
16 Hobart ဆိပ်ကမ်း ( ရာသီဥတုကတော့ မိုးနှင်း နဲနဲကျနေတော့ မြင်ကွင်းက သိပ် မရှင်းလှပါဘူး )

 

16 ရေယာဉ်ပျံလေး ဆင်းလာတာ ( Hobart ဆိပ်ကမ်း ) ။

16 ရေယာဉ်ပျံလေး ဆင်းလာတာ ( Hobart ဆိပ်ကမ်း ) ။
16 ရေယာဉ်ပျံလေး ဆင်းလာတာ ( Hobart ဆိပ်ကမ်း ) ။

 

ဒီနေ့ အတွက်ကတော့ Optional Excursion အနေနှင့် ၊

ဒေါ်လှ ၄ဝ ပေးရတဲ့ ၊ ပေါ့ပေါ့ ပါးပါး Hobart Highlights ဆိုတဲ့ ၊

Hobart မြို့တစ်ခွင် ထင်ရှားတဲ့နေရာတွေကို လိုက်ပြတဲ့ Tour ကို ရွေးထားပါတယ် ။

 

အဲဒီ Tour က ၈ နာရီ ခွဲ လောက်ထွက်ပြီး ၊ Duration က ၃ နာရီခွဲဘဲ ကြာမှာမို့ ၊

နေ့လည်စာ စားချိန်လောက် ပြန်ရောက်မယ်ပေါ့ ။

 

သင်္ဘော နှင့် မြို့ထဲ ကို Free Shuttle တွေ ၁၅ မိနစ် တစ်စီး စီစဉ်ပေးထားတာမို့ ၊

သင်္ဘော မှာ အေးအေးဆေးဆေး နေ့လည်စာစားပြီးမှ ၊

မြို့ထဲ ကို တစ်ခေါက် ထပ်ထွက်မယ်လို့ စဉ်းစားထားတာပေါ့ ။

 

သင်္ဘော ကပ်ပြီးကာစ နံနက် ၈ နာရီ ခွဲ မှာ သင်္ဘောပေါ်က ဆင်းပြီး ၊

စုရပ် ကမ်းနားက Bus ကားကြီးတွေဆီ သွားကြတာပေါ့ ။

 

အဲဒီမှာ ၊ လူ သုံးယောက် နှင့် ( လူဝင်ထားတဲ့ ) ကြက်တူရွေး အရုပ်ကြီး တစ်ရုပ် က ၊

သင်္ဘောပေါ်က ဆင်းလာတဲ့ ခရီးသည်တွေကို ကြိုဆိုပြီး ၊

Pamphlet   လက်ကမ်းစာဆောင်လေးတွေ ဝေနေကြတာ တွေ့ရပါတယ် ။

 

အဲဒီ လက်ကမ်းစာဆောင်လေး ကို ယူပြီး ဖတ်ကြည့်တော့ ၊

ခရီးသည်တွေ ကို Hobart မြို့တော် ခန်းမ Town Hall ကို လာလည်ဖို့ နှင့် ၊

မြို့တော် ခန်းမ ကို လာလည်မယ့် ခရီးသည်တွေ ကို ၊

မြို့တော်ဝန် ဒါမှမဟုတ် လက်ထောက် မြို့တော်ဝန် တွေ ကိုယ်တိုင်က ၊

Hobart မြို့ နှင့် မြို့တော် ခန်းမ အကြောင်းကို ရှင်းလင်း ပြမယ်အကြောင်း ရေးထားပါတယ် ။

 

အဲဒါနှင့်ဘဲ ၊ မြို့တော် ခန်းမ ရဲ့ တည်နေရာ နှင့် အချိန်တွေကို မှတ်ထားလိုက်ပါတယ် ။

နေ့လည်ဖက် ၊ မြို့ထဲ နောက်တစ်ခါ ထွက်တဲ့အခါမှ သွားမယ်ပေါ့ ။

 

ကြုံတုန်း ၊ အဘတို့ကို ကြိုဆိုနေတဲ့ ( လူဝင်ထားတဲ့ ) ကြက်တူရွေး အရုပ်ကြီး နှင့်ရော ၊

သူ့ဘေးနားက ပြောင်ပြောင်လက်လက်ဝတ်ထားတဲ့ လူကြီး နှင့်ပါ တွဲပြီး ဓါတ်ပုံရိုက်လိုက်ပါသေးတယ် ။

 

အဘ တို့ Tour bus ကြီးက ပထမဦးဆုံး Rosny Hill Look Out ဆိုတဲ့နေရာကို အရင်သွားပါတယ် ။

အဲဒီ နေရာက Hobart မြို့ အဘတို့ သင်္ဘောကပ်ထားတဲ့ ဆိပ်ကမ်း ရဲ့ တဖက်ကမ်းမှာပါ ။

အဲဒီကို အသွား လမ်းမှာ Hobart မြို့ ကို ဖြတ်စီးနေတဲ့ Derwent မြစ်ကို

Tasman Bridge တံတား ပေါ်ကနေ ဖြတ်ကျော်ခဲ့ရပါတယ် ။

 

အဲဒီ Rosny Hill Look Out နေရာ ကနေ Hobart တစ်မြို့လုံး ၊

ဆိပ်ကမ်းမှာကပ်ထားတဲ့ အဘတို့ သင်္ဘော Celebrity Solstice နှင့် ၊

Derwent မြစ် နှင့် Tasman Bridge တံတား တို့ကို အပေါ်စီးက မြင်နေရပါတယ် ။

( ရာသီဥတုကတော့ မိုးနှင်း နဲနဲကျနေတော့ မြင်ကွင်းတော့ သိပ် မရှင်းလှပါဘူး )

 

16 ဆိပ်ကမ်းမှာကပ်ထားတဲ့ အဘတို့ သင်္ဘော Celebrity Solstice နှင့် Hobart မြို့ ။

16 ဆိပ်ကမ်းမှာကပ်ထားတဲ့ အဘတို့ သင်္ဘော Celebrity Solstice နှင့် Hobart မြို့ ။
16 ဆိပ်ကမ်းမှာကပ်ထားတဲ့ အဘတို့ သင်္ဘော Celebrity Solstice နှင့် Hobart မြို့ ။

 

16 Hobart မြို့ ကို ဖြတ်စီးနေတဲ့ Derwent မြစ် နှင့် Tasman Bridge တံတား ။

16 Hobart မြို့ ကို ဖြတ်စီးနေတဲ့ Derwent မြစ် နှင့် Tasman Bridge တံတား ။
16 Hobart မြို့ ကို ဖြတ်စီးနေတဲ့ Derwent မြစ် နှင့် Tasman Bridge တံတား ။

 

အဲဒီက ပြီးတဲ့အခါမှာ ၊ Royal Tasmanian Botanical Garden ရုက္ခဗေဒ ဥယျာဉ် ကို သွားကြပါတယ် ။

 

အဲဒီ Royal Tasmanian ရုက္ခဗေဒ ဥယျာဉ် မှာ ၊ လည်ဖို့ အချိန် တစ်နာရီ ပေးပါတယ် ။

ဒါပေမယ့် ဥယျာဉ်ကြီးက အကျယ်ကြီးဆိုတော့

အေးအေးဆေးဆေး စုံစိအောင် ကြည့်ဖို့ အချိန်ကတော့ မလောက်နိုင်ပါဘူး ။

 

ရုက္ခဗေဒ ဥယျာဉ် ထဲမှာ ၊ Japanese Garden ၊ Chinese Collections ၊

Herb Garden ၊ Cactus House ၊ Sub – Antarctic Plant House ၊

စသဖြင့် အပိုင်း ဇုံပေါင်း မြောက်များလှစွာ ရှိပါတယ် ။

 

မှန်တာပြောရရင် ၊ အဘ အနေနှင့်ကတော့ ၊ ကမာ္ဘ အနှံ့က ၊

ရုက္ခဗေဒ ဥယျာဉ် တွေကို အတေ်များများ ရောက်ခဲ့ဖူးပြီးသား မို့လို့ ရင်မခုံလှပါဘူး ။

ဒီမှာ ထူးခြားတဲ့ Sub – Antarctic Plant House ကိုဘဲ နဲနဲ စိတ်ဝင်စားမိပါတယ် ။

 

Sub – Antarctic Plant House ဆိုတော့ ၊

ကမာ္ဘ့ တောင် ဝင်ရိုးစွန်း ရှိတဲ့ ၊ အနာ္တတိကတိုက် ရေခဲရာဒေသ အနီးမှာ ၊

ပေါက်ရောက်တဲ့ အပင်တွေကို စိုက်ပျိုး ပြထားတဲ့ အဆောက်အဦး ပါ ။

 

အဲဒီ အဆောက်အဦး ရဲ့ အတွင်း Temperature အပူချိန် ကို + 5 Deg Celsius နှင့် ၊

အတွင်း Humidity ရေငွေ့ ပါဝင်မှု ကို 0 % ( Zero Percent ) ဖြစ်အောင် လုပ်ထားပါတယ် ။

အထဲမှာ ပြထားတဲ့ အနာ္တတိကတိုက်မှာ ပေါက်တဲ့ အပင်တွေကတော့ ၊

လွယ်လွယ်ပြောရရင် မြက် ဆန်ဆန် ရေညှိ ဆန်ဆန် အပင်တွေပါ ။

 

16 Royal Tasmanian Botanical Garden ရုက္ခဗေဒ ဥယျာဉ်

16 Royal Tasmanian Botanical Garden ရုက္ခဗေဒ ဥယျာဉ်
16 Royal Tasmanian Botanical Garden ရုက္ခဗေဒ ဥယျာဉ်

 

16 အနာ္တတိကတိုက်မှာ ပေါက်တဲ့ အပင်တွေ 1

16 အနာ္တတိကတိုက်မှာ ပေါက်တဲ့ အပင်တွေ 1
16 အနာ္တတိကတိုက်မှာ ပေါက်တဲ့ အပင်တွေ 1

 

16 အနာ္တတိကတိုက်မှာ ပေါက်တဲ့ အပင်တွေ 2

16 အနာ္တတိကတိုက်မှာ ပေါက်တဲ့ အပင်တွေ 2
16 အနာ္တတိကတိုက်မှာ ပေါက်တဲ့ အပင်တွေ 2

 

16 အပင် မျိုးပေါင်းများစွာကို တစ်နေရာထဲမှာ စုစိုက်ကြတယ် ၊ စိုက်လို့လွယ်မယ် မထင်ဘူး ။

16 အပင် မျိုးပေါင်းများစွာကို တစ်နေရာထဲမှာ စုစိုက်ကြတယ် ၊ စိုက်လို့လွယ်မယ် မထင်ဘူး ။
16 အပင် မျိုးပေါင်းများစွာကို တစ်နေရာထဲမှာ စုစိုက်ကြတယ် ၊ စိုက်လို့လွယ်မယ် မထင်ဘူး ။

 

16 တစ်ချို့ ပန်းပင်တွေက အရမ်းကြီးတာဘဲကွယ် ၊ အောက်က လူ ဖြတ်လျှောက်လို့ ရတယ် ။

16 တစ်ချို့ ပန်းပင်တွေက အရမ်းကြီးတာဘဲကွယ် ၊ အောက်က လူ ဖြတ်လျှောက်လို့ ရတယ် ။
16 တစ်ချို့ ပန်းပင်တွေက အရမ်းကြီးတာဘဲကွယ် ၊ အောက်က လူ ဖြတ်လျှောက်လို့ ရတယ် ။

 

16 ဒါတွေကတော့ ၊ သူတို့ရဲ့ ရှေ့ဆောင် Botanist ရုက္ခဗေဒ သမားတွေပေါ့ ။

16 ဒါတွေကတော့ ၊ သူတို့ရဲ့ ရှေ့ဆောင် Botanist ရုက္ခဗေဒ သမားတွေပေါ့ ။
16 ဒါတွေကတော့ ၊ သူတို့ရဲ့ ရှေ့ဆောင် Botanist ရုက္ခဗေဒ သမားတွေပေါ့ ။

 

အဲဒီ ရုက္ခဗေဒ ဥယျာဉ် မှာ ကြည့်ပြီးတဲ့ အခါမှာတော့ ၊ အဘတို့ကို ၊

Mt Nelson တောင်ပေါ်မှာရှိတဲ့ Semaphore Station ကို လိုက်ပို့ပါတယ် ။

Semaphore Station ဆိုတာ ၊ ပင်လယ်ပြင် ရဲ့ ရာသီဥတု မုန်တိုင်းအခြေအနေကို ၊

အလံ တွေ ၊ တိုင် တွေ နှင့် အချက်ပြ Signal လုပ်တဲ့ စခန်းပါ ။

မြို့ရဲ့ ရေကြောင်း အဝင်ဝ အချက်အချာနေရာတွေမှာ ရှိပါတယ် ။

အဓိက ကတော့ ၊ မြို့ကနေ ထွက်ခွာတော့မယ့် သင်္ဘောတွေ ၊

အပြင်ဖက်က ပင်လယ်ပြင်ကြီး ရဲ့ ရာသီဥတု အခြေအနေကို ကြိုသိရအောင်ပါ ။

 

16 Semaphore Station ၊ ရှေးခေတ်က အဲဒီ တိုင်ကြီးပေါ်မှာ အချက်ပြ Signal တွေ တင်တာပေါ့ ။

16 Semaphore Station ၊ ရှေးခေတ်က အဲဒီ တိုင်ကြီးပေါ်မှာ အချက်ပြ Signal တွေ တင်တာပေါ့ ။
16 Semaphore Station ၊ ရှေးခေတ်က အဲဒီ တိုင်ကြီးပေါ်မှာ အချက်ပြ Signal တွေ တင်တာပေါ့ ။

 

အဲဒီ Semaphore Station ပြီးတဲ့ အခါမှာတော့ ၊ Hobart မြို့ ဖက်ကို ပြန်လာပြီး ၊

Hobart မြို့ ကို လှည့်လည် ပြသပြီး သင်္ဘောကို ပြန်လာ အဆုံးသတ်လိုက်ပါတော့တယ် ။

 

အဘ တို့လည်း ၊ သင်္ဘော မှာ နေ့လည်စာ ခဏ စားလိုက်ပြီး ၊

Free Shuttle နှင့် Hobart မြို့ထဲကို ပြန်ထွက်လာခဲ့ပါတယ် ။

 

ပထမဦးဆုံး ၊ Hobart မြို့ ၊ မြို့တော် ခန်းမ Town Hall ကို သွားပါတယ် ။

မြို့တော်ဝန် ကိုယ်တိုင်က ၊ Hobart မြို့ နှင့် မြို့တော် ခန်းမ အကြောင်းကို ရှင်းပြမယ် ဆိုတာကိုး ။

 

အချိန်ကျတော့ ၊ ရှင်းပြမယ့် လက်ထောက် မြို့တော်ဝန် က လာမိတ်ဆက်ပါတယ် ။

အွန် ၊ ဒီ လူကြီး ကို ငါမြင်ဘူးပါတယ်လေ ဆိုပြီး သေချာကြည့်တော့မှဘဲ ၊

လား လား ၊ မနက်တုန်းက ဆိပ်ကမ်းမှာ အဘတို့ ခရီးသည်တွေကို လာကြိုဆိုပြီး ၊

လက်ကမ်းစာဆောင်တွေ လာဝေတဲ့ လူ ဖြစ်နေတာကိုး ။

 

အဲဒီတော့မှ ၊ ဘေးနားက မြို့တော်ဝန် အဆက်ဆက်ရဲ့ ဓါတ်ပုံတွေကို သေချာ ကြည့်မှဘဲ ၊

မနက်က ဆိပ်ကမ်းမှာ လက်ကမ်းစာဆောင်တွေ လာဝေသွားတာ ၊

Hobart မြို့ ရဲ့ မြို့တော်ဝန် နှင့် လက်ထောက် မြို့တော်ဝန် ကိုယ်တိုင်ကိုး ။

( ဒါကြောင့် အစကတည်းက ဒီလူတွေ ကောင်းကောင်းမွန်မွန် ဝတ်ထားပါလား လို့ ထင်မိသား )

 

အောင်မယ် ၊ ရှင်းပြနေတဲ့ လက်ထောက် မြို့တော်ဝန် ကတောင် တောင်းပန်လိုက်သေး ။

မနက်က ၊ သူ့ မြို့တော်ဝန်ကြီး ဝတ်ထားတဲ့ ဝတ်ရုံဟာ ရွှေအစစ် နှင့် လုပ်ထားတာမို့ ၊

အရမ်းလေးနေတဲ့အတွက် ၊ အသက်ကြီးနေတဲ့ မြို့တော်ဝန်ကြီး ဟာ သိပ်မရွေ့နိုင်ဘဲ ၊

အဘတို့ ခရီးသည်တွေကို လှိုက်လှိုက်လှဲလှဲ မကြိုလိုက်နိုင်တဲ့အတွက် တောင်းပန်ပါတယ်တဲ့ ။

 

16 Hobart မြို့ ၊ မြို့တော် ခန်းမ Town Hall ကို သွားပါတယ် ။

16 Hobart မြို့ ၊ မြို့တော် ခန်းမ Town Hall ကို သွားပါတယ် ။
16 Hobart မြို့ ၊ မြို့တော် ခန်းမ Town Hall ကို သွားပါတယ် ။

 

16 ရှေ့က လက်ကမ်းစာဆောင်ဝေနေတာက လက်ထောက် မြို့တော်ဝန် ။

16 ရှေ့က လက်ကမ်းစာဆောင်ဝေနေတာက လက်ထောက် မြို့တော်ဝန် ။
16 ရှေ့က လက်ကမ်းစာဆောင်ဝေနေတာက လက်ထောက် မြို့တော်ဝန် ။

 

16 မြို့တော်ဝန်ကြီးရဲ့ ဝတ်ရုံဟာ ရွှေအစစ် နှင့် လုပ်ထားတာမို့ အရမ်းလေးပြီး သိပ်မရွေ့နိုင်တဲ့ ။

16 မြို့တော်ဝန်ကြီးရဲ့ ဝတ်ရုံဟာ ရွှေအစစ် နှင့် လုပ်ထားတာမို့ အရမ်းလေးပြီး သိပ်မရွေ့နိုင်တဲ့ ။
16 မြို့တော်ဝန်ကြီးရဲ့ ဝတ်ရုံဟာ ရွှေအစစ် နှင့် လုပ်ထားတာမို့ အရမ်းလေးပြီး သိပ်မရွေ့နိုင်တဲ့ ။

 

16 မြို့တော်ဝန် အဆက်ဆက်ရဲ့ ဓါတ်ပုံတွေ ။

16 မြို့တော်ဝန် အဆက်ဆက်ရဲ့ ဓါတ်ပုံတွေ ။
16 မြို့တော်ဝန် အဆက်ဆက်ရဲ့ ဓါတ်ပုံတွေ ။

 

16 ဒါက မြို့တော်ခန်းမ ထဲမှာ လက်ထောက် မြို့တော်ဝန် က ရှင်းပြနေတာ ။

16 ဒါက မြို့တော်ခန်းမ ထဲမှာ လက်ထောက် မြို့တော်ဝန် က ရှင်းပြနေတာ ။
16 ဒါက မြို့တော်ခန်းမ ထဲမှာ လက်ထောက် မြို့တော်ဝန် က ရှင်းပြနေတာ ။

 

16 လက်ရှိ မြို့တော်ဝန် ရုံးထိုင်တဲ့ ပကာဿန မပါတဲ့ ရုံးခန်း ။

16 လက်ရှိ မြို့တော်ဝန် ရုံးထိုင်တဲ့ ပကာဿန မပါတဲ့ ရုံးခန်း ။
16 လက်ရှိ မြို့တော်ဝန် ရုံးထိုင်တဲ့ ပကာဿန မပါတဲ့ ရုံးခန်း ။

 

အဲဒီမှာ တစ်ခုပြောချင်တာက ၊ ဒီ Hobart မြို့ဟာ ၊

Australia နိုင်ငံ ရဲ့ ပြည်နယ် တစ်ခုဖြစ်တဲ့ Tasmania ပြည်နယ် ရဲ့ ၊

အဓိက မြို့တော်ကြီး Capital City ဖြစ်ပါတယ် ။

 

သာမာန် မြို့လေးတွေရဲ့ မြို့တော်ဝန် ကို Mayor လို့ဘဲ ခေါ်ပေမယ့် ၊

ပြည်နယ် ရဲ့ အဓိက မြို့တော် ရဲ့ မြို့တော်ဝန် ဖြစ်လို့ Lord Mayor အဆင့်ပါ ။

ပြောရရင် ၊ မြန်မာနိုင်ငံက ရန်ကုန် မန္တလေး မြို့တွေက မြို့တော်ဝန် အဆင့်မျိုးပါ ။

 

ဒီလို မြို့တော်ဝန် အဆင့် ပုဂ္ဂိုလ်မျိုးက ၊ သူ့ မြို့တော် ဝင်ငွေကောင်း တိုးတက်ဖို့အတွက် ၊

ဘာ ပကာဿန မှ မပါ လူလေး ၃ ယောက်တည်းနှင့် ၊ သင်္ဘောဘေး ဆိပ်ကမ်းကနေ စောင့်ပြီး ၊

အိုကြီးအိုမ တန်မဲ့ ၊ ပင်ပင်ပန်းပန်း ကျိုးစား အားထုတ်နေတာပါ ။

 

ဒီစာ ရေးနေရင်းနှင့် ၊ တစ်မြို့လုံး ခွက်ခွက်လန်အောင် ရေမြုပ်နေတာတောင် ၊

ပြည်သူ ကို မျက်နှာ တစ်ချက် ထွက်ပြဖေါ်မရ ၊ စကားတစ်ခွန်း ရှင်းပြဖေါ် အားပေးဖေါ်မရ တဲ့ ၊

အဘ တို့ ရဲ့ မဟာ ရန်ကုန် မြို့တော်ဝန်ကြီး အကြောင်းတောင် တွေးမိလိုက်သေး ။

 

ဒါပါဘဲ ။

ဒီမိုကရေစီ စစ်စစ် နိုင်ငံ က ၊ ပြည်သူတွေ ရဲ့ အသဲကြားက မဲ တစ်ပြားစီ နှင့် ၊

တိုက်ရိုက် ရွေးကောက် တင်မြှောက်ပေးထားတဲ့ ၊ ပြည်သူကို အလုပ်အကျွေးပြုတဲ့ မြို့တော်ဝန် နှင့် ၊

 

အတုအယောင် ဒီမိုကရေစီ နိုင်ငံ က ၊ ပြည်သူက ရွေးချယ်ခဲ့တာ မဟုတ်ဘဲ ၊

အာဏာရှင်ကြီး က ရွေးချယ်ပေးလိုက်တဲ့ ၊ အာဏာရှင် အငယ်စား မြို့တော်ဝန် တို့ရဲ့ ၊

 

ပြည်သူကို အလုပ်အကျွေး ပြုပုံ ၊ ဆက်ဆံပုံ ကွာခြားချက်တွေ ကတော့ ၊ ဒါပါဘဲ ။

 

ကဲ ၊ ကဲ ၊ ဒါတွေ ဆက်ပြောရင် ၊ ဒေါတွေ ဆက်ပါလာမှာမို့ ၊

ဒီ နေ့ တော့ ၊ ဒီ Post တော့ ၊ ဒီလောက်နှင့်ဘဲ ၊

 

တော်သေးဘီ ။

 

အဘ ဖေါ ( F R ) ။

 

 

P.S.

 

Mr. MarGa says:

” ဒီပို့စ်မှာ မြို့တော်ဝန် အကြောင်းကိုဖတ်ပြီး

တကယ် အံ့အားသင့်ရပါတယ်။

ဘယ်လိုမှ ထင်မထားဘူးဗျ “

 

ဟုတ်ပါ့ သဂျား ရေ ။

 

အဲဒီ မြို့တော်ဝန်ကြီး ရဲ့ ပထမပုံ ကို ကြည့်လိုက်ပါဦး ။

သူ့ နားမှာ ဘယ်သူမှ မရှိ / မလာဘဲ တစ်ယောက်ထဲ ၊ ထီးထီး ငေါင်ငေါင်ကြီး ရပ်နေရရှာတာ ။

 

မြို့တော်ဝန်ကြီး ခမျာ ၊ သူ့မြို့ကို လာလည်တဲ့ ဧည့်သည်တွေကို ၊

သူ့မြို့က ပျူငှာကြောင်း နှင့် ဧည့်ဝတ်ကျေကြောင်းပြ ၊ ကြိုဆို နှုတ်ဆက်ဖို့ ၊ လာရှာပါတယ် ။

 

သူ့မလဲ ၊ အိုကြီး အိုမ နှင့် ၊ ဝတ်ရုံ အလေးကြီးနှင့်မို့ ၊ သိပ် မရွေ့နိုင် ။

လူတွေကလည်း ၊ သူရှိတဲ့နေရာကို မလာ ၊ သူ့ခမျာ ၊ ဒုက္ခ ရောက်နေရှာပုံ ဘဲ ။

( ပုံကြည့်ရတာ ၊ ခရီးသည်တွေက ရှောင်ပြီတောင် သွားနေသလိုဘဲ ၊ ဟီ ဟိ )

 

ဖြစ်ပုံက ဒီလို ၊ သဂျား ရဲ့ ။

အဘ တို့ သင်္ဘောမှာက ၊ Tour Excursion အမျိုးအစားပေါင်း များစွာ ရှိတယ်လေ ။

Tour Excursion တစ်ခုတည်း မှာ ဆိုရင်တောင်မှ ၊ ထွက်တဲ့ အချိန်တွေက မတူကြဘူးလေ ။

 

အဲဒီတော့ကာ ၊ Tour Excursion အမျိုးအစားတူ ၊ ထွက်ချိန်လဲတူတဲ့ Group လိုက်ကို ၊

သင်္ဘောပေါ်မှာ ကတည်းက Hall အခန်း တစ်ခုထဲမှာ ၊ အရင် Gather စု လိုက်ကြရတယ် ။

ပြီးရင် အဖွဲ့တွေခွဲပြီး အရောင်မတူ နံပါတ် မတူတဲ့ sticker လေးတွေ ကပ်ပေးလိုက်တယ် ။

( မြို့တော်ဝန်ကြီး နှင့် တွဲရိုက်ထားတဲ့ပုံမှာ အဘတို့လင်မယား ရင်ဘတ်မှာ ၊

အစိမ်းရောင် Sticker လေးတွေ ကိုယ်စီ ကပ်ထားတာ တွေ့ရမယ် ထင်တယ် )

 

ပြီးတော့မှ ၊ သင်္ဘောပေါ်က ဝန်ထမ်း နှင့် အောက်က Tour Bus က စောင့်နေတဲ့ ဝန်ထမ်းနှင့် ၊

Walki Talki နှင့် ချိတ်ဆက်ပြီး ၊ လူဘယ်နှစ်ယောက် Sticker ဘာအရောင် ဘာနံပါတ် ဆိုပြီး ၊

သင်္ဘောပေါ်က ဝန်ထမ်း တစ်ယောက်က ဦးဆောင်ပြီး ၊ လူတန်းကြီးနှင့် ဆင်းလာကြတာ ။

အဘတို့က ၊ ရှေ့က ဦးဆောင်သွားနေတဲ့ သင်္ဘောဝန်ထမ်းကို မျက်ခြေမပြတ် လိုက်ရတာ ။

 

အဲလိုမှ စံနစ်တကျ မလုပ်ရင်လည်း ၊ ခရီးသည်က စုစုပေါင်း က ၂၈၀ဝ လေ ။

ခရီးသည် အားလုံးလိုလိုက ကမ်းနားကပ်တာနှင့် တပြိုင်ထဲလောက်နီးနီး ထွက်ကြတာလေ ။

( အနောက်မှာရပ်ထားတဲ့ Tour Bus ပေါင်း မြောက်များစွာကိုသာ ကြည့်ပေတော့ )

 

အဲဒီတော့ကာ ၊ အဘတို့ ခရီးသည်တွေ ခမျာမှာလဲ ၊

လူစု မကွဲရလေအောင် ၊ ကိုယ့်ဇောနှင့်ကိုယ် သွားနေရတာလေ ။

သူ့ကို ဂရုလဲ စိုက်မနေနိုင်ပါဘူး ။ သူ့ မြို့တော်ဝန် မှန်းလဲ သိမှ မသိဘဲ ။

 

ဒီတစ်ခေါက်တောင် ၊

ကံကောင်းလို့ အဘတို့က Group ရဲ့ ရှေ့ဆုံးက ရောက်နေလို့ ၊

အေးအေးဆေးဆေး ဓါတ်ပုံရိုက်ဖို့ အချိန်ရခဲ့တာ ။

အဲဒီမှာ ၊ ဒီလူကြီး ဝတ်စုံက ပြောင်ပြောင်လက်လက် နှင့် ၊

အထူး အဆန်းဘဲ ၊ လှတယ် ဆိုပြီး ၊ ဓါတ်ပုံ တွဲရိုက်ခဲ့တာ ။

 

” Sir, Can I have a photo with you ??? ” ဆိုပြီး သွားမေးတော့ ၊

” Why not !!! ” ဆိုပြီး ဝမ်းသာအားရ ပြုံးပြုံးကြီး နှင့် ဓါတ်ပုံ တွဲအရိုက်ခံခဲ့တာ ။

သူ့ခမျာ ၊ အခုမှ ငါ့ကိုလူရာသွင်းပြီး ဂရုစိုက်တဲ့သူ ရောက်လာပေတော့တယ် ဆိုပြီး ၊

ပျော်သွား ၊ ကျေနပ်သွားရှာတာ ။ သနားပါတယ် ။ ဟီ ဟိ ။

 

အင်း ၊ ကြုံလို့ တစ်ခု ပြောရမယ် ဆိုလို့ရှိရင် ၊ တစ်ခါတစ်လေ ၊

အဘအနေနှင့် မြန်မာ စစ်အစိုးရကို ဒေါမနဿ နှင့် ပြောမိတာတွေ ရှိသကွဲ့ ။

အဲလို ၊ ပြောဖြစ်သွားရတာကလဲ ၊ အဘ တို့က ၊

 

၁ ။ ဒီဖက်တွေမှာ ၊ လူ လိုနေရ ၊ လူလို အဆက်ဆံ ခံနေရပြီး ၊

လူတွေရဲ့ အခွင့်အရေးတွေဟာ ၊ ဘာတွေမှန်းကို သိနေပြီး ။

 

၂ ။ ဒီဖက်တွေမှာ ၊ အစိုးရ ခေါင်းဆောင်တွေ / ဝန်ထမ်းတွေဟာ ၊

ပြည်သူကို ဘယ်လို ကျိုးကျိုး နွံနွံ နှင့် ဝန်ဆောင်မှု ပြုနေကြရတယ် ဆိုတာကို ၊

သိနေတာကိုးကွယ့် ။

 

သဗ္ဗေ သတ္တာ ၊ ကမ္မ သကာ ပါဘဲလေ ။

16 Hobart မြို့ထဲမှာလည်း ခရစ်စမတ် နီးလို့ ပြင်နေကြပြီ ။

16 Hobart မြို့ထဲမှာလည်း ခရစ်စမတ် နီးလို့ ပြင်နေကြပြီ ။
16 Hobart မြို့ထဲမှာလည်း ခရစ်စမတ် နီးလို့ ပြင်နေကြပြီ ။

 

16 Hobart မြို့ထဲက မြင်ကွင်း တစ်ခု ။

16 Hobart မြို့ထဲက မြင်ကွင်း တစ်ခု ။
16 Hobart မြို့ထဲက မြင်ကွင်း တစ်ခု ။

13 comments

  • Mr. MarGa

    June 16, 2014 at 4:05 pm

    ဒီပို့စ်မှာ
    မြို့တော်ဝန် အကြောင်းကိုဖတ်ပြီး တကယ် အံ့အားသင့်ရပါတယ်။
    ဘယ်လိုမှ ထင်မထားဘူးဗျ။
    သူ့ ဝတ်ရုံ ကို မျက်စောင်းထိုးသွားတယ်ဗျာ

    • Foreign Resident

      June 17, 2014 at 4:22 am

      Mr. MarGa says:
      ” ဒီပို့စ်မှာ မြို့တော်ဝန် အကြောင်းကိုဖတ်ပြီး
      တကယ် အံ့အားသင့်ရပါတယ်။
      ဘယ်လိုမှ ထင်မထားဘူးဗျ ”

      ဟုတ်ပါ့ သဂျား ရေ ။

      အဲဒီ မြို့တော်ဝန်ကြီး ရဲ့ ပထမပုံ ကို ကြည့်လိုက်ပါဦး ။
      သူ့ နားမှာ ဘယ်သူမှ မရှိ / မလာဘဲ တစ်ယောက်ထဲ ၊ ထီးထီး ငေါင်ငေါင်ကြီး ရပ်နေရရှာတာ ။

      မြို့တော်ဝန်ကြီး ခမျာ ၊ သူ့မြို့ကို လာလည်တဲ့ ဧည့်သည်တွေကို ၊
      သူ့မြို့က ပျူငှာကြောင်း နှင့် ဧည့်ဝတ်ကျေကြောင်းပြ ၊ ကြိုဆို နှုတ်ဆက်ဖို့ ၊ လာရှာပါတယ် ။

      သူ့မလဲ ၊ အိုကြီး အိုမ နှင့် ၊ ဝတ်ရုံ အလေးကြီးနှင့်မို့ ၊ သိပ် မရွေ့နိုင် ။
      လူတွေကလည်း ၊ သူရှိတဲ့နေရာကို မလာ ၊ သူ့ခမျာ ၊ ဒုက္ခ ရောက်နေရှာပုံ ဘဲ ။
      ( ပုံကြည့်ရတာ ၊ ခရီးသည်တွေက ရှောင်ပြီတောင် သွားနေသလိုဘဲ ၊ ဟီ ဟိ )

      ဖြစ်ပုံက ဒီလို ၊ သဂျား ရဲ့ ။
      အဘ တို့ သင်္ဘောမှာက ၊ Tour Excursion အမျိုးအစားပေါင်း များစွာ ရှိတယ်လေ ။
      Tour Excursion တစ်ခုတည်း မှာ ဆိုရင်တောင်မှ ၊ ထွက်တဲ့ အချိန်တွေက မတူကြဘူးလေ ။

      အဲဒီတော့ကာ ၊ Tour Excursion အမျိုးအစားတူ ၊ ထွက်ချိန်လဲတူတဲ့ Group လိုက်ကို ၊
      သင်္ဘောပေါ်မှာ ကတည်းက Hall အခန်း တစ်ခုထဲမှာ ၊ အရင် Gather စု လိုက်ကြရတယ် ။
      ပြီးရင် အဖွဲ့တွေခွဲပြီး အရောင်မတူ နံပါတ် မတူတဲ့ sticker လေးတွေ ကပ်ပေးလိုက်တယ် ။
      ( မြို့တော်ဝန်ကြီး နှင့် တွဲရိုက်ထားတဲ့ပုံမှာ အဘတို့လင်မယား ရင်ဘတ်မှာ ၊
      အစိမ်းရောင် Sticker လေးတွေ ကိုယ်စီ ကပ်ထားတာ တွေ့ရမယ် ထင်တယ် )

      ပြီးတော့မှ ၊ သင်္ဘောပေါ်က ဝန်ထမ်း နှင့် အောက်က Tour Bus က စောင့်နေတဲ့ ဝန်ထမ်းနှင့် ၊
      Walki Talki နှင့် ချိတ်ဆက်ပြီး ၊ လူဘယ်နှစ်ယောက် Sticker ဘာအရောင် ဘာနံပါတ် ဆိုပြီး ၊
      သင်္ဘောပေါ်က ဝန်ထမ်း တစ်ယောက်က ဦးဆောင်ပြီး ၊ လူတန်းကြီးနှင့် ဆင်းလာကြတာ ။
      အဘတို့က ၊ ရှေ့က ဦးဆောင်သွားနေတဲ့ သင်္ဘောဝန်ထမ်းကို မျက်ခြေမပြတ် လိုက်ရတာ ။

      အဲလိုမှ စံနစ်တကျ မလုပ်ရင်လည်း ၊ ခရီးသည်က စုစုပေါင်း က ၂၈၀ဝ လေ ။
      ခရီးသည် အားလုံးလိုလိုက ကမ်းနားကပ်တာနှင့် တပြိုင်ထဲလောက်နီးနီး ထွက်ကြတာလေ ။
      ( အနောက်မှာရပ်ထားတဲ့ Tour Bus ပေါင်း မြောက်များစွာကိုသာ ကြည့်ပေတော့ )

      အဲဒီတော့ကာ ၊ အဘတို့ ခရီးသည်တွေ ခမျာမှာလဲ ၊
      လူစု မကွဲရလေအောင် ၊ ကိုယ့်ဇောနှင့်ကိုယ် သွားနေရတာလေ ။
      သူ့ကို ဂရုလဲ စိုက်မနေနိုင်ပါဘူး ။ သူ့ မြို့တော်ဝန် မှန်းလဲ သိမှ မသိဘဲ ။

      ဒီတစ်ခေါက်တောင် ၊
      ကံကောင်းလို့ အဘတို့က Group ရဲ့ ရှေ့ဆုံးက ရောက်နေလို့ ၊
      အေးအေးဆေးဆေး ဓါတ်ပုံရိုက်ဖို့ အချိန်ရခဲ့တာ ။
      အဲဒီမှာ ၊ ဒီလူကြီး ဝတ်စုံက ပြောင်ပြောင်လက်လက် နှင့် ၊
      အထူး အဆန်းဘဲ ၊ လှတယ် ဆိုပြီး ၊ ဓါတ်ပုံ တွဲရိုက်ခဲ့တာ ။

      ” Sir, Can I have a photo with you ??? ” ဆိုပြီး သွားမေးတော့ ၊
      ” Why not !!! ” ဆိုပြီး ဝမ်းသာအားရ ပြုံးပြုံးကြီး နှင့် ဓါတ်ပုံ တွဲအရိုက်ခံခဲ့တာ ။
      သူ့ခမျာ ၊ အခုမှ ငါ့ကိုလူရာသွင်းပြီး ဂရုစိုက်တဲ့သူ ရောက်လာပေတော့တယ် ဆိုပြီး ၊
      ပျော်သွား ၊ ကျေနပ်သွားရှာတာ ။ သနားပါတယ် ။ ဟီ ဟိ ။

      အင်း ၊ ကြုံလို့ တစ်ခု ပြောရမယ် ဆိုလို့ရှိရင် ၊ တစ်ခါတစ်လေ ၊
      အဘအနေနှင့် မြန်မာ စစ်အစိုးရကို ဒေါမနဿ နှင့် ပြောမိတာတွေ ရှိသကွဲ့ ။
      အဲလို ၊ ပြောဖြစ်သွားရတာကလဲ ၊ အဘ တို့က ၊

      ၁ ။ ဒီဖက်တွေမှာ ၊ လူ လိုနေရ ၊ လူလို အဆက်ဆံ ခံနေရပြီး ၊
      လူတွေရဲ့ အခွင့်အရေးတွေဟာ ၊ ဘာတွေမှန်းကို သိနေပြီး ။

      ၂ ။ ဒီဖက်တွေမှာ ၊ အစိုးရ ခေါင်းဆောင်တွေ / ဝန်ထမ်းတွေဟာ ၊
      ပြည်သူကို ဘယ်လို ကျိုးကျိုး နွံနွံ နှင့် ဝန်ဆောင်မှု ပြုနေကြရတယ် ဆိုတာကို ၊
      သိနေတာကိုးကွယ့် ။

      သဗ္ဗေ သတ္တာ ၊ ကမ္မ သကာ ပါဘဲလေ ။

  • ဇီဇီ

    June 16, 2014 at 4:18 pm

    အဟင့်။
    အဲ့ မြို့တော်ဝန် ဝတ်စုံ ကို အနော်တို့ဆီ က မြို့တော်ဝန်တွေ မမြင်စေနဲ့နော်။

    :hint:

  • black chaw

    June 16, 2014 at 5:20 pm

    သွားချင်ရာလျှောက်သွားလို့ဝရင်
    မြန်မာပြည်ဘက်ခြေဦးလှည့်ခဲ့ပါဦး ခင်ဗျာ…။
    :mrgreen:

  • lu lu

    June 16, 2014 at 7:35 pm

    သာယာလှပ လိုက် တဲ ့မြို ့လေးပဲနော်
    အားကျ လိုက်တာ ရောက်ဖူးချင် တယ်
    :mrgreen:

  • ဝင့်ပြုံးမြင့်

    June 17, 2014 at 12:21 am

    ပညာရှိ သတိဖြစ်ခဲ ဆိုသလို လက်ကမ်းစာစောင် pamphlet ပါ ဘဖော။

    မြို့တော်ဝန် ရုံးထိုင်တဲ့ ရုံးခန်းထဲက ပန်းချီကားကတော့ နှယ်နှယ်ရရ မဟုတ်လောက်ဘူးနော်။ ကြော် အဲဒါကို မျက်စိရောက်နေတာ။

    • Foreign Resident

      June 17, 2014 at 4:23 am

      ဝင့်ပြုံးမြင့် says:

      ” မြို့တော်ဝန် ရုံးထိုင်တဲ့ ရုံးခန်းထဲက ပန်းချီကားကတော့
      နှယ်နှယ်ရရ မဟုတ်လောက်ဘူးနော်။
      ကြော် အဲဒါကို မျက်စိရောက်နေတာ ”

      အဟိ ၊ အဘ အထင်တော့ ၊
      အဲဒါ ၊ မြို့တော်ဝန် မြေးကလေး ၊ ရှောက်ခြစ်နေတုန်းမှာ ၊
      ဆေးခွက် မှောက်ကျထားတာ ဖြစ်မယ် ။

      ဒါကြောင့် မြို့တော်ဝန် က အမြတ်တနိုး အမှတ်တရ နှင့်
      ချိတ်ထားတာ နေမှာ ။ ဟီ ဟိ ။

      အမှားပြင်ပေးတဲ့အတွက် ၊ ကျေးကျေးပါ မပြုံး ရေ ။
      ပြင်လိုက်ပါပြီ ခမျ ။

  • Ma Ma

    June 17, 2014 at 9:34 am

    Australia နိုင်ငံ ဆိုတာ ဥရောပက ကမာ္ဘစစ် (ပထမလား ဒုတိယလား မသိ) ဖြစ်ဖို့ အကြောင်းစခဲ့တဲ့ နိုင်ငံများလား။

    ရေကြီးရေလျှံလို့ ညစ်တွန်းတွန်းနေတာနဲ့ ကိုဖောရဲ့ ပိုစ့်နဲ့တော့ ကွက်တိပဲ။
    ရေကြီးလွန်းရင် အဲ့သဘောင်္ကြီးကို စင်းလုံးငှားရ ကောင်းမလားလို့ပါ။ 😀

    • Foreign Resident

      June 17, 2014 at 3:09 pm

      ပထမ ကမာ္ဘစစ် ဖြစ်တာက ၊ ဥရောပ က Austria ဩစတီးယား နိုင်ငံ ရဲ့
      အိမ်ရှေ့စံ မင်းသား Ferdinand အသတ်ခံရလို့ပါ ။
      ကျနော် အခု နေနေတဲ့ တိုင်းပြည်က ၊
      ကမာ္ဘ့ တောင်ခြမ်း က Australia ဩစတေလျှ နိုင်ငံ / Continent တိုက် လေ ။

      • Ma Ma

        June 19, 2014 at 2:09 pm

        မြန်မာလိုကတည်းက မသဲကွဲ။
        ဘိုလိုလည်းကျရော ပိုဆိုး။ :kwi:

    • အရီးခင်

      June 19, 2014 at 2:41 am

      Austria ဩစတီးယား နိုင်ငံ က သများ ရဲ့ ကွန်ချီတာ မယ်မုတ်ဆိတ် ရဲ့ နိုင်ငံလေ မမ။
      ဥရောပဘက်ပေါ့။ :-)))))

  • kyeemite

    June 17, 2014 at 10:55 am

    ပြောရမယ်ဆိုရင်တော့ အတုယူစရာချည်းပါပဲဗျာ…
    ဒီမှာတော့ မြို့တော်ဝန်မဆိုထားနဲ့ ရပ်ကွက်ဥက္ကဋ္ဌ လောက်ဖြစ်ရင်တောင် လူကိုလူမထင်တော့တာ
    နံ့သာဆီနဲ့အီးလို့ ပြောရင်တောင် နီးနေသေးတယ်…

  • အရီးခင်

    June 19, 2014 at 2:37 am

    မေးမယ် မေးမယ် နဲ့ မမေးဖြစ်တာလေး။
    ကြားဖူးတာ။ အဲဒီ Cruise ကို စီးသူ အများစု (may be အားလုံး နီးပါး) က အဖိုးကြီး အဖွားကြီး ပင်စင်စားတွေ မျိုးဆို။
    ခရီးသည်တွေထဲ လူငယ်တွေရောပါလား။
    အဘဖော တို့ အငယ်ဆုံး ဖြစ်နေမလား ????
    အချိန်ပေးပြီး စိတ်ရှည်ရှည် ပြောပြနေသမို့ ကျွန်မတို့ လဲ လိုက်ပြီး ခရီးထွက် နေရသလိုပါ။
    ကျေးကျေးကြီး။ :-)))

Leave a Reply