ကျွန်တော်တို့ ရွာထဲမှာ (May 2014)

 

မန္တလေး ဂေဇက် ရွာကြီးကို မြို့အဆင့် သို့ မြှင့်တင်ခဲ့ပြီဆိုသော်လည်း

ကျွန်တော်တို့ကတော့ ကျေးလက်ရနံ့လေးကိုသာ ပိုမိုမက်မောတွယ်တာနေဖြစ်ကြပါသည်။

ရွာဆိုသော အသုံးအနှုန်းကိုပဲ မြတ်မြတ်နိုးနိုး ဆက်လက်သုံးစွဲချင်ပါသည်။

ရွာထဲတွင် ရေးတင်လာကြသော ပို့စ်များထဲမှ ကောင်းနိုးရာရာပို့စ်လေးများကို

ကျွန်တော်တို့က ရွေးထုတ်ကြပြီး အလွတ် သဘော ဝေဖန် ဆွေးနွေးမိကြပါသည်။

ပို့စ်က အရမ်းကြီး မကောင်းပေမယ့် ဝိုင်းပေးကြသော comment များက မိုးပျံနေတတ်တာကိုလည်း ဆွေးနွေးမိကြပါသည်။

ပြီးတော့ ကျွန်တော်တို့ ဆွေးနွေးကြတာလေးတွေကို ရွာထဲတင်ပြကြ လျှင်ဖြင့် ကောင်းမည်ဟု စဉ်းစားမိ်ကြပါသည်။

သို့ဖြင့် ရွာသူ ရွာသား စုစုပေါင်း ငါးဦး၏ စာပေစကားဝိုင်းလေး ဖြစ်လာရပါသည်။

ပို့စ် ၏ နာမည်ကို ကျွန်တော်တို့ ရွာထဲမှာ ဟုပေးပြီး ကလောင်နာမည်ကို စာကြမ်းပိုး ဟုပေးဖြစ်ကြပါသည်။

လွန်ခဲ့သော နှစ် ၂ဝ ကျော်ကျော် မဟေသီမဂ္ဂဇင်း ခေတ်ကောင်းစဉ်ကာလက ပင်တိုင်ရေးသားခဲ့သော

စာအိုးရဲ့ သူတို့ဘာတွေပြောကြသလဲ ဆောင်းပါးဟန်ကို အတုယူ တင်ဆက်ထားကြောင်း ကျွန်တော်တို့ ဝန်ခံပါသည်။

မဟေသီ မဂ္ဂဇင်း၏ စာအိုးကလောင်မှာလည်း တစ်ယောက်တည်းပိုင်ကလောင်မဟုတ်ခဲ့ပဲ

မန္တလေးမှ စာရေးဆရာ တချို့၏ စာပေစကားဝိုင်းကို ဆောင်းပါးဟန်ဖြင့် ပြန်တင်ဆက်ထားခြင်းဖြစ်ပါသည်။

အခု ကျွန်တော်တို့၏ စာကြမ်းပိုး ကလောင်မှာလည်း တစ်ဦးတစ်ယောက်တည်းပိုင်မဟုတ်ပဲ

ရွာသူရွာသားငါးယောက် ပိုင် ကလောင် ဖြစ်ပါသည်။

စာကြမ်းပိုး ပို့စ် များ၏ ကောင်းကျိုးဆိုးပြစ်များအတွက် ကျွန်တော်တို့ ငါးယောက်လုံးတွင် တာဝန်ရှိပါသည်။

ကျွန်တော်တို့ စာကြမ်းပိုး များအနေဖြင့် မန္တလေးဂေဇက် ရွာထဲတွင်

လိုအပ်နေသောကွက်လပ်လေးတစ်ခု ကို ဖြည့်စွမ်းဖို့ ကြိုးစားကြည့်ခြင်းဖြစ်ပါသည်။

အားနည်းချက်များရှိခဲ့လျှင် ပွင့်ပွင့်လင်းလင်း ဝေဖန်ထောက်ပြကြဖို့ ရိုကျိုးစွာ ဖိတ်ခေါ်အပ်ပါသည်။

 

သူပုန် – ကျော်စွာခေါင် (ကဗျာ)

https://myanmargazette.net/197612
စွယ်စုံရ ကိုကျော်စွာခေါင်ရဲ့ လက်ရာကောင်း ကဗျာလေးတစ်ပုဒ်ပါ။

နိမိတ်ပုံမပါ၊ သွယ်ဝိုက်မှုတွေမပါ၊ နားလည်ရခက်တဲ့ အသုံးအနှုန်းတွေ မပါတဲ့အတွက်

ဖတ်လိုက်တာနဲ့ ရင်ထဲကို တန်းရောက်သွားမယ့် ကဗျာ တစ်ပုဒ်ပါ။

စာဖတ်သူတွေကို ကိုယ်တိုင် သပုန်ထချင်လာအောင် ရေးနိုင်တဲ့ ကဗျာတစ်ပုဒ် ဖြစ်တဲ့အကြောင်း၊

ကဗျာဆရာက သူ ့ဘဝ တစ်စိတ်တစ်ပိုင်း တစ်စွန်းတစ်စလေးကို ကဗျာအဖြစ်ချပြထားတာ ဖြစ်တဲ့ အကြောင်း၊

ဆရာခေါင်တစ်ယောက် ဘာတွေကို သူပုန်ထချင်နေသလဲဆိုတာ သိရဖို့

ကဗျာလေးကို ဖတ်ကြည့်သင့်တယ် ဆိုတဲ့အကြောင်း၊ ကျွန်တော်တို့ ပြောဖြစ်ကြပါတယ်။

 

Marblecommet – တိမ်တွေကို ဝေမယ် (ကဗျာ)

https://myanmargazette.net/197015

မဂ္ဂဇင်း တွေမှာ နေရာတစ်နေရာ ရနေခဲ့ပြီဖြစ်တဲ့ ကဗျာဆရာ ကမ်းဝေး (marblecommet) ရဲ့ ကဗျာတစ်ပုဒ်ပါ။

Marblecommet ဟာ ကဗျာ စကားလုံးတင်စားမှု အတွဲအဆက်တွေမှာ ကဝေတစ်ပါးရယ်လို့

ကျွန်တော်တို့ သတ်မှတ်ထားပြီး ဖြစ်ပါတယ်။

စကားလုံးကြွယ်ဝမှုနဲ့ ဖန်တီးနိုင်စွမ်းအားကို ကဗျာခေါင်းစဉ်မှာကတည်းက စ ခံစားမိမှာသေချာတဲ့ အကြောင်း၊

ခံစားတတ်မယ်ဆိုရင် ကျေကျေနပ်နပ်ခံစားပစ်လိုက်ဖို့ လမ်းတစ်ခု ဖွင့်ပေးလိုက်တဲ့ ကဗျာ ဖြစ်တဲ့ အကြောင်း….

ကျွန်တော်တို့ ပြောဖြစ်ကြပါတယ်။

 

ကေဇီ – မွေးမေလေ့

ttp://myanmargazette.net/197398
အချိန်တိုတိုအတွင်း ရွာမှာ နေရာ အခိုင်အမာ ရခဲ့တဲ့ ကေဇီ ရဲ့ လက်ရာကောင်းလေးတစ်ခုပါ။

မိဘမေတ္တာဘွဲ ့ (အမေ့အကြောင်း) ကို ဟာသရသလေးနဲ့ ရွှင်ရွှင်မြူးမြူးလေး ရေးထားတာကို အသိအမှတ်ပြုရမှာ ဖြစ်ကြောင်း၊

ဒီလိုပို့စ်မျိုးမှာ အတည်အခန့် ရေးရင် ပိုပြီး ရင်ထဲရောက်မှာဖြစ်တဲ့အကြောင်း ကျွန်တော်တို့ ပြောဖြစ်ကြပါတယ်။

ကေဇီ ရဲ့ ဒီစာတမ်းလေးမှာတော့ မိခင်မေတ္တာ မိခင်အကြင်နာ မိခင်စေတနာ တွေသက်သက်သာမက

မိခင်တစ်ဦးရဲ့ တကယ်သဘာဝကျတဲ့ သဘာဝရုပ်ပုံလွှာကလေးကို တစွန်းတစ်စမြင်ခွင့်ရလိုက်ပါတယ်။

စန္ဒကူး တစ်ပင်လုံး ရဲ့ ဘယ်အစိတ်အပိုင်းမဆို စန္ဒကူးနံ့ သင်းနေတတ်သလိုမျိုး

အမေနဲ့ပတ်သက် သမျှ ဘယ်အပို်င်းလေးဖြစ်ဖြစ် အမေ့ရဲ့ အချစ်နံ့လေးထုံပျံ့နေတတ်တာပါ။

ဒီစာတမ်းလေးကိုဖတ်ရင်း ကိုယ့်မိခင်တွေကိုလဲ သတိတရ ဖြစ်မိကြပါတယ်။

 

padonmar – ကြွေးကျော် နေရုံမျှနဲ့ မလုံလောက်နိုင်ပေ
https://myanmargazette.net/197425

တစ် ပုဒ် ဆို တစ် ပုဒ် ဆိုသလောက် ကောင်းတဲ့ ပဒုမ္မာရဲ့ ပို့(စ) ပါ။

ကိုယ့်နိုင်ငံရဲ့ ပျက်စီးခြင်းတွေ စည်းကမ်းမရှိခြင်းတွေ ယိုယွင်းခြင်းတွေကို

သူများနိုင်ငံ နဲ့ နှိုင်းပြီး နှိမ့်ချပြောတတ်ပေမဲ့ ကိုယ်တိုင် စည်းကမ်းရှိဖို့ မေ့နေတတ်တာတွေကို မီးမောင်းထိုးပြသွားတာပါ။

နိုင်ငံတစ်ခုလုံး ကောင်းဖို့က ကိုယ့်တစ်ယောက် က စ” ဆိုတာမျိုးဖြစ်စေချင်တဲ့

စာရေးသူရဲ့ စေတနာကို ထင်ထင်ရှားရှား တွေရပါတယ်။

ဒီ ပို့(စ) ကို တော့ ကိုကြီးမိုင်းရဲ့ “ဖျက်စီးခံရတဲ့ မြန်မာတို့ရဲ့ စိတ်ဓာတ်” ဆိုတဲ့ ပို့(စ) နဲ့ 

တွဲဖတ်စေချင်တဲ့ အကြောင်း ကျွန်တော်တို့ ပြောဖြစ်ကြပါတယ်။

 

Kyeemite – ကောင်းအောင်ကြိုးစားမည်…
https://myanmargazette.net/198040

Try to be good…ဆောင်းပါးလေးကိုဖတ်ရင်း အပြောကောင်းရုံနဲ့ အကောင်းပြောမခံရနိုင်

ဆိုသောသဘောကိုစောကြောမိကြပါသည်။ မိမိ၏ လူမှု့ဝန်းကျင်ကိုကောင်းစေလိုသူသည်

သူတပါးကောင်းသည်မကောင်းသည်ကို တစ်ကဏ္ဍထားလို့ မိမိကိုယ်တိုင်အရင် ကောင်းအောင်ကြိုးစားရပေမည်။

မိမိကိုယ်ကို ကောင်းအောင်ကြိုးစားကြမယ့်ထဲမှာ ကျွန်တော်တို့လဲ ပါဝင်ကြပါမယ် ဦးကြီးမိုက် ရေ ဟု ရေရွတ်မိကြပါသည်။

 

သော်ဇင် (လွိုင်ကော်) – ကာဗာလေးများ
https://myanmargazette.net/197471
သော်ဇင် (လွိုင်ကော်) ရဲ့ ကာဗာလေးများပို့စ်ကို ကျွန်တော်တို့ အကြိုက်တူကြပါသည်။

မဂ္ဂဇင်းများတွင် ပုံနှိတ်ဖေါ်ပြခံနေရသော ကလောင်ရှင် က ကျွန်တော်တို့ ရွာသား ဖြစ်နေသည့်အတွက် ဂုဏ်ယူမိကြပါသည်။

ရုပ်ဝတ္ထု အပြင်ပန်း အလှဆင်ထား သော အလှတရားတို့ကို ဖုန်းကာဗာလေးတွေနဲ့ ယှဉ်တွဲရေးပြသွားတာမို့

ဖတ်ကြည့်သင့်သော စာတစ်ပုဒ်ဖြစ်ပါကြောင်း၊ ရသမှာ အတုယူလောက်အောင် ရေးတတ်တဲ့ ရွာသားစာရေးဆရာ

ကိုသော်ဇင် ရေးလိုက်သမျှက တွေးစရာတစ်ခုခုကို ရသနဲ့အတူ ရယူနိုင်တာချည်းပဲ ဖြစ်ကြောင်း ကျွန်တော်တို့ ပြောဖြစ်ကြပါတယ်။

 

သော်ဇင် (လွိုင်ကော်) – ငှား၍ ဝတ်ခြင်း မဝတ်ခြင်း ကိုယ်တိုင်သိခြင်း မသိခြင်း
https://myanmargazette.net/197594
သော်ဇင် ရဲ့ ဒီပို့စ်ကိုလည်း ကျွန်တော်တို့ အကြိုက်တွေ့မိကြပါသည်။

စာရေးခြင်းမှာ သူတပါး စကားလုံးကို ကိုးကားတာဖြစ်ဖြစ်၊

တုပတာ ဖြစ်ဖြစ်၊ အရိပ်လွှမ်းမိုးခံရတာပဲဖြစ်ဖြစ် ကိုယ် ဘယ်သူ့ဆီက ယူသုံး ကိုးကား ထားတာဖြစ်ကြောင်း

မရှက်မကြောက် ဝန်ခံတတ်စေဖို့ အင်္ကျီ ငှါးဝတ်တဲ့ ဥပမာလေးနဲ့ ဆွဲခေါ်ရေးသွားတာပါ။

ဒီ ပို့(စ) နဲ့ တူတူ ဆို နေဝန်းနီရဲ့ စကားလုံးများ ပို့(စ) တွေနဲ့

 

https://myanmargazette.net/197677

 

တွဲဖတ်ရင်

ပို အရသာရှိမယ်ထင်ကြောင်း၊

လူဆိုတာ ကိုယ်ဖန်တီးလိုက်တဲ့ အရာတွေကို မြတ်နိုးတတ်တာမို့ စာပေသမားတွေ

ကိုယ့် ကိုယ်ပိုင်စကားလုံးတွေကို မြတ်နိုးတန်ဖိုးထားတတ်တာဟာ ဖြစ်သင့်ပါကြောင်း

ကျွန်တော်တို့ ပြောဖြစ်ကြပါတယ်။ ဘာပဲလုပ်လုပ် လိပ်ပြာလုံဖို့ လိုပါတယ်ဗျာ။

 

moonpoem – မြန်မာစာ မြန်မာစကား မြန်မာမူးလဲ

https://myanmargazette.net/197155

 

ဒီလထဲမှာ တက်ခဲ့တဲ့ moonpoem ရဲ့ ပို့စ်လေးတွေ တိုးတက်လာတာ အရမ်းသိသာတဲ့အကြောင်းကစလို့

ကျွန်တော်တို့ ပြောဖြစ်ကြပါတယ်။

ဒီပို့စ်လေးကတော့ အရာရာကို မြန်မာဘာသာပြန်ပြီးသုံးလို့ အဆင်မပြေတာကို

ပေါ့ပေါ့ပါးပါး ခပ်သောသောလေး ရေးပြသွားတာ ဖြစ်ပါတယ်။

နိုင်ငံတကာအများသုံး ဝေါဟာရတွေကို ဘာသာပြန်သုံးရတာထက်

သူ့မူရင်းအတိုင်း နားလည်အောင် အသားကျအောင် လုပ်ရတာက ပိုပြီးအမျှော်အမြင်ရှိရာရောက်မယ်ထင်ပါကြောင်း

ပြောဖြစ်ကြပါတယ်။

ဒီပို့စ်နဲ့ တွဲဖတ်ဖို့ ညွှန်းချင်တာကတော့ မီမီ ရဲ့ ရှက်တတ်ရင်သေလို့ရတယ်ပို့စ်၊

နေဝန်းနီရဲ့ ဖြဲတတ်ရင်

 

https://myanmargazette.net/197610

 

ဆိုတဲ့ ပို့စ်တွေပါပဲ။

 

Moonpoem- သူဖွင့်ပြောတဲ့ တစ်နေ ့ဝယ်

https://myanmargazette.net/197679
လကဗျာ ရဲ့ ပို့စ်လေးတွေကို သတိပြုမိနေပါတယ်…။

ဒီလထဲတော့ လကဗျာက မပြောပဲ မနေနိုင်လောက်အောင်ကို အတွေးသစ်တဲ့ ပို့စ်လေးတွေ တင်နိုင်ခဲ့ပါတယ်ဗျာ…။

တစ်ခါတစ်လေ စိတ်ပြေလက်ပျောက် အွန်လိုင်းလာတဲ့ ရွာလည်တဲ့ သူတွေ အတွက်တော့ လကဗျာရဲ့ ပို့စ်လေးတွေက အမောပြေမှာပါ။.

တိုတိုနဲ့ထိထိမိမိရေးတတ်တဲ့ အရေးအသားကျစ်လျစ်သွက်လက်မှုကိုလည်း ထည့်ချီးကျူးရမှာပါ။

ဒီပ်ုစ့်မှာဆိုရင် အစကနေ ဘာများပြောမလို့ပါလိမ့် ဆိုပြီး ဖတ်သူရဲ့အထင်နဲ့ ခေါ်လာတာ နောက်ဆုံးရောက်တော့မှ

ဖတ်သူထင်နေတာနဲ့တက်တက်စင်အောင်လွဲတဲ့ ဟာသရသကို ဘွားခနဲ ခံစားရမှာ ဖြစ်ကြောင်း ကျွန်တော်တို့ ပြောဖြစ်ကြပါတယ်။

 

အင်ဇာဂီ – ကျွန်တော် ငါး သမား

https://myanmargazette.net/196603
အင်ဇာဂီ ရဲ့ ကျွန်တော် ငါးသမား ပို့စ် အကြောင်းလည်း ကျွန်တော်တို့ ပြောဖြစ်ကြပါတယ်။

အလှမွေးငါးတွေရဲ့ အကြောင်းကို သူ့ထုံးစံအတိုင်း ပေါ့ပေါ့ပါးပါးရေးပြသွားတဲ့ ပို့စ်ပါ။

ငါး မွေးချင်တဲ့ သူတွေ မဖတ်မဖြစ် ဖတ်ရမဲ့ ပို့(စ) ပါ။

အင်ဇာဂီ ဟာ အချက်အလက်ကို အားပြုပြီး စာကို ရသမြောက်အောင်ရေးနိုင်သူ ဖြစ်တဲ့အကြောင်း၊

ဒီပို့စ်ကတော့ သုတကဲသလိုဖြစ်ပေမဲ့ ရသလည်း မဲ့တဲ့ စာမျိုးမဟုတ်ကြောင်း ကျွန်တော်တို့ ပြောဖြစ်ကြပါတယ်။

 

ဇော်သန့် – စာကျက်ပျင်းတဲ့ ကလေး နဲ့ ၄၃၆
https://myanmargazette.net/198094

 

ရွာထဲ စာရေးနည်းတဲ့ ဇော်သန့် ရဲ့ ပို့စ်ပါ။

နိုင်ငံရေးဆိုတာကြီးကို ကိုယ်နဲ့မဆိုင်သလို နေတတ်ကြတဲ့ ကျွန်တော်တို့တတွေကို

စာကျက်နည်းတဲ့ ကလေး နဲ့ ဥပမာပေးပြီး နှိုးဆော်နိုင်ခဲ့တဲ့ အကြောင်း ကျွန်တော်တို့ ပြောဖြစ်ကြပါတယ်။

လိုအပ်တဲ့အချိန်မှာ အချိန်ကိုက် ရေးသားနှိုးဆော်ခဲ့တဲ့ အကြောင်း၊

ဒီ ပို့(စ) ကြောင့် အသက်ကြီးမှ စာကျက်မယ်ဆိုတဲ့လူတွေ ပေါ်ထွက်လာခဲ့ကြောင်း ကျွန်တော်တို့ ပြောဖြစ်ကြပါတယ်။

 

Padonmar – ညှော်မယ်ဗျို့…။
https://myanmargazette.net/197863

ဒီလထဲတင်ခဲ့ပြီး ကျွန်တော်တို့ အကြိုက်တွေ့မိတဲ့ padonmar ရဲ့ နောက်ထပ် ပို့စ် တစ်ပုဒ်ပါ။

ကိုယ့်ကြောင့် တခြားလူတွေ အနှောက်အယှက် မဖြစ်စေဖို့ သတိပေးထားတဲ့ ပို့စ်ပါ။

တစ်ချို့က ညှော်မယ်ဗျို့ လို့ အော်အော်ပြီး ၂၄ နာရီ သူများကို ညှော်တိုက်တတ်တာမျိုးလည်း ရှိတတ်ပါတယ်။

ဆိုတော့ ဘယ် အခြေအနေမျိုးမှာ ညှော်သင့်တယ်၊ ဘယ်လို စည်းကမ်းလေးနဲ့ ညှော်ရမယ် ဆိုတဲ့

အဖြေလေးတွေထိ ဆွေးနွေးအဖြေရှာသင့်တယ်ဆိုတဲ့အတွေးကို ပေးခဲ့တဲ့ ပိုစ် ဖြစ်ပါတယ်။

သူ ့အခွင့်အရေး ကိုယ့်အခွင့်အရေးကို အပြန်အလှန်လေးစားသင့်၊ တန်ဘိုးထားသင့်တယ်ဆိုတာကို

ဒီပို့စ်လေးက ပြောသွားတာဖြစ်တဲ့ အကြောင်း ကျွန်တော်တို့ ပြောဖြစ်ကြပါတယ်။

 

ကေဇီ – သူကြီးအတွက် ကလောင် ကလင် ကလက်…။
https://myanmargazette.net/195905
ကေဇီ ရဲ့ ဒီပို့စ်ကတော့ ကလောင်နာမည်များ၏ ရာဇဝင်တွေ ကို စုစည်းတင်ပြထားတာပါ။

ရွာသူရွာသားတစ်ယောက်ချင်းစီကို အင်တာဗျူးပြီး ဒီပို့စ်ကို ရေးရတာမို့ ကေဇီရဲ့ စေတနာကို ကျွန်တော်တို့ အသိအမှတ်ပြုရမှာပါ။

ရွာသူရွာသားတစ်ယောက်ချင်းစီက သူတို့ကလောင်နာမည်တွေရဲ့ ရာဇဝင်ကို ပြန်ပြောပြကြတာဟာ

စိတ်ဝင်စားဖို့ ကောင်းတဲ့ အကြောင်း၊ ရွာအတွက် အမှန်တကယ် လိုအပ်တဲ့ ကွက်လပ်လေးတစ်ခုကို

ဖြည့်ပေးနိုင်ခဲ့တဲ့ ပို့စ် ဖြစ်တဲ့ အကြောင်း၊

မန္တလေး ဂဇက် အတွက် မှတ်တမ်းတင်ထားရမယ့် ပို့စ်ဖြစ်တဲ့ အကြောင်း ကျွန်တော်တို့ ပြောဖြစ်ကြပါတယ်။

သူကြီးအနေနဲ့လည်း ပီတိတွေ တဝေဝေ နဲ့ ရွာထိပ်မှာ စတစ်ကီချိတ်ပြီး ဂုဏ်ပြုခဲ့တာကို တွေ့ခဲ့ရပါတယ်ဗျာ။

 

ကြောင်ဝတုတ် – လူ
https://myanmargazette.net/197483
ကိုယ်မှန်တယ်ထင်ရာကို ရဲရဲတွေး ရဲရဲရေးတတ်တဲ့ ကြောင်ဝတုတ်ရဲ့ လူ ပို့စ် အကြောင်းလည်း ကျွန်တော်တို့ ပြောဖြစ်ကြပါတယ်။

ကြောင်ဝတုတ်ကတော့ ရေးသင့်တာကို နောက်မတွန့်တန်း ရေးရဲ ပြောရဲတဲ့ ရွာသားတစ်ယောက်ပါ။

လာသမျှ ကော်မန့်တွေကိုလည်း နိုင်နိုင်နင်းနင်း ပြန်ပြော ပြန်ရှင်းပြ ပြန်ဝေဖန်နိုင်တဲ့ အကြောင်း၊

သူ့ ပို့(စ) တိုင်းက အပြောင်အပျက်နည်းပြီး ဖတ်ပြီး ငြင်းလို့ခုန်လို့ ကောင်းမဲ့ ပို့(စ) တွေ ဖြစ်တဲ့အကြောင်း

ကျွန်တော်တို့ အမြင်တူကြပါတယ်။

 

မီမီ – ရှက်တတ်ရင် သေလို့ရတယ် @kai
https://myanmargazette.net/197462
မေလ အတွင်း ဟော့ အဖြစ်ဆုံးပို့စ်ကို ပြပါ ဆိုရင်တော့ ဒီပို့စ်ကိုသာ ဆွဲပြလိုက်ပေတော့ဗျာ။

မီမီ ရဲ့ ဒီပို့စ်လေးတင်ဖြစ်ပုံက ရာဇဝင်လေး ရှိပါတယ်…။

ဒီပို့စ်ရဲ့ ရှေ့မှာ မီမီ က မြန်မာဆိုတာ ဆိုတဲ့ ကဗျာ အတိုလေးတစ်ပုဒ် တင်ခဲ့တာပါ…။

အဲဒီပို့စ်မှာ သူကြီး kai က FB စတား ကိုကြီးမိုင်းရဲ့ သိပ်လည်း ဘဝင်မမြင့်ကြပါနဲ့ ဆိုတဲ့ စာကို ကွန်းမန့်အဖြစ် တင်လိုက်ပါတယ်။

ရှက်တတ်ရင် သေလို့ရတယ် ပို့စ်က ကိုကြီးမိုင်းရဲ့ စာကို တုန့်ပြန်ပြီး ကဗျာရေးထားတာပါ။

သူကြီးကို နာမည်တတ်ပြီး ဆန့်ကျင်ရဲတဲ့ သတ္တိ ကို အသိအမှတ်ပြုရမှာဖြစ်ပြီး

ကိုယ့်ကို နာမည်တတ် ပြီး ဆဲထားတဲ့ ပို့စ်ကို ရွာထိပ်တက် စတီကီချိတ်ပေးရဲတဲ့

သူကြီးရဲ့ ပရိုဆန်မှုကိုလည်း ကျွန်တော်တို့ အသိအမှတ် ပြုရမှာပါ။

ရွာသူရွာသားအားလုံး ပါးစပ်အဟောင်းသား ဖြစ်ခဲ့ရပြီး သူကြီးကို ဆန့်ကျင်သူတွေကတစ်ဖက်

သူကြီးဘက်က ကာကွယ်ပြောဆိုသူတွေ က တစ်ဖက် ကွန်းမန့်တွေက ရာကျော်သွားတဲ့အထိ လူစည်ခဲ့ပါတယ်။

လူဟောင်းတွေပါ ပြန်ရောက်လာပြီး ကွန်းမန့်ဝင်ပေးခဲ့ကြလို့ ရွာအတွက် အကျိုးရှိခဲ့တဲ့ ပို့စ်လေးပါ။

ဒါ့အပြင် FB နာမည်ကြီး ကိုကြီးမိုင်း ပါ ဒီပို့စ်ထဲ ကွန်းမန့်ဝင်ရေးခဲ့တဲ့ အထိ အောင်မြင်ခဲ့ပြီး

ကိုကြီးမိုင်းကိုယ်တိုင် ရွာထဲပို့စ်တင်ခဲ့ခြင်းက ရွာအတွက် အမြတ်ထွက်ခဲ့ခြင်းဟု ကျွန်တော်တို့ ဆွေးနွေးဖြစ်ကြပါသည်။

 

Dr.Yi – ငရဲကြီးသလော၊ မကြီးသလော
https://myanmargazette.net/197126

Dr.Yi ပထမဆုံးတင်ခဲ့တဲ့ ငရဲကြီးသလော၊ မကြီးသလော ပို့စ်ကလည်း ဒီလထဲ ကွန်းမန့်တွေနဲ့ လူစည်ခဲ့တာကို တွေ့ရပါတယ်။

ပို့စ်ပိုင်ရှင် က ဝင်ရောက်ဆွေးနွေးခြင်းမရှိခဲ့ပေမယ့်

Dr.YI ရဲ့ အဆိုကို ဆန့်ကျင်သူတွေ နဲ့ ထောက်ခံသူတွေ အပြန်အလှန်ကွန်းမန့်တွေနဲ့ မြိုင်ဆိုင်ခဲ့တဲ့ ပို့စ် ပါ။

ကျွန်တော်တို့ရွာသားဟောင်းကြီးတွေအနေနဲ့ လူသစ်တွေရဲ့ ပို့စ်တွေမှာ အပြိုင်ငြင်းကြတဲ့အခါ

ပို့စ်ပိုင်ရှင် ကို ဦးတည်ပြီး ဆန့်ကျင်ပြောဆိုကြတာ မဟုတ်ပဲ သူတို့အချင်းချင်း ငြင်းခုန်ရတာကို ပျော်နေကြသူတွေဆိုတာလည်း

ကျွန်တော်တို့ သတိပြုမိကြပါတယ်။

အပြန်အလှန် ငြင်းခုန်မှုတွေက ကျွန်တော်တို့ကို အသိတစ်ခု ရစေပါတယ်။

ဆက်ငြင်းကြပါ ဆရာတို့ ခင်ဗျား။ Dr.Yi ရဲ့ နောက်ထပ်တင်လာမယ့် ပို့စ်တွေကိုလည်း ကျွန်တော်တို့ မျှော်လင့်ထားကြပါတယ်။

 

 

အရီးခင် – လွမ်းခြင်း ရဲ့ လွမ်းချင်း
https://myanmargazette.net/197604
ရွာထဲက ပျောက်နေခဲ့တာ အတော်ကြာနေခဲ့တဲ့ အရီးခင် တစ်ယောက် လွမ်းခြင်း ရဲ့ လွမ်းချင်း ဆိုတဲ့ ပို့စ်နဲ့ ပေါ်လာခဲ့ပါတယ်ဗျာ။

အရီးခင် ရဲ့ ပို့စ်လေးဟာ ရွာကလူတွေ ရဲ့ အလွမ်းကို ငြိမ်းသတ်နိုင်ခဲ့ပါတယ်။

အရီးခင်လိုပဲ ပြန်လာကြမယ့် ရွာသူရွာသားဟောင်းကြီးတွေကို ကျွန်တော်တို့ မျှော်မိကြပါတယ်။

ရွာသူတစ်ယောက်ဖြစ်တဲ့ pooch ကတော့ ကွန်းမန့်လေးတွေ ရံဖန်ရံခါ ပြန်ပေးနေခဲ့ပေမယ့်

ပို့စ် မတင်တော့တာကိုလည်း ကျွန်တော်တို့ ဝမ်းနည်းမိကြရပါတယ်။

 

ကိုကြီးမိုင်း – ဖျက်ဆီးခံရသော မြန်မာတို့၏ စိတ်
https://myanmargazette.net/197686

အမှန်တော့ ဒီပို့စ်မျိုးကို မှတ်ချက်ပေးရမှာ ကျွန်တော်တို့ မဝံ့ရဲကြပါ။

သို့သော် ကျွန်တော်တို့ အကြိုက်တူကြပါသည်။

ဒီပို့စ် ကို ဖတ်ကြည့်လိုက်ရင် ကိုကြီးမိုင်းတစ်ယောက် ဘာကြောင့် Facebook မှာ နာမည်ကြီးရလည်းဆိုတာ သိနိုင်မှာပါ။

သူကြီးကိုယ်တိုင် စတစ်ကီချီးမြှင့်ပြီး ကိုကြီးမိုင်းကို နွေးထွေးစွာ ကြိုဆိုခဲ့တာကိုလည်း တွေ့ရပါတယ်။ လက်ရှိအချိန်မှာ

ဖတ်ရွေးအဖွဲ့ ၏ အကောင်းဆုံး ဆုကိုလည်း ရရှိထားသည့် ပို့စ်ဖြစ်ပါသည်။

ကိုကြီးမိုင်းရဲ့ နောက်ထပ်တင်လာမယ့် ပို့စ်တွေကိုလည်း ကျွန်တော်တို့ မျှော်လင့်နေမိကြပါသည်။

 

 

Etone – သူတောင်းစား
https://myanmargazette.net/197239

Etone က မှန်တယ်ထင်လျှင် ရေးရဲသော ရွာသူတစ်ယောက်ဖြစ်ပါသည်။

အတွေးရဲရဲရင့်ရင့် ရေးဟန် သွက်သွက် နဲ့ တွေးလို့ ကောင်း၊ မန့်လို့ကောင်းတဲ့ အကြောင်းအရာတွေကို

ရွေးချယ်ပြီး ရေးနိုင်ခြင်းက Etone ရဲ့ ကိုယ်ပိုင်ဟန်ပါ။

ကြုံရတဲ့ ဖြစ်ရပ်တစ်ခုစီကို ပို့စ်အစမှ အဆုံးထိရောက်အောင် ဆွဲဆောင်နိုင်ခဲ့တာကြောင့်

ဖတ်ကြည့်တိုင်း ဖတ်ထိုက်တယ်လို့ ခံစားရတဲ့ ပို့(စ) ပါ။

မြန်မာပြည်မှာ ဒီလို ရဲရင့်တဲ့ မဟုတ်မခံ မိန်းခလေး တော်တော်များများရှိသင့်တယ်လို့ ကျနော်တို့ ပြောဖြစ်ကြပါတယ်။

Etone ရဲ့ ပို့စ်လေးတွေ တစ်ပတ် တစ်ပုဒ်လောက်ပဲ ဖြစ်ဖြစ် ဖတ်ရဖို့ ကျွန်တော်တို့ မျှော်လင့်မိကြပါတယ်။

 

 

Snow Smile – ကျမစာကူးချဖူးသည်။
https://myanmargazette.net/197576

Snow Smile ၏ ကျမ စာကူးချဖူးသည် ဆိုသည့် ပို့စ်လေးကိုလည်း ကျွန်တော်တို့ အကြိုက်တူမိကြပါသည်။

ကျောင်းသူဘဝ တစ်စိတ်တစ်ပိုင်းကို စီကာစဉ်ကာရေးပြသွားခဲ့ပြီး

နောက်ဆုံးပိတ် စာကြောင်းကလည်း တွေးတတ်ရင် ဆန့်ချင်သလောက်ဆန့်တွေးပြီး စာဖတ်သူကို ပြုံးစေနိုင်ခဲ့ပါသည်။

စာရေးကောင်းသော မနှင်းပြုံးဟု ကျွန်တော်တို့ မှတ်ချက်ချမိကြပါသည်။

 

 

ကြောင်ဝတုတ် – အိုဘယ့် ရခိုင်ပြည်
https://myanmargazette.net/197742
တွေးရဲ သလောက် ရေးရဲသော ကြောင်ဝတုတ်ရဲ့ အိုဘယ့်ရခိုင်ပြည် ပို့စ်ကတော့

ကွန်းမန့်တွေနဲ့ တွဲဖတ်မှ ပိုအရသာရှိမယ့် ပို့စ်မျိုးပါ။

ဒေသခံရခိုင်တွေရဲ့ ခံစားချက်အစစ် အတွင်းကအသံတွေနဲ့

NGO အဖွဲ့များ၏ အပြင်ကအသံများ ၏ အားပြိုင်မှုကွန်းမန့်များဖြင့်

စာဖတ်သူအတွက် ကောက်ချက်တစ်ခုဆွဲနိုင်လုနီးပါးအထိ ဆွဲခေါ်သွားနိုင်ခဲ့ပါသည်။

ဒေသခံ ရခိုင်လူမျိုးတစ်ယောက်ရဲ့ အလယ်အလတ် အတွေးအခေါ်မျိုးကို ဖတ်ရသဖြင့်လည်း

ကျွန်တော်တို့ ကျေနပ်မိကြသည်။ အပြန်အလှန်ဆွေးနွေးမှုများကို ဖတ်ရသည်မှာ

ရန်ဖြစ်ပြီး နင်ပဲငါဆ ပြောကြတာမျိုးမဟုတ်ပဲ အချက်အလက် ခိုင်ခိုင်မာမာဖြင့်ချေပပြောဆိုကြခြင်းဖြစ်သဖြင့်

ကြောင်ဝတုတ် ရဲ့ ဒီလိုပို့စ်မျိုးဟာဖြင့် ရွာမှာ မရှိမဖြစ်လိုအပ်ပါကြောင်း ကျွန်တော်တို့ အမြင်တူကြပါသည်။

 

 

ကိုနေဝန်းနီ – တို့တတွေ မတိုးတက်တာ စံနစ်တွေကြောင့်လည်းပါတယ်…။
https://myanmargazette.net/198023

ကဗျာဆရာ နေဝန်းနီ ၏ ကဗျာမဟုတ်သော ရှားရှားပါးပါးပို့စ်ဖြစ်ရုံမျှမက

သူကြီး၏ စတစ်ကီပါ ချီးမြှင့်ခြင်းခံခဲ့ရတာကိုတော့ ကျွန်တော်တို့ ဝမ်းသာပီတိ ဖြစ်မိကြပါသည်။

ခေတ်နဲ့ အညီ ပြောင်းလဲ သင့်နေပြီဖြစ်သော မြန်မာ့ စံနှုန်း စံနစ်များကို နေဝန်းနီကြီး က

အားမလိုအားမရစွာ ပို့စ် တင်ပြီး ဆွေးနွေးလာခဲ့ခြင်းဖြစ်ပါသည်။

သူကြီး၏ လက်သုံးစကား စံနစ်ကြောင့်မဟုတ် ဆိုသည့် စကားကိုပဲ ခေါင်းစဉ်ပေး ပြီး ပို့စ်တင်သွားသည့်

နေဝန်းနီ ၏ ပို့စ်သည် ဖတ်ရုံတင်မဟုတ် ကူးယူသိမ်းဆည်းထားသင့်သည့် ပို့စ်ဖြစ်ကြောင်း ကျွန်တော်တို့ ပြောဆိုမိကြပါသည်။

 

 

ရွှေညာသား – ညီလေး အလင်းဆက် နှင့် မြန်မာစာချစ်သူ ရွာသူ / ရွာသားများသို့ အပိုင်း(၁)
https://myanmargazette.net/197845

ရွာထဲမရောက်ဖြစ်တာကြာနေပြီဖြစ်တဲ့ ရွှေညာသားရဲ့ ပို့စ် ဖြစ်ပါသည်။

စာပဲဖတ်ဖြစ်နေသူဖြစ်ပြီး ရေးမဲ့ ရေးတော့လည်း ကျွန်တော်တို့ အားလုံးကို အံ့အားသင့်စေခဲ့ပါသည်။

ကျွန်တော်တို့ စိတ်မကောင်းဖြစ်မိတာက ဒီလို စာပေနှန့်စပ် သည့် ရွာသားတစ်ယောက်က

ဒီ ပို့စ်တွေ ပြီးရင်ဖြင့် ရွာပြင်ကပဲ တိတ်တိတ်လေး ဖတ်နေတော့မည်ဖြစ်ပြီး စာမရေးတော့ပါဟု

တရားဝင်ကြေညာထားခဲ့ခြင်းဖြစ်ပါသည်။

သူကိုယ်တိုင်က ဒီစာစုတွေပြီးရင် မရေးတော့ဘူးလို့ တရားဝင်ပြောထားတဲ့ အတွက်တော့ နှမြောစရာပဲ။

ဒီလို ဇ ရှိတဲ့ ရွာသားတစ်ယောက်ကိုတော့ဖြင့် ကျွန်တော်တို့ လက်လွှတ်ဆုံးရှုံးမခံနိုင်ပါကြောင်းနှင့်

မကြာမကြာပို့စ်လေးတွေတင်ပါဦးဟု ကျွန်တော်တို့ ဖိတ်ခေါ်ပါရစေ ရွှေညာသား ခင်ဗျား။

 

 

ကိုပေါက်(မန္တလေး) – မတူခြားနားစွာ အတူနေရန် နည်းလမ်း (ကဗျာ)

 
https://myanmargazette.net/197830

ကိုပေါက် က ကဗျာရေးခဲပါသည်။

ရှားရှားပါးပါး ရေးသည့် ဒီကဗျာလေးကတော့

အမြင်မတူသူချင်း မတူတာကို တူအောင်ညှိဖို့မလို၊ မညီတာကို ညီအောင် ညှိဖို့ မလို ပဲ

ယုံကြည်ရာကို လုပ်ကြလျှင်ဖြင့် အဆင်ပြေနိုင်ပါကြောင်း ရေးထားသည့် ကဗျာလေးဖြစ်ပါသည်။

ကိုပေါက်ရဲ့ ဒန လို့တောင် ပြောလို့ရသော ကဗျာဖြစ်သည့်အတွက် ဖတ်ကြည့်သင့်ကြောင်း ကျွန်တော်တို့ တိုက်တွန်းဖြစ်ပါသည်။

 

 

အလင်းဆက် – ငါသည်သာ..သမဒကြီးဖြစ်၍…ဤအဖြစ်မျိုး..မြင်ခဲ့သည်ရှိသော်.
https://myanmargazette.net/197759

အလင်းဆက် ၏ ဒီပို့စ်လေးကတော့ သက်ဆိုင်ရာတာဝန်ရှိသူတွေကို အားမလို အားမရ ဖြစ်နေသော

လူငယ်တစ်ယောက်၏ အသံဖြစ်ပါသည်။

လက်ရှိ အစိုးရမှာ မမြင်ရတဲ့ စေတနာမျိုးကို လူငယ် လေးတစ်ယောက်ဆီမှာ တွေ့ရတဲ့ အတွက် ပီတိဖြစ်တာရော၊

ဒီလိုလူငယ်လေးတွေ အများကြီးရှိစေချင်တဲ့ ဆန္ဒ ပါ တစ်ပြိုင်တည်း ဖြစ်မိကြပါသည်။

 

 

ခင်ခ – ကျန်းမာရေးအတွက် ဖျော်ရည်တစ်ခွက်
https://myanmargazette.net/198004

ခင်ခ ၏ ကျန်းမာရေးအတွက် ဖျော်ရည်တစ်ခွက် ပို့စ် အကြောင်းလည်း ကျွန်တော်တို့ ပြောဖြစ်ကြသည်။

သစ်သီးတစ်လုံးချင်းစီ အတွက် ပါဝင်သော ဗီတာမင် ဓါတ်များ ကိုဖေါ်ပြထားပြီး ဖျော်သောက်ရန်နည်းလမ်းများအပြင်

ကျန်းမာရေးအတွက် ကောင်းပုံတွေကိုပါ ဖေါ်ပြထားသဖြင့် စာဖတ်သူများအတွက် အကျိုးရှိလှပါသည်။

ဘယ်လိုအသီးတွေကို ဘယ်လိုမျိုးဖျော်သောက်လို့ ရှိရင်ဖြင့် ကျန်းမာရေးအတွက်

ပိုပြီးအထောက်အကူဖြစ်စေတယ်ဆိုတာကိုသိစေချင်လို့ပါ ဟု ပြောထားသည့်

ခင်ခ ၏ ပို့စ်ကို ဖတ်ကြည့်ကြဖို့ ကျွန်တော်တို့ တိုက်တွန်းလိုပါသည်။

အကျိုးတော်တော်များပြီး လူကြိုက်များခဲ့တဲ့ ပို့(စ) မို့ ဖတ်ရုံမက သိမ်းသင့်တဲ့ ပို့(စ) ပါဖြစ်ပါကြောင်း

ညွှန်းခဲ့ပါရစေ။

 

 

အောင်မိုးသူ – ဒုတိယမြောက် ကော်ဖီပုံပြင်

https://myanmargazette.net/197565
အောင်မိုးသူ ၏ ဒုတိယမြောက် ကော်ဖီပုံပြင် ပို့စ် က ဝတ္ထုတို တစ်ပုဒ်ဖြစ်ပါသည်။

အတွေးနုနု အရေးသန်သန် သမားမို့ ရွာထဲ စောင့်ဖတ်ရတဲ့ ရသသမားတစ်ယောက်ပါ။
စကတည်း က အဆုံးထိ ဆွဲခေါ်ရေးနည်းမျိုး ရေးနိုင်တာမို့ ဒီဝတ္ထုကိုလည်း ကျွန်တော်တို့ အကြိုက်တူမိကြပါ သည်။

ဒီ ဝတ္ထုတိုကလေးကတော့ ရွှေနှလုံးသား ဝတ္ထုတိုလေးတစ်ပုဒ်ကို ဖတ်ရသလို ခံစားကြရပါမည်။

ဖတ်ကြည့်ကြဖို့ ကျွန်တော်တို့ တိုက်တွန်းချင်ပါသည်။

 

 

လုံမလေးမွန်မွန် – ကျွန်မရဲ့ ဆယ်တန်းဘဝ (သို့မဟုတ်) ဘဝတစ်ဆစ်ချိုး ဖြတ်သန်းမှု..
https://myanmargazette.net/197732

လူငယ်သလောက် အရေးရော အတွေးရောပါ ထက်မြက်တဲ့ ရွာသူလေး ဖြစ်ပါသည်။

မြန်မာနိုင်ငံ က လူငယ်တွေရဲ့ ဘဝတစ်ဆစ်ချိုးလို့ တင်စားရတဲ့ ၁ဝ တန်း စာမေးပွဲကို

ဘယ်လို ဖြတ်သန်းခဲ့ရသလဲ ဆိုတာ မိသားစု အရေးကိစ္စလေးနဲ့ပါ တွဲရေးသွားတာမို့

ပျင်းစရာမကောင်းပဲ စာဖတ်သူပါ လိုက်ပါသွားရမဲ့ ပို့(စ)တွေပါလို့ ကျနော်တို့ ပြောဖြစ်ကြပါသည်။

 

weiwei – ရွှေတြိဂံသို့ အလည်တစ်ခေါက် (၄) မယ်ဆိုင်…
https://myanmargazette.net/197065

ဝါရင့် ရွာသူဟောင်းကြီး ဝေဝေရဲ့ ခရီးသွားပို့စ်လေးပါ။
ခရီးသွားပို့(စ) ရေးမလားးးဓာတ်ပုံရိုက်မလားးးဟင်းချက်မလားးးးဘက်စုံရတဲ့ ဝေဝေ့ရဲ့ ခရီးစဉ်တစ်ခုပါ။
ဓာတ်ပုံနဲ့ တကွ တူတူသွားရသလို အရေးအသားမျိုးမို့ စာဖတ်သူကိုယ်တိုင် တကယ်ရောက်ရှိသွားသလို ခံစားရမယ့်ပို့စ်တွေလို့

ကျွန်တော်တို့ ပြောဖြစ်ကြပါတယ်။

 

ko six – ဇမရှိဘဲ ဇစ်ဖြုတ်ကြသူများ..သို့
https://myanmargazette.net/197086

 

ညွှန်းဆိုရင်တော့ သူ့ကဗျာ အကုန်ညွှန်းချင်တာဗျ။ မယုံမရှိနဲ့။
ကိုကမ်းခေါ်လာတဲ့ ကဗျာဆရာ။
စကားလုံးရဲတင်းတယ်၊ ပြတ်သားတယ်။ လိုရာရောက်တယ်။ အတွေးပွါးရတယ်။
ကဗျာ ချစ်သူတိုင်း ရဲရဲတင်းတင်းသာ သူ့ ပို့(စ) ကို ဝင်။
နောင်တမရစေရဘူးးး ပဲ ပြောပါစေ ခင်ဗျာ။ လွတ်လပ်သော အစီးအမျောနဲ့ ရေးတတ်တဲ့ သူ ့ကဗျာစာသားလေးတွေကို ကြိုက်တဲ့သူတွေက တော်တော်ကြိုက်နှစ်သက်ကြ ခံစားတတ်ကြတာတွေ့ရပါတယ်။

 

 

ဝင့်ပြုံးမြင့် – ရွာ့အရေး အဆက်။

https://myanmargazette.net/197147

ပိုစ့်ပိုင်ရှင်က သူ့အမြင်ကို ရဲရဲဝံ့ဝံ့တင်ပြထားတာပါ။
ပိုစ့်ပိုင်ရှင်နဲ့ ရွာသူားတချို ့ အပြန်အလှန်ပြောကြတဲ့ comment တွေကလည်း ဒီပိုစ့်ရဲ့ အသက်ပါ။
သေသေချာချာ ဆွေးနွေးငြင်းခုန်ကြပြီးအဖြေတစ်ခုရတဲ့အထိ သွားလို့ရအောင် ဖွင့်လိုက်တဲ့လမ်းစတစ်ခုပါ ။

ရွာမှာ လိုအပ်တဲ့ ပို့(စ) မျိုးပါ။
စာရေးသူ ရဲရင့်ရင်ရဲရင့်သလောက် ကော်မန့်တွေ ပြတ်သားတတ်တာမို့

အတွဲညီညီဖတ်ကောင်းတဲ့ ပို့(စ) တစ်ပုဒ်မို့ လက်မလွတ်စေလိုကြောင်းးး ညွှန်းဆိုလိုပါတယ်။

 

 

Foreign Resident – အဘဖေါ ရဲ့ နယူးဇီလန်သွား Cruise တောလား – ၁၄ ( Dusky, Doubtful & Milford Sounds ) ။

 
https://myanmargazette.net/197865

 

ကွန်ပြူတာရှေ့ ထိုင်နေရုံနဲ့ နိုင်ငံတကာကို သိမှတ်စရာများစွာနဲ့ လည်ပတ်ချင်ရင် တော့

ဘဖောလို့ အများခေါ်ကြတဲ့ Foreign Resident တောလားတွေကိုသာဖတ်လိုက်ပါဗျာ။
ပိုက်ဆံမကုန်ပဲ ဗဟုသုတများစွာနဲ့ လိုက်ပါသလိုဖြစ်မှာမို့ ဒီရွာထဲမှာ လက်မလွှတ်ရမဲ့ ပို့(စ) တွေလို့

ကျွန်တော်တို့ မှတ်ချက်ချမိကြပါတယ်။

 

Zaw Aung – ရွှေအကြောင်းသိကောင်းစရာ

https://myanmargazette.net/198074

ဝင်ကြည့်လိုက်ပါ။ ကိုယ်မသိတဲ့ အကြောင်းအရာမျိုးကို စိတ်ရှည်ရှည်ရေးပေးနေတဲ့ ပို့(စ) ပါ။
ရွှေအကြောင်း သိစရာ တိုးတဲ့ ပို့(စ) တွေမို့ တစ်ခေါက်ဆီလောက် တော့ ဝင်ဖတ်စေချင်ပါတယ်ဗျာ။

 

ရွှေတိုက်စိုး – စိတ်ကူးလေးနဲ.ပြင်ကြည့်မယ်…

 

https://myanmargazette.net/198069

 

ရွာရဲ့ ၁ဝ အိမ်ခေါင်းရေးတဲ့ ပို့(စ) ကောင်းတစ်ပုဒ်ပါ။

သူ့စိတ်ကူးကောင်းလေးတွေက ဘာလဲ ဆိုတာတော့ ဖတ်ကြည့်သင့်ပါတယ်။
ပြည်သူ့ ကိုယ်စားပြု အသံတွေလို့ တင်စားချင်ပါတယ်ဗျာ။

 

 

black chaw – အမှား…
https://myanmargazette.net/197841
ရွာရဲ့ တံခါးမှူး အဖျော်ဆရာ နားစွန်နားဖျား ရပ်ကွက်က ဘလက်ချောရဲ့ လက်ရာပါ။

ပို့(စ) ထက် ကော်မန့်တွေ က ပို မြိုင်ဆိုင်ကြောင်း၊

ဒီပို့(စ) ကြောင့် ရိုက်သွားတဲ့ ဂယက်ကလည်း ကြီးတာမို့ သူ့ရဲ့ ဒုတိယ အမှား ပို့(စ) လေးနဲ့ပါ တွဲဖတ်စေချင်ပါကြောင်း

ကျွန်တော်တို့ ညွှန်းဆိုချင်ပါတယ်။

 

 

 

အချိန်ရရင် ဖတ်ကြည့်ကြဖို့ ညွှန်းဆိုချင်သော ပို့စ်လေးများ
• alinsett (gazette) – ကျနော် ညွှန်းဆိုပြချင်သော ပိုစ့်များ..( ၃)

https://myanmargazette.net/197569
• sorrow – အော်ဇီ စီးပွားရေးဗီဇာအကြောင်း

https://myanmargazette.net/197626

 

• Mr. MarGa – နွေလည်အတွေး နှစ်စ
https://myanmargazette.net/197639

 

• Ko chogyi – အခမဲ့ပညာရေးတဲ့လား
https://myanmargazette.net/198035

 

• manawphyulay – စိတ်ဓာတ်၊ လုပ်ရပ်၊ ရလဒ်
https://myanmargazette.net/198030

 

 

39 comments

  • alinsett (gazette)

    June 19, 2014 at 12:06 pm

    ရလဲ့
    ဂဇက်သမိုင်းမှာ ထူးခြားစွာပေါ်ထွက်လာတဲ့ ကလောင်ငါးယောက်ပေါင်းတစ်ချောင်း
    ပြီးတော့ ထူးခြားတဲ့ပိုစ့်

    အဲဒီ ငါးယောက်က ဘယ်သူတွေများလားးး
    အဲ ဘယ်သူတွေပါလိမ့်။

    ဘာပဲဖြစ်ဖြစ် ကောင်းသော မွေးဖွားခြင်းနဲ့ ပေါ်ထွက်လာတဲ့ ကလောင်
    ကောင်းသော ပိုစ့်လေးတွေ
    စဉ်ဆက်မပြတ် ဆက်လက် ဖတ်ရှုခွင့်ရလိမ့်မယ်လို့
    မျှော်လင့်ပါကြောင်းးးး

    • စာ ကြမ်းပိုး

      June 20, 2014 at 9:58 am

      ဘယ်သူတွေပါလို့တော့ ပြောလို့မရဘူးပေါ့ဗျာ။
      ဒါပေမဲ့ ဒီရွာကို ချစ်ပြီး ဒီရွာကိုခင်တွယ်နေတဲ့ သူတွေ စုပြီး ရွာရဲ့ စာကောင်းပေကောင်းတွေကို ရည်ညွှန်းချင် အဖွဲ့လေးရယ်လို့ မှတ်ထားပေးခင်ဗျာ။
      လစဉ် အတွက် အတတ်နိုင်ဆုံး ညွှန်းသွားပေးမယ်လို့ ရည်ရွယ်ထားပါတယ်။
      🙂

  • ဇီဇီ

    June 19, 2014 at 12:08 pm

    ဟ။
    အတော် အားထုတ်ထားတဲ့ ဖတ်ညွှန်းပါလားးးးး။
    🙂

    ဆောဒီးပါကွယ်။
    သများက ပို့(စ) ကိုအတည်အခန့် ဘယ်တော့မှရေးလို့မရလို့ပါ၊
    :s:

    • စာ ကြမ်းပိုး

      June 20, 2014 at 9:59 am

      သိပါတယ် ခင်ဗျ။
      ဒါပေမဲ့ မိဘဖွဲ့လေးမို့ ဖြစ်စေချင်တာလေးကို ပြောမိတဲ့ သဘောပါ မဇီဇီ (ခ) ကေဇီ။

  • ဦးကြောင်ကြီး

    June 19, 2014 at 12:25 pm

    နင်ဒို့ထဲ စော်ဗယ်နှဗွေ ပါသလဲ…

  • kyeemite

    June 19, 2014 at 1:13 pm

    ရွာထဲက ပျောက်နေခဲ့တာ အတော်ကြာနေခဲ့တဲ့ အရီးခင် တစ်ယောက် လွမ်းခြင်း ရဲ့ လွမ်းချင်း ဆိုတဲ့ ပို့စ်နဲ့ ပေါ်လာခဲ့သလို အခြားရွာသားဟောင်းကြီးတွေလည်း ဒီရက်ပိုင်း အလျှိုလျှိုပြန်ပေါ်လာနေကြသဗျ…
    ဥပမာ.. Bayote တို့ လူတစ်လုံး(အခုတော့ရေမြေ့သနင်း တဲ့ဗျာ)တို့ပါ
    အခု“စာအိုး” လုပ်လိုက်ပုံက ကျုပ်တို့တစ်ချိန်က ကြိုက်ခဲ့ဖူးတဲ့ အဖျော်ဆြာ နားစွန်နဖျား ဘလက်ချောရဲ့
    ရွာရဲ့ တံခါးမှူး ပို့စ်ကို သတိရစေပါတယ်…ဒီလို တင်သမျှစာတွေဖတ်ပြီး စာညွှန်းရေးပြဖို့ဆိုတာ အတော်အားစိုက်ရမယ်မှန်းသိလို့ “စာအိုး”ရဲ့ ကြိုးပမ်းမှုကိုချီးကျူး လေးစားမိသလို လှိုက်လှဲစွာကြိုဆိုပါတယ်ဗျာ…နောင်လည်း လစဉ်မပြတ်တင်ဆက်နိုင်ပါစေကြောင်း….ဆန္ဒပြုပါတယ်
    Bravo!!!!!!!!!!!!!!!!!!!!!! 🙂 🙂 🙂

  • kyeemite

    June 19, 2014 at 1:15 pm

    ဟီး..မန့်ချင်ဇောနဲ့ မွှားသွားတယ်…“စာအိုး” အစား “စာကြမ်းပိုး” ဟုပြင်ဖတ်ပါရန် 😀

  • surmi

    June 19, 2014 at 1:20 pm

    မဟေသီ စာအိုးကိုကောင်းကောင်းသိလေတော့
    ကျနော့ထက်တော့ ငယ်မယ်မထင် ။
    အကယ်၍များ အသက်ငယ်ခဲ့ရင်လည်း စာပေဝမ်းစာနဲ့ အထွေထွေဗဟုသုတမှာတော့ ဆရာတင်ရမယ့် ဆရာငါးယောက်ပါပဲဗျို့ ။
    အထူးဝမ်းမြောက်စွာလက်ခုတ်တီးပါတယ်ဗျာ ။
    တကယ့်ကိုလိုအပ်နေတဲ့ ကွက်လပ်ပါ။
    တစ်လလုံး စိစိညက်ညက်ကြေအောင်ဖတ်ပါမှ ဒီပို့စ်ကို ဖန်တီးနိုင်မှာမို့
    စေတနာရော ဝါသနာပါမကျန် အပင်ပန်းခံပြီး တင်ပြပေးတာ အထူးကို
    နှစ်သက်သဘောကျမိပါကြောင်းးးးးး

    လေးစားလျှက်

    • စာ ကြမ်းပိုး

      June 20, 2014 at 10:01 am

      အမှန်တော့ ကျစ်ကျစ်လစ်လစ်ဖွဲ့ချင်လို့သာ ၅ ယောက်တည်း ဖွဲ့လိုက်မိတဲ့ အဖွဲ့ပါဗျားးး
      ရွာထဲမှာ ကျနော်တို့ထက် စာဖတ်နာသူတွေ စာအကုန်ဖတ်နိုင်သူတွေ အများကြီးရှိမှန်းသိပြီးသားပါ။
      ကိုကြီးမိုက်တို့ ကိုဆာမိတို့ အပါအဝင်ပေါ့ဗျာ။

  • ဇီဇီ

    June 19, 2014 at 1:29 pm

    အကြံ တစ်ခု ပေးပါရစေ။
    အဲဒီ လင့် တွေက နှိပ်လိုက်တာနဲ့ ဖတ်လို့ရအောင် လုပ်လို့ ရဝူးလားဟင်။
    အဲဒါဆို စာကြမ်းပိုးတို့ ပို့(စ) က ပါဖက်ဖြစ်သွားမှာ။
    မော့တွေ ကို အကူအညီတောင်းကြည့်ပါလားးး
    ဆရာလုပ်တာဟုတ်ဘူးနော်။
    အနော့ကို ကောင်းကောင်း ဝေဖန်နိုင်လို့ လေးစားလို့ လာပြောတာ။

    😀

    • alinsett (gazette)

      June 19, 2014 at 1:40 pm

      အကောင့်သစ်ဆိုတော့ တင်ပြီးရင် အက်ဒစ် ပြန် လုပ်လို့ရချင်မှ ရမယ်

      ဆိုတော့
      ညနေကျရင် ကျနော် ဝင် ချိတ်ပေးပါ့မယ်။
      ခေါင်းစဉ်ကို ကလစ်လိုက်တာနဲ့ ပိုစ့်ဆီ တန်းရောက်သွားအောင် လင့်ခ်ချိတ်တော့ ပို အဆင်ပြေမှာပေါ့။
      ကူညီပါရစေ ကူညီပါရစေခင်ဗျ

  • kyeemite

    June 19, 2014 at 2:01 pm

    ခုလည်း လင့်ကိုနှိပ်ရင်ပွင်ပါတယ် အလက်ဆင်းရ…

    • alinsett (gazette)

      June 19, 2014 at 2:09 pm

      ဟုတ်တယ်။ ဦးကြီးရေ
      ပွင့်သွားပြီလေ
      ပြင်လိုက်ပြီကိုးးး
      ကျနော့်ထက် လက်သွက်တဲ့ မော့မော့တစ်ယောက် ဝင်ပြင်ပေးလိုက်တာ

      :mrgreen:

      ဒီလိုပိုစ့်က ရွာ့အကျိုးသယ်ပိုးတဲ့ ပိုစ့်ကောင်းမို့
      ကြိုဆိုပါတယ်။
      နောက်ထပ်တင်မှာတွေကိုလည်း တတ်နိုင်သလောက်
      ဘေးကနေ
      ကျနော်တို့ ဝိုင်းကူပေးပါ့မယ်လို့

      😆

  • TNA

    June 19, 2014 at 2:40 pm

    တန်ဖိုးရှိတဲ့ပိုစ့်ပါ။ ဒီပိုစ့်ဖတ်မိမှပဲ ကိုယ်အမးကြီးတခုကျူးလွန်လိုက်မိတာသိသတော့။ ဘယ်လိုဖြေရှင်းရပါ့

  • ဦးဦးပါလေရာ

    June 19, 2014 at 2:41 pm

    .ကျုပ်လို လူပျင်းတစ်ယောက်အဖို့ ဒီပိုစ့်မျိုးက အတော်အသုံးဝင်ပါတယ်…
    .ဒါထက်-
    .ဒီပိုစ့်မှာ အစချီထားတဲ့လေသံအရ နောင်လဲ ဆက်ရေးဦးမယ်… လို့ နားလည်မိပါတယ်..။
    .ကြည့်ရတာ ဆိုက်ထဲရှိသမျှ ပိုစ့်အားလုံးကို ဆိုလိုတာမဟုတ်ပဲ
    .ဘယ်ကနေ ဘယ်အထိ တက်တဲ့ပိုစ့်တွေထဲက…. ဆိုတဲ့ သတ်မှတ်ချက် range တော့ ရှိလိမ့်မယ်ထင်ပါတယ်။

    • စာ ကြမ်းပိုး

      June 20, 2014 at 10:03 am

      ဦးပါလေရာတို့ မတီအန်အေ တို့ လာအားပေးသွားတာလည်း ကျေးဇူးတင်ပါကြောင်း ပြောလိုပါတယ် ခင်ဗျာ။
      🙂

  • Foreign Resident

    June 19, 2014 at 2:46 pm

    အင်းးး ၊ လုပ်ဆောင်ချက်လေးကတော့ ကောင်းပါတယ် ။
    ရေရှည် လုပ်နိုင်ပါ့မလား ဆိုတာကတော့ ။

  • kyeemite

    June 19, 2014 at 2:57 pm

    ဟုတ်တယ် ကိုရင်ဖေါရေ..ကျုပ်လည်းဒါပဲစိတ်ပူတယ်…
    ကောင်းချက်ကတော့ ထောင်းချက်ထားသလိုပဲ ဆိုတာလိုပဲ…

    • စာ ကြမ်းပိုး

      June 19, 2014 at 3:25 pm

      အဘဖေါနဲ့ အဘမိုက်တို့ရေ။
      ကျွန်တော်တို့ ရဲ့ ပထမခြေလှမ်းလေးကို ကောင်းတယ်ဆိုတဲ့ သဘော
      ပြောသွားတဲ့အတွက် အမောပြေပါတယ်။
      ကျွန်တော်တို့က ဒီပို့စ်မျိုးကို တာဝန်တစ်ခုအနေနဲ့
      အချိန်တန်ရင် မဖြစ်မနေ တက်ကိုတက်ရမယ်ဆိုတဲ့သဘောထက်
      ဝတ္တရားတစ်ခုအနေနဲ့ ကြိုးစားတင်ကြည့်လိုက်တာပါ။
      လုပ်သင့်လုပ်ထိုက်တာကို လုပ်လိုက်တဲ့ သဘောမျိုးမို့
      ဝတ္တရားလို့ သုံးနှုန်းလိုက်ရတာပါ။
      လစဉ်တက်နိုင်ဖို့ ကျွန်တော်တို့ ငါးယောက် ရဲ့ Teamwork နဲ့ ကြိုးစားကြည့်ပါ့မယ်။
      စောင့်ကြည့်ပေးကြပါ ဗျိုးးး။
      😆

      • ဇီဇီ

        June 19, 2014 at 3:41 pm

        အာ့ ၅ ယောက် က ဘူတွေလည်း ဟင်?
        သများ ပါလို့ရလားးး
        ရွာထဲ အပ်ကျတာက အစ သများသိပါတယ်။
        :boss:

        လျှောက်လွှာခေါ်ရင်ပြောပါ။
        :mrgreenn:

        • surmi

          June 19, 2014 at 3:49 pm

          အော်ကွယ် ……
          ဂလောက်စည်းရုံးရေးကောင်းတဲ့ ဂျီးတော်နှယ်
          ကိုယ့်ဟာကိုယ် လူဆိုးတွေရှာစည်းရုံးပါပေါ့လား
          ကျုပ်တို့လည်း ဆူညံဆူညံကြားရတာပေါ့ :kwi:

        • ဇီဇီ

          June 19, 2014 at 4:07 pm

          ဂိုဏ်း ထောင် မို့ စဉ်းစားထားတာလေ။
          :boss:
          ဝါးတားဖောလို ဖစ်ဖောလို ကော်မန့်တွေ မမြင်ချင်ဘူး ဆိုကြလို့။
          အဟွာပိတ် ငြင်းခုန်ဘုဂလန့် ကော်မန့်ပေးရေးအဖွဲ့လေးများ ဖွဲ့မလားလို့။
          ယောက်ခမဆာ ဦးဆောင်ပေးနော်။

          အဟွာ = နားး
          :mrgreen:

          ဒီ ဝေဖန်ရေးကို ပြန်ဝေဖန်ရရင် ဝေဖန်တာတွေက အတော်ပျော့တယ်။ ညွှန်းရုံလောက်နဲ့ တက်မလာသင့်ဘူးးး
          အလင်းဆက်ရဲ့ ဖတ်ညွန်လဲ ရှိနေတော့။
          မျက်နှာမပြမှတော့ ပြစ်ပြစ်နှစ်နှစ် ဝေဖန်သင့်တယ်။
          အဲဒီတော့ အနော့ကို အဖွဲ့ထဲ ထည့်လိုက်ပါ။
          အမည်မဖော်လိုသူ ၁၂ မည်ရ ဇီဇီကနေပိုးစိုးပက်စက် ဝေဖန်ပါရစေ။
          😀

          အဟွတ်။

        • Foreign Resident

          June 19, 2014 at 5:28 pm

          ဇီဇီ says:
          ” ဝါးတားဖောလို ဖစ်ဖောလို ကော်မန့်တွေ မမြင်ချင်ဘူး ဆိုကြလို့ ”
          ” ဒီ ဝေဖန်ရေးကို ပြန်ဝေဖန်ရရင် ဝေဖန်တာတွေက အတော်ပျော့တယ်။
          မျက်နှာမပြမှတော့ ပြစ်ပြစ်နှစ်နှစ် ဝေဖန်သင့်တယ် ”

          အသာ လုပ်ပါ ဇီဇီ ရယ် ။
          နဂိုကတည်းက ရွာထဲမှာ အတိုက်အခိုက် ကများ ၊
          အဖွဲ့တွေက ကွဲနေရတဲ့ကြားထဲ ။

          တော်ကြာ ၊ အပြင်မှာပါ ချိန်းရိုက်ကုန်ပါ့မယ် ။
          😛

        • ROssI

          June 19, 2014 at 5:41 pm

          ဟော့

        • ဇီဇီ

          June 19, 2014 at 6:11 pm

          အို အဘ ရယ်။
          ငြင်းချင်ခုံချင်ကြလို့မှ ခု ကော်မန့်ပေးတဲ့ သူတွေ သုံးမရသလို အပြောခံနေရလို့ စီစဉ်မိတာပါ။
          အဟေးဟေးးး
          :mrgreen:

          ခုက ကိုယ်တွေ ကော်မန့်တွေ ပို့(စ) တွေကြောင့်ပဲ ရွာ မဝင်ချင်သလိုလိုတွေမို့ ရန်ဖြစ်ချင်သပ ငြင်းချင်သပဆို အချိန်မရွေးလို့ ပြောတာပါ၊
          ရွာရိုးလျှောက်ချင်မှတော့ ဒါမျိုးတွေ ကြောက်နေလို့ မရဝူးမို့လားးး
          😀

          တစ်ချို့က တော့ ကိုယ့် အလုပ်နဲ့ကို မလာတာတောင်
          ရှိနေတဲ့ သူတွေကြောင့်လို့ ပြောကြသေးတာ…
          :hint:

  • Mr. MarGa

    June 19, 2014 at 3:46 pm

    ဟိုက်ရှ်
    တာဝန်တစ်ခုအနေနဲ့မဟုတ်ဘဲ ဝတ္တရားအနေနဲ့ ဆိုပါလား
    ဒါဆိုရင် ပိုခက်မယ်ဗျ
    လောလောဆယ်တော့ အိပ်ချင်မူးတူး ဗရာဗို ဝင်လုပ်သွားပါတယ် စာကြမ်းပိုးတို့ခင်ဗျာ

    • စာ ကြမ်းပိုး

      June 20, 2014 at 10:12 am

      ဘယ်သူမှ အတင်းပေးအပ်တဲ့ တာဝန်မဟုတ်ပဲ၊
      ရွာ အတွက် လိုအပ်တယ်ထင်တဲ့ တစ်နေရာမို့ ဖြည့်ဖို့ ကြိုးစားကြည့်ရခြင်းပါ၊.

  • ဗုံဗုံ

    June 19, 2014 at 4:09 pm

    ​တော်​လိုက်​ကြတာ
    ​လေးစားပါတယ်​ ရှင်​

  • aung moethu

    June 19, 2014 at 4:12 pm

    ဒုတိယမြောက် ကော်ဖီပုံပြင် လေးကိုညွှန်းပေးထားတော့ ဝမ်းသာမိ

  • Ma Ma

    June 19, 2014 at 5:52 pm

    ကေဇီရဲ့ စားညွန်လည်း ကြိုက်တယ်။
    စာကြမ်းပိုးတွေ (တစ်ယောက်တည်းမကလို့) ရဲ့ စာညွှန်းလည်း ကြိုက်တယ်။
    လူတိုင်းလိုလို (အများစုက) ပိုစ့်တိုင်း မဖတ်ဖြစ်ကြဘူး။
    စာညွန်းလေးနဲ့ဆိုတော့ အတော်ပဲ။ 🙂

    • စာ ကြမ်းပိုး

      June 20, 2014 at 10:10 am

      ဟုတ်ကဲ့ပါ မ မမ ခင်ဗျားးး
      ကေဇီရဲ့ စားညွန်လိုပဲ၊
      စာကြမ်းပိုးတွေရဲ့ စာညွန်းကို ရသ စုံအောင် ညွှန်းသွားပါ့မယ် ခင်ဗျာ။

      🙂

  • ကြိုဆို ပါ ကြောင်း
    ငါးယောက်ပေါင်း လောင်း ကျော် ပါ စေ
    ရွာအတွက်တကယ်လိုအပ်နေသော ဖတ် ညွှန်း ကဏ္ဍဖြစ်ပါတယ်ခင်ဗျာ

    ရေရှည်တည့် တန့် စေ ကြောင်းဆုတောင်းပေးပါသည်

    • စာ ကြမ်းပိုး

      June 20, 2014 at 10:07 am

      ဟုတ်ကဲ့။
      မဇီဇီ ပြောသလို ဖတ်ညွန်းသာမက အပြုသဘော ဝေဖန်ချက်လေးတွေပါ ဆွေးနွေးသွားဖို့ အစီအစဉ်ရှိပါတယ် ကိုပေါက်ခင်ဗျားးး
      အားပေးတဲ့ အတွက် ကျေးဇူးပါ။

  • padonmar

    June 19, 2014 at 9:24 pm

    ဘရာကြော်၊ဘူးသီးကြော်၊အကြော်စုံပါပဲ။
    အဲဒါမျိုး လတိုင်းမြင်ရပါစေလို့ ဆုတောင်းပါတယ်။
    ဖတ်ရွေး မတိုင်ခင် ဖတ်ရရင် အတော်သက်သာမှာ ဖြစ်ပေမယ့် သူများအကြိုက်အရိပ်တွေ မစွန်းထင်းတာ အကောင်းဆုံးမို့ ခုလိုဖတ်ရွေးအပြီးလေးပဲကောင်းပါတယ်။
    မှန်ရာပြောရရင် ဆန်ကာတင်မှာ ကောင်းတာတွေ အများကြီး ကျန်ခဲ့တော့ အားနာနေမိတာ၊ခုမှပဲ ထိုက်တန်တဲ့နေရာတွေ ရောက်သွားကြသလို ခံစားရလို့ ကျေးဇူးလည်း တင်ပါတယ်။

    • စာ ကြမ်းပိုး

      June 20, 2014 at 10:05 am

      ဟုတ်ပါတယ် ခင်ဗျာ။
      ကျနော်တို့လည်း ဖတ်ရွေးအပြီးမှ တင်သွားဖို့ အစီအစဉ်ရှိပါတယ်။
      ဖတ်ရွေး အတွက် ကိုအံစာတုံးရဲ့ ယနေ့ပို့(စ) ရှိသလို ကျနော် တို့ အနေနဲ့လည်း ယနေ့ပို့(စ) ကို မှီခိုပြီးမှ ဒီ အညွန်းအလုပ်လေး လုပ်နိုင်တာဖြစ်ပါတယ်။

  • naywoon ni

    June 20, 2014 at 10:27 am

    ဘာရာဘ်​ို လုပ်​နိုင်​တဲ့သူ​တွေ အား​ပေးရမှာ​ပေါ့ စာမူအချိန်​မီ ပြီး​အောင်​​ရေးကြပါဗျို့ မဂ္ဂဇင်​းထွက်​ရက်​ကို မထိခိုက်​​စေနဲ့ ဆြာတို့ ပိတ်​ဿတ်​က အဲ့ဒါမျျိး ​စောင်​့ဖတ်​တာမို့ 🙂 : P

  • snow smile

    June 21, 2014 at 12:24 pm

    စာ ကြမ်း ပိုး တို ့ အ ဖွဲ့ ပိုစ် ကို သေ သေ ချာ ချာ ဖတ် ပြီး မှ ညွှန်း တယ် ဆို တာ
    ကျွန် မ သေ သေ ချာ ချာ သိ သွား ပါ တယ်
    ကျွန် မ ရေး တဲ့ ပိုစ် မှာ ကျွန် မ အ ကြိုက် ဆုံး စာ ကြောင်း က လည်း
    အဲ့ ဒိ စာ ကြောင်း လေး တ ကြောင်း ထဲ ပါ ဘဲ
    အဲ့ ဒိ စာ ကြောင်း ကို ထဲ့ ပြီး ကာ မှ
    ကျွန် မ ရဲ့ ပိုစ် ့ လေး ပြည့် စုံ သွား တယ်ဆို ပြီး
    စိတ် ထဲ က ကျေ နပ် သွား တာ ပါ
    ဲပို ့စ် တင် ပြီး က တည်း က ဒီ စာ ကြောင်း လေး ကို
    ဘယ် သူ များ သ တိ ထား မိ ပါ့ မ လဲ ဆို တဲ့ ဆ န္ဒ
    အ ခု တော့ ပြည့် သွား ပါ ပြီ
    ကျေး ဇူး ပါ စာ ကြမ်း ပိုး များ

Leave a Reply