သတင်​း​ထောက်​ကိုဘယ်​လိုမြင်​လဲ

သတင်​း​ထောက်​ကို လူအချို့က​ကြောက်​တတ်​ကြပါတယ်​၊ အချို့က​ရှောင်​ကြပါတယ်​၊ ဌာနဆိုင်​ရာ​တွေက ထွက်​​ပြေးကြပါတယ်​၊ ကျွန်​​တော်​က ဘယ်​သတင်​းတိုက်​ကပါလို့ ​ပြောလိုက်​ရင်​ ​ပြောမယ်​့စကား​တွေ မ​ပြောကြ​တော့ပါဘူး ဘာ့​ကြောင်​့ပါလဲ။
ကျွန်​​တော့သူငယ်​ချင်​း DVB သတင်​း​ထောက်​တစ်​​ယောက်​က” ငါတို့​တွေက ကိုယ်​့ကိုယ်​ကိုမိတ်​ဆက်​လို့မရဘူး၊ မိတ်​ဆက်​လိုက်​ရင်​ ထွက်​​ပြေး တာများတယ်​ ” လို့​ပြောပါတယ်​။
သတင်​း​ထောက်​ဆိုတာ ဘက်​မလိုက်​ရဘူး လို့ဆရာတိုင်​းက​ပြောပါတယ်​၊ အမှန်​အတိုင်​း အရှိအတိုင်​း ​ရေးဖို့​ပြောဖို့ပါပဲ ထင်​မြင်​ယူဆချက်​ပါလို့မဖြစ်​ပါဘူး။
တစ်​ချို့က ​အများအားဖြင်​့ ြပြည်သူက သူတို့ရင်​ဆိုင်​​နေရတဲ့ပြဿနာကို ​ပြောပြချင်​ပါတယ်​ ဒါ​ပေမယ်​့ သတင်​းသမားကဘက်မလိုက်​ ရဘူးဆို​တော့ တစ်​ဖက်​တည်​းအ​ပြောကို​ရေးလို့မရပါဘူး သက်​ဆိုင်​ရာ တာဝန်​ရှိသူကို​မေးတဲ့အခါ ​ရှောင်​တာ​တွေရှိလာတာ​တွေ့ရပါတယ်​။
တစ်​ချို့ပြည်​သူက​တော့ သတင်​း​ထောက်​ကို​ကြောက်​ပါတယ်​
သတင်​း​ထောက်​နဲ့ ​ထောက်​လှမ်​း​ရေး ကိုခွဲခြားမသိတဲ့သူ​တွေလဲရှိ​နေပါ​သေးတယ်​၊ သူတို့​ပြောတဲ့စကားကို တာဝန်​မယူနိုင်​ပါဘူး လို့​ပြောပါတယ်​ ၊ off the record လုပ်​ခိုင်​းပါတယ်​။
ဆို​တော့ သတင်​း​ထောက်​ဆိုတာ မီဒီယာပါ စတုတ္ထမဏ္ဏိုင်​ပါ
၊​ပေါင်​းကူးတံတားပါ ၊ သတင်​းအချက်​အလက်​​တွေကို​ ြြဖြန်​့ဖြူး​ေ​ပးတဲ့သူပါ သတင်​း​ထောက်​မှာကျင်​့ဝတ်​တွေရှိပါတယ်​၊
သတင်​း​ထောက်​က ပါတီ​ဟော​ပြောပွဲမှာ လက်​ခုပ်​မတီးရပါဘူး သူက လူဘယ်​နှစ်​​ယောက်​လက်​ခုပ်​တီးတယ်​ ဘယ်​သူကတီးတယ်​ မတီးဘူး အဲဒါကိုပဲ လိုက်​ကြည်​့ရမှာပါ။

ကျွန်​​တော်​တို့ရွာထဲက​ရော ဘယ်​လိုမြင်​လဲ ထင်​မြင်​ချက်​​လေး ​ပြောပြ​ပေးပါ​နော်​
*Internet connection မ​ကောင်​းခြင်​း phone ြဖြင့် post တင်​ရခြင်​း​ကြောင်​့ အခက်​အခဲရှိ​နေပါသည်​ ြြပြင်​ဆင်ဖြည်​့စွက်​ဖတ်​ရှုှု​ပေးပါရန်​ ​တောင်​းပန်​အပ်​ပါသည်​။

11 comments

  • Ma Ma

    June 18, 2014 at 8:01 am

    ကျင့်ဝတ်စောင့်သိ/ထိန်းတဲ့ သတင်းထောက်ကို မိတ်ဆွေလို့ မြင်ပြီး၊
    ကျင့်ဝတ်မစောင့်ထိန်းတဲ့ သတင်းထောက်ကို ကြောက်စရာလို့ မြင်ပါတယ်။

  • ချစ်ရင်ထူး II

    June 18, 2014 at 8:59 am

    သတင်​း​ထောက်​က တစ်​ခုခု​မေးခဲ့ရင်​ ​ဖြေဖို့ကို ဘာလို့​ကြောက်​ပါသလဲ ?

    • Ma Ma

      June 18, 2014 at 9:40 am

      လူတိုင်းတော့ ဟုတ်ဟန်မတူဘူး။

  • မင်း ခန့် ကျော်

    June 18, 2014 at 9:29 am

    သတင်းထောက်ဆိုတာ တိုင်ပြည်ရဲ့ မီးအိမ်ရှင်
    တပါးနဲ့တူပါတယ်။
    အမှောင်လောကဒုစရိုက်တွေကို မြင်နိုင်အောင်ပြသ
    နိုင်တဲ့သူများဖြစ်ရပါမယ်။
    ရဲ ထောက်လှမ်းရေး စုံထောက် အစရှိသူတွေထက်
    ခြေတလှမ်းဦးနေရပါမယ်။
    စာရေးဆရာ ရှေ့နေ တရားသူကြီးတွေထက် တင်ပြမူ့
    ရှင်းလင်းရပါမယ်။
    ဒါကြောင့် တိုင်းပြည်ရဲ့ ကြီးလေးတဲ့တာဝန်တရပ်ကို
    ထမ်းဆောင်သူတွေဖြစ်လို့လေးစားရပါမယ်။
    ဒီနေ့ထိ တော့ဒီလို အင်္ဂါရပ်နဲ့ညီညွတ်တဲ့သတင်းထောက်
    ဘယ်နှစ်ဦးရှိပြီလဲမသိ :mrgreen:

  • alinsett (gazette)

    June 18, 2014 at 10:20 am

    သတင်းကို ထောက်နိုင်မှ သတင်းထောက်
    သတင်းက ထောက်တာကို ပြန်ခံနေရရင် သတင်းထောက်မဟုတ်

    :mrgreen:

  • surmi

    June 18, 2014 at 12:55 pm

    ကျုပ်ကတော့ သတင်းထောက်တချို့ကို ရုက်ချင်ခဲ့ဖူးတယ်
    ဘယ့်နယ်ဗျာ
    ကားအက်ဆီးဒင့်ဖြစ်တဲ့နေရာဓတ်ပုံလာရိုက်တယ်
    ပြီးတော့ ဘယ်ဂျာနယ်တိုက်ကပါလို့မိတ်ဆက်ပြီး သတင်းထည့်မယ်ဘာညာ လုပ်ပြန်တယ်
    သတင်းမပါစေချင်ရင် ဘယ်လောက်ပေးရမယ်ဘာညာဆိုတော့
    ဒီ ဒေါင်းဇားကို သံပိုက်လုံးနဲ့ ပူဇော်ချင်တာမှတအားဘဲ
    ကျုပ်မိတ်ဆွေ ကားမှောက်တုန်းကပါ။
    ပွဲစားတန်းမှာလည်းကြုံဖူးတယ်
    ဓတ်ပုံရိုက်ချင်ရာရိုက့်ပီးရေးချင်တာရေးတဲ့ကောင်တွေ ။
    ကျုပ်တို့ ခင်ဗျားတို့လည်း ဒီရွာမှာ ရေးချင်တာရေးနေပေမယ့်လည်း မဟုတ်မဟတ်သတင်းတော့
    တခါမှ မရေးဘူးလေဗျာ ။
    ဒီ ခွါးသဒေါင်းဇေးတွေက ဂျာနယ်တိုက် သတင်းစာတိုက်မှာရေးလို့ရတယ်ဆိုတိုင်း
    လက်သရမ်းကြတာရယ် ၊ ငါတို့ကသတင်းထောက်ဘဲ ဆိုပြီးလူပါးဝ တာရယ်တော့ အမြင်ကပ်တယ်ဗျို့ ။
    ဆိုတော့ သတင်းထောက်လို့အသံကြားရုံနဲ့
    အတော်ကို မေတ္တာပျက်တကလား …
    အားလုံးနဲ့မဆိုင်ပေမယ့် စတုတ္ထ မဏ္ဍိုင်ဆိုတာနဲ့တော့ ဝေးးးးး နေသေး သလားးး လို့

  • ဦးကျောက်ခဲ

    June 18, 2014 at 2:10 pm

    အဟမ်း… ကျောက်စ်တို့ အလုပ်မှာကတော့ရှင်းတယ်…
    အကြောင်းတစုံတရာရှိရင် ပြောရေးဆိုခွင့်ရှိသူမှအပ ဘယ်သူမှသတင်းထောက်နဲ့ မပွါးရ…
    မှန်ရာပြောရရင်…
    “ကွီ” ဝထ္ထုထဲကလို ၊ ဂျာနယ်ကျော်ဦးချစ်မောင်လို သတင်းထောက်မျိုး မတွေ့ဖူးသေးပါဘူး…
    သတင်းအကြောင်းထက် လူစိတ်ဝင်စားအောင် ပေါ်ပြူလာဖြစ်အောင်… ဒရာမာတွေရိုက်…
    သူတို့မေးတာ (ပုလိပ်စစ်) ကို ဖြေတဲ့ ကိုယ့်တောင် ပြန်ခြိမ်းခြောက်သွားတာတွေချည်းပဲ…
    နောက်ပြီး ဘယ်သူက ဘယ်လိုပြောပါတယ်ဆိုပြီး သူတို့အာဘော်လေးပါဖြည့်လိုက်လို့…
    ချောက်ကျ… အလုပ်ပြုတ်ရတဲ့သူတွေလည်း မနည်းမနော တွေ့ဖူးတာမို့…
    ဘယ်နိုင်ငံမှာဖြစ်ဖြစ် တတ်နိုင်သလောက် ရှောင်ပါတယ်…
    လေနဲ့ဝမ်း ကွဲပြားအောင်ပြောရရင် C J တွေကိုတော့ အားကိုးပါကြောင်း… 😀

  • kai

    June 18, 2014 at 2:56 pm

    သတင်းထောက်ဆိုတာ… တိုင်းပြည်ကို”မျက်လုံးကြီးနဲ့”စောင့်ကြေည့်နေသူပဲ..
    အင်း..
    ကျုပ်တို့မြို့လည်း.. သတင်းထောက်အသင်းဖွဲ့ဦးမှ..

    လောလောဆယ်တော့.. နယ်မခြားသတင်းထောက်အဖွဲ့ဝင်ခွင့်လျှောက်လိုက်တာ.. ယူရို၂ဝပါသွားတယ်..
    ဘာမှန်းမသိ.. ။ :mrgreen:

  • အရီးခင်

    June 19, 2014 at 2:17 am

    သတင်းထောက် ဆိုတာ
    မင်း ပြောတဲ့ “ပါတီဟောပြောပွဲ” နမူနာ နဲ့ ပြောရင်
    အဲဒီပွဲမှာ ဘယ်သူတွေက ဘာတွေ ပြောတယ် မှတ်သား ပြီး သတင်း မှန်ကို ရေးနိုင်ရမယ်။
    ဒါက အဓိကပေါ့။
    ပြီးတော့ ဘက်မလိုက်တဲ့ အမြင်နဲ့ ပွဲမှာ ဟောပြောရာမှာ အမှားပါရင် သိနိုင်စွမ်း၊ ဝေဖန်နိုင်စွမ်း ရှိရမယ်။
    ဒီတော့ တန်ဖိုးကြီးတဲ့ သတင်းထောက် တစ်ယောက်ဟာ သာမာန်လူတော့ ဖြစ်လို့မရဘူး။
    အတော်လေး နှံ့ဆန့် ရမယ်။ စိတ်ဓာတ်တည်ကြည် ရမယ်။

    မင်းပြောတဲ့ …..{သတင်းထောက်က ပါတီဟောပြောပွဲမှာ လက်ခုပ်မတီးရပါဘူး သူက လူဘယ်နှစ်ယောက်လက်ခုပ်တီးတယ် ဘယ်သူကတီးတယ် မတီးဘူး အဲဒါကိုပဲ လိုက်ကြည့်ရမှာပါ။}
    ပွဲမှာ လက်ခုတ်တီးတာ သူ့ဟာသူ တီးတီး မတီးတီး သတင်းထောက်က လိုက်ကြည့်နေစရာ လိုလို့ လား မောင်ချစ် ရယ်။
    လက်ခုတ်တီးချင်ရက် နဲ့ လက်နာ နေလို့ မတီးရတာ ဆို ဘိုလိုလုပ်ပါ့မလဲ။
    :-)))))))))))))))

  • ဦးကြောင်ကြီး

    June 19, 2014 at 11:01 am

    ကျုပ်ကလော့ ရှမ်းရှမ်းဘဲ… သာဒင်းထောက်ထီးဂို မျက်လုံးနဲ့ကြည့်တယ်.. သာဒင်းထောက်မဆို နှာခေါင်းနဲ့ကြည့်လယ်.. ရှလွတ်…

  • ပန်း စံပါယ်

    June 19, 2014 at 2:32 pm

    စတုတ္ထမဏ္ဍိုင်လို့သုံးစွဲရလောက်တဲ့ ထိရောက်တဲ့ အရေးပါတဲ့ လုပ်ဆောင်ချက်တွေ စွမ်းဆောင်ချက်တွေ မတွေ့ရသေးဘူးလို့ ယူဆပါတယ်။ ဒါကြောင့် သတင်းထောက်ဆိုတာကို စာရင်းထဲမှာကို မရှိသေးဘူးလို့ အမှန်အတိုင်းပြောလိုက်လို့ မြန်မာဖြစ်ပြီး နာမည်နဲ့မလိုက် ယဉ်ကျေးမှုမရှိ ရိုင်းသလိုဖြစ်သွားရင် စိတ်မရှိပါနဲ့လို့။

Leave a Reply