ဗဟုသုတလေးတွေပါ။

Yin Nyine NwayAugust 12, 20103min873
ဘာကြောင့်ကြယ်တံခွန်မှာအမြီးတန်းရှိနေတာလဲ ?

ကြယ်တံခွန်ဆိုတာကီလိုမီတာအနည်းငယ်ပဲထူထဲတဲ့ကျောက်သားအကြေအမွတွေ၊ရေခဲအကြေအမွ
တွေဖွဲ့စည်းထားတဲ့ကိုယ်ထည်ကြီးဖြစ်တယ်။သူကနေနဲ့အနီးကိုရောက်လာတဲ့အခါမှာပူလာတယ်။ရေ
ခဲတွေကဓာတ်ငွေ့တွေ အဖြစ်ပြောင်းလဲသွားတယ်။ဖုန့်မှုန့်အပိုင်းအစတွေကိုအာကာသထဲဆွဲထုတ်ပစ်
ထယ်။နေမှပျံထွက်လာတဲ့အမှုန်လေးတွေစုထားတဲ့တိမ်တိုုက်တွေဟာ(အာကာသထဲရှိလေကြောင့်)
သူ့ဓာတ်ငွေ့တွေကိုနောက် ဘက်တွန်းထုတ်ပြီးဖုန်မှုန့်တွေနဲ့အမြီးတန်းအဖြစ်ဖွဲ့စည်းထားလိုက်ပါတယ်။
နေရဲ့အနားကဖြတ်ပျံနေစဉ်မှာအဲဒီဥက္ကာခဲရဲ့အမြီးတန်းကသိပ်လှတယ်။အလှဆုံးပဲ၊အမြီးတန်းကီ်လို
မီတာသန်းနဲ့ချီပြီးရှည်လျားနိုင်တယ်။တစ်ချို့အမြီးတန်းတွေကသိ်ပ်ကိုပါးလွှာတယ်။ဥပမာအားဖြင့်ကမာ္ဘ့
အနီးမှဘေးဒုက္ခမပေးဘဲဖြတ်ပျံသွားတဲ့ဟေလီကြယ်တံခွန်ရဲ့အမြီးဟာသိပ်ကိုပါးလှပ်ပါတယ်

_____________________________________________________________________

ပင်လယ်ဟာဘယ်လောက်နက်သလဲ ?

ပစိဖိတ်သမုဒ္ဒရာဟာ အနိ်မ့်ဆုံးအနက် (၄၀၅၀)မီတာနဲ့ အမြင့်ဆုံးအနက် (၁၁၀၃၀)မီတာရှိပြီး အနက်ဆုံး
ဖြစ်တယ်။ နောက်တစ်ခုဖြစ်တဲ့အိနိ္ဒယသမုဒ္ဒရာဟာအနိမ့်ဆုံး (၃၉၀၀)မီတာနဲ့အမြင့်ဆုံးအနက် (၉၂၀၀)မီ
တာရှိတယ်။အတ္တလန်တိတ်သမုဒ္ဒရာကတော့အနိမ့်ဆုံးအနက်(၃၃၀၀)မီတာနဲ့အမြင့်ဆုံးအနက် (၉၂၀၀)မီ
တာ၊ အာတိတ်သမုဒ္ဒရာကတော့ အနိမ့်ဆုံးအမြင့်ဆုံးအနက် (၅၅၀၀)မီတာရှိပြီး မြေထဲပင်လယ်ကအများ
ဆုံးအနက် (၅၁၂၀)မီတာနဲ့ အနည်းဆုံးက (၁၀၀၀)မီတာရှိတယ်။ ပင်လယ်နက်အစုအဝေးရဲ့အောက်ခြေ
ကဘောလ်တစ်ဖြစ်ပြီးအနည်းဆုံးအနက်က (၄၆၀)မီတာရှိပြီးမြောက်ဘက်ပင်လယ်ကတော့(၉၁-၁၀၀)မီ
တာနက်တယ်။

_____________________________________________________________________

သက်တန့်ဘာကြောင့်ဖြစ်ရတာလဲ ?

သက်တန့်တွေကိုညမှာမမြင်ရဘူးဆိုတာသင်သတိထားမိလိမ့်မယ်။တိမ်ထူတဲ့နေ့တွေနဲ့မိုးရွာနေတဲ့
အခါမှာလည်းသူတို့ကိုသင်မမြင်ရဘူး။မိုးရွာပြီးကြည်လင်သွားသည့်အခါတွေနဲ့နေပူတုန်းမိုးရွာနေတဲ့
အချိန်အတွင်းမှာသက်တန့်တွေပေါ်ပေါက် လာတယ်။ရေထဲမှာရှိတဲ့ရေစက်ကလေးတွေကိုနေရောင်
ခြည်အလင်းပြန်တဲ့အခါတွေမှာသက်တန့်ကိုတွေ့နိုင်သည်။

_____________________________________________________________________

လျှို့ဝှက်စာရေးနည်းပညာ ဆိုတာဘာလဲ ?

လျှို့ဝှက်စာရေး နည်းပညာဆိုတာ စာလုံးတွေ စီရမယ့်နေရာမှာ ကိန်းဂဏန်းတွေကိုအသုံးပြုပြီး လျှို့
ဝှက်စာတမ်းတစ်စောင်ရေးဖွဲ့တဲ့ အနုပညာတရပ်ဖြစ်တယ်။ အက္ခရာစာလုံး အသီးသီး အတွက် သီးခြားအ
ထူးပြုစီမံထားတဲ့ ကိန်းဂဏန်းတွေပေးထားပြီး စကားဝှက်စာတစ်စောင်ရေးဖွဲ့ရပါတယ်။ ဒီလျှို့ဝှက်သင်္ကေ
တကို ဆိုက်ဘာစကားဝှက်လို့ခေါ်ပါတယ်။ စကားဝှက်ပုံစံနှစ်မျိုးရှိတယ်။ သတင်းပေးပို့လွှာမှာပါတဲ့ စာလုံး
အသီးသီးအတွက် ကိန်းဂဏန်း၊ စာလုံးသင်္ကေတ တစ်မျိုးမျိုးနဲ့ အစားထိုးရေးသားခြင်းမျိုုုးလည်း ရှိတယ်။
ဒုတိယအမျိုးအစားကတော့ သတင်းလွှာမှာပါတဲ့ စာလုံး လေးတွေကို နေရာအထား အသို အစီအစဉ်များ
ပြောင်းလဲပစ်ခြင်းများဖြစ်ပါသည်။ဒီင်္လိုနည်းလမ်းနှစ်သွယ်ကိုအသုံးပြုတဲ့အခါနည်းမျိုးစုံအသုံးပြုကြတယ်။
ပေးပို့သူူနဲ့ လက်ခံသူနှစ်ဦးစလုံးမှာ သင်္ကေတနဲ့လျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်မယ့် သင်္ကေတ အညွှန်းစာ
အုပ် ကိုယ်စီရှိကြတယ်။

_____________________________________________________________________

ကမာ္ဘ့ပထမဆုံး လေကြောင်းလိုင်းကဘာလဲ

KLM (Kiss Me, Leave Me, Miss Me) သည် ကမာ္ဘ့ပထမဆုံး စီးပွားဖြစ်လုပ်ကိုင်လေကြောင်းလိုင်း
ဖြစ်ပြီး လွန်ခဲ့သောနှစ်ပေါင်း ၈ဝကျော်ကတည်းကပြေးဆွဲခဲ့ခြင်းဖြစ်သည်။ ၎င်းကိုနယ်သာလန်နိုင်ငံမှ ဒက်ချ်
လူမျိုး လေယာဉ်မှူး အဲလဘတ်ပလီစ်မန်းက စတင်ခဲ့ခြင်းဖြစ်သည်။အဲလဘတ်သည်KLMလေကြောင်းလိုင်း
ကို တည်ထောင်ခဲ့ပြီး ၁၉၅၃ ခုနှစ်တိုင်အောင် KLM၏ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ခဲ့သည်။ယနေ့ခေတ်တွင်တိုက်
ကြိီးငါးတို်က်မှ မြို့တော်ပေါင်း ၁၄၀ဝကျော်တွင် KLMလေကြောင်းလိုင်း၏ကွန်ယက်များဖြန့်ကျုက်ထားပြီဖြစ်
သည် ဟု 7 Day News ဂျာနယ်တွင်ဖော်ပြထားပါသည်။

_____________________________________________________________________

အင်းတော်ကြီးဘာကြောင့်ကမာ္ဘကျော်တာလဲ ?

ကချင်ပြည်နယ်မြစ်ကြီးနားခရိုင်မိုးကောင်းနယ်အတွင်းတည်ရှိသည်။မြန်မာနိုင်ငံ၏အကြီးဆုံးသောသဘာဝ
အင်းကြီးဖြစ်သည်။တောင်နှင့်မြောက်အလျား(၁၆)မိုင်ရှိသည်။
မိုးရာသီအချိန်တွင်အနောက်ဘက်ကမ်းရှိလုံးတုံနှင်အရှေ့ဘက်ကမ်းရှိဟဲမုရွာအကြားရေပြင်အကျယ်ဆုံးဖြစ်
သည်။အနံခုနှစ်မိုင်ကျယ်ဝန်းသည်။ရေပြင်ကြီးသက်သက်အကျယ်အဝန်းသည်(၄၄.၉)စတုရန်းမိုင်ရှိသည်။
အင်းတော်ကြီးအိုင်အတွင်းအမှိုက်ဒိုက်သရိုက်ကင်းစင်သည်။ရေကြည်လင်သည်။ရေပြင်ကျယ်ကြီးသည်
ပင်လယ်ပြင်တမျှရှုမဆုံးအောင်လှပသည်။အင်းတော်ကြီး၏အလယ်အင်းစွယ်တစ်ခုပေါ်တွင်ရွှေမဉ္ဖူစေတီ
တော်တည်ထားသည်။ အင်းတော်ကြီးသည်ပတ်ပတ်လည်၌တောင်ရိုးတောင်စွယ်များဝိုင်းရံထားသည့်
ချိုင့်ဝှမ်းကြီးဖြစ်သည်။ရွှေမဉ္ဖူစေတီသည်ကချင်ပြည်နယ်၏အဓိကရစေတီတော်ကြီးဖြစ်သည်။ပေါင်းလဆန်း
ုရားပွဲတော်ကျင်းပချိန်နီးကပ်လာလျှင်ဘုရားစေတီအရောက်လူလျှောက်သွားနိုင်ရန်သဲလမ်းမကြီးနှစ်လမ်းပေါ်
လာတတ်သည်။ ဘုရားပွဲတော်ပြီးသည့်အခါသဲလမ်းများရေထဲပြန်မြုပ်သွားတတ်သည်။

_____________________________________________________________________

အိုလံပစ်ပွဲတော်များဘယ်အချိန်က စတင်ခဲ့သလဲ ?

ခရစ်တော်မပေါ်မီ(၇၇၆)ခုနှစ်မှစ၍ဂရိလူမျိုးများသည်အိုလံပစ်ပွဲတော်များကိုလေးနှစ်တစ်ကြိ်မ်
ကျင်းပခဲ့သည်။ထိုအချိန်တွင် zeus နတ်ဘုရားကိုပူဇော်ရန်ပန်းချီပညာရှင်များစာရေးဆရာများ၊
အားကစားသမားများစုဝေးရောက်ရှိတတ်သည်။အိုလံပစ်ပွဲဟုကျော်ကြားလာခဲ့သည်။ပထမဦးဆုံး
အိုလံပစ်ပြိုင်ပွဲများသည်အားကစားသက်သက်မဟုတ်ချေ၊ပြဇာတ်များကကြသည်၊ကဗျာများရွတ်
ကြသည်။ ပြေးပွဲများကျင်းပကြသည်။ဂရိလူမျိုးများအတွက်အိုလံပစ်ပြိုင်ပွဲများသည်စိတ်နှင့်ရုပ်
ပေါင်းစပ်မှုကိုဖော်ပြပြီး zeus နတ်ဘုရားထံအောင်ပွဲဆုတောင်းခံနိုင်သည်ဟုယူဆသည်။အိုလံ
ပစ်ပွဲတော်များကို(၃)ရက်ကြာမျှကျင်းပခဲ့သည်။အားကစားသမားများသည်အပြေးပြိုင်ကြ၊လှည်း
မောင်းပြိုင်ကြသည်။ပွဲတော်မစမီကျမ်းသစ္စာကျိန်ရသည်။ပြိုင်ပွဲများအပြီးတွင်ဆုပေးပွဲများစား
သောက်ပွဲများကျင်းပတတ်ကြသည်။

_____________________________________________________________________

အင်းလေးကန်ကြီးဘာကြောင့်ကမာ္ဘကျော်ရသလဲ ?

ရှမ်းပြည်နယ်တောင်ပို်င်း၊ညောင်ရွှေနယ်တွင်တည်ရှိသည်။မြစ်ကြီးနားခရိုင်ရှိအင်းတောင်ကြီးမှလွဲလျှင်
မြန်မာနိုင်ငံမှဒုတိယအကြီးဆုံးသောသဘာဝအင်းအိုင်ကြီးဖြစ်သည်။တောင်နှင့်မြောက်တန်းလျက်ရှိသော
တောင်တန်းကြီး(၂)ခုကြားတွင်ခွက်ဝင်နေသောညောင်ရွှေချိုင့်ဝှမ်းကြီး၏အလယ်အနက်ရှိုင်းဆုံးအပိုင်း၌
တည်ရှိသည်။
အင်းလေးတည်ရာအရပ် သည်ပင်လယ်ရေမျက်နှာပြင်အထက်ပေ(၂၉၀၀)ကျော်မြင့်သည်။
အင်းလေးသည်တောင်ပေါ်အင်းအိုင်ကြီးတစ်ခုဖြစ်သည်။တောင်ရိုးတောင်တန်းများဝန်းရံလျက်ကြည်လင်
ပြာလဲ့သောရေပြင်ကျယ်ကြီးဖြစ်သောကြောင့်မြန်မာနိုင်ငံတွင်သာမကကမာ္ဘတွင်ပါကျော်ကြားသည်။အင်း
လေးသည်တောင်နှင့်မြောက်အလျားကိုးမိုင်ခန့်ရှည်သည်။အကျယ်ဆုံးနေရာ၌အရှေ့နှင့်အနောက်သုံးမိုင်ခွဲ
ခန့်ရှိသည်။ရှေးအခါကအင်းလေးကန်ကြီး၏အကျယ်အဝန်းသည်စတုရန်းမိင်(၁၉၀)ခန့်ရှိမည်ဟုခန့်မှန်းရ
သည်။အင်းလေးရေပြင်ပေါ်တွင်ရွာကြီး၊ရွာငယ်များတည်ဆောက်ထားသည်။တစ်နေရာမှတစ်နေရာသို့လှေ
များ၊စက်လှေများဖြင့်သွားလာကြသည်။လှေကိုခြေဖြင့်လှော်ခတ်သည်။အင်းလေးဒေသနန်ဟူးရွာရှိဖောင်
တော်ဦးဘုရားသည်ထင်းရှားသည်။

_____________________________________________________________________

ငပလီလို့ဘာကြောင့်ခေါ်တာလဲ ?

အပန်းဖြေစခန်းအဖြစ်ထင်ရှားသည်။ရခို်င်ပြည်နယ်၊သံတွဲမြို့နှင့်လေးမိုင်လောက်သာဝေးကွာသည်။
မဇင်းလေဆိပ်သည်သံတွဲမြို့နှင့်ခုနှစ်မိုင်ခန့်ဝေးသည်။ငပလီကမ်းခြေစခန်းသည်ရွာကလေးဖြစ်သည်။
မဇင်းလေဆိပ်မှ(၂)မိုင်မျှသာဝေးသည်။ငပလီသည်မြန်မာစကားမဟုတ်ပေ။အီတလီလူမျိုးတို့သည်
သံတွဲမြို့အနီးယခုငပလီစခန်းသို့ရောက်လာကြသည်။ငပလီစခန်းနေရာသည်အီတလီနိုင်ငံရှိနေပလီ
(နေပယ်)ကမ်းခြေစခန်းကဲ့သို့အလွန်သာယာသည်။ရှုခင်းလှသည်။ထို့ကြောင့်နေပလီဟုခေါ်တွင်ခဲ့သည်း
နောင်တွင်နေပလီ မှ ငပလီ ဖြစ်လာသည်ဟုဆိုသည်။

_____________________________________________________________________

ပင်းတယမြို့ဘာကြောင့်ကမာ္ဘကျော်နေတာလဲ ?

ရှမ်းပြည်နယ်(တောင်ပိုင်း)ပင်းတယမြို့သည် ဧရာဝတီမြစ်၏မြစ်လက်တက်ဖြစ်သော ဇော်ဂျီမြစ်တောင်
မှမြောက်သို့ဖြတ်သန်းစီးဆင်းသောမြစ်ဝှမ်း၌တည်ရှိသည်။ ပင်းတယမြို့၏အရှေ့ဘက်ပိုင်းတွင်ကုန်းမြင့်
လွင်ပြင်ကြီးဖြစ်လျက်ရှိသည်။ ပေ(၃၀၀၀)ကျော်မြင့်သည်။ အနောက်ပိုင်းတွင်လည်းပေ (၅၀၀၀)ကျော်
မြင့်သောတောင်တန်းကြီးရှိသည်။ပင်းတယမြို့သည်တောင်တန်းကြီး၏ခြေရင်းတွင်တည်ရှိသည်။အလွန်
ရှုခင်းလှသည်။ မြို့အဝင်တွင်နာဂပတ္တန်၊ပုတ္တလုတ်ကန်ဟုခေါ်သော ပင်းတယကန်ကြီးရှိသည်။ ညောင်
ကြတ်ပင်တန်း၏အရိပ်အောက်၌တင့်တယ်စွာရှိသည်။ ပင်းတယမြို့အနောက်တောင်ဘက်ယွန်းယွန်း(၁)
မိုင်ခန့်အကွာတောင်စောင်းပေါ်တွင်စောင်းတန်းအသွယ်သွယ်ရွှေရောင်တဝင်းဝင်းဖြင့်ရွှေဥမင်ဘုရားရှိ
သည်။ရွှေဥမင်ဘုရား၏ ကျောက်သားဥမင်ကြီးအတွင်း၌ဘုရားဆင်းတုတော်များလက်ညှိုးထိုးမ လွဲအောင်
များပြားသည်။

_____________________________________________________________________

ဘားအံဆိုတဲ့နာမည ် ဘယ်ကရတာလဲ ?

ဘားအံမြို့သည်ကရင်ပြည်နယ်၏မြို့တော်ဖြစ်သည်။လွန်ခဲ့သောနှစ်ပေါင်း(၁၀၀၀)ကျော်ကသံလွင်မြစ် ကမ်းနဖူးတွင်စုစုပေါင်းအိမ်ခြေ (၂၀၀)ခန့်ရှိရွာလေးတစ်ရွာသာဖြစ်ခဲ့သည်။ ရွာကလေးတည်ရာသံလွင် မြစ်၏ကမ်းစွယ်တွင်အဓိကရ ကျောက်စွန်းကြီးတစ်ခုရှိသည်။
ထိုစွန်းကို ယိုးဒယား၊ ရှမ်းဘာသာဖြင့်ဖား
အမ်း(ကျောက်+အစွယ်)ဟုခေါ်ခဲ့သည်။ဖားအမ်းမှတစ်ဆင့်အသံအနည်းငယ်ပြောင်း၍ဘားအံဟုအမည်
တွင်လာသည်။ ၁၉၀ရခုနှစ်တွင်မြို့ကွက်ရိုက်ခဲ့သည်။
ဘားအံမြို့နယ်တွင်ထင်ရှားသောတောင်သည်ဇွဲ
ကပင်တောင်ဖြစ်သည်။ဇွဲကပင်ဆုတောင်းပြည့်စေတီတော်တည်ထားသည်။ဘားအံမြို့မှသံလွင်မြစ်ညာ
ရှစ်မို်င်ခန့် အကွာကော့ဂွန်းတောင်၏အရှေ့ဘက်၌ကော့ဂွန်းဂူရှိသည်။
ဘားအံ၏အနောက်ဘက်(၁၂) မို်င်ကွာအရပ်၌ဘုရင်ဂျီဂူ(ဘုရင့်ညီဂူ)ရှိသည်။
ဂူ၏အောက်ခြေတွင်ရေပူစမ်းအိုင်ရှိသည်။ ရေပူစမ်း၊ရေ အေး
စမ်းနှစ်ခုယှဉ်လျက်စီးဆင်းလျက်ရှိသော်လည်းရေပူနှင့်ရေအေးပေါင်းစပ်ခြင်းမရှိကြောင်းတွေ့ရ
သည်။

_____________________________________________________________________

ရွှေစက်တော်ဘေးမဲ့တော ဘယ်မှာရှိသလဲ ?

ခရစ်မပေါ်မီ (၆၀၀)ခုနှစ်တွင်မြတ်စွာဘုရားခြေတော်ရာနှစ်ဆူကိန်းဝပ်စံပယ်ခဲ့၍ အထက်စက်တော်ရာ၊
အောက်စက်တော်ရာဟူ၍ထင်ရှားသည်။ ရွှေစက်တော်ဘေးမဲ့တောကို် ၁၉၄ဝပြည့်နှစ်ဇွန်လ (၂၉)ရက်
တွင်စတင်တည်ထောင်ခဲ့သည်။ မင်းဘူး(စကု)မြို့နယ်၊ ငဖဲမြို့နယ်နှင့် စေတုတ္တရာမြို့နယ်များပါဝင်
တည်ရှိသည်။ ရွှေစက်တော်ဘေးမဲ့တောသည် (၃၁၄)စတုရန်းမိုင်ကျယ်ဝန်းသည်။ မြန်မာ့ရွှေသမင်ကို
အဓိကထိန်းသိမ်းထားသည်။ ငှက်အမျိုးပေါင်း (၁၁၃)မျိုးလည်းအခြားတိရစာ္ဆန်များနှင့် အတူကျက်စား
နေထိုင်သည်။ မြန်မာနိုင်ငံတွင်ရွှေစက်တော်ဘေးမဲ့တောအဖြစ် ခါကာဘိုရာဇီအမျိုးသားဥယျာဉ်၊ အင်း
တော်ကြီးဘေးမဲ့တော၊အင်းလေးဒေသ၊လန်ပိဘေးမဲ့တော၊မိန်းမလှကျွန်းဘေးမဲ့တော၊အလောင်းတော်
ကဿပအမျိုးသားဥယျာဉ်တို့လည်းအထူးထင်ရှားသည်။ မြန်မာနို်င်ငံတွင်အမျိုးသားဥယျာဉ်ခြောက်ခု၊
တောရိုင်းတိရစာ္ဆန်ဘေးမဲ့တော (၃၅)ခုရှိသည်။ တောင်ဥယျာဉ်အဖြစ် ပုပ္ပါးတောင်ဥယျာဉ်တစ်ခုသာရှိ
သည်။

_____________________________________________________________________

မီးသေတောင်ကြီးဘယ်မှာရှိသလဲ ?

ပုပ္ပါးတောင်သည်နတ်တောင်ဟူ၍လည်းကောင်း၊မီသေတောင်ဟူ၍လည်းကောင်းထင်းရှား
သည်။မန ္တလေးတိုင်း၊မြင်းခြံခရိုင်အရှေ့ဘက်စွန်းတွင်ထီးထီးကြီးတည်ရှိနေသည်။ ပဲခူးရိုးမ
တောင်တန်း၏မြောက်ဘက်အစွန်းတွင်သီးခြားထိုးထွက်နေသောမီးတောင်ဟောင်းကြီးတစ်
ခုဖြစ်သည်။ ပင်လယ်ရေမျက်နှာပြင်အထက်(၄၉၈၁) ပေမြင့်သည်။ ပတ်ဝန်းကျင်၌တောင်
များမရှိပေ။ တစ်တောင်တည်း မီတောင်၏ထိပ်ခွက်ခွက်နှင့်ထိုးထွက်နေသည်။ မိုင်(၄၀)ခန့်
ဝေးသောဧရာဝတီမြစ်ပေါ်မှပင်မြင်နိုင်သည်။ အနောက်ဘက်သို့အနည်းငယ်ထွန်းလျက်နိမ့်
သည်။ တောင်ဘက်၊ အနောက်ဘက်နှင့်အရှေ့ဘက်တို့တွင်မြင့်မားသည်။ ပုပ္ပါးတောင်ကြီး
ကို အရပ်လေးမျက်နှာမှကြည့်လျှင် ပုံသဏ္ဍာန်လေးမျိုးဖြင့်မြင်နိုင်သည်။ မီးတောင်ထိပ်ဝ
(၃၀၀၀) ခန့်နက်ရှိုုင်းသော ချောက်ကြီဖြစ်ပေါ်လျက်ရှိသည်။ ပုပ္ပါးမီးတောင်သည်တစ်ကြိမ်
သာ ပေါက်ကွဲခဲ့ပုံရသည်။ ပုပ္ပါးမြို့ကလေးသည် ချော်ကုန်းပြင်မြင့်ပေါ်၌တည်ထားခြင်းဖြစ်
သည်။

_____________________________________________________________________

ရှေးဟောင်းပျူမြို့တော်ကြီး ဘယ်မှာရှိသလဲ ?

သရေခေတ္တရာမြို့ဟောင်းသည်ပြည်မြို့အရှေ့တောင်ဘက်ငါးမို်င်အကွာတွင်ရှိသည်။ အုတ်မြို့ရိုးကိုကျုံးပတ်လည်
ဝိုင်းထားသည်။စက်ဝိုင်းပုံမကျတကျဖြစ်ပြီးတောင် မြောက်နှစ်မိုင်ခွဲ၊အရှေ့အနောက်နှစ်မို်င်ခန့်ကျယ်ဝန်းသည်။ပြည်
ပေါက်ခေါင်းသွားကားလမ်းကို မြောက်ဘက်မြို့ရိုးပေါ်မှဖြတ်လျက်တည်ဆောက်ထားသည်။ မှောဇာဘူတာသည်မြို့
ဟောင်း၏ဗဟိုနေရာအရှေ့မြောက်ဘက်ယွန်းယွန်းတွင်တည်ရှိသည်။ ပျူခေတ်ရှေးဟောင်းအဆောက်အအုံများနေ
ရာအနှံတွေ့မြင်နိုင်သည်။ မြို့ရိုးအလယ်ဗဟိုတွင် နန်းတော်ကုန်းနေရာရှိသည်။ စတုဂံအုတ်ရိုး ကာရံထားသည်။
တောင်ဘက်မြို့ရိုးအပြင်ဘက်၌အရှေ့ပျူတိုက်၊အနောက်ပျူတိုက်နှင့်ဗိဿနိုး သင်္ချိူင်းကျန်ရှိသေးသည်။

3 comments

  • intro

    August 13, 2010 at 12:42 pm

    ဗဟုသုတရစရာလေးတွေပါ… ကောင်းပါတယ်ဗျာ.. ဒီ Post က…

  • bolay

    August 16, 2010 at 3:09 pm

    ဖတ်သွားပါတယ်…ဗျာ…

  • NightDream

    December 11, 2011 at 3:47 pm

    ကောင်းပါတယ် ဗဟုသုတရတာပေါ့

Leave a Reply