လွမ်းတော်မူလို့ စာကိုစီတယ်-၄ အူးကြောင်

ムラカミJune 19, 20141min1599

အဲ ….

မပြောရရင်… စိတ်ထဲ သိပ် မကောင်းလို့ ပြောလိုက်ပါအုံးမယ်….

ကိုကိုကြောင့်အကြောင်း…။
နောက်ကွယ် ပြောရင် အတင်းဖြစ်မှာဗျ…။ အတင်းတော့မပြောလိုဘု

(လွမ်းတော်မူလို့ စာကိုစီတယ် အပိုင်းသစ်လို့ပဲ မှတ်ပီးဖတ်ပါလေ)

အဲ့ဘီးကျဲက ခင်ဖို့ ကောင်းပါတယ်…။

မောင်ဂီ့ကိုလည်း တွေ့ချင် ဆုံချင်တယ်ပြောဖူးတယ်…

(ကျော်တို့ တရုတ်မကြိုက်သူလည်းဖြစ်ဖူးတယ်လေ)

အင်း…. ဇာတ်လမ်းက အဲ့မှာ စတယ်….။

ကျော် ကရင်မလေးကို ရွာထဲ ခေါ်လာတုန်းပေါ့…။ ရွာ့အမျိုးတွေနဲ့လေ…

ဖွဘုတ်မှာလည်း မိတ်တွေဆက်… ချစ်လို့ခင်လို့ ..အားကြီး ဝမ်းသာဖိုကောင်းဖူးတာ..

အဲ့ ကလေးမ ချစ်ဖို့ကောင်းချက်ကတော့ …… ဟန်နီ …နင်တအားချစ်ဖို့ကောင်းတယ် သိလား..

နင့်နဲ့ ယူရင်.. မာမီတောင်နင့်ကိုသမီး ငါ့ကိုသားမက် မှတ်မှာရော်… ထုတ်ပြောရတဲ့ထိ….

(ထားပါလေ အဲ့ ကလေးမအကြောင်း)
အဲ… သူနဲ့ ဘော်ဘော်ဖစ်တဲ့ထဲ ကိုကိုကြောင်လည်း ပါသပေါ့ဗျာ…။

အဲ့ဘီးကျဲ က သွားသွားနောက်တာရယ်… (ကျော် စိတ်မဆိုးပါဘု…)

တခါတခါ သူ စတာ နောက်တာ ကျော် အွန်လိုင်းရှိနေရင် လှမ်းပြီးတောင် ကျော့်ကို အသိပေးရင်း စ-တတ်သေးတာ

ထား….။

ဟိုကလေးက မေးပြီပေါ့… အဲ့လူကြီးက ဘယ်လိုလဲ ဘာလဲ ဆိုပီး…

ကျော်လည်း ကျော် ရွာထဲ ဖြတ်သန်းပုံအရ သိသလောက်ပြောတာပေါ့ဂျာ…ကိုကြောင်က ဘာသာရေးသမား…

စာတတ်ပေတတ် … ကိုင်းလည်းကိုင်းရှိုင်းတယ် …. နည်းနည်းတော့စွာတယ်.. (မယုံ အိုင်ခူးကို သမတဲ့ပိုစ့်တွေပြန်ဖတ်)

အဲ့ဒါတွေ ပြောပြဖြစ်တယ်ရော်…။

ဒါပေသိခက်တာက အဲ့ ဘီးကျဲ သောက်ကျင့် (ဆဲပီဗျာ ..ကတော့ပါရဲ့)

အားနေ သောက်ခွက်သွားပြောင်နေတာ ပြသနာ…

ဟိုက အကောင်း အတည် ပြောလည်း ကောမန့်မှာ ဝင်ပြောင်

ဘုရားစာရေးလည်း သောက်ခွက်ပြောင် …. ခနခန တိုင်ခံရတယ်..

သူများနဲ့ ပြသနာ မဖြစ်တတ်တဲ့ ကလေး …အဲ့လိုဖြစ်တာသာကြည့်…

(ဖွန်ကြောင်နေတာမှုတ်ဖူးရော်… အောက်မှာ ဆက် ပီး ဖတ်အုံး..)

(ဟန်နီ နင်ပြောတော့ ဘာသာရေးသမားဆို….အဲ့လို လုပ်သင့်လား… အဲ့လို စော်ကားတာကောင်းလား
ဆိုတာကခနခန)

ဆိုးဇုံးက ..သူကလေးတွေ လှူတဲ့ ပိုစ့်မှာ … (အဲ့ဘီးကျဲကတော့ပြောင်တာပါ…. ဖြတ်စား လာဘ်စားသယောင်ယောင်

ဟာသတွေ ပေါက်ကရတွေ ဝင်ဝင်ရေးတတ်တာရယ်..)

 

စားစရာမရှိတဲ့ ကလေးတွေကို ခေါက်ဆွဲပြုတ်ကျွေးတာနဲ့ပဲ …

ညနေမှာ ပုဇွန်ဟင်း မစားရတော့ဘူးလား …

(ပုဇွန်စားစား တာလဘောစားစားပါ .. သူအမြဲတမ်း …ငွေစာရင်းရှင်းတမ်း တင်တယ်ဟုတ်)

မသိရင် ဘဲ ဘတ်ပြီး ကျော်ပြီး ဂုတ်သွေးစုတ်နေသလိုလို ..

မဟုတ်မှန်းလည်း သိသိ နဲ့ … အဲ့လို ပေါက်ကရရေးတဲ့ သောက်ကျင့် ကို ချဉ်တာ….

မသိရင် မောင်ဂီ့ မိန်းမထိ ဒါးကျိ ဖြစ်နေတယ်မှတ်မယ်…

အပေါ်ကပြောတာတေက ၃လနဲ့ အထက်ကြာနေပါပြီဗျာ..

အမျိုးတွေ သိအောင်သာ စာစီကုံးတာပါ…

 

တကယ်တော့မကောင်းဘု လေဗျာ …သူများ တမျိုးထင်စရာ… သူ့ မိဘမောင်ဘွားနဲ့ ဘာသာရေးဘက်ကလူတွေလည်း

အဲ့  စာမျက်ခွက်..  ကြည့်နေ ဖတ်နေမယ် ဆိုတာ သတိရစေချင်တယ်။

သောက်ခွက်ပြောင်တာတော့ပြောင်တာပေါ့…။ ဘာသာရေးဖိနှိပ်သလို ဖြစ်မှာမျိုးတော့ သတိချပ်စေချင်တယ်..

ဟိုက သူ့ ဘုရားစာ တပုဒ်တင်တယ်… ကိုကိုကြောင်က ဟိုတိုင်းပြည်မယ် ငလျင်လှုပ်တဲ့ သတင်း လင့်ခ်တင်ပီး…

အဲ့ ဒေသက ကလေးတေတော့ ဘုရားက မချစ်ဘူးညော် လုပ်ပြန်တယ်..

ရော် မခက်လား…။ သူကတော့ နောက်တတ်တဲ့ အူးလေး.. ဒါမှမဟုတ်လည်း ကျနော် ့ ဘောဒါ မို့

နောက်တတ်တဲ့အူးလေးမို့ နားလည်ပေး ခွင့်လွှတ်ထားပေးပေမယ့် … အခါတိုင်းတော့ ဘယ်အဆင်ပြေပါ့မလဲ…

(သူလည်း သူ့ထမင်းသူစားပီး သူယုံတာလုပ်ပြီး… သူ့ ကောင်လေးရဲ့ သူငယ်ချင်း ဆိုတာသက်သက်နဲ့တော့)

ပြောချင်တာပြော ရေးချင်တာရေး ကို …သီးခံနိုင်စွမ်းကုန်သွားတယ်ထင်ပါတယ်…

(အာ့တောင် အဲ့ ဘီးကျဲက … သူ့စော်ကို ကျော် ကကြောင်တောင် နှိုက်သွားသယောင် ရေးသေးတာရော်)

ကျနော်တို့လည်း ကြွယ်ဝတဲ့ မိဘ အသိုင်းဝိုင်းက ပေါက်ဖွားလာတဲ့ ကလေးတွေမဟုတ်ပါဘူး..

တချို့အချိန်တွေ ရုန်းကန်ရတယ်ရော်… (မဟုတ်တရုတ်သောက်ခွက်ပြောင်တာ အချိန်တိုင်း မရီမောနိုင်ဘူးလေ)

အဲ့ဒါ ပြောခဲ့ပါတယ် …အဲ့ အူးလေးကို ကိုယ်တွေ အဆင်မပြေပါဘူး ဆိုမှ….. ဒတ်ဆီပုံးချ မီးခြစ်ခြစ်ပီး

ထိုင်မှုတ်တတ်တဲ့ ကကြောင်ကိုတော့ … သောက်မြင်ကပ်တာအမှန်…

(ကျောက်စ် ကတော် မမနှင်းတောင် ဘလော့တယ်ဆိုတော့ တွေးကြည့်ဗျာ..)

အဲ့ဘဲ ဘယ်လောက် မွှေလည်းဆို…

 

 

နော်ရှီးလည်း သူ့ ဘလော့လိုက်ခါမှ စိတ်ချမ်းသာရာရတာ…

မသိရင်ဗဲ …သူ့ စော်လိုလို … ဘာသာရေးဖောက်ပြန်တတ်သူလိုလို…

 

အမေတွေ အစ်မတွေကပဲ တမျိုးထင်ရမှာလိုလို…..

 

စကားမစပ် ..ကြောင်ရီး ဠီးဗဲ ဗျာ…
ကျော်တို့လည်း ပျော်တတ်ပါတယ် အူးကြောင်….

တခုပဲ နေ့တိုင်းတော့မဟုတ်ဘူး..

အဲ့ဒါလေးပါဗျ….

 

 

9 comments

  • ဇီဇီ

    June 19, 2014 at 6:55 am

    ကြောင်သားးးစားးးမည်းးးးးး
    😀
    ငါ နဲ့တော့ ၃ ခါလောက် ဖြစ်ပြီးးးးး (ရန်)
    :mrgreenn:

    သူ ဘာပြော ပြော ကန်းးးချင်ယောင်ဆောင် နေတာ စိတ်အေးးးရတယ်။
    မှတ်မှတ်ယယ စာရှင်းးပြဖူးးတာမိုု့ ရယ် ဘာသာရေးး နဲ့ ပတ် သက်ပြီးးး သူ့ အတွေးးအမြင် နာယုူဖူးးတာမိုု့ ရယ် မိုု့ …… လေးစားးတဲ့ ထဲပါ ပါတယ်။
    လေးးစားး တောက်ညင်ကတ်ပေါ့အေရယ်။
    😀

  • Wow

    June 19, 2014 at 8:39 am

    ကြောင်သားဟင်းက တယ်စားကောင်းဆိုပဲ… ခေါင်းဖြတ်ပီး မီးကင် အရေဆုတ်ပီး ချက်လိုက်ကြရအောင် :mrgreen:

  • surmi

    June 19, 2014 at 9:05 am

    ကြောင် လက်ရှောင်တဲ့တစ်ယောက်တွေ့ထားတယ်ဟေ့
    သိချင်ရင်ပြော
    သူ့ကိုတော့ ဘာမှပြန်မပြောနိုင်ဘဲ အိပ်တော့မယ်ဆိုပြီးပြေးတာ တန်းးးနေတာဘဲ
    🙂

  • kyeemite

    June 19, 2014 at 9:31 am

    အူးကြောင်…အူးကြောင်
    မရူးပေါင်…မရူးပေါင်
    အထူးကြောင်..အထူးကြောင်(ဖွန်) 😀

  • alinsett (gazette)

    June 19, 2014 at 9:42 am

    အဲ့ ဘဲကြီး အဲအဲ
    အဲ့ဦးကြောင်ဂျီးအကြောင်းတွေးတွေးပြီး ရီဖူးတယ်ဗျ
    ဟိုတလောက ချက်ဘောက်စ်ထဲမှာ
    ဘယ်သူမှ ဘာမှ သူ ့ကို ဘာဆိုဘာမှ မပြောပဲနဲ့
    နေရင်းထိုင်ရင်းထပြီး
    နင်တို့က ငါ့ကိုဆဲအောင်လုပ်ကြတယ်ဆိုပြီး ပတ်ဆဲတာ
    ရီလိုက်ရတာ
    ပြောရင်သာ ဗလွတ်ရွှတ်တတွေ
    လုပ်တော့ အတည်တွေလုပ်တဲ့လူကြီး
    စိတ်ကောင်းစေတနာနဲ့ လုပ်သင့်လုပ်ထိုက်တာဆိုလည်း
    လက်မနှေးတဲ့လူကြီးပေါ့
    ဘယ်သူမှ မသိအောင် သူ လုပ်လိုက်တဲ့အလုပ်တချို့က
    သာဓုအခါခါခေါ်စရာတွေဗျ
    ကျနော်တော့ အဲ့လူကြီးကို ချစ်ခင်လေးစား တန်ဖိုးထားပါတယ်
    သူပြောတဲ့ ပေါက်ကရစကားတွေကလည်း
    ကျနော့်ကို ပျော်စေတယ်
    သူ အတည်ေပြောတာတွေကလည်း အကျိုးရှိစေတာပဲလေ

    :mrgreen:

  • Ma Ma

    June 19, 2014 at 10:15 am

    လူတစ်ယောက်ကို ချစ်ရတာလည်း ကောင်းတယ်။
    မုန်းရတာလည်း ကောင်းတယ်။
    ချစ်လည်း ချစ်၊ မုန်းလည်း မုန်းရရင် မကောင်းတော့ဘူးတဲ့။ (ခွက်ဒစ်တူ ပြုံး)

    ကြောင်ကတော့ ရွာ့ဆယ်လီဗျစ်တီပဲ။
    သို့သော် ရွာထဲမှာ ရေးချင်သလို ရေး၊
    ပြောချင်သလို ပြောတာ ကိစ္စမရှိပေမယ့် … စာမျက်ခွက်ကျတော့ တမျိုးပေ့ါ။ 🙁

  • Ma Ma

    June 19, 2014 at 10:17 am

    လူတစ်ယောက်ကို ချစ်ရတာလည်း ကောင်းတယ်။
    မုန်းရတာလည်း ကောင်းတယ်။
    ချစ်လည်း ချစ်၊ မုန်းလည်း မုန်းရရင် မကောင်းတော့ဘူးတဲ့။ (ခွက်ဒစ်တူ ပြုံး)

    ကြောင်ကတော့ ရွာ့ဆယ်လီဗျစ်တီပဲ။
    သို့သော် ရွာထဲမှာ ရေးချင်သလို ရေး၊
    ပြောချင်သလို ပြောတာ ကိစ္စမရှိပေမယ့် … စာမျက်ခွက်ကျတော့ တမျိုးပေ့ါ။ 🙁

    ပြောရင်းနဲ့ မိုက်ဂျော်ပု တစ်ယောက်ပျောက်နေတာတောင် သတိရသွားပြီ။

    စကားအတင်းစပ်…
    ကိုဘရုတ်နဲ့ ကိုကြောင်တို့ဆို ဒီရွာထဲမှာ ခေတ်ပြိုင်တွေလို့ ပြောရမယ်ထင်တယ်။

  • ဦးကြောင်ကြီး

    June 19, 2014 at 11:15 am

    မှောင်ဂီ နင့်မုန့်ပုံမုန့်နည်းကလည်း အဆန်းပါလား… မီးပျက်လို့နဲ့ တူတယ်နော်..။ ပုံလေးပါတွဲပြရင် ပိုကောင်းမှာ.. ခုတော့ ဆန့်တငင်ငင်ဂျီ း.. လူဇိုး.. ဒင်းဗဲကြိတ်မုန့်နေ..

  • Foreign Resident

    June 19, 2014 at 1:35 pm

    ဘာပဲပြောပြော ၊ ဦးကြောင်ရဲ့ ၊
    ဟာသဉာဏ် ထက်သန်မှုကိုတော့ ၊
    အထင်ကြီးမိပါတယ် ။

    ကို အောင်ပု လဲ မတွေ့ရတာကြာပေါ့ ။
    နေမှကောင်းရဲ့လား ၊ သတိရပါတယ် ။

Leave a Reply