“ပျားစွဲသောဘုရား”

“ပျားစွဲသောဘုရား”

 

 

1 ဒုက္ကရစရိယကျင့်တော်မူပုံ ဆင်းတုတော်
1 ဒုက္ကရစရိယကျင့်တော်မူပုံ ဆင်းတုတော်

မန္တလေးနန်းရှေ့ ၆၂လမ်းနဲ့လမ်း၃ဝဒေါင့်မှာ

ဒုက္ကရစရိယ ကျင့် တော် မူသော ပုံ နဲ့ တည်ထားတဲ့ဘုရားတစ်ဆူရှိပါတယ်။

မနေ့ကတော့ ဓါတ်ဆရာ ဝန်နဂျီး က သတင်းပေးလာ ပါတယ်။

မနက်ပိုင်းသွားဖူးတော့ အလင်းပြန်နေလို့ရိုက်မရ။

ဒီနေ့တော့ ညနေပိုင်းသွားပြီးရိုက်ဖြစ်ခဲ့ပါတယ်။

 

2မေးစေ့ တော် တွင်ပျားစွဲနေပုံ
2မေးစေ့ တော် တွင်ပျားစွဲနေပုံ

ဘုရားရဲ့မေးစေ့တော်နဲ့ နုပ်ခမ်းတော်မှာပျားစွဲနေတာပါ။

ကျနော်တို့ မြန်မာတွေရဲ့ အယူက ပျားစွဲ တယ် ဆို တာ

နိမိတ်ကောင်းတယ် လို့ ယူဆပါတယ်။

3အနီးကပ်
3အနီးကပ်

လမ်းဘေးမှာရှိနေပေမယ့် အရင်ကဖြတ်သွားဖြတ်လာပေမယ့်

ဝင်ပြီးဖူးခဲတဲ့ဘုရားမှာ အခုတော့လူတွေစည်ကားလို့။

ကဲ မိတ်ဆွေတို့ ဖူးမျှော် ရ အောင် ကျနော် မှတ်တမ်းတင်လာပါတယ်။

 

4ဘေးတို်က်
4ဘေးတို်က်

 

ကိုပေါက်လက်ဆောင်

16-6-2014

 

12 comments

  • kyeemite

    June 17, 2014 at 9:44 am

    FB မှာလူတစ်ယောက်တင်လာလို့ဖူးလိုက်ရတယ်…ကိုပေါက်ပုံတွေကတော့ပိုပြီးကြည်လင်ပြတ်သားတယ်
    ကျေးဇူးပါဗျို့

  • ဇီဇီ

    June 17, 2014 at 12:08 pm

    ငင်။
    မန်းလေးမှာ ဒီ ဘုရားရှိတယ် ဟုတ်လားးး
    မရောက်ဖူးဘူးးး လေးပေါက်

    • ခင် ခ

      June 17, 2014 at 1:14 pm

      ဒီဘုရား တည်ပြီးသာ သိပ်မကြာသေးဘူး အဲဒါကြောင့် မသိသေးသာဖြစ်မယ် ဇီဇီ တစ်ယောက်။

      ပျားသည် အမြင့်မှာစွဲလျှင် မိုးကြီးလေကြီးလိမ့်မည်လို့တော့ ဖတ်ဖူးတယ်ဗျ။ ဒီလောက်ဉာဏ်တော်မြင့်တဲ့ ဘုရားမျက်နှာတော်မှစွဲတာဆိုတော့ ဒီနှစ်မိုးတော့ ရေများတော့မယ်နဲ့တူတယ်နော်။

  • alinsett (gazette)

    June 17, 2014 at 4:44 pm

    မန်းလေးလာတုန်းက.. အဲ့ဘုရားဘေးက..ဖြတ်တော့ သွားဘူးတယ်.
    ဝင်မကြည့်ခဲ့မိဘူး ။
    ဒီတစ်ခေါက်လာရင်တော့… ဝင်ဖြစ်အောင် ဝင်ကြည့်ဦးမယ် ။
    ပျားအုံကတော့…အဲဒီအခါကျရင်. ရှိချင်မှ ရှိတော့မယ်ပေါ့လေ…

    :kwi:

  • 1 ကိုမိုက်ရေ သတိ မထား မိလို့ ပါ ဒီဘုရား ရွှေမချင်ခင် က ကျနော် တစ် ခါ တင် ဘူး တယ်

    2ဇီဇီ က ဘယ် သိတော့ မလဲ ညည်း ကမန်းလေးသူမ ဟုတ်တော့ ဘူး အေ့

    3 ကိုခ ရေ အမြင့်မှာပျားစွဲရင်၊ ပုရွတ်ဆိတ်အုံအစုအပြုံလိုက်ပြောင်းရင် ရေ ကြီးမယ်
    ငှက်သိုက်အနိမ့်မှာလာလုပ်ရင်လေကြီး မယ် တိရိစာ္ဆန်များကလူထ က် သဘာဝ တရား ကို ပို သိ တယ်
    4 ဆက်ဆက် ရော ပျားအုံ မရှိလဲ ဖူး ပါ အေ့

  • ဗုံဗုံ

    June 17, 2014 at 7:27 pm

    သမီးတို့​နေရာနဲ့လမ်​း​လျှောက်​ရင်​ ငါးမိနစ်​​တောင်​ မပြည်​့ဘူး
    ဘုရား တည်​ခါစတုန်​းက အဲ့ဝင်​းထဲ သွားသွား ​ဆော့ကြတာ
    အခု ပျားစွဲမှ မ​ရောက်​ဖြစ်​ဘူး
    လူ​တွေ​တော့ အများကြီးဘဲ

    • မိဗုံကလျောက်လည်နေတာ တောင်သမန်ရောက် ဒီးဒုတ်ရောက်
      အိမ်နားက ဘုရားတော့ မရောက်

      ကောင်းမှ ကောင်း

  • ချစ်ရင်ထူး II

    June 18, 2014 at 1:22 am

    သတင်​းမှာ ဓာတ်​ပုံပြလိုက်​ရင်​ စာနဲ့ရှင်​းပြစရာမလို​လောက်​​အောင်​​ကောင်​းတဲ့ပုံ​တွေအများကြီးရှိပါတယ်​ ၊ ဓာတ်​ပုံမှားခဲ့ရင်​လဲအဓိပ္ပါယ်​ပါလွဲသွားနိုင်​ပါတယ်​
    ​ကြေးမှုံ သတင်​းစာမှာ မန်​း​လေးက သတင်​း​ထောက်​ရိုက်​တဲ့ပုံက ဘုရားမှာ ပျားစွဲတယ်​လို့ မထင်​ရဘဲ ဘုရားမှာ မုတ်​ဆိတ်​​မွေး​ပေါက်​​နေသလို ြြြဖြစ်​​နေပါတယ်​

    • နုတ် ၁၀ဝ စာ တစ်လုံး

      ဓါတ်ပုံတစ်ပုံ စာအလုံးပေါင်းများစွာ လို့ ထင် မိ ပါ တယ။်

      ကိုကိုချစ်ရေ

      သတင်းဓါတ်ပုံဆိုရင်အတော်များများကပြီးစလွယ်ရိုက်တာကိုတွေ့ကြပါတယ်။
      သတင်း ရ ချင် ဇောကြောင့်လဲဖြစ်ချင်ပါတယ်။
      ဒီ သတင်းဓါတ်ပုံနဲ့ပါတ်သက်လို့ပြောရရင်
      ဒီနှစ်သင်္ကြန်မတိုင်ခင် မှတ်မှတ်ရရ ကျနော်တို့ရွာအလှူပွဲလေးမတိုင်ခင် ၃ရက်လောက်ကပေါ့
      ဂျာနယ်လစ် ဂျေမောင်မောင်(အမရပူရ)ရယ် ကိုရဲ (ကလော)ရယ် တောင်ကြီးမှာဆုံဖြစ်ခဲ့ပါတယ်။
      ကိုဂျေ ကတော့ သတင်းဓါတ်ပုံ ကို ခံ စားချက် ထည့် ပြီး ရ သေ မြာက်အောင်သူ ကြိုးစားပြီး ရိုက်ခဲ့ တာလေးတွေကို
      ပြော ပြ ပါ တယ်။
      သတင်းဓါတ်ပုံပေမယ့် လည်း တကယ်ကို သေ သေ သပ် သပ် ရိုက်ထားရင ်သတင်းကို ပို အထောက်အကူပြု စေ တယ် လို့ ပြော ပါတယ်။
      အခု ကို ကို ချစ်ပြောတာ မြင်လိုက်မှ ကိုဂျေ မောင်မောင် ( အမရ ပူ ရ )ကို ပို လို့ တောင် မှ လေး စား သွား ပါ တယ်။

  • Ma Ma

    June 18, 2014 at 8:13 am

    ကိုပေါက်ရိုက်ထားတဲ့ ပုံတွေက ပျားစွဲတာကို ရှင်းရှင်းလင်းလင်း မြင်ရတယ်။
    ဘာရယ် ညာရယ်တွေတော့ မသိ။
    ကိုပေါက် ကြိုးစားပမ်းစား ရိုက်ပေး တင်ပေးလို့ ခေတ်နဲ့အမီ မြင်ဖူးသွားပြီ။ 🙂

  • မမ ရေ

    ဒီပုံလေး ရိုက်ဘို့ ဘုရား ကို နှစ်ခါသွားရတယ်။
    ဘုရားက အနောက်ဘက်ကိ ုမျက်နှာမူထားတာပါ။
    အဲတော့ မနက်ပိုင်းသွားရို်က် တာ မထင် ရှားလို့
    နောက်ရက် ညနေ ပိုင်းမှာ တစ်ခေါက်ထပ်သွား ပြီးရိုက်တာပါ။
    ဘာရယ်ညာရယ် မဟုတ် ရွာထဲ ကလူ တွေ မြင် စေချင် သိစေ ချင် လို့ ပါ။

  • ချစ်ရင်ထူး II

    June 18, 2014 at 9:07 am

    ​လေး​ပေါက်​ရဲ့ ကိုယ်​့ရွာသား​တွေအ​ပေါ်ထားတဲ့ ​စေတနာကို ​လေးစားပါတယ်​။ မန်​း​လေးကို​ရောက်​​အောင်​လာခဲ့ပါ့မယ်​ ၊ ခု​တော့မြင်​းခြံမှာပဲ ဂိတ်​ဆုံး​နေတယ်​ 🙁

Leave a Reply